Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 18, 2014

အမှတ်တရတွေနဲ့ တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ


### အမှတ်တရတွေနဲ့ တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ ###
အနုပညာဖန်တီးတဲ့သူတွေဟာ သာမန်လူတွေနဲ့ မတူဘဲ ထူးခြားစူးရှတဲ့
အမြင်တရပ်ရှိဖို့  လိုအပ်ပါတယ်။ ဒါမှလည်း ဖန်တီးတဲ့ အနုပညာလက်ရာဟာ
အများလက်ခံပြီး မပျေက်မပျက် ထာဝရတည်တံ့နေမယ့် အားလုံးလက်ခံတဲ့
အနုပညာတရပ်အဖြစ် ရှင်သန်နေပါလိမ့်မယ်။ လူတွေ မြင်နေကျ၊ တွေ့ နေကျ၊
အပ်ကြောင်းထပ် ရိုးအီနေတဲ့ တင်ပြပုံမျိုးထက် လူတွေ မထင်မှတ်ထားတဲ့
ထောင့်တနေရာ၊ အကွေ့ တခုကနေ တွေးခေါ်စဉ်းစားပြီး တင်ပြမှသာ
ဆန်းသစ်ပြီး လှပတဲ့ အနုပညာအရသာကို ရရှိမှာဖြစ်ပါတယ်။

သမားရိုးကျ ခေါက်ရိုးကျိုး ဆွေးမြည့်နေတဲ့ တင်ပြပုံမျိုးထဲက ဖောက်ထွက်ပြီး
အမှန်တရားကို ရဲရဲရင်ဆိုင်တင်ပြနိုင်ဖို့  ရေးသားလှုံ့ ဆော်ခဲ့တဲ့ သီချင်းလေးတပုဒ်ကို
ကျနော်အမှတ်တရ လွမ်းဆွတ်မိနေတုန်းပါ။ အဲဒီသီချင်းလေးကတော့ ချစ်ခင်လေးစား
ခဲ့ရတဲ့ တေးရေးဆရာကြီး စိုင်းခမ်းလိတ်ရဲ့  “တောင်ပေါ်မြေရဲ့  တခြားတမျက်နှာ”
ဆိုတဲ့ သီချင်းလေးပါ။ ဆရာစိုင်းခမ်းလိတ်မှာ ထင်ရှားကျော်ကြားအောင်မြင်လှတဲ့
သီချင်းကောင်းများစွာ ရှိပေမယ့် ဒီသီချင်းလေးကတော့ လူသိနည်းပြီး ပြန်လည်
ဖော်ထုတ်ခြင်းလည်း မရှိတဲ့အတွက် တိမ်မြုပ်နေတဲ့ လက်ရာကောင်းလေးတခုလည်း
ဖြစ်ပါတယ်။ အဲဒီလို တိမ်မြုပ်နေခဲ့ရတာကလည်း ကျင့်သုံးခဲ့တဲ့ ခေတ်တွေ၊
စနစ်တွေကြောင့်ဘဲ ဖြစ်ပါလိမ့်မယ်။
ကျနော်တို့  ဂစ်တာစတီးတတ်စအရွယ်ကတည်းက ဆရာလိတ်ရဲ့ စိုင်းထီးဆိုင်
သီချင်းတွေနဲ့  ကြီးပြင်းလာခဲ့ရလို့  သူတို့ သီချင်းတွေ တော်တော်များများကို
ရင်းနှီးကျွမ်းဝင်ခဲ့ပေမယ့် ဒီသီချင်းကို ကျနော်စတင်ကြားသိရတဲ့အချိန်က
သီချင်းထွက်ပြီး အတော်ကြာမှ ဖြစ်ပါတယ်။ ၁၉၈၃ - ၈၄ ခုနှစ် ပတ်ဝန်းကျင်
တောင်ကြီးကနေ ရန်ကုန်တက္ကသိုလ်လာတက်တော့မှ ဒီသီချင်းကို သိခဲ့ရပါတယ်။
အဆိုတော်ကြီး စိုင်းထီးဆိုင်ကို ကျနော်ငယ်ငယ်ကတည်းက နှစ်သက်စွဲလမ်း
ခဲ့ရပေမယ့် ပုဂ္ဂိုလ်ချင်း ရင်းနှီးကျွမ်းဝင်မှုကတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့်
