Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 18, 2014

"လောကမှာ ဘာအရေးအကြီးဆုံးလဲ"

၂၀၀၄ စက်တင်ဘာမှာ မော်စကိုစက်မှုတက္ကသိုလ်ကို PhD အတွက် တခေါက်ပြန်သွားတော့ ဖီလော်ဆော်ဖီဘာသာရပ်ကို Semester နှစ်ခု ယူရတယ်။ မြန်မာပြည် Bachelor တန်းမှာ မယူခဲ့လို့တဲ့။ ရုရှတက္ကသိုလ်တွေရဲ့ စံအရ အင်ဂျင်နီယာတွေဟာ တွေးခေါ်နိုင်စွမ်းမြင့်မားအောင် ဖီလော်ဆိုဖီကို မသင်မနေရ သင်ရမယ်လို့ ပြောတယ်။ 

စာသင်ခန်းက အမေးအဖြေတွေနဲ့ အတော်စိတ်ဝင်စားစရာကောင်းပါတယ်။ နိုင်ငံစုံ၊ လူမျိုးစုံ၊ ကိုးကွယ်ရာဘာသာစုံဆိုတော့ အမြင်တွေကလည်း စုံတယ်။ ဆရာမနာမည်ကတော့ ဒေါက်တာ ဒေါ်ဂူရှီယဲဗာ Dogushieva ပါ။ တနေ့ကျတော့ "လောကမှာ ဘာအရေးအကြီးဆုံးလဲ"ဆိုတဲ့ ခေါင်းစဉ်ကို ဆရာမက တင်လိုက်တယ်။ ကျနော်တို့တွေ တယောက်တမျိုးဖြေပြီးကြချိန်မှာ ထုံးစံအတိုင်း သူကပဲ ပြန်ပြီး ညှိနှိုင်းအဖြေထုတ်ပေးပါတယ်။

သူပြောသွားတာက "တခါတုန်းကတော့ ပလေတိုဟာ ကောင်းကင်ဘုံက အရေးအကြီးဆုံးလို့ (လက်နှစ်ဖက်ကို မြှောက်ရင်း) ပြောခဲ့တယ်။ သူ့နောက်မှာ ပေါ်တဲ့ ဆော်လမွန်ဘုရင်ကြီးကတော့ ဉာဏ်ပညာက အရေးအကြီးဆုံးပဲလို့ (ခေါင်းကို ပုတ်ပြရင်း) ပြောတယ်။ နောက်တော့ ဂျီးဆပ်စ်ဆိုတဲ့ သူတော်စင်တဦးပေါ်လာတယ်။ သူကတော့ (ရင်ဘတ်ကို ပုတ်ပြရင်း) မေတ္တာတရား/နှလုံးသားက အရေးအကြီးဆုံးလို့ ပြောခဲ့တယ်။ တခါ ကားလ်မာက်စ်ဆိုတဲ့ တွေးခေါ်ရှင်က ကျတော့ စားဝတ်နေရေးက အရေးအကြီးဆုံးပဲလို့ (ဗိုက်ကို ပုတ်ပြရင်း)ပြောတယ်။ ယန်းပေါလ်ဆတ်ကျတော့ ဒီထက်ပိုနိမ့်တဲ့ နေရာကို သွားတယ်။ လူ့လောကမှာ အရေးအကြီးဆုံးက လိင်မှုကိစ္စ Sex ပဲတဲ့။ နောက်ဆုံးမှ ပေါ်တဲ့ ဉာဏ်ကြီးရှင် အိုင်းစ်တိုင်းကတော့ အားလုံးဟာ ဆက်နွယ်နေပါတယ်လို့ (Relativity Theory ကို ရည်ညွှန်းပြီး)ပြောခဲ့တယ်။ နိဂုံးချုပ်တော့ ဘယ်ဟာက အရေးအကြီးဆုံးဆိုတာထက် အရာရာအားလုံးဟာ ဆက်နွယ်ဆက်စပ်နေပါတယ်ဆိုတဲ့ အသိက အရေးအကြီးဆုံးပါပဲ.." တဲ့။

