Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 6, 2014

"နံရံပေါ်က အခေါင်းပေါက်"


"နံရံပေါ်က အခေါင်းပေါက်"
_________________
အသက်၉နှစ်အရွယ် ကောင်လေးနှစ်ယောက် အလင်းပြန်နေတဲ့ဖန်သားပြင်တစ်ခုပေါ် မျက်နှာကပ်ပြီးကြည့်နေကြတယ်။
“ဒါ ဘာလဲ… ရုပ်မြင်သံကြားလား” တစ်ယောက်ကမေးတယ်။
“ဟိုခလုတ်လေးတွေကို နှိပ်ကြည့်ကြရအောင်” နောက်တစ်ယောက်က ကီးဘုတ်ကိုလက်ညိုးထိုးပြီးပြောတယ်။
ခလုတ်အားလုံးကို သူတို့လျှောက်နှိပ်ကြည့်လိုက်တယ်။ ဖန်သားပြင် ဘာမှ ပြောင်းမသွားဘူး။ အဲဒီမှာ ချက်ချင်းပဲ အယောက်၂ဝလောက်ရှိတဲ့ အသက် ၆နှစ်မှ ၁၄နှစ်အရွယ်ကလေးတွေ ရွာရဲ့အိမ်ကျိုအိမ်ကြားကနေ ပြေးထွက်လာကြတယ်။ အလင်းပြန်နေတဲ့ “မိုးပေါ်ကကျလာတဲ့ပစ္စည်း”ကို ဘာများဖြစ်မလဲဆိုတဲ့သိလိုစိတ်နဲ့ ဝိုင်းအုံလာကြတယ်။

တကယ်တော့ ဒါဟာ အင်တာနက်တက်လို့ရတဲ့ ကွန်ပျူတာတစ်လုံးပါ။ မနေ့က မြို့ပေါ်ကလူတွေရောက်လာပြီး ရွာလယ်မှာ အုတ်အိမ်လေးတစ်လုံးဆောက်ပြီး ကွန်ပျူတာကို တပ်ဆင်လိုက်တာဖြစ်တယ်။ ကွန်ပျူတာဖန်သားပြင်ကို ပြတင်းပေါက်အပြင်ဖက်ထုတ်ထားလိုက်ပါတယ်။ လာတပ်ဆင်ပေးတဲ့လူတွေက ကလေးတွေကို ဒီစက်ပစ္စည်းအသစ် မင်းတို့ကစားဖို့လို့ပဲ ပြောခဲ့တယ်။
ကလေးတွေက သူတစ်မျိုး ငါတစ်မျိုးနဲ့ အကြံထုတ်ပြီး စက်အသစ်ကိုနှိပ်ကြည့်ကြတယ်။ စက်က ဘာမှပြောင်းလဲမသွားဘူး။ ၅မိနစ်လောက်နေတော့ ကလေးတစ်ယောက်က ခလုတ်တချို့ကိုနှိပ်လိုက်ရင် ဖန်သားပြင်ပေါ်မှာ မြားသဏ္ဍာန်လေးကို ရွေ့လို့ရတယ်ဆိုတာကို သိသွားတယ်။ တကယ်လို့ အလယ်ကခလုတ်ကြီးကို နှိပ်လိုက်ရင် ပုံအသစ်ထွက်လာတတ်တယ်ဆိုတာကို သိသွားတယ်။ ဟိုစမ်းဒီစမ်းနဲ့ တအောင့်နေတော့ ပုံတစ်ခုခုကိုသူနှိပ်လိုက်မိပြီး အင်တာနက်ချိတ်သွားတော့တယ်။ နာရီအနည်းငယ်အကြာမှာ သူနဲ့ တခြားကလေးတွေဟာ ဂိမ်းတွေဆော့ကစားနေပါပြီ။ ဒါဟာ သူတို့အတွက် ပထမဆုံးအကြိမ် ကွန်ပျူတာနဲ့ထိတွေ့တာဆိုပေမယ့် သိပ်မကြာပါဘူး… ဒစ္စနီရဲ့ဝက်ဆိုက်ထဲ သူတို့အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့၁ဝနှစ်က ဒီလိုမြင်ကွင်းမျိုးကို အိန္ဒိယနိုင်ငံ အနှံ့အပြားမှာ အကြိမ် ၆ဝဝထက်မနည်း ဖြစ်ပျက်ခဲ့ပါတယ်။ တက္ကသိုလ်ပါမောက္ခ Sugata Mitraက ဒီစိတ်ကူးကိုစတင်ခဲ့တာဖြစ်ပြီး ဒါကို “နံရံပေါ်က အခေါင်းပေါက်”လို့ အမည်ပေးခဲ့ပါတယ်။ ဒီစိတ်ကူးက ဆင်းရဲသားကလေး ထောင်ပေါင်းများစွာကို ကွန်ပျူတာနဲ့ထိတွေ့စေတဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။ ကွန်ပျူတာပါတဲ့ ဒီအုတ်အိမ်ငယ်လေးတွေဟာ ဟိမဝန္တာတောင်တန်းဒေသကနေ Mumbaiမြို့လယ်က အများပြည်သူနဲ့ဆိုင်တဲ့နေရာအထိ ပျံ့နှံ့ခဲ့ပါတယ်။ သတိထားမိခဲ့ရင်ဖြစ် လူကြီးတွေကြားဝင်စွက်ဖက်တာမျိုးမရှိဘဲနဲ့ ဒီကလေးတွေဟာ သူတို့ဘာသာသူတို့ ကွန်ပျူတာကိုသုံးပြီး အင်္ဂလိပ်စာနဲ့သချာင်္ကို လေ့လာနေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကလေးတချို့က သူတို့ရဲ့သင်ယူလေ့လာခြင်းကို အဲဒီနေရာမှာပဲ အုတ်မြစ်ချခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံရေးသိပ္ပံ၊ ရူပဗေဒ၊ ဇီဝဗေဒ.. စတဲ့တက္ကသိုလ်ကျောင်းသားတွေ ဖြစ်လာခဲ့ပြီး သူတို့ရဲ့လက်ရှိကံကြမ္မာကို တွန်းလှန်နိုင်ခဲ့ကြပါတယ်။
ကလေးတွေက ကွန်ပျူတာပါရမီရှင်တွေပါ
“၁၉၈၅ခုနှစ်က နယူးဒေလီမှာ ကျွန်တော်ကွန်ပျူတာပရိုကရမ်မင်း ဆရာလုပ်ခဲ့ပါတယ်။ စတာလင်ပေါင် ၅ဝဝတန် ကွန်ပျူတာတစ်လုံးကို ကျွန်တော်ဝယ်ခဲ့ပါတယ်။ အသက် ၄နှစ်အရွယ်ရှိတဲ့ ကျွန်တော့်သားလေးက အဲဒီကွန်ပျူတာကို ဆော့ကစားချင်ခဲ့တယ်။ ကျွန်တော်ကသူ့ကို ဒီကွန်ပျူတာကိုကစားဖို့ လုံးဝစိတ်မကူးနဲ့လို့ ပြောလိုက်တယ်။ ဒါပေမယ့် သူက ကျွန်တော်သုံးနေတာကိုပဲ ဆက်ရပ်ကြည့်နေခဲ့တယ်”။ အသက် ၅၇နှစ်ရှိပြီဖြစ်တဲ့ Mitra က ရယ်ရင်း နွေးထွေးတဲ့အသံနဲ့ သူ့အတိတ်ဇာတ်ကြောင်းကို လှန်ပြနေခဲ့ပါတယ်။
“ရက်အနည်းငယ်အကြာမှာ ကွန်ပျူတာထဲက ဖိုင်တစ်ခုကို ကျွန်တော်ရှာမတွေ့ခဲ့ဘူး။ commandထဲမှာ dir/w/p လို့ရိုက်ထည့်ကြည့်ပါလား လို့ ကျွန်တော့်သားက ကျွန်တော်ကိုသင်ပြပါတယ်။ သူပြောတဲ့အတိုင်း ကျွန်တော်လုပ်ကြည့်လိုက်တာ ကျွန်တော့်ဖိုင်ကို ချက်ချင်းရှာတွေ့ခဲ့ပါတယ်။ အချိန်တိုတို တစ်လအတွင်းမှာပဲ ကျွန်တော့်သားရဲ့ ကွန်ပျူတာအတတ်က ကျွန်တော့်ကိုကျော်သွားခဲ့ပါတယ်။ လောကမှာရှိတဲ့ မိဘတွေအတိုင်းပဲ ကျွန်တော်နဲ့ကျွန်တော့်ဇနီးက ကျွန်တော်တို့ရဲ့သားကို ပင်ကိုစွမ်းရည်ရှိသူ ပါရမီထူးသူလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော့်မိတ်ဆွေနဲ့ ဒီအကြောင်းဆွေးနွေးဖြစ်ကြတော့ သူတို့ရဲ့ကလေးကလည်း ကွန်ပျူတာပါရမီရှိတဲ့သူလို့ သိခဲ့ရပါတယ်”
၁၁နှစ်အကြာမှာ Mitra ဟာ NIITအိုင်တီကုမ္ပဏီရဲ့ အဓိက သိပ္ပံပညာရှင်ဖြစ်လာခဲ့တယ်။ နယူးဒေလီမှာရှိတဲ့ NIITအဆောက်အဦးကြီးဟာ ဆင်းရဲသားရပ်ကွက်နဲ့ ဘေးချင်းကပ်လျှက်ပါ။ ဆင်းရဲသားရပ်ကွက်မှာ ဝက်တွေက အမှိုက်ပုံမှာ ဟိုထိုးဒီဆွနဲ့ အစာရှာကြတယ်။ အဲဒီအမှိုက်ပုံမှာပဲ ရပ်ကွက်သားတွေက အပေါ့အလေးစွန့်ကြတယ်။ အဲဒီနေရာဟာ ဆင်းရဲသားကလေးတွေရဲ့ ဘောလုံးကစားရာနေရာလည်း ဖြစ်ပါတယ်။