ကျနော့် အစ်ကိုတွေလို၊ ဆရာတွေလို ရင်းနှီးချစ်ခင်ခဲ့ရတဲ့ The Wild Ones
ဂစ်တာသမားတွေလည်းဖြစ်၊ တောင်ကြီးသားတွေလည်းဖြစ်တဲ့ ကိုနေထွန်း၊
ကိုမျိုးထွန်းတို့ နဲ့  ပက်သက်ပြီး ကိုထီးနဲ့ ပါ ရင်းနှီးခဲ့ရပါတယ်။ ကျနော်က
အဲဒီတုန်းက ဂီတကို အရမ်းဝါသနာပါပြီး သီချင်းလေးတွေ စတင်ရေးသားဖို့ 
အားထုတ်နေတဲ့အချိန်ဆိုတော့ ကိုထီးတို့ ရှိရာ ရန်ကုန်တက္ကသိုလ် တံတားဖြူနားက
ခရမ်းပြာအဆောင်ကို မကြာခဏသွားလေ့ရှိပါတယ်။ အဲဒီကာလတုန်းက တံတားဖြူ၊
ခရမ်းပြာအဆောင်ဟာ အနုပညာသမားတွေ စုဝေးနေတဲ့နေရာလည်း ဖြစ်ပါတယ်။
ဘာဖြစ်လို့ လည်းဆိုတော့ ကိုထီးတို့  The Wild Ones အဖွဲ့ သားတွေက
ခရမ်းပြာဆောင် အပေါ်ထပ်မှာ ငှားနေကြသလို အောက်ထပ်မှာ ကိုနေ၀င်း၊
ကိုမောင်မောင်၊ ကိုရဲလွင်၊ ကိုရာပြည့် အစရှိတဲ့ မဇ္ဈိမလှိုင်းအဖွဲ့ သားတွေ ငှားနေကြ
ပါတယ်။ ကိုထီးတို့ အဖွဲ့ က “ပလက်ဖောင်းမင်းသား” စီးရီးသွင်းဖို့  လုပ်နေတဲ့အချိန်
ဖြစ်ပြီး မဇ္ဈိမလှိုင်းအဖွဲ့ သားတွေကတော့ ကိုရာပြည့်ရဲ့  “နဒီမင်္ဂလာ” စီးရီးသွင်းဖို့ 
စီစဉ်နေချိန်ပါ။
The Wild Ones တဖွဲ့ လုံးနဲ့  ရင်းနှီးနေပြီဖြစ်လို့  ဂီတ၀ါသနာပါတဲ့ ကျနော့်ကို
သူတို့ သီချင်းသွင်းတဲ့ “မေ” စတူဒီယိုကိုလည်း ခေါ်သွားလေ့ရှိပါတယ်။
သူတို့  ရေးတာ၊ တီးတာ၊ ဆိုတာတွေ ကြည့်ပြီး ကျနော် သီချင်းရေးဖို့  အားအင်တွေ
ရခဲ့တာဆိုရင် မမှားပါဘူး။ တခါတလေ ကျနော့်အဆောင်တောင် ပြန်မအိပ်တော့ဘဲ
သူတို့ နဲ့ အတူ ခရမ်းပြာမှာဘဲ အတူအိပ်၊ အတူစား နေခဲ့ကြပါတယ်။ တနေ့ 
နေ့ လယ်ခင်း သူတို့ နဲ့  အတူရှိနေချိန် ရန်ကုန်တက္ကသိုလ် ရှမ်းကျောင်းသားများက
ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပမှာမို့  ကိုထီးနဲ့  The Wild Ones အဖွဲ့ သားတွေ
ဖျော်ဖြေပေးဖို့  မေတ္တာရပ်ခံ လာရောက်ဖိတ်ကြားပါတယ်။ ကိုထီးက ရှောရှောရှူရှူဘဲ
လက်ခံလိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ်ဝန်းထဲက ၀ိဇ္ဇာခန်းမရှေ့  မြက်ခင်းပြင်မှာ
ရှမ်းပြည်နယ်နေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့  ညမှာ ဖျော်ဖြေရမှာ ဖြစ်ပါတယ်။
