Myanmaalinn
အိမ်ထောင်ပြုတော့မယ်ဆိုရင်
===============
===============
Be happy
ပျော်ရွှင်ရမယ်.....
(ဘာကိုပြောချင်တာလဲဆိုတော့ကိုယ်လက်ထပ်တော့မယ်လို့တွေးလိုက်
တာနဲ့စိတ်လေးနေတာမျိုး စိတ်ညစ်ရမယ်ဆိုတဲ့စိတ်မျိုးမရှိရဘူး ၊
စိတ်လှုပ်ရှားပြီး သူနဲ့ဘဝတခုတည်ဆောက်ဖို့ပျော်ရွှင်နေရမယ်

Be trust
သူ့ကိုယုံကြည်ရမယ် ....
(သံသယတွေမရှိရဘူး ၊ အစစအရာရာယုံကြည်နေရမယ်
မယူရသေးဘူးသံသယတွေသိပ်များနေရင် အဆင်သိပ်မပြေနိုင်ဘူး

Be faithful
သစ္စာရှိရမယ်....
ဒါတော့အရေးကြီးတဲ့အချက်ပဲအနေဝေးပါစေ
သူ့ရဲ့သစ္စာဟာခိုင်မာနေရမယ်အခြေအနေပေးပါစေ အခွင့်အရေးပေးပါစေမဖောက်ပြန်တဲ့လူမျိုးဖြစ်ဖို့လိုတယ်

Be simple
ဘဝ စိတ်ဓာတ် လူနေမှု အစစအရာရာရိုးရှင်းရမယ် ....
ဒီအချက်ကတော့မပါလည်းအကြောင်းမဟုတ်ဘူးဒါပေမဲ့
ရှုပ်ထွေးတဲ့ဘဝထဲကိုယ်ဝင်ရောက်သွားရင် ရှုပ်ထွေးတဲ့လူနဲ့ပတ်သက်မိရင်
စိတ်ဓာတ်အပြုအမူ မရိုးရှင်းရင် စိတ်ဆင်းရဲမှုတော့ဖြစ်နိုင်တယ်
အရမ်းချစ်လွန်းရင်တော့ ရှေ့ဆက်တိုးချင်တိုး
ဒါပေမဲ့ တသက်လုံးခံနိုင်ရည်င်္ရှိပါ့မလားဆိုတဲ့ မေးခွန်းတော့ကိုယ့်ပါသာ
ပြန်မေးဖို့လိုတယ်

Be loved
အဓိကကတော့ ကိုယ့်ကိုချစ်ဖို့လိုတယ် ....
ကိုယ်ကလည်းချစ်ဖို့လိုတယ် ၊ ကိုယ့်ကိုမချစ်တဲ့လူကိုရယူဖို
့ကြိုးစားခြင်းက ကိုယ့်ကိုယ်ကိုယ်ဒဏ်ရာပေးဖို့ကြိုးစားသလိုပဲ
ကိုယ်ကလည်းချစ်ဖို့လိုတယ်
ကိုယ်ကမချစ်ပဲ အိမ်ထောင်ပြုဖို့ကြိုးစားခြင်းက (ကိုယ့်ကိုကိုယ်နှောင်ဖွဲ့ပြီးပိတ်လောင်မွန်းကျပ်စေတယ်)

အိမ်ထောင်ဖက်အဖြစ်လက်တွဲတော့မယ်ဆို.... အချက်ပေါင်းများစွာရှိကောင်းရှိနိုင်တယ်နားလည်မှု ၊ သည်းခံမှု ၊
ကြင်နာမှု အစရှိသဖြင့်ဒါပေမဲ့ လူတယောက်ကိုတကယ်ချစ်ရင်
ခဏခဏတော့စိတ်ဆင်းရဲအောင်ဘယ်သူမှမလုပ်ချင်ကြဘူး
စိတ်ဆင်းရဲအောင် ခဏခဏလုပ်နေတဲ့လူမျိုးဆိုရင်လည်း
လက်တွဲဖော်ဖြစ်ဖို့မထိုက်တန်ဘူး..မျက်စိမှိတ်ဇွတ်တိုးချင်ရင်တောင်
တခါလောက်ပြန်စဉ်းစားဖို့လိုတယ်
(စိတ်ဆင်းရဲစရာဆိုတာ လူငယ်ချစ်သူဘဝခံနိုင်ရည်ရှိပေမဲ့ ၊
အိမ်ထောင်သည်ဘဝအသက်ရလာတဲ့အခါ ခံနိုင်ရည်မရှိတော့ဘူး
အဲဒီတော့ အမြဲလိုလိုစိတ်ဆင်းရဲနေရမဲ့လက်တွဲဖော်တယောက်ကို အိမ်ထောင်ပြုတော့မယ်ဆိုရင်တခါလောက်တော့ပြန်စဉ်းစာဖို့လိုပါတယ်

အဓိကကတော့ ကိုယ်လက်ထပ်တော့မယ်လို့စဉ်းစားလိုက်တဲ့လူဟာ
ရင်ခုန်ပျော်ရွှင်စရာကောင်းပြိး သူနဲ့ဆိုဘဝကိုရင်ဆိုင်ဖို့
သတ္တိတွေသေချာနေတဲ့လူမျိုးတော့ဖြစ်ဖို့လိုတာပေါ့

ခင်မင်လျက်
ကောင်ကလေး
credit: ကောင်မလေးရဲ့ကောင်ကလေး

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။