နောက်ကျနေပီ......
ရန်ကုန်မြို့ ဆင်ခြေ ဖုန်းဆင်းရဲသားရပ်ကွက်တစ်ခုတွင် ဆေးခန်းတခုရှိ၏။ထိုဆေးခန်းတွင် MBBSဘွဲ့ရ ဆရာဝန်တစ်ဥိး ထိုင်၏။
ထိုဆရာဝန်သည် သူ့ထံသို့ လူနာတိုင်းကို ကြည့်ရှု့ပီး.....
" သိပ်နောက်ကျနေပီဗျာ.."....ဟု ပြောတတ်၏။
ထိုသို့ပြောဆိုသည်မှာ သူ့ကိုယ်သူ ကာကွယ်ခြင်းပင်ဖြစ်၏။
သူကုသ၍ မအောင်မြင်ပါက လူနာ၏ စိတ်တွင်.." သြော်...ဆရာက ပြောသားပဲ....နောက်ကျနေပီလို့...".
ဟုတွေးကာ ဖြေသိမ့်နိုင်ကြမည်ဖြစ်သည်။
ကုသ၍ အောင်မြင်ခဲ့လျှင်လည်း....လူနာရှင်တို့က.....
" ဒေါက်တာကြီး..တော်ပါပေတယ်....သူကယ်လို့ အသက်ရှင်တာ.."...ဟု ချီးကြူးပြောဆိုကြမည်ဖြစ်သည်။
ထိုသို့ဖြင့်ထိုဆရာဝန်ကြီးသည် ထင်ရှားအောင်မြင်လာခဲ့သည်။
တစ်နေ့တွင် ဆရာဝန်ကြီးထံသို့ လူနာတစ်ဦးအား ထမ်းစဉ်ဖြင့် တင်၍ ခေါ်လာ၏။
လူနာမှာ လှေကားပေါ်မှ လိမ့်ကျ၍ ခြေကျိုးသွားခြင်းဖြစ်သည်။
လူနာကို ကြည့်၍ ဆရာဝန်ကြီးမှ ထုံးစံအတိုင်း ပြောလိုက်သည်မှာ....
" သိပ်နောက်ကျနေပီဗျာ..."...ဟူ၍ဖြစ်၏။
ထိုအခါ လူနာအားသယ်လာသူများမှ ဆူညံစွာဖြင့်......
" ဒေါက်တာကြီးခင်ဗျာ..ဖြစ်ဖြစ်ချင်းပဲခေါ်လာတာပါ...နောက်မကျနိုင်ပါဖူး.."..ဟု ပြောဆိုကြလေသည်။
ထိုအခါ ဆရာဝန်ကြီး ကြံရာမရဖြင့်ကျယ်လောင်စွာပြန်ပြောလိုက်ပုံမှာ......
" ဒါပေါ့ဗျာ.....သူ လိမ့်မကျ ခင်ကတည်းက ခင်ဗျားတို့...ခေါ်လာသင့်တာပေါ့."...ဟူသတည်း။ ။
တိန်
ရီမောပျော်ရွှင်ပါစေ
ကိုလုံ ၁၈-၄-၁၄
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။