ကျောင်းသားတွေ လာပြောတဲ့အချိန်က တပတ်ကျော်ကျော်လိုသေးတာမို့ 
သီချင်းတိုက်ဖို့ အချိန်လည်း ကိုထီးတို့  လုံလုံလောက်လောက် ရပါတယ်။
နောက်တနေ့  အဲဒီပွဲအတွက် သီချင်းတိုက်ဖို့  စီစဉ်တော့ ကိုထီးက ရှမ်းပြည်နယ်နေ့ 
ဆိုတော့ ရှမ်းပြည်နဲ့ ပက်သက်တာလေးတွေ တီးခတ်သီဆိုကြဖို့ သီချင်းရွေးချယ်
ပါတယ်။ ဟော်လိုဂစ်တာလေးတွေနဲ့  ကိုနေထွန်း၊ ကိုခြူး (စောဂျက်ဆင်)၊
ကိုမျိုးထွန်းတို့ နဲ့ အတူ ကိုထီးက သီဆိုမယ့်သီချင်းလေးတွေ ရွေးပြီး သီချင်းအကြမ်း
တိုက်ကြတာပါ။ ချစ်တဲ့ရှမ်းရိုးမတို့ ၊ စိုင်းပြန်ရဦးမယ်တို့  စတဲ့ သီချင်းတွေ
တိုက်နေချိန်မှာ ကျနော်ကြားဖူးပြီးသား သီချင်းတွေမို့  မဆန်းလှပေမယ့်
သီချင်းတိုက်နေရင်း ခဏနားနေချိန်မှာ ကိုထီးက တခုခု စဉ်းစားမိသလိုနဲ့ 
“ဒီသီချင်းလေးလည်း ထည့်ဆိုရင် ကောင်းမလား မသိဘူး” ဆိုပြီး သူ့ ဟော်လိုဂစ်တာ
လေးကို ကောက်ကိုင်ပြီး တယောက်တည်း စတင်သီဆို တီးခတ်လိုက်ပါတယ်။
V 1 ချယ်ရီတွေ.. သာယာတဲ့ ထင်းရှူးတောတွေ.. တကယ်ပေါရာမြေ.. ပျော်စရာပေ..
ခင်တွယ်တဲ့ ရှမ်းမလေးတွေ.. နေတဲ့ ရှမ်းမြေ
V 2 ကဗျာဆရာတွေ.. ဒါရိုက်တာတွေနဲ့  သီချင်းစပ်ဆရာတွေ.. စာရေးဆရာတွေ..
မြင်တာတွေ ပြန်ပြန်ပြီး ပြောပြတာတွေ.. တကယ်ထပ်လို့ နေ
CHO: 1 တောင်ပေါ်မြေရဲ့  လှပမှုကို.. မြင်ကာနေတဲ့ ပရိသတ်များမလေ..
တောင်ပေါ်မြေရဲ့  တခြားတဖက် တမျက်နှာမှာ.. ဘာတွေရှိမှန်း မသိကြပေ
V 3 မြင်စရာတွေ.. တကယ်တမ်း ပြောပြစရာတွေ.. ပုံလို့ သာနေ.. အစ်ကိုတို့ ရေ..
ပျော်နေတဲ့ အိပ်မက်ကနေ.. အပြင်ထွက်ခဲ့လေ
CHO: 2 တောင်ပေါ်မြေရဲ့  တခြားတဖက် မျက်နှာမှာ.. ချယ်ရီတွေလည်း ယမ်းနံ့ စွဲနေ
.. သာယာတယ်ဆိုတဲ့ ထင်းရှူးတောတွေဟာ.. လောင်ရာတွေနဲ့  ရုပ်ပျက်နေ
“တောင်ပေါ်မြေရဲ့  တခြားတမျက်နှာ” ဆိုတဲ့ သီချင်းလေးကို ကျနော် အဲဒီမှာ
ပထမဆုံးကြားဖူးပြီး အရမ်းလည်းကြိုက်သွားခဲ့ပါတယ်။ Country Slow ဆန်တဲ့
သီချင်းလေးကို ကိုထီး ဆိုပြီးသွားချိန်မှာတော့ ကျနော်အပါအ၀င် အဖွဲ့ သားတွေ
ကလည်း “ကိုထီး အဲဒီသီချင်းလေး ဆိုပါ၊ ကောင်းတယ်” လို့  ၀ိုင်းထောက်ခံခဲ့ကြ
ပါတယ်။
သီချင်းတွေရွေးပြီး အကြမ်းတိုက်ပြီးချိန် ကျနော့်ဆရာ ကိုနေထွန်းကို “တောင်ပေါ်မြေ
