Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 6, 2014

ကလေးသူငယ် လိင်ဝက်ဘ်ဆိုက်ဂိုဏ်းဝင် မြန်မာ အပြစ်ဝန်ခံပြီ


မြန်မာလူမျိုး အောင်ဂေါ် ခေါ် မိုက်ကယ်လ် ဂေါ်ကို ကလေးသူငယ် လိင်ဗီဒီယို၊ ဓာတ်ပုံ၊ စာပေဖြန့်ဖြူးသည့် ဝက်ဘ်ဆိုက်တွင် ပါဝင်ပတ်သက်မှုဖြင့် ဖရီးမောင့်မြို့ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားစဉ် တွေ့ရပုံ ဖြစ်ပါသည်။
အမေရိကန်နိုင်ငံတွင် ဖော်ထုတ်ဖမ်းဆီးခဲ့သော ကလေးသူငယ် လိင်ကိစ္စအမှုများတွင် အကြီးဆုံးဖြစ်သည့် ညစ်ညမ်းလိင်ဝက်ဘ်ဆိုက်ဂိုဏ်းဝင်ဟု စွပ်စွဲဖမ်းဆီးခံရသော မြန်မာအမျိုးသားသည် အပြစ်ရှိကြောင်း ဇွန်လ ၄ ရက်၊ ဗုဒ္ဓဟူးနေ့က ဝန်ခံလိုက်ပြီ ဖြစ်ပါသည်။
အောင်ဂေါ် (ခေါ်) မိုက်ကယ်လ် ဂေါ် (၂၆ နှစ်) သည် ကလေးသူငယ် လိင်ဝက်ဘ်ဆိုက်အမှုဖြင့် အဖမ်းခံရသော ၂၀၁၃ ခုနှစ် နိုဝင်ဘာလကတည်းက ၎င်းတွင် အပြစ်မရှိကြောင်း နှစ်ကြိမ် ငြင်းဆိုခဲ့ပြီး ယခုမှ ဝန်ခံလိုက်ခြင်း ဖြစ်သည်။ အောင်ဂေါ်နှင့် အပေါင်းပါများ၏ အမှုကို ဂျူရီ ခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးရန် လာမည့်ဇွန်လ ၂၃ ရက်ကို ရုံးချိန်းပေးထားပါသည်။ ဂျူရီအဖွဲ့က အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက ၎င်းသည် ထောင်ဒဏ် အနှစ် ၃၀ အထိ အပြစ်ပေးခံရဖွယ် ရှိသည်။
ဆန်ဖရန်စစ္စကိုမြို့ မြန်မာနွယ်ဖွား တိုင်းရင်းသား အများအပြား နေထိုင်သည့် ဘေးဧရိယာရှိ ဖရီးမောင့်မြို့မှ အသက် ၂၆ နှစ်ရှိ အောင်ဂေါ် (ခေါ်) မိုက်ကယ်လ် ဂေါ်သည် ရန်ကုန်မြို့၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း TTC မှ ကျောင်းသားဟောင်း တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
လူဝီဆီယားနားပြည်နယ်မှ အသက် ၂၇ နှစ်အရွယ် ဂျွန်နာသန် ဂျွန်ဆင် ဦးဆောင် တည်ထောင်ခဲ့သော ကလေးသူငယ် ညစ်ညမ်းလိင်ဝက်ဘ်ဆိုက်တွင် ပါဝင်လုပ်ကိုင်နေသူများကို ဖော်ထုတ် ဖမ်းဆီးရာတွင်  အောင်ဂေါ်နှင့်အတူ အခြားပြည်နယ်များမှ တရားခံ စုစုပေါင်း ၁၄ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။
အောင်ဂေါ် (ခေါ်) မိုက်ကယ်လ် ဂေါ်သည် ကလေးသူငယ် လိင်ဝက်ဘ်ဆိုက်ကို အဖွဲ့ဝင်အဖြစ် အသုံးပြုသည့်အပြင် ၎င်းကိုယ်တိုင်လည်း ညစ်ညမ်းဗီဒီယိုနှင့် ဓာတ်ပုံများကိုဝက်ဘ်ဆိုက်ပေါ်သို့ တင်ကြောင်း ဥပဒေအရာရှိများက စွပ်စွဲထားသည်။
အောင်ဂေါ်သည် အိမ်ထောင်မရှိ၊ ကလေးမရှိသူ လူလွတ်တစ်ဦးဖြစ်သည်။
လျှို့ဝှက်နည်းပညာ အသုံးပြု၍ တစ်ကမ္ဘာလုံးကို ဖြန့်ဖြူးသော ၎င်းကလေးသူငယ် လိင်ဝက်ဘ်ဆိုက်တွင် သုံးစွဲသူအဖွဲ့ဝင် ၂၇,၀၀၀ ကျော် ရှိသည်ဟု ဇာတိမြေလုံခြုံရေးဌာနမှ စုံစမ်းစစ်ဆေးရေး အရာရှိများက ပြောကြားသည်။
ဆယ်ကျော်သက် မိန်းကလေးယောင်ဆောင်
