Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, May 4, 2014

အမေရိကန်က မြန်မာတွေလိပ်တဲ့ ဂျပန်ဆူရှီ


အမေရိကန်နိုင်ငံတစ်ဝန်းက ဆန် ဖရန်စစ္စကို၊ နယူးယောက်၊ ဝါရှင် တန်၊ လော့စ်အန်ဂျလိစ်မြို့ကြီး တွေမှာကြည့်မလား။ မိန်းပြည် နယ်လို ချောင်ကျကျပြည်နယ် တွေက မြို့သေးသေးလေးတွေမှာ ပဲကြည့်မလား။ နေရာတိုင်းမှာရှိ နေသည်က ဂျပန်ဆူရှီထမင်းလိပ် ဆိုင်များဖြစ်ပါသည်။ လေဆိပ် များ၊ ဈေးဝယ်စင်တာများမှာပင် ဆူရှီကောင်တာတစ်ခုလောက်က အနည်းဆုံးရှိကြ၏။ အဝလွန်တာ ကို ရောဂါတစ်ခုလိုကြောက်နေ ကြပြီး ကျန်းမာရေးနှင့်ညီသော အစားအစာကိုမှ ရွေးချယ်စားလာ ကြသော အမေရိကန်တွင် ထမင်း နှင့် ငါး၊အသားစိမ်း၊ ဟင်းသီးဟင်း ရွက်ကိုအခြေခံထားသည့် ဂျပန် လူမျိုးတို့၏ ဆူရှီက ရေပန်းစား သည့် စားစရာတစ်ခုဖြစ်လာ သည်။
ထို့အတွက် ကြားထဲက အမြတ်ထွက်သည်က မြန်မာလူ မျိုးများဖြစ်ပါသည်။ အဘယ် ကြောင့်ဆိုသော် အမေရိကန်လူ မျိုးကြိုက် ဂျပန်အစားအစာဆူရှီ လုပ်ငန်းတွင် အများဆုံးဝင်ရောက် လုပ်ကိုင်နေသည်က အမေရိကန် ရောက် မြန်မာလူမျိုးများဖြစ်နေ သောကြောင့်ပင်။
အမေရိကန်တွင် မြန်မာလူ မျိုးများ၏ ဆူရှီလုပ်ငန်းအောင် မြင်မှုက အမေရိကန် သမ္မတပင် အသိအမှတ်ပြုရသည်အထိဖြစ် ပါသည်။ ၂၀၁၁ ခုနှစ်တွင် အမေရိ ကန်မှာ အလုပ်သမားလေးရာ ကျော်ဖြင့် အောင်မြင်သောဆူရှီ ကုမ္ပဏီတစ်ခုကို ဦးဆောင်နေ သည့်    မြန်မာလူမျိုး   ဦးဖိလစ် မောင်ကို အမေရိကန်ကွန်ဂရက် တွင် သမ္မတကလုပ်ငန်းရှင်များ နှင့် ဆွေးနွေးရာ၌ ထည့်သွင်းဖိတ် ကြားခဲ့၏။
ထိုအချိန်က အမေရိကန်တွင် စီးပွားပျက်ဂယက်ရိုက်ခတ်စဉ်မှာ အလုပ်သမားများ  ခန့်အပ်ပြီး  အလုပ်ပေးနိုင်သော  Hissho  ဆူရှီလုပ်ငန်းရှင်သူဌေး    ဦးဖိလစ် မောင်ကို သမ္မတကတော် မီရှဲလ် အိုဘားမားကိုယ်တိုင်က    ဖိတ်ကြားခဲ့ခြင်းဖြစ်ပါသည်။   ယနေ့မှာ အလုပ်သမားလေးရာကျော်ရှိ နေသော Hissho ဆူရှီလုပ်ငန်း ပိုင်ရှင် ဦးဖိလစ်မောင်က အမေ ရိကန်နိုင်ငံ၌   ဆူရှီလုပ်ငန်းကို စတင်လုပ်ကိုင်စဉ်က အများသူ ငါလို     ဆူရှီအလုပ်သမားတစ်ဦး သာဖြစ်ခဲ့သည်ဟုဆိုသည်။