ရဲ့  အခြားတမျက်နှာ” စာသားနဲ့  ဂစ်တာကော့ဒ်တွေ အတင်းပူဆာ ရေးခိုင်းပြီး
ကျနော့်အဆောင် အခန်းရောက်တာနဲ့  တချိန်လုံး ဆိုတီးနေတော့တာပါဘဲ။
လေးနက်ပြီး အတွေးအခေါ်ပါတဲ့ အဲဒီသီချင်းလေးကို ဆရာလိတ် ဘယ်အချိန်
ဘယ်ကာလက ရေးဖွဲ့ ခဲ့မှန်း ကျနော်မသိခဲ့ပေမယ့် ရှမ်းပြည်ဟာ ကျနော်တို့ 
ဟိုးငယ်ငယ်လေးကတည်းက စစ်ပွဲတွေနဲ့  အသားကျနေခဲ့တာ ကြာလှပါပြီ။
ပြည်တွင်းစစ်ဒဏ်ကို တော်တော်စောစော ကာလကတည်းက ကျနော်တို့ ရှမ်းပြည်မှာ
ခံစားခဲ့ရပါတယ်။ ဒါတွေ သိမြင်နားလည်ခံစားနိုင်ဖို့  ဆရာလိတ်က ဒီသီချင်းလေးကို
ဖွဲ့ ဆိုခဲ့ဟန်တူပါတယ်။
ရှမ်းပြည်ရဲ့  လှပတဲ့ချယ်ရီတွေ၊ ထင်းရှူးတောတွေ၊ တောတောင်ရှုခင်းတွေနဲ့ 
သာယာကြည်နူးဖွယ်မြင်ကွင်းတွေ အကြောင်းကိုသာ အနုပညာသမားတွေဖြစ်တဲ့
ကဗျာဆရာတွေ၊ ဒါရိုက်တာတွေ၊ သီချင်းရေးတဲ့သူတွေ ဖွဲ့ ဆိုတင်ပြနေတာတွေဟာ
အပ်ကြောင်းထပ်နေပြီဖြစ်တဲ့အကြောင်း၊ အဲဒါတွေကြောင့် အများကလည်း
ရှမ်းပြည်ဟာ လှပမှု၊ သာယာမှုတွေနဲ့  ပြည့်နေတဲ့ တောင်ပေါ်မြေလို့ 
ထင်နေကြကြောင်း။ တကယ်တော့ တောင်ပေါ်မြေရဲ့  တခြားတမျက်နှာမှာတော့
ဆန့် ကျင်ဘက်ဖြစ်တဲ့၊ ကြောက်မက်ဖွယ်ကောင်းလှတဲ့ စစ်ပွဲတွေ၊ သေနတ်သံတွေ၊
ဗုံးသံတွေ၊ ယမ်းနံ့ တွေနဲ့  အကျည်းတန် ရုပ်ဆိုးလှတဲ့ စစ်ဘေးဒုက္ခတွေ
ခံစားနေရကြောင်း။ ဒါတွေကို မြင်နိုင်အောင်ကြည့်ပြီး ခံစားနားလည်ပေးနိုင်ဖို့ 
ဆရာလိတ်က အသိပေး ရေးဖွဲ့ ထားပါတယ်။ ပြည်တွင်းစစ်ရဲ့  ဆိုးကျိုးနဲ့ 
ငြိမ်းချမ်းရေးကို တောင့်တ အာသီသရှိလှတဲ့ ဆရာလိတ်ရဲ့  ချစ်ခြင်းစေတနာကို
ဒီသီချင်းမှာ အတိုင်းသား တွေ့ ရမှာပါ။
ဒီသီချင်းနဲ့ ပက်သက်တဲ့ အမှတ်တရလေးတွေကတော့ အများကြီးပါဘဲ။
စောစောက ကျနော်ပြောခဲ့သလိုပါဘဲ။ ရှမ်းပြည်နယ်နေ့  အခမ်းအနားကို
ရန်ကုန်တက္ကသိုလ် ၀ဇ္ဇာခန်းမ မြက်ခင်းပြင်မှာ ညဘက် အောင်မြင်စွာနဲ့ 
ကျင်းပနိုင်ခဲ့ပါတယ်။ ကိုထီးနဲ့ အတူ Lead ကိုမျိုးထွန်း၊ Bass စောဂျက်ဆင်၊
Drum ဂေါ်ဒင်ပေါလ်၊ Acoustic ကိုနေထွန်း အစရှိတဲ့ The Wild Ones အဖွဲ့ သားတွေ
ပါဝင်ခဲ့ကြပေမယ့် Keyboard တီးတဲ့ ပီတာပေါလ် ကတော့ ကျန်းမာရေးကြောင့်