မြန်မာအမျိုးသား ဂိုဏ်းခေါင်းဆောင်အဖြစ် စွပ်စွဲဖမ်းဆီးခံရသူ ဂျွန်နာသန် ဂျွန်ဆင်သည် အဖွဲ့ဝင်များကို ကလေးသူငယ်များထံမှ လိင်မှုကိစ္စဗီဒီယိုများ ရရှိအောင် မည်သို့ သွေးဆောင်လှည့်ဖြားရမည်ကိုလည်း သင်ကြားပို့ချပေးသည်ဟု သိရသည်။
၎င်းတို့သည် အင်တာနက်ပေါ်တွင် ဆယ်ကျော်သက် မိန်းကလေးများ အယောင်ဆောင်ကာ ယောက်ျားလေးများ ဗီဒီယိုကင်မရာရှေ့တွင် မဖွယ်မရာ လိင်ကိစ္စများ လုပ်ပြအောင် ဖြားယောင်းကြသည်။
၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ထူထောင် လုပ်ကိုင်သော ၎င်းဝက်ဘ်ဆိုက်တွင် ကလေးသူငယ်များ လိင်မှုကိစ္စ မဖွယ်မရာကျူးလွန်နေသည့် ဗီဒီယိုပေါင်း ၂,၀၀၀ ကျော် တင်ထားသည်။ လိင်ကိစ္စအသုံးပြုခံရသော ကလေးသူငယ် စုစုပေါင်း ၂၅၁ ဦးကို တွေ့ရှိရသဖြင့် ဖော်ထုတ်ဖမ်းဆီးခဲ့သမျှ အမှုများတွင် ကျူးလွန်ခံရသော ကလေးဦးရေ အများဆုံး အမှုဖြစ်သည်။
ကလေးသူငယ်အများစုမှာ အသက် ၁၃ နှစ်မှ ၁၅ နှစ်ဖြစ်ကြပြီး အငယ်ဆုံးကလေးမှာ အသက် ၃ နှစ်အောက်ဖြစ်၏။ ကလေးသူငယ်အများစုမှ အမေရိကန် ပြည်ထောင်စု ပြည်နယ် ၃၉ ခုမှ ဖြစ်၍ ယူကေ၊ ကနေဒါ၊ နယူးဇီလန်၊ ဩစတြေးလျ၊ ဘယ်လ်ဂျီယမ်စသည့် အခြား ၅ နိုင်ငံမှလည်း ပါဝင်သည်။ မြန်မာလူမျိုးများ အနေများသည့် တက္ကဆက်စ်ပြည်နယ်၊ အမာရီလိုမြို့မှ ကလေးတစ်ဦးလည်း ကျူးလွန်ခံရသူ စာရင်းတွင် ပါဝင်ကြောင်း တွေ့ရသည်။
ကျူးလွန်ခံရသော ကလေးသူငယ်များ၏ မိဘအုပ်ထိန်းသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်သွယ် အကြောင်းကြားပြီး လိုအပ်သည့် ပြုစုကုသ စောင့်ရှောက်မှုများ လုပ်ဆောင်ပေးနေသည်။
အောင်ဂေါ် ခေါ် မိုက်ကယ်လ် ဂေါ်သည် ဖရီးမောင့်မြို့မှ အိုလုံးကောလိပ်တွင် တက်ရောက်ခဲ့ပြီးနောက် ကယ်လီဖိုးနီးယားတက္ကသိုလ် ဘာကလေတွင် ပညာသင်ကြားခဲ့သော်လည်း ဘွဲ့မရခဲ့ကြောင်း သိရသည်။ အိမ်ဝယ်ချေးငွေကုမ္ပဏီတစ်ခုတွင် စာရင်းကိုင်အရာရှိအဖြစ် အလုပ်လုပ်နေရင်း ကလေးသူငယ် လိင်ဝက်ဘ်ဆိုက် ပြစ်မှုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
အောင်ဂေါ်အား ပြစ်မှုနှစ်ခုဖြင့် စွဲချက်တင်ထားပါသည်။ ပထမအမှုမှာ ကလေးသူငယ် ဖန်တီးထုတ်လုပ်ရာတွင် ပူးပေါင်းကြံစည်မှုဖြစ်၍ ပြစ်မှုထင်ရှားလျှင် မပေးမနေ အနည်းဆုံး ပြစ်ဒဏ် ၁၅ နှစ်မှ အများဆုံး နှစ် ၃၀ အထိ စီရင်ခံရမည်။
ဒုတိယအမှုမှာ ကလေးသူငယ် လိင်ဗီဒီယို၊ ဓာတ်ပုံ၊ စာပေတို့ကို လက်ခံမှု ဖြစ်၍ မပေးမနေ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး နှစ် ၂၀ အထိ ချမှတ်နိုင်ပါသည်။ ထောင်မှ လွတ်လျှင်လည်း ၅ နှစ်မှ တစ်သက်တာလုံး ကြပ်မတ် စောင့်ကြည့်ခံရမည့်အပြင် လိင်မှုဆိုင်ရာ အပြစ်ကျူးလွန်သူအဖြစ် မှတ်ပုံတင် စာရင်းသွင်းခံရမည် ဖြစ်သည်။
http://kabarthit.com/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။