တပ်မတော်အင်ဂျင်နီယာတက္ကသိုလ်မှာတုံးက ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ဝင်းမြင့်ကလည်း ဒီလို မရိုးမစွဲ ဥပမာလေးနဲ့ မှာဖူးတာရှိတယ်။ "မင်းတို့တွေ အရာရှိဖြစ်လာရင် သောက်ဝိုင်းစားဝိုင်းတွေတော့ မလွဲမသွေကြုံမှာပဲ။ မူးလာရင် စကားတွေလည်း ပြောလာလိမ့်မယ်။ အဲဒီကျရင် Don't go above the belt ခါးပတ်အထက်ပိုင်း ကိစ္စ မပြောမိစေနဲ့။ ဘယ်လောက်ကြီး ညစ်ညမ်းတဲ့ ဟာသဖြစ်ပါစေ အဲဒါပြောလို့ ရန်ထမဖြစ်နိုင်ဘူး။ ခါးပတ်အထက်တက်လိုက်ရင် ရန်ဖြစ်စရာတွေ ချည်းပဲ။ သေနတ်ကိုင်ထားတဲ့ လူတွေဟာ ရန်ပွဲကို ရှောင်တတ်ရတယ်"တဲ့။ ရယ်ရယ်မောမောနဲ့ပဲ ကျနော်တို့ စိတ်ထဲစွဲသွားကြတယ်။

ကျနော်တို့ ကျောင်းအုပ်ကြီး ပြောတာက လူတွေဟာ အရက်မူးလာရင် ဆင်ခြင်တုံတရား ကျသွားတတ်စမြဲမို့ စကတည်းက အငြင်းပွားဖွယ်ရာ ရှိတဲ့ စကားတွေကို မပြောမိ မဆိုမိကြဖို့ပါပဲ။ တကယ့်တကယ်တမ်း လက်တွေ့ဘဝမှာတော့ လူတွေဟာ ခါးပတ်အထက်က အကြောင်းအရာတွေ ပြောတိုင်းပြောတိုင်း မမူးပဲနဲ့ကို ရန်သတ်နေကြတာ တွေ့နေရတယ်။ အရာရာအားလုံးဟာ ဆက်နွယ်ဆက်စပ်နေပါတယ်ဆိုတဲ့ အသိက ပင်ကိုယ်အားနည်းနေကြတာ ဖြစ်လိမ့်မယ်ထင်ပါရဲ့။

ကျနော်တို့တတွေဟာ လူမျိုးစုံသလို ကိုးကွယ်ရာဘာသာလည်း စုံပါတယ်။ ဒါပေမယ့် အတူတကွနေထိုင်ရာ တိုင်းပြည်ကတော့ တခုတည်းပါပဲ။ ဒါဟာ ကျနော်တို့ရဲ့ တခုတည်းသော ဆက်စပ်ဆက်နွယ်မှုလည်း ဖြစ်ပါတယ်။ ငါ့လူမျိုးမှ ငါ့လူမျိုး၊ ငါ့ဘာသာမှ ငါ့ဘာသာဆိုရင် ကျနော်တို့အားလုံးအတူတကွ ပူးပေါင်းတည်ထောင်မယ့် ပြည်ထောင်စုကြီးက ဘယ်လိုလုပ်သာယာတိုးတက်နိုင်ပါ့မလဲ။ မတူကွဲပြားစွာ၊ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်သွားကြဖို့ဆိုရင် ကျနော်တို့ရဲ့ ဆက်နွယ်ဆက်စပ်မှုက အရေးကြီးဆုံးဆိုတာကို အသိထားကြဖို့တော့ လိုအပ်ပါလိမ့်မယ်။

ပင်လုံပြည်ထောင်စုကြီးဆီသို့..
စိုင်းသိန်းဝင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။