Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, May 4, 2014

ဘဝအောင်မြင်ရေးအတွက် အရေးကြီးလှတဲ့ ပတ်ဝန်းကျင်


 
~ဘဝအောင်မြင်ရေးအတွက် အရေးကြီးလှတဲ့ ပတ်ဝန်းကျင် ~
By လင်းသိုက်ညွန့် ( မြန်မာ့မြေ )
From သရဖူ မဂ္ဂဇင်း ၂၀၁၄ ဧပြီလ ထုတ်မှ ဖော်ပြသည်။
လူတိုင်း လူတိုင်းဟာ သူတို့ရဲ့ဘဝမှာ အောင်မြင်လာဖို့အတွက် သူတို့ရဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် အောင်မြင်တိုးတက် လိုတဲ့လူတစ်ယောက်ဟာ သူ သက်တောင့်သက်တာဖြစ်နေတဲ့ နယ်ပယ်ကနေ ရုန်းထွက်နိုင်ဖို့ လိုပါတယ်။ သင်ဟာ သင့်ရဲ့ အတန်းထဲမှာ အမြဲတမ်းလိုလို ပထမရနေပါသလား။ ဒါဆိုရင် သင်ဟာ စာသင်ခန်းမှးပြီး ရောက်နေတာ ဖြစ်ပါလိမ့်မယ်။ သင့်အတွက် အကောင်းဆုံးနေရာဆိုတာ သင့်ထက်တော်တဲ့သူတွေ သင့်ကို ဦးဆောင်နိုင်တဲ့သူတွေ များများစားစား ရှိတဲ့နေရာ ဖြစ်ပါတယ်။ 

တကယ်လို့ သင်ဟာ လက်ရှိပတ်ဝန်းကျင်မှာ သက်တောင့်သက်သာနဲ့ အမြဲတမ်း ထိပ်ဆုံးက ပထမရနေတယ် ဆိုပါစို့။ ဒါဆိုရင် သငဟာ ရေအိုင်ငယ်ထဲက အလတ်စားငါးတစ်ကောင် (A medium sized fish in a very small pond) ဖြစ်နေပြီဆိုတာ သတိရလိုက်ပါ။ သင့်အနေနဲ့ ဒီထက်ပိုပြီး ကြီးပွားချင်သေးတယ် ဆိုရင်တော့ သင့်အနေနဲ့ မဖြစ်မနေ ရေအိုင်ပြောင်းဖို့ ဝါ ပတ်ဝန်းကျင်ပြောင်းလဲဖို့ လိုပါလိမ့်မယ်။