‘‘ကျွန်တော် ၁၉၈၉ ခုနှစ်မှာ ရန်ကုန်က   ထွက်လာပါတယ်။ မြန်မာပြည်မှာ ဓာတုဗေဒအဓိက နဲ့ နောက်ဆုံးနှစ်မပြီးခင် ထွက်ခဲ့ တာပါ။ မိဘတွေကလည်း ပြေ လည်တဲ့သူတွေမဟုတ်ဘူး။ ဘဝ အစမှာတော့ တော်တော်ရုန်းခဲ့ရ ပါတယ်။ အလုပ်လုပ်ရင်း ငွေစုပြီး မှ ကျွန်တော့်မှာရှိတဲ့ငွေလေးနဲ့ ဒီကုမ္ပဏီကိုစခဲ့ရတာပါ’’
အမေရိကန်၌  ဂျပန်လူမျိုး များ ဆူရှီလုပ်ငန်း စတင်လုပ်ကိုင် ခဲ့စဉ်က ဂျပန်ဆူရှီဆိုင်ပုံပေါက် အောင် အမေရိကန်ရောက် အာရှတိုက်သားများကို   ဆူရှီဆိုင်ဝန် ထမ်းများအဖြစ် စတင်ခန့်အပ် ခဲ့ရာမှ   မြန်မာများ  ဆူရှီလုပ် ငန်းသို့ရောက်ရှိလာခဲ့ခြင်းဖြစ် သည်။ အခြားအာရှတိုက်သား များထက်စာလျှင်   မြန်မာများက ဆူရှီလုပ်ငန်းမှာ      စိတ်ရှည် ဇွဲကောင်းကြသည်။ အမေရိကန် သို့ တဖွဲဖွဲရောက်လာနေသော မြန်မာနိုင်ငံမှ ဒုက္ခသည်များ အတွက်လည်း အမေရိကန်နိုင်ငံ မှာ အသားမကျသေးမီ ဆူရှီ အလုပ်က ဝင်ရောက်လုပ်ကိုင် ရန်အကောင်းဆုံးလုပ်ငန်းတစ်ခုဖြစ် လာပါသည်။ အချို့ကတော့ အမေရိကန်နိုင်ငံတွင် နေထိုင်သည်မှာ နှစ်ပေါင်းများစွာကြာလာသော် လည်း ဆူရှီအလုပ်ကိုပင် စွဲမြဲလုပ် ကိုင်နေသူများလည်းရှိပါသည်။
‘‘အမေရိကကိုရောက်လာ ရင် ကျောင်းတက်ဖို့ အသက်က လည်းကြီး အင်္ဂလိပ်စာလည်းသိပ် မရသေးခင် ဒီလိုပဲနီးစပ်ရာဆူရှီ ဆိုင်ဝင်ကြတာပဲ။ လေးငါးနှစ် ကြာတော့ တခြားအလုပ်ပြောင်း ချင်လည်းပြောင်း၊   မပြောင်း လည်း ကိုယ်ပိုင်ဆိုင်ထောင်ကြ တယ်’’ဟု ဖလော်ရီဒါတွင် ဆူရှီ ဆိုင်ခွဲနှစ်ခု ဖွင့်လှစ်ထားသည့် ကိုထွန်းလင်းက ပြောပါသည်။
မြန်မာလူမျိုး တော်တော် များများက ဆူရှီဆိုင်တွေပိုင်လာ ကြသည့်အတွက်လည်း မြန်မာ ရှိရာမြန်မာစုပြီး ဆူရှီလုပ်ငန်းမှာ မြန်မာတွေပိုများလာကြသည်။ တချို့ကတော့ မိသားစုလုပ်ငန်း လိုလုပ်ကိုင်ကြသည်။ ဆူရှီဆိုင် မှာ တစ်နေ့ ၈ နာရီခန့်အလုပ် လုပ်ရသည့် အလုပ်သမားတစ်ဦး လျှင် စရိတ်ငြိမ်းဒေါ်လာတစ် ထောင့်ငါးရာ၊ နှစ်ထောင် စသည် ဖြင့် ကျွမ်းကျင်မှုအလိုက်လခပေး ကြရသည်။ တချို့က ဂျပန်ဆူရှီ ကုမ္ပဏီကြီးများ၏ လက်ခွဲဆိုင်ပုံ စံဖြင့် အလုပ်လုပ်ကြသည်။ ဆိုင် ပိုင်ဖြစ်ဖို့အတွက်ကလည်း ထို ကုမ္ပဏီကြီးများထံတွင် ဒေါ်လာ ခြောက်သောင်းခန့်ပေးပြီး လုပ် ပိုင်ခွင့်ရယူရသလို လိုအပ်သော ဆူရှီလိပ်နည်းသင်တန်းများ လည်း တက်ကြရသည်။ အစား အသောက်ဆူရှီပြင်ဆင်မှုနှင့်ပတ် သက်ပြီး ကုမ္ပဏီ၏ စည်းမျဉ်း၊ စည်းကမ်းများကိုလည်း လိုက်နာ ကြရသည်ဟု ကိုထွန်းလင်းက ရှင်းပြသည်။
