Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 6, 2014

သျှမ်းပြည်နယ်ဘက် ကျူးကျော်သတ်မှတ်သည့် တရုတ်နယ်ခြားမှတ်တိုင်အား ဒေသခံများမီးရှို့

သျှမ်းပြည်နယ်ဘက် ကျူးကျော်သတ်မှတ်သည့် တရုတ်နယ်ခြားမှတ်တိုင်အား ဒေသခံများမီးရှို့
3 Jun 2014 post by သျှမ်းသံတော်ဆင့်
တရုတ်နိုင်ငံ နယ်နိမိတ်တိုင်းတာရေးဌာန နှင့် မြန်မာနိုင်ငံနယ်နိမိတ်တိုင်းတာရေးဌာန တို့ပူးပေါင်း နယ်နိမိတ် တိုင်းတာ မှုတွင် သျှမ်းပြည်နယ်ဒေသခံများ၏ လယ်ယာခြံမြေများအား တရုတ်နိုင်ငံ ဘက်ခြမ်းသို့ ကျူးကျော်သတ်မှတ်ခြင်း ခံရသ ဖြင့် ဒေသခံများမကျေမနပ်ဖြစ်ပြီး နယ်ခြားတိုင် ဆွဲနုတ် မီးရှို့ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရှိရသည်။

မေလ ၂၇ မှ ၃၀ ရက်နေ့အထိ ၂ နိုင်ငံအာဏာပိုင်များမှ တရုတ် - မြန်မာ နယ်ခြား မိုင်တိုင် ၆၃/၁ နှင့် ၆၃ /၂ ကြားတွင် နှစ်နိုင်ငံနယ်နိမိတ်များ ပြန်လည်တိုင်းထွာကြကြောင်း၊ နယ်ခြားတိုင်အသစ် အချို့ လည်း စိုက်ထူသတ်မှတ်ကြောင်း၊ ထိုသို့ နယ်ခြားမှတ်တိုင်သစ် သတ်မှတ်မှုတွင် သျှမ်းပြည်နယ် ဘက် ခြမ်းနမ့်ခမ်းမြို့နယ် မန့်နောင်၊ မန့်ကုန်းဆာ၊ မန့်ခေးခွန်ရွာသူရွာသားများပိုင်လယ်ယာမြေများတရုတ် အား တိုင်းထွာပေးလိုက်သဖြင့် ဒေသခံများ မကျေမနပ်ဖြစ်ကာ ထပ် မံ စိုက်ထူသည့် နယ်ခြားတိုင်သစ် များကို ဂျွန် ၂ ရက် ယနေ့နံနက်ပိုင်းက ရွာသားများစုပေါင်း ဆွဲနုတ် မီးရှို့ခဲ့ကြကြောင်း ဒေသခံ စိုင်းမောက်ခမ်းကပြောသည်။
“ မန့်နောင်ရွာက လယ်ယာမြေ ၃၀ ဧကကျော်၊ မန့်ကုန်းဆာက ၇၀ ဧက၊ မန့်ခေးခွန်ရွာက ၃၀ ဧက တရုတ် ကိုတိုင်းပေးတဲ့အထဲပါ သွား တယ်။ ဟိုးတုန်းက ကျနော်တို့ မန့်နောင်ရွာက (အခု) ရွှေလီမြစ် လယ် လောက် မှာရှိတယ်။ သျှမ်းပြည်ဘက်ခြမ်းကို မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါတွေပြိုပြိုကျပြီး ကျနော်တို့လယ်မြေတွေ ဆုံးရှုံးရတာများပါပြီ။ နောက်ပြီး ကျနော်တို့ဘက်က ကုန်းဆာရွာနဲ့ တရုတ် ဘက်က မန့်ကွန်ရွာဆိုရင်အရင်က နယ်နိမိတ် တိုင်ဆိုတာမရှိခဲ့ဖူးဘူး၊ ရွှေလီမြစ်ကိုဘဲ နယ်နိမိတ်အဖြစ် ထားတာလေ။ ” မန့်နောင်ရွာမှ အကြီးအကဲ တဦးဖြစ်သည့် စိုင်းစိုင်း ကပြောသည်။
“ လယ်ယာမြေတွေ အလကားပဲတင်း မဆုံးရှုံးရလေအောင် ကျနော်တို့ရွာသားတွေကနေ ထိထိ ရောက်ရောက် ဆန္ဒပြတောင်းဆိုသွားမှာပါ။ ကျနော်တို့ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးလုပ်ကိုင် စား သောက်လာတဲ့ဒီမြေတွေကို တရုတ်ပိုင်အဖြစ် သတ်မှတ်မခံနိုင်ပါဘူး။ တစ်လက်မမှ ကျူးကျော် မခံစေရတဲ့ ဇာတိသွေးဇာတိမာန်တွေ ဘယ်ရောက် ကုန်ပြီလဲ ။ ဒါမှမဟုတ် သိလျက်နဲ့ တရုတ်ကို ပြန်မပြောရဲလို့ လိုက်လျောတာလား ။ ဒါ သျှမ်းပြည်ကြီး ဖဲ့ချိုးရောင်းစားခံရတာလို့ မြင်ပါတယ်။ အားလုံး ကာကွယ်မှ တော်ကာကျတော့မယ်” ဟု စိုင်းမောက်ခမ်းကဆက်လက် ပြောပြသည်။
