ငိုချင်နေတဲ့ကောင်လေး(သို့) ဆရာမကို ခုံနဲ့ပေါက်လို့ ကျောင်းထုတ်ခံရတဲ့ ရော်နယ်ဒို
ကမ္ဘာ့ထိပ်တန်း ခြေစွမ်းပိုင်ဆိုင်ထားပေမယ့် တချို့အမူအရာတွေကြောင့် ဟန်ဆောင်တာလို့ ပြောခံရတဲ့ ရော်နယ်ဒိုကို သူ့အမေခေါ်တဲ့ အိမ်ခေါ်နာမည်က ဘောလုံးပရိသတ်တွေ လှောင်ပြောင်ကြတဲ့ နာမည်နဲ့ သိပ်မကွာပါဘူး။ ရော်နယ်ဒိုဟာ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေကို
မြန်မြန်ဆန်ဆန် တုန့်ပြန်တတ်သူဖြစ်ပြီး ခံစားချက်ကို ဖုံးကွယ်မထားနိုင်သူလို့ သူ့အမေက ပြောပါတယ်။
မြန်မြန်ဆန်ဆန် တုန့်ပြန်တတ်သူဖြစ်ပြီး ခံစားချက်ကို ဖုံးကွယ်မထားနိုင်သူလို့ သူ့အမေက ပြောပါတယ်။
သူ့ကို ပြိုင်ဘက်ကစားသမားက ပြစ်ဒဏ်ကျူးလွန်ပြီး ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော သတ်မှတ်မပေးတဲ့အခါ ရော်နယ်ဒိုရဲ့အမူအရာတွေနဲ့ ကမ္ဘာ့အကောင်းဆုံး ဆုပေးပွဲ အခမ်းအနားက အပြုအမူတွေဟာ ရော်နယ်ဒိုရဲ့ အမူအကျင့်ကို လှစ်ဟပြနေသလိုပါပဲ။ ရော်နယ်ဒိုကို ဘောလုံးပရိသတ်တွေက ငိုချင်နေတဲ့ ဘောလုံးသမားလို့ ဝေဖန်ကြပြီး သူ့အမေခေါ်တဲ့ အိမ်ခေါ်နာမည်ကတော့ ငိုချင်နေတဲ့ကောင်လေး ပါတဲ့။
ငယ်ငယ်တုန်းက ကျောင်းသားဘ၀မှာ ရော်နယ်ဒိုက ဆိုးပေတစ်ယောက်ဖြစ်ခဲ့ပြီး တက်သမျှ ကျောင်းတိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အစ၊ အနောက် သန်တဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး တစ်ရက်မှာတော့ ဆရာမကို ထိုင်ခုံနဲ့ ပစ်ပေါက်ခဲ့လို့ ကျောင်းထုတ်ခံရပါသေးတယ်။
@z (ရိုးရာလေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။