‘‘ဆူရှီလုပ်ငန်းက ပင်ပန်း တယ်။ လူအင်အားသိပ်စိုက်ရ တာ။ နေရာကလည်း  စကားပြော တယ်။ နေရာကောင်းလို့ပေါက် သွားရင် စားပေရော့ပဲ။ ဒါကြောင့် မြန်မာတွေကလည်း တစ်ဆိုင်ပြီး ရင် ပင်ပန်းပေမယ့် နောက်တစ် ဆိုင်ထွက်ချင်ကြတယ်’’
ဆူရှီကလူကြိုက်များသော အစားအစာတစ်ခုဖြစ်လာသည့် အတွက် ဂျိုင်ရင့် (Giant)နှင့် ဝက် ဂမနစ်(Wegmans)ကဲ့သို့ အမေ ရိကန်ကုန်တိုက်ဆိုင်ကြီးများမှာ ပင် ဆူရှီကောင်တာများကို သီး သန့်ထားပြီး     ရောင်းချလာရ သည်။ အမေရိကန်ရှိ လူချမ်းသာ များ ဈေးဝယ်လေ့ရှိသည့် ဝက် ဂမန်ကုန်တိုက်က  ဆူရှီကောင် တာအများစုတွင်တော့ မြန်မာ ပြည်က ရောက်လာသော ချင်း တိုင်းရင်းသားအများစုက ဝင် ရောက်လုပ်ကိုင်နေသည်။ ချင်း လူမျိုးတို့က ဝက်ဂမန်ကုန်တိုက် မှာ အလုပ်ကြိုးစားသူဆူရှီလုပ် သားများအဖြစ်   သတင်းမွှေးပါ သည်။
‘‘ကျွန်တော်တို့ ဝက်ဂမန်မှာ မြန်မာပြည်က  လူတွေကိုပဲခန့် တယ်။    အင်္ဂလိပ်စကားတော့ မတတ်ကြဘူး။     ဘာသာပြန်နဲ့ အလုပ်ခန့်ရတယ်၊ စကားပြောရ တယ်။  ဒါပေမဲ့  အလုပ်သိပ်ကြိုး စားတယ်၊   နာခံတယ်၊  ရိုးသား တယ်’’ဟု    မေရီလန်းပြည်နယ် လော်ရယ်မြို့ ဝက်ဂမန်ရုံးချုပ် မှ အလုပ်သမားဆိုင်ရာ မန်နေ ဂျာတော်မီက ပြောကြားသည်။
တီးတိန်မြို့နယ်ရှိ ရွာမှ တောင်ယာလုပ်ကိုင်လာသူ ချင်း တိုင်းရင်းသူ ညောင်လန်းကျိန်က ဆူရှီထမင်းလိပ်အတွက် ဟင်းသီး ဟင်းရွက်များကို ဒါးဖြင့်ဖြတ် တောက်ရသည့်အလုပ်က ဘာမှ မပင်ပန်းဟု ဆိုပါသည်။
‘‘တစ်နာရီကို ၁၀ ဒေါ်လာ ရတယ်။ တစ်နေ့ ရှစ်နာရီ။ ပိတ် ရပ်ဆိုရင်ပိုရတယ်။ ကျန်းမာရေး အာမခံလည်းပေးတယ်။ အစား လည်းကျွေးတယ်နော်။     သိပ် ကောင်းပါတယ်။    ဝက်ဂမန်က အပြင်ဆိုင်တွေထက်  ပိုအကျိုးခံ စားခွင့်ရှိတယ်’’