ယမန်နှစ် စက်တင်ဘာလ ကတည်းက တရုတ်နိုင်ငံ မန့်ကွန်ရွာမှ မြန်မာနိုင်ငံဘက်ခြမ်း မန့်ကုန်းဆာ ရွာသို့ ရွှေလီမြစ်ကူးတံတား တည်ဆောက်ရန် တရုတ်ဘက်မှကမ်းလှမ်းခဲ့သော်လည်း မန့်ကုန်းဆာ ရွာသားများလက်မခံသဖြင့် တံတားတည်ဆောက်ရန် တရုတ်မှအကောင်အထည်မဖော်နိုင်ခဲ့ပေ။
တရုတ်နိုင်ငံ ပြည်ပရေးရာဆက်ဆံရေးဌာနနှင့် နယ်နိမိတ်တိုင်းတာရေးအဖွဲ့ အင်အား ၁၄ ယောက်နှင့် မြန်မာနိုင်ငံ နယ်နိမိတ်တိုင်းတာရေးဌာန ညွှန်မှူး ဦးချမ်းအေး ဦးဆောင်သော အင်အား ၁၇ ဦး အဖွဲ့ အပြင် မူဆယ်ခရိုင် အုပ်ချုပ်ရေး မှူး ဦးကျော်ကျော်ထွန်း နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း မြေစာရင်း ဦးစီးမှူး ဦးဝင်းမြင့်သန်း စိုက်ပျိုးရေးဦးစီးမှူး ဦးမြတ်မင်းထွေးတို့ တရုတ်- မြန်မာ နယ်နိမိတ် တိုင်းတာ ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။
ဝန်ကြီးချုပ် ဦးနု လက်ထက်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ဖြစ်သည့် ဂျေဂေါင် (စယ့်ကောဝ်) ရွာအား တရုတ်အစိုးရထံ ရောင်းစားကြောင်း၊ မူစယ်သားများပိုင် လယ်ကွင်းပြင်ကြီး အားလည်း လက်ရှိမြင်တွေ့နေရသည့် ရွှေလီ ခရိုင် စယ့်ကောဝ်မြို့ ဖြစ်ကြောင်း မူစယ်ဒေသခံ ရပ်မိရပ်ဖ များကပြောပြပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxooooooooooooooooooxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တရုတ်နယ်ခြားမှတ်တိုင်ကြောင့် ဆန္ဒပြ နမ့်ခမ်းလယ်သမားများအား မြို့နယ်အုပ်ချုပ်ရေးမှူး ခေါ် ယူသတိပေး
5 June 2014 06:18(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
ဂျွန်လ ၄ ရက် ၂၀၁၄
တရုတ်-မြန်မာနယ်နိမိတ် တိုင်းထွာ စိုက်ထူခဲ့သည့် မှတ်တိုင်များအား နှုတ်ယူဖျက်ဆီးသော ဆန္ဒပြသူ ဒေသခံ များကို ဂျွန်လ ၃ ရက်နေ့က နမ့်ခမ်းမြို့နယ်အုပ် ချုပ်ရေးမှူးက ခေါ် ယူတွေ့ဆုံ သတိပေး တားမြစ်ခဲ့ ပါသည်။
ယမန်နေ့ ဂျွန်လ ၃ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ဆန္ဒပြခဲ့ကြသော တောင်သူ လယ်သမား များအား ခေါ်ယူကာ ယာယီသတ်မှတ်ထားသည့် နယ်နိမိတ်မျဉ်းအား ထိပါးခြင်း မပြုဘဲ လယ်ယာခြံမြေတွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားဖို့ သတိပေးချက်နှင့်အတူ ဆွေးနွေးခဲ့ခြင်းဖြစ် ကြောင်း လယ်ယာမြေဆုံးရှုံးခဲ့သူ စိုင်းအာရ်ရှဲန့် ပြောသည်။
