Golden Land Myanmar
ကမ္ဘာကျော် ဘောလုံး ၀က်ဘ်ဆိုဒ် Goal.com တွင် ရန်ကုန် ယူနိုက်တက် မှ လူငယ် ကစားသမား စည်သူအောင် ကို အနာဂတ် မှာ ထွန်းတောက် လာမည့် ကစားသမား ဟု ဖော်ပြထား
ကမ္ဘာကျော် ဘောလုံး ၀က်ဘ်ဆိုဒ် ဖြစ်သည့် Goal.com မှ ရွေးချယ်သော အာဆီယံ ဒေသတွင်း ထွန်း တောက် လာနိုင် သည့် လူငယ် ကစား သမား ၂၀ ဦး စာရင်း တွင် ရန်ကုန် ယူနိုက်တက် လူငယ် ကစားသမား စည်သူအောင် ရွေးချယ် ခံခဲ့ ရကြောင်း အဆိုပါ ၀က်ဘ်ဆိုဒ် တွင်ဖော်ပြ ထားသည်။
ယူ - ၂၃ လက...်ရွေးစင် ကစားသမား စည်သူအောင် မှာ ပြီးခဲ့သည့် ဘောလုံး ရာသီ က ရန်ကုန် ယူနိုက်တက် အသင်း နှင့် အတူ AFC Cup ပြိုင်ပွဲ တွင် ခြေစွမ်းပြ နိုင်ခဲ့ သလို စက်တင်ဘာ လ အတွင်း ကျင်းပ ခဲ့သည့် AFF U - 19 Championship ပြိုင်ပွဲ တွင် လည်း အထင်ကြီး စရာ ခြေစွမ်းမျိုး ပြသ နိုင်ခဲ့ ကြောင်း အဆိုပါ ၀က်ဘ်ဆိုဒ် တွင် ဖော်ပြ ခဲ့သည်။ အသက် ၁၇ နှစ် အရွယ် ရှိ စည်သူအောင် ၏ ခြေစွမ်းနှင့် ပတ်သက် ပြီး ရန်ကုန် နည်းပြ ဦးတင်မောင်ထွန်း က “ဒီ ကလေး က ကျွန်တော် တို့ လူငယ် အသင်း က မွေးထုတ် ထားတဲ့ လူငယ် ကစား သမား တစ်ဦးပါ။ ကြိုးစား ပြီး အခြေခံ ဘောလုံး ပညာ ကောင်း ပါတယ်။ ရန်ကုန် စီနီယာ အသင်း အတွက် အနာဂတ် မှာ အားကိုး ရနိုင် သလို လက်ရွေးစင် အသင်း အတွက် လည်း အားထား ရမယ့် ကစားသမား ဖြစ် လာ မှာပါ” ဟု ဦးတင်မောင်ထွန်း က ဆိုသည်။

Goal.com ၀က်ဘ်ဆိုဒ် မှာ မြန်မာ့ ဘောလုံး သတင်းများ အတွက် မြန်မာ ဘာသာဖြင့် ၀က်ဘ်ဆိုဒ် တွင် ဖော်ပြ နိုင်ရန် ကြိုးစား နေပြီး Goal Myanmar အမည် ဖြင့် ဖေ့စ်ဘွတ် စာမျက်နှာ ဖွင့်လှစ် ထားပြီး ဖြစ်သည်။ Goal.com မှ ရွေးချယ် သည့် အာဆီယံ အကောင်းဆုံး ကစားသမား များ စာရင်း တွင် ရန်ကုန် ယူနိုက်တက် မှ ကစား သမားများ သာ ပါဝင်သည် ကိုလည်း ထူးခြားမှု အဖြစ် တွေ့ရ သည်။
Mizzima
Mizzima
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။