NIIT အဆောက်အဦးရဲ့ အပြင်နံရံပေါ်မှာ အပေါက်အကြီးအငယ်တွေ ပွထနေပါတယ်။ Mitraက စူးစမ်းလိုစိတ်နဲ့ အပေါက်ကြီးတစ်ပေါက်မှာ ကွန်ပျူတာတစ်လုံး ထိုးထည့်လိုက်တယ်။ အဲဒီအပေါက်က ကွန်ပျူတာနဲ့ ကွက်တိပါပဲ။ မြေပြင်အမြင့် တစ်မီတာမပြည့်ပါဘူး။ ကလေးတွေရဲ့အရပ်နဲ့မီတာမို့ သူတို့အလွယ်တကူ ထိတွေ့နိုင်ခဲ့ပါတယ်။
နောက်တစ်နေ့မှာ လုပ်ဖော်ကိုင်ဖက်တစ်ဦးက Mitra ကို “အပြင်မှာ ဟိုကလေးတွေ အင်တာနက်သုံးနေတယ်”လို့ ဆိုပါတယ်။
“သူတို့ကို ဘယ်လိုလုပ်ရမယ်လို့ မင်းသင်လိုက်သေးလား”
“ဘယ်လူကြီးမှ သူတို့အနားမကပ်ခဲ့ပါဘူး”
Mitra က နောက်ထပ်ကွန်ပျူတာတစ်လုံးနဲ့ ကလေးတွေကစားနေတဲ့ ကွန်ပျူတာကို ဖမ်းကြည့်လိုက်တယ်။ လူကြီးတွေရဲ့အကူမပါဘဲ သူတို့ဟာ ကွန်ပျူတာကိုသုံးပြီး ဂိမ်းကစားနေတာကို တွေ့လိုက်တယ်။ နှစ်ပတ်အကြာမှာ ကွန်ပျူတာကို သူဖွင့်ကြည့်တော့ wordဖိုင်တစ်ခုကို တွေ့လိုက်တယ်။ အဲဒီဖိုင်ထဲမှာ ရောင်စုံစာလုံးတွေနဲ့ “I Love India”လို့ ရေးထားတာကို တွေ့လိုက်တယ်။ အဲဒီစာရေးသူကို Mitraရှာတွေ့ခဲ့ပါတယ်။ အသက် ၈နှစ်အရွယ် ကောင်လေးတစ်ယောက်ပါ။ ကွန်ပျူတာပါမောက္ခ၊ အိုင်တီကုမ္ပဏီရဲ့ သိပ္ပံပညာရှင်ဖြစ်တဲ့ Mitraဟာ အဲဒီကောင်လေးရဲ့ပြသမှုကြောင့် word မှာ စာလုံးကိုအရောင်ခြယ်တဲ့ ဖန်ရှင်တစ်ခုရှိသေးကြောင်းကို သိလိုက်ရပါတယ်။
သိပ်မကြာပါဘူး… ဖခင်တွေက ကလေးတွေကို အင်တာနက်ကနေ အလုပ်ရှာပေးဖို့ ပြောကြသလို မိခင်တွေကလည်း ကိုယ့်မွေးနေ့နက္ခတ်ပုံတွေကို ကြည့်ချင်ကြောင်း ပြောလာကြပါတယ်။
“ကျွန်တော့်သားလေးကို စွမ်းရည်ပါရမီရှိသူလို့ ကျွန်တော်နဲ့ဇနီးထင်ခဲ့ကြသလိုပဲ သူတို့လည်း သူတို့ကလေးတွေကို စွမ်းရည်ပါရမီရှိသူလို့ ထင်ခဲ့ကြပါတယ်”
အဲဒီနောက်မှာတော့ Mitra ဟာ “နံရံပေါ်က အခေါင်းပေါက်”ဆိုတဲ့အရာနဲ့ လူထုတွေကြား လက်တွေ့စမ်းသပ်မှုကို အကောင်အထည်ဖော်ခဲ့ပါတယ်။ စစချင်းမှာတော့ ကလေးတွေရဲ့လက်ချက်ကြောင့် ကွန်ပျူတာဖန်သားပြင်တွေ ပျက်စီသွားတယ်ဆိုတာကိုတော့ မေးစရာမလိုပါဘူး။ ဒါကို Mitra လည်းသိတယ်။ “အခေါင်းပေါက်”ကို ဘယ်လို မြဲမြံအောင်လုပ်သင့်တယ်ဆိုတာကို သူတွေးခဲ့တယ်။ အဲဒီနောက်မှာတော့ နံရံပေါ်က အခေါင်းပေါက်.. အခေါင်းပေါက်ထဲကကွန်ပျူတာတွေဟာ အိန္ဒိယနိုင်ငံရဲ့ တောရွာ၊ တောင်တန်းဒေသနဲ့ ဆင်းရဲသားရပ်ကွက်တွေမှာ ပျံ့နှံ့သွားခဲ့ပါတော့တယ်။
ဆက်ပါဦးမယ်….

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။