“ ရွာဘက်ကို အဆမတန် ကျူးကျော်လာရောက်စိုက်ထူတဲ့ နယ်နိမိတ် မှတ်တိုင်တွေကို ကျနော်တို့ နှုတ် ပစ် တယ်။ မီးရှို့ပစ်ကြတယ်။ ကျနော်တို့လုပ်ရပ်ကို မြို့နယ်အာဏာပိုင်တွေက ခံပြင်းတာလားတော့မသိ။ မနေ့က ဆန္ဒပြသူတွေကိုခေါ်ယူဆွေးနွေးတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း ပေါ့။ အခုချိန်အထိ နှစ်ဦးနှစ်ဘက် သဘော တူ တာဘာမှမရှိသေးဘူး လို့ပြောတယ်။ မိုင်တိုင် စိုက်ထားရုံဘဲလို့ပြောတယ်။ အဲတာ ကြောင့် နှုတ် ပစ်တဲ့တိုင်တွေကို ပြန်စိုက်ပေးပါတဲ့။ ဒီနေ့ကစပြီး ဘယ်သူမှ ဒီကိစ္စ ဆန္ဒမပြရဘူးလို့ နှုတ်နဲ့သတိပေး လိုက်သေးတယ်” ဟု စိုင်းအာရ်ရှဲန့် ကပြောသည်။
ယမန်နေ့ ညနေပိုင်းတွင်လည်း ရွာသားများက အဆိုပါမိုင်တိုင်များအား ဆွဲနှုတ်ကာ မီးရှို့ဖျက်ဆီးခဲ့သည့်အပေါ် တရုတ်ဘက်မှအာဏာပိုင်တချို့ လာရောက်ကြည့်ရှုကာ အစားထိုးစိုက်ထူသွားခဲ့သေးကြောင်း မျက်မြင်ဒေသခံများကပြောသည်။
နယ်မြေတိုင်းတာရေးနှင့်ပတ်သက်၍ နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက “ ကျနော်တို့ ၂ နိုင်ငံစလုံးက ဂျီဘီအက်စ်သုံးတယ်။ ဂြိုလ်တုနဲ့ထောက်တယ်။ မြေပုံနဲ့တကွတိုင်းတာပါတယ်။ အတည်ပြုသတ်မှတ်ဖို့ကကျနော် တို့ အဆင့်ဆင့်တင်ပြရဦးမှာပါ။ သူတို့ကလိုအပ်ရင် ထပ်ပြီး တိုင်း တာဦးမှာပေါ့။ ဒါနှစ်နိုင်ငံ နှစ်ဘက် အကြိမ် ကြိမ် တွေ့ဆုံညှိနှိုင်းရမယ့်ကိစ္စပါ။ တောင်သူ လယ်သမား တွေအတွက်ကတော့ အခုတိုင်းတာ တာဟာ ယာယီ သာဖြစ်သေးတဲ့အတွက် အိနြေ္ဒမပျက်လယ်ယာ စိုက်စားသွားစေချင်ပါတယ်။ နှစ်ဘက်အတည်ပြုပြီး တော့မှ လယ်သမားတွေနဲ့ ပြန်လည် ညှိနှိုင်းရမှာပါ။” ဟု သျှမ်းသံတော်ဆင့်အားပြောဆိုပါသည်။
ရွာသားများတိုင်တမ်းချက်အရ ကျားဖြူပါတီ ကျားခေါင်းပါတီပူးပေါင်း၍ ကွင်းဆင်း လေ့လာ သွားမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများလယ်ယာမြေမဆုံးရှုံးရလေအောင် လွှတ်တော်အမတ်များနှင့် တိုင်ပင်ဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ နယ်ခြားမှတ်တိုင်တိုင်းထွာရေးမှ ယာယီစိုက်ထူထားသည့် နယ်ခြားမှတ်တိုင်များ ကျူးကျော် သတ်မှတ်မှုမဖြစ်ပွါးရလေအောင် လွှတ်တော်အတွင်း ဆွေးနွေးရသည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံ ကျားဖြူပါတီအတွင်းရေးမှူး စိုင်းထွန်းလှကပြောပါသည်။
တရုတ်နိုင်ငံ ပြည်ပရေးရာဆက်ဆံရေးဌာနနှင့် နယ်နိမိတ်တိုင်းတာရေးအဖွဲ့ အင်အား ၁၄ ယောက်နှင့် မြန်မာနိုင်ငံ နယ်နိမိတ်တိုင်းတာရေးဌာန ညွှန်မှူး ဦးချမ်းအေး ဦးဆောင်သော အင်အား ၁၇ ဦး အဖွဲ့ အပြင် မူဆယ်ခရိုင် အုပ်ချုပ်ရေး မှူး ဦးကျော်ကျော်ထွန်း နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း မြေစာရင်း ဦးစီးမှူး ဦးဝင်းမြင့်သန်း စိုက်ပျိုးရေးဦးစီးမှူး ဦးမြတ်မင်းထွေးတို့က တရုတ်- မြန်မာ နယ်နိမိတ်ကို မေလ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ တိုင်းတာ ခဲ့ကြခြင်းဖြစ်ကြောင်းသိရပါသည်။
သျှမ်းသံတော်ဆင့်
သစ်ထူးလွင် ဆီက

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။