ဆူရှီလုပ်ငန်းများမှာ အမေရိ ကန်တွင် များစွာရှိသည့်အတွက် အောင်မြင်သောလုပ်ငန်းစုကြီး တစ်ခုဖြစ်ရန် သိပ်မလွယ်ကူပါဟု ဆူရှီ လုပ်ငန်းလုပ်ကိုင်နေသည်မှာ (၁၃)နှစ်ခန့်ရှိနေပြီဖြစ်သော ဦးဖိ လစ်မောင်က ဆိုသည်။ ၎င်းက သွားရင်းလာရင်းဖြင့်   အမေရိ ကန်မှ အောင်မြင်နေသောစီးပွား ရေးလုပ်ငန်းတွေကို   လေ့လာ သည်။ ဘဝတူအာရှလုပ်ငန်းရှင် တွေကိုလည်း သူလေ့လာခဲ့ရ သည်။ အားလုံး၏ အားသာချက်၊ အားနည်းချက်တွေကို လေ့လာ ပြီးမှ အကောင်းဆုံးစနစ်များကို ကျင့်သုံးခဲ့ခြင်းဖြစ်ပါသည်။
‘‘ကျွန်တော်က ကျွန်တော့် ဆူရှီတွေရဲ့ အရည်အသွေးကို ထိန်းပါတယ်။ အလုပ်လုပ်သူတွေ ကိုလည်း ပျော်အောင်ထားတယ်။ ကျွန်တော့်အလုပ်သမားတွေကို အချက် ၁၁ ချက်သတ်မှတ်ပေး ထားပြီး    အဲဒါတွေနဲ့ကိုက်ညီ အောင် နေခိုင်းပါတယ်။ အဲဒီ အထဲမှာ သူများတကာတွေဆီက ကောင်းတာတွေကို အတုယူဖို့နဲ့ ကြင်နာသနားတတ်ဖို့   ဆိုတာ လည်းပါတယ်’’
အမေရိကန်မှ မြန်မာဆူရှီ သမားများ၊    ဆူရှီလုပ်ငန်းရှင် သူဌေးများတွင် ရယ်စရာကောင်း သောအချက်တစ်ခုရှိသည်။ သူ တို့က ဆူရှီနှင့်သာ စီးပွားဖြစ်နေ ကြသည်။     အလုပ်လုပ်နေကြ သည်။   ဆူရှီကိုတော့   သူတို့ မကြိုက်ကြ။ သို့သော် ဦးဖိလစ် မောင်ကတော့ တကယ်ဆူရှီ ကြိုက်တာပါဟု ပြောပါသည်။
‘‘ကျွန်တော်ကတော့ ဆူရှီကို တကယ်ကြိုက်တာပါဗျာ။ ဆူရှီ ထဲမှာမှ ဆလာမီဆိုတဲ့ ငါးအစိမ်း နဲ့လုပ်ထားတဲ့ဟာ မြန်မာလိုသံ ပခြုပ်လို့ခေါ်မလား။ အဲဒါတွေနဲ့ လုပ်တဲ့ ဆူရှီတွေကို ကျွန်တော်ပို ကြိုက်ပါတယ်’’
အမေရိကန်ရှိ မြန်မာဆူရှီ လုပ်ငန်းရှင်ကို     အမေရိကန် သမ္မတကပင် ခေါ်တွေ့ရသည် အထိ အောင်မြင်သလို ဆူရှီလုပ် ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေ သော မြန်မာလူမျိုးဆူရှီလိပ် သူ တို့၏ လက်ရာကလည်း မူရင်း ဂျပန်လူမျိုးများနှင့်ပင် ယှဉ်နိုင်နေ ပါပြီဟု ကိုထွန်းလင်းက ပြော သည်။ စားသုံးသူအကြိုက်တစ် နေ့ထက်တစ်နေ့ အဆန်းထွင် ဆန်းသစ်ထားသောဆူရှီလက်ရာ များကို သူ့ဆိုင်က မြန်မာဆူရှီ သမားများက ကောင်းကောင်း လိပ်တတ်ပြီဟု ဆိုပါသည်။
‘‘ဘော်စတွန်ရိုးလ်လား၊ ကာ လီဖိုနီးယားအက်လစကားရိုးလ် လား ကျွန်တော့်ဆိုင်မှာ မြန်မာ တွေက အလှဆုံးလိပ်တတ်တယ်။ နောက်ဆိုရင် ဆူရှီဆိုတာ ဂျပန် တွေလုပ်တယ်ဆိုတာ      ပုံပြင် တောင်ဖြစ်သွားဦးမယ်’’
Author: 
http://7daydaily.com/story/10054#.U2YLruN_uz5

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။