''Express အဝေးပြေးကားများ စီးလျှင် သိထားသင့်သော အရေးပေါ်ထွက်ပေါက်များ''
===========================================
တောင်ပြာတန်းခရီးသည်တင် ယာဉ်ပေါ်တွင်ခရီးသည်များ မီးလောင်သေဆုံးမှုဖြစ်ပွားခဲ့ခြင်းက အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် ခရီးသည်များအားအရေးပေါ်ထွက်ပေါက်နှင့်ပတ်သက်၍ အသိပညာပေးမှုပြုလုပ်လေ့မရှိသည်ကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ ကားအတွင်း လူခြောက်ဦးမီးလောင်သေဆုံးမှုဖြစ်စဉ်သည် ယာဉ်တိုက်မှုကြောင့် သေဆုံးရခြင်းမဟုတ်ဘဲ အရေးပေါ်ထွက်ပေါက်များနှင့် ပတ်သက်ပြီး ခရီးသည်များသိရှိမှုနည်းပါးခြင်းကြောင့်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာ သော အဝေးပြေးခရီးသည်တင် ယာဉ်များသည် အခြားနိုင်ငံများ တွင် ပြေးဆွဲနေသော ယာဉ်များ နည်းတူ အရေးပေါ်ထွက်ပေါက် များ၊ အရေးပေါ် အသုံးပြုရန် ပစ္စည်းများပါလေ့ရှိသော်လည်း ယာဉ်မောင်းများက အသုံးပြုရမှန်းမသိကြပေ။ အရေးပေါ်ထွက်ပေါက်များ၊ အရေးပေါ် အခြေအနေတွင် အသုံးပြုရန် ပစ္စည်းများနှင့်ပတ်သက်၍ လိုက်ပါစီးနင်းမည့် ခရီးသည်များအပေါ် ရှင်းပြလေ့မရှိသည်ကိုလည်း အဝေးပြေးယာဉ်လိုင်းများက၀န်ခံကြသည်။ ထို့ကြောင့်တောင်ပြာတန်းခရီးသည်တင်ကားဖြစ်စဉ်က အဝေးပြေးခရီးသည်တင်လုပ်ငန်းများ အပေါ် အရေးပေါ်ထွက်ပေါက်များနှင့်ပတ်သက်၍ သတိပေးခေါင်း လောင်းသံသာဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြေးဆွဲနေ သော အဝေးပြေးယာဉ်လိုင်းများ ၌ အရေးပေါ်ထွက်ပေါက်အဖြစ် နောက်ဆုံးခုံတန်းအနီး ယာဉ်၏ ညာဘက်တွင် အရေးပေါ်ထွက် ပေါက်အပေါက်ကြီးတစ်ပေါက် ပါရှိပြီး ဘယ်ဘက်တွင် ဘေးတွန်း အပေါက်တစ်ပေါက်ပါရှိသည်။ ထို့အပြင် ကားအမိုးပေါ်တွင် ဆွဲတွန်း၍ရသော အရေးပေါ်ထွက်ပေါက်နှစ်ပေါက်ရှိပြီး မှန်များကို ရိုက်ခွဲရန်အတွက် ကားဘေးတစ်ဖက်စီတွင် စိန်သွားပါ တူသုံးလက်စုစုပေါင်း တူခြောက်လက်ပါရှိသည်။
အရေးပေါ်မှန်ခွဲရန်အတွက် ထားရှိသော တူများကို ယာဉ်လိုင်း များက ခရီးသည်များမြင်သာထင် သာအောင်ထားရှိခြင်းမရှိသလို၊ အချို့ယာဉ်လိုင်းများတွင် ထိုတူ များကို ဖြုတ်ထားလေ့ရှိသည်။
အရေးပေါ်မှန်ခွဲရန်အတွက် ထားရှိသော တူများကို ယာဉ်လိုင်း များက ခရီးသည်များမြင်သာထင် သာအောင်ထားရှိခြင်းမရှိသလို၊ အချို့ယာဉ်လိုင်းများတွင် ထိုတူ များကို ဖြုတ်ထားလေ့ရှိသည်။
ထိုကြောင့် အရေးကြုံလျှင် ကြောက်စိတ်မဖုံးပဲ မှန်ကန်သော အသိသတိဖြင့် လွတ်မြောက်မှုလမ်းကို စိတ်တည်ငြိမ်စွာ ရှာဖွေသင့်ပါသည်။
========
(7Day Daily)
========
(7Day Daily)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။