ပိုပိုဇော်(သဘာဝအားအင်)
ဓာတ်ဗူးသန့်အောင် ဘယ်လိုဆေးမလဲ
••••••••••••••••••••••••••••••••••••••••••••••••••••
by #ပိုပိုဇော်(သဘာဝအားအင်)January 9, 2014 at 5:03pm
••••••••••••••••••••••••••••••••••••••••••••••••••••
by #ပိုပိုဇော်(သဘာဝအားအင်)January 9, 2014 at 5:03pm
(၁)ဆပ်ပြာ ဓာတ်ဗူးအပြင်သားကိုသာ ဆေးပါ။ အတွင်းသားကို ဆပ်ပြာနှင့် လုံးဝမဆေးပါနှင့်။ ဆပ်ပြာနှင့်ဆေးခြင်းသည် ဓာတ်ဗူးအတွင်း၌ တစ်စုံ တစ်ခုကျန်နေသည်ဟု ထင်ရပြီး နောင်အခါ စားသောက်စရာများ ထည့်လျှင် ချဉ်နေသောအရသာ ဖြစ်တတ်သည်။
(၂)ဗနီကာ ဘာမှရောမထားသော ဗနီကာ မှာ ရှာရလွယ်ပြီး ငွေကုန်ကြေးကျသက်သာသည့်အပြင် စူးရှသော အနံ့များကို ရှင်းထုတ်ပစ်နိုင်သည်။ ဗနီကာနှင့်အထက် အောက်နှံ့အောင် ဆေးပြီးမှ ရေနှင့်ဆေးချပါ။ အနံ့ ပျောက်ပြီး ခြောက်သည်အထိ အဖုံးဖွင့်၍ ထားပါ။
(၃)သံပရာရည် သံပရာရည်ထည့်၍ ဓာတ်ဗူး၏အထက်အောက်ဆေးပါ။ ထို့နောက် ရေကျင်း၍ ရေစစ်ထားစဉ် အဖုံးဖွင့်ထားပါ။
(၄)မုန့်ဖုတ်ဆိုဒါ မုန့်ဖုတ်ဆိုဒါအနည်းငယ်မျှကို ရေနွေးပူပူနှင့်ရောပြီး ဆေးပါ။ ပြီးလျှင် ရေနွေးပူပူနှင့်ရောပြီး ဓာတ်ဗူးတစ်ခုလုံး ခြောက်သည်အထိ အဖုံးဖွင့်ထားပါ။
(၅)ရေနွေး မိမိတစ်ယောက်တည်း သောက်သုံးသည့်ရေနွေးဗူးဖြစ်ပါက ရေနွေးသန့်သန့်အနည်းငယ်နှင့်ဆေး ပြီး ထုံးစံအတိုင်း ဓာတ်ဗူးတစ်ခုလုံး ခြောက်သည်အထိ အဖုံးဖွင့်၍ ထားပါ။
HT
photo copy from google search
credit to >>>Health Updates Journal No. 88
source >>>http://natureenergycares.blogspot.com/2014/01/blog-post_9.html
photo copy from google search
credit to >>>Health Updates Journal No. 88
source >>>http://natureenergycares.blogspot.com/2014/01/blog-post_9.html

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။