သင်အထီးကျန် နေပြီလား....?
အမေရိကန်စိတ်ပညာရှင်အသင်းကြီး( APA )က လူပေါင်းငါးထောင်နီးပါးကို မေးမြန်းမှု့ တစ်ခု ပြုလုပ်ခဲ့ပါတယ်.. သူတို့အကြိုက်ဆုံး.. နားထောင်ဖြစ်တဲ့ သီချင်းတစ်ပုဒ်ကို မေးခဲ့တာပါ.. လူတိုင်းနီးပါးက အလွယ်တကူပဲ ဖြေဆိုနိုင်ခဲ့ပါတယ်.. အချို့ဆိုရင် မူရင်းအဆိုရှင်နီးပါး လေယူလေသိမ်း.. အဆွဲအငင်.. အဖြတ်အတောက်နဲ့ ဆိုပြနိုင်ကြသလို သူတို့ဘာကြောင့် ကြိုက်ရတယ်ဆိုတဲ့ အကြောင်းကိုလဲ ပြောပြနိုင်ကြပါတယ်..
မေးမြန်းလေ့လာမှု့ စာရင်းအရ ၈ဝ% ကျော်က အလွမ်းအဆွေးသီချင်းများကို နားထောင်ဖြစ်ခဲ့ကြပြီး.. ၁ဝ% ကျော်ကတော့ သာယာငြိမ့်ငြောင်းတဲ့ သံစဉ်များကို နားထောင်ကြပါတယ်.. ၅% တောင်မပြည့်တဲ့သူ အချို့သာလျှင် ပျော်ရွှင်တက်ကြွတဲ့ သီချင်းများကို နားထောင်ဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်.. ၉၀% ကျော်ကတော့ ဘဝရဲ့ အချိန်ပိုင်းအချို့မှာ အထီးကျန်သလို ခံစားမိနေကြတာကို ဝန်ခံခဲ့ကြတယ်..
ဒီနေရာမှာ အလွမ်းအဆွေးသီချင်းတွေ ခံစားပြီး အထီကျန်သလို ခံစားနေရပါတယ် ဆိုတဲ့သူတွေနဲ့ ပျော်ရွှင်တက်ကြွဖွယ် သီချင်းများကို နားထောင်ဖြစ်ပြီး ဘဝဟာနေပျော်ပါတယ် ဆိုတဲ့သူတွေကို ရွေးထုတ်ပြီး စိတ်ပညာရပ်ဆိုင်ရာ စံသတ်မှတ်ချက်တွေ ပါဝင်တဲ့ မေးခွန်းများနဲ့ ဆက်လက် သုတေသနပြု လေ့လာခဲ့ကြပါတယ်.. စံသတ်မှတ်ချက် အမေးတွေကို အထီးကျန်ပါတယ် ဆိုတဲ့သူများက မှန်အောင်ဖြေနိုင်ခဲ့ပေမဲ့ ဘဝကိုကျေနပ်ပါတယ် ဆိုတဲ့သူတွေကတော့ သတ်မှတ်ချက်နဲ့ ကွဲလွဲစွာ ဖြေဆိုခဲ့ကြပါတယ်..
အများနဲ့သက်ဆိုင်တဲ့ အကူအညီပေးရေး ကိစ္စရပ်များမှာလဲ အဆိုပါ အထီးကျန်သူများကပဲ စိတ်ဝင်တစားရှိကြပြီး ဘဝကို ပျော်ပျော်နေတတ်သူတွေကတော့ စိတ်ဝင်စားမှု့ မရှိတာကို တွေ့ခဲ့ရပါတယ်.. စိတ်ကူးစိတ်သန်း ဖန်တီးမှု့ အပိုင်းမှာလဲ ကွာခြားကြပါတယ်.. နောက်ဆုံးမှာ လူသားတွေဟာ ခံစားချက်နဲ့ အသက်ရှင်တယ်.. အထီးကျန်လွမ်းဆွေးခြင်းဟာ ဘဝနေထိုင်မှု့ ပုံစံတစ်ခုလို့ ဆိုနိုင်သလို ပြဿနာတစ်ရပ် မဟုတ်ဘူး.. လူတိုင်းနီးပါး ဒီလိုခံစားချက်မျိုး ရှိကြပြီး ဒါဟာ ပုံမှန်အလုပ်လုပ်နေတဲ့ စိတ်ခံစားချက်တစ်ခုလို့ ပြောနိုင်ပါတယ်..
သတ္တဝါပေါင်းများစွာ မှီတင်းနေထိုင်တဲ့ ဒီလောက ကမ္ဘာကြီးထဲမှာ ပုခုံးနှစ်ဖက်ကြားက ခေါင်းထွက်လာတဲ့ မျိုးနွယ်တွေက အသိဥာဏ်အရှိဆုံးလို့ ပြောနိုင်ပါတယ်.. ဒီထဲကမှ အသဲကွဲတယ်.. ဆိုတဲ့ ခံစားချက်မျိုးကို လူသားတွေမှာပဲ ခံစားတတ်ကြပါတယ်.. လူတိုင်းဟာ သီးခြားဖြစ်နေတဲ့.. သာယာငြိမ့်ညောင်းတဲ့ ဂီတသံတွေကို ပိုနှစ်သက်ပြီး ငါ.. တစ်ယောက်ထဲ ဖြစ်နေပြီလားလို့ တွေးမိလိုက်တာနဲ့ သူဟာ လူသားပီသတဲ့ ခံစားချက် ရှိနေသေးတာကို သိနိုင်ပါတယ်လို့ ဆိုပါတယ်..
( ဒီနေရာမှာ ကြုံတုန်းပြောရရင် .. ငါ.. ရူးများ ရူးနေသလားလို့ တွေးမိလိုက်တာနဲ့ ဒီလူဟာ စိတ်ပုံမှန် ရှိတဲ့သူလို့ မှတ်ယူနိုင်တယ် ဆိုတဲ့ အလွယ်ဆုံး စိတ်အခြေအနေ စစ်ဆေးချက်လိုပေါ့.. )
ကဲ.. သင်ကော အထီးကျန် နေပြီလို့ ထင်လား....?
ဒါဆိုရင် သင့်မှာ လူသားဆန်တဲ့ နှလုံးသားက ပုံမှန် အလုပ်လုပ်နေတယ်လို့ ပြောလို့ရပါတယ်.. ခံစားချက်ကတော့ အစွန်းရောက် မသွားဖို့တော့ လိုတာပေါ့ဗျာ.. သင့်မှာ အဖော်တွေ အများကြီးပါ..
သြော်.. ဒါနဲ့ စစ်တမ်းကောက်ယူမှု့ အရ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး.. နားထောင်ဖြစ်ကြဆုံး.. အချို့ဆို ညအိပ်ယာဝင် ဒီသီချင်းသံကြားမှ အိပ်ပျော်တယ်ဆိုတဲ့ သီချင်း အမည်လေးကော မသိချင်ကြဘူးလားဗျာ....
အဲ့ဒါကကော့ အဆိုကျော် Michael Jackson ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ You Are Not Alone ဆိုတဲ့ သီချင်းလေးပါတဲ့ဗျာ......။
အက်ရှင်ဘဘဒီမို ( ၂.၅.၂၀၁၄ )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။