ကြီးထွားမှု = ပြောင်းလဲမှု
Growth = Change
မကြီးထွားဘဲနဲ့ ပြောင်းလဲတာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ မပြောင်းလဲဘဲနဲ့ ဘယ်တော့မှ မကြီးထွားနိုင်ပါဘူး။ သင့်ရဲ့ဘဝကြီးထွားလာဖို့ အတွက် သင့်ရဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်ဖို့ ကြိုးစားကြတဲ့နေရာမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်ခြောက်ချက် ရှိပါတယ်။
၁။ သင့်ရဲ့လက်ရှိပတ်ဝန်းကျင်ကို ပြန်လည်သုံးသပ်ပါ။
သင့်ရဲ့လက်ရှိပတ်ဝန်းကျင်ကို ပြန်လည်သုံးသပ်တဲ့အခါ သင်ဟာ သင့်ရဲ့ပတ်ဝန်းကျင်မှာ
-အလွယ်တကူ ထိပ်တန်းကို ရောက်လာသလား။
-စိန်ခေါ်မှုမရှိဘူးလို့ ခံစားရသလား။
-ကိုယ့်အတွက် ဘာမှ စိတ်ဝင်စားစရာ မရှိဘူးလား။
ဒါဆိုရင် သင့်အနေနဲ့ သင့်ရဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာ သဘောပေါက်ဖို့ ဖြစ်ပါတယ်။
၂။ မိမိကိုယ်ကိုရော မိမိရဲ့ ပတ်ဝန်းကျင်ကိုပါ ပြောင်းလဲပါ။
-တခါတလေ သင်ဟာ သင့်ကိုယ်သင်ပဲ ပြောင်းလဲပြီး သင့်ရဲ့ ပတ်ဝန်းကျင်ကို မပြောင်းလဲရင် ကြီးထွားမှုဟာ ခက်ခဲပြီး နှေးနေပါလိမ့်မယ်။
-သင့်ရဲ့ ပတ်ဝန်းကျင်ကိုပဲ ပြောင်းလဲပြီး သင့်ကိုယ်သင် မပြောင်းလဲရင်လည်း ကြီးထွားမှုဟာ ခက်ခဲပြီး နှေးနေပါလိမ့်မယ်။
-သင့်ကိုယ်သင်ရော သင့်ရဲ့ ပတ်ဝန်းကျင်ကိုပါ ပြောင်းလဲနိုင်မှ ကြီးထွားမှုဟာ မြန်ဆန်ပြီး ပိုမိုအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
ဒါဆိုရင် ကိုယ့်ကို ကြီးထွားစေနိုင်တဲ့ ပတ်ဝန်းကျင် ( Growth Environment ) ဆိုတာ ဘယ်လိုပတ်ဝန်းကျင်မျိုးလဲလို့ မေးစရာရှိလာပါတယ်။ ပတ်ဝန်းကျင်တစ်ခုဟာ-
သင့်ကို ဦးဆောင်နိုင်တဲ့သူတွေ သင့်ထက်ထူးချွန်ထက်မြက်တဲ့သူတွေ ရှိတယ်။
-စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတယ်။
-ကိုယ်ကအမြဲတမ်း ရှေ့ကို ရှေးရှုကြိုးစားနေရတယ်။ သက်တောင့် သက်တာ နေလို့မရဘူး။
-မနက်မိုးလင်းလာတိုင်း ရင်ခုန်စိတ်လှုပ်ရှားစွာ နိုးထလာရတယ်။
-အရှုံးဆိုတာ ကိုယ့်ရဲ့ ရန်သူမဟုတ်ဘူး။
ဒါဆိုရင် ဒီလိုမျိုး ပတ်ဝန်းကျင်မျိုးဟာ ကိုယ့်ကို ကြီးထွားစေနိုင်တဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်ပါတယ်။
၃။ သင် အတူတကွ ပေါင်းသင်းနေတဲ့သူတွေကို ပြောင်းလဲပါ။
သင့်ရဲ့ ဘေးနားမှာ ဘယ်လိုလူမျိုးတွေ ရှိလဲ။ သင်က ဘယ်လို လူမျိုးတွေနဲ့ ပေါင်းသင်းသလဲ ဆိုတာက သင့်ဘဝရဲ့ အောင်မြင်မှုအပေါ် များစွာသက်ရောက်မှု ရှိပါတယ်။
၎။ ပတ်ဝန်းကျင်အသစ်မှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပါ။
ပတ်ဝန်းကျင်အသစ်ကို ရောက်ပြီ ပြောင်းလဲပြီးပြီ ဆိုရင်လည်း ပတ်ဝန်းကျင်အသစ်မှာ ပြဿနာအသစ် စိန်ခေါ်မှုအသစ်တွေကို ရှာဖွေရင်ဆိုင်ရဲဖို့ ရင်ဆိုင်နိုင်ဖို့ လိုပါတယ်။ ပြဿနာတွေကို ဘယ်တော့မှ မကြောက်ပါနဲ့။ ပြဿနာတွေကို ဘယ်တော့မှ မရှောင်ပါနဲ့။ အလုပ်သေးသေးလုပ်ရင် ပြဿနာသေးသေးတွေ့မယ်။ အလုပ်ကြီးကြီးလုပ်ရင် ပြဿနာကြီးကြီးတွေ့မယ်။ ဘာပြဿနာမှ မတွေ့ချင်ရင် ဘာမှ မလုပ်မှဘဲ ရပါလိမ့်မယ်။
၅။ လက်ရှိအချိန်ကို အာရုံစိုက်ပါ။
မာသာထရီဇာက ပြောပါတယ်။ 'မနေ့ကဆိုတာ ပြီးခဲ့ပြီ။ မနက်ဖြန်ဆိုတာ မရောက်လာသေးဘူး။ ကျွန်ုပ်တို့ ပိုင်ဆိုင်တာဟာ ဒီနေ့ပဲ။ ဒီနေ့ကို အာရုံစိုက်ပါ' တဲ့။ လက်ရှိအချိန်ကို အာရုံစိုက်ပြီး အကောင်းဆုံးဖြစ်အောင် အားထုတ်ကြိုးစားနိုင်ဖို့ လိုအပ်ပါတယ်။
၆။ ဝေဖန်ကဲ့ရဲ့မှုများကို လျစ်လျူရှု၍ ရှေ့ဆက်ပါ။
တခါတလေမှာ သင့်အနေနဲ့ သင့်ရဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲဖို့ အရေးပါတဲ့ ဆုံးဖြတ်ချက် တစ်ခုခုကို ချဖို့ ကြိုးစားတဲ့နေရာမှာ ကိုယ့်ရဲ့ ပတ်ဝန်းကျင် ဆွေမျိုး အသိုင်းအဝိုင်း စတာတွေက အပြစ်တင် တားဆီးတာမျိုးတွေ ကြုံတွေ့နိုင်ပါတယ်။ အဲသလို ကြုံလာရတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို မပျက်စီးပါစေနဲ့။ သင်သာလျှင် သင့်ဘဝရဲ့ ပဲ့ကိုင်ရှင်ဖြစ်ပြီး ကိုယ့်ဘဝကို ကိုယ်လိုရာ မောင်းနှင်ရမယ်ဆိုတာ သတိပြုပါ။
ဒီကမ္ဘာကြီးမှာ အစဉ်အမြဲ တည်မြဲနေတာဟာ ပြောင်းလဲခြင်း ( Change ) တစ်ခုပဲရှိပါတယ်။ စဉ်ဆက်မပြတ် အောင်မြင်ချင်တယ်ဆိုရင် စဉ်ဆက်မပြတ် ပြောင်းလဲနေဖို့ လိုအပ်တယ်ဆိုတာကို အမြဲသတိရပါ။
See you at the top!
လင်းသိုက်ညွန့် ( မြန်မာ့မြေ )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။