လ ကနေ ဒီလို သင်ခန်းစာလေး ရပါတယ်
တောက်ပ ဝင်းလက်ဆုံး အချိန်သည်ကား
မှိန်စပြုချိန်ကို ရောက်တော့မည်ဖြစ်ပြီး
အမှောင်မိုက်ဆုံး အချိန်သည်ကား
လင်းစပြုချိန်ကို ရောက်လာတော့မည် ဖြစ်သည်။
သင်ခန်းစာ -
အနိမ့် အမြင့် သဘောတရားကို သိစေချင်သော ရည်ရွယ်ချက် ဖြစ်ပါတယ်။ ငါ သူ့ထက် ပိုက်ဆံချမ်းသာ တာပဲ၊ ငါ သူ့ထက် ရာထူးကြီးတာပဲ၊ ငါ သူ့ထက် ပိုပြီးတော်တာပဲဟု မိမိအသာစီး ရနေချိန်မှာ တစ်ပါးသူအပေါ်တွင် နိုင်ထက်စီးနင်း မပြုသင့်ဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
လောကမှာ ဘယ်အရာမှ တည်မြဲနေခြင်း မဟုတ် အရာရာ ပြောင်းလဲနေခြင်း ဖြစ်တယ်လို့ လ သင်ခန်းစာမှ ရရှိနိုင်ပါတယ်။ ၎င်းသင်ခန်းစာသည် လူတစ်ဦး တစ်ယောက်တည်းကို ရည်ညွှန်းခြင်း မဟုတ်ဘဲ လူသားအားလုံး အတွက် လိုက်နာသင့်သော သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။