မပါဝင်နိုင်ခဲ့ပါဘူး။ သူ့ နေရာကို ဧည့်သည် Player အဖြစ် ဒီနေ့ သီချင်းရေးဆရာကြီး
စောခူဆဲက ပါဝင်ကူညီ တီးခတ်ခဲ့တာကို ကျနော် မှတ်မိသတိရနေပါသေးတယ်။
ကိုထီးက အဲဒီပွဲမှာ သူ့ ရဲ့ အသစ်ထွက်ရှိမယ့် ပလက်ဖောင်းမင်းသား Album ထဲက
သီချင်းတချို့ ကိုလည်း မိတ်ဆက်ဖျော်ဖြေပေးခဲ့ပါတယ်။ နေ့ သစ်၊ အချစ်အတွက်
တဖန်မွေးဖွားခြင်း၊ မင်းခယျောင်္ား အစရှိတဲ့ သီချင်းတွေကို ဖျော်ဖြေခဲ့သလို
အဲဒီသီချင်း စာသားလေးတွေပါတဲ့ လက်ကမ်းစာရွက်လေးတွေကို ပရိသတ်ဆီ
ဝေငှပေးခဲ့တာကလည်း အမှတ်တရပါ။
အဲဒီထက်ကောင်းတဲ့ အမှတ်တရကတော့ အဲဒီပွဲမှာ ကြိုတင်အကြမ်းတိုက်ထားတဲ့
“တောင်ပေါ်မြေရဲ့  တခြားတမျက်နှာ” ဆိုတဲ့ သီချင်းလေးဟာ ပွဲသာပြီးသွားတယ်
ကိုထီး ဆိုသွားတာ မတွေ့ ရပါဘူး။ ကျနော် အရမ်းကြိုက်တဲ့ သီချင်းလေးကို
စင်မြင့်ပေါ်မှာ ဆိုသွားတာ မတွေ့ ရလို့  ပွဲပြီးချိန် စင်နောက်သွားပြီး ကိုထီးနားကပ်လို့ 
“ကိုထီး တောင်ပေါ်မြေသီချင်း ဘာလို့  မဆိုတာလဲ” လို့  မေးမိပါတယ်။ ကိုထီးက
လေသံတိုးတိုးနဲ့  “ညီစံ၊ အဲဒီသီချင်း ခွင့်ပြုမိန့်  မကျလို့  ဆိုလို့ မရဘူး” လို့ 
ဖြေရှာပါတယ်။ ကျနော် အံ့အားသင့် တုန်လှုပ်သွားခဲ့ရပါတယ်။ အနုပညာသမား
တယောက်က သူဆိုချင်တဲ့ သီချင်းတပုဒ်ကို စင်ပေါ်မှာ ဆိုခွင့်မပြုဘူးဆိုတာ
ဘယ်လိုမှ လက်မခံနိုင်တဲ့၊ အောက်တန်းကျတဲ့ လုပ်ရပ်တခုပါ။ ဘာဖြစ်လို့ 
အဲဒီသီချင်းကို သီဆိုခွင့် ပိတ်ပင်ခဲ့ရတာလဲ ဆိုတာကို ဆက်တွေးမိရင်း အဲဒီတုန်းက
ကျင့်သုံးခဲ့တဲ့ ခေတ်စနစ်ကိုလည်း အော်ဂလီဆန် မုန်းတီးခဲ့ရပါတယ်။
ဘာဘဲဖြစ်ဖြစ် ဒီနေ့ အထိလည်း စစ်ပွဲတွေနဲ့  မအေးချမ်းသေးတဲ့ ကျနော်တို့ ရဲ့ 
တောင်ပေါ်မြေတွေမှာ ငြိမ်းချမ်းမှု တောင့်တနေတဲ့ စစ်ဆန့် ကျင်ရေး
“တောင်ပေါ်မြေရဲ့  တခြားတမျက်နှာ” သီချင်းလေးကို ကျနော် သီဆိုတီးခတ်နေဦးမှာ
ကတော့ အမှန်ပါဘဲ။
(ချစ်ခင်လေးစားခဲ့ရတဲ့ ဆရာစိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်နဲ့  The Wild Ones
အဖွဲ့ သားတွေအတွက် အမှတ်တရ)
ညီညီစံ
(ဧရာဝတီဂျာနယ် အတွဲ ၁၊ အမှတ် ၁၆ မှ ကူးယူဖော်ပြပါသည်)
‪#‎Credit‬: AungMyo Tun
Credit: Kyaw Swar Win

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။