Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 1, 2013

" ပြည်သူတစ်ယောက် အနေနဲ့ ၂၀၁၅မှာဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်တယ်။ "

MyanmarDaily.net
* သူ့အတွေး သူ့အမြင် *
=============
" ပြည်သူတစ်ယောက် အနေနဲ့ ၂၀၁၅မှာဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်တယ်။ "
ဒေါ်စု သမ္မတဖြစ်ရင် နိုင်ငံက အရမ်းချက်ချင်းကောင်းသွားမှာလား ?
အဲဒီလိုတော့ ဘယ်ဖြစ်လာမလဲ။ ရှေ့က မကောင်းခဲ့တာတွေရယ်၊ နှစ်၂၀ကျော် စနစ်ဇယားမကျ ချီတက်လာခဲ့တဲ့ နိုင်ငံတစ်ခုမှာအဖက်ဖက်က ခါးပြတ်နေပြီ။
ပညာရေးကိုပဲကြည့်လေ ... မြန်မာလူမျိုးက အကြောက်တရားပဲရှိတယ်၊ အသိတရားမရှိဘူးလို့ ပြောကြတယ်။ အသိတရားတွေပျောက်ဆုံးပြီး အကြောက်တရားပဲ စိမ့်ဝင်နေတဲ့ ဘဝတွေမဖြစ်ဖြစ်အောင် ဖန်တီးထားခဲ့တာ။
...
နောင်လာမယ့် ကလေးတွေ၊ လူငယ်တွေကို အသိတရားတွေအများကြီး ပေးနိုင်တဲ့ ပညာရေးစနစ်မှာ ရှင်သန်ကြီးပြင်းစေချင်တယ်။
အကျင့်စာရိတ္တကောင်းမွန်ကြောင်းကို စာရိတ္တကောင်းတယ်လို့ မယုံကြည်ရတဲ့သူတွေဆီက နောက်လူတွေကို သွားမယူစေချင်တော့ဘူး။အသိတရား ရိုက်ချိုးခံထားရတဲ့အတွက် လူတွေမှာ မိမိရဲ့ အတ္တ၊ လောဘနဲ့ စာရိတ္တကို ထိန်းသိမ်းနိုင်စွမ်းအများကြီးပြန်ပြင်ယူရဦးမယ်။
အလုပ်မဖြစ်တဲ့ကြိုးနီစနစ်တွေနဲ့လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှု ၊ လမ်းကြောင်း၊ လိုင်းကြေးဆိုတာတွေကို တရားဥပဒေ စိုးမိုးမှုက အနိုင်ယူနိုင်အောင် အများကြီး လုပ်ယူရဦးမယ် ...
နောင်လူငယ်တွေကို ကိုယ်တွေကြုံခဲ့သလို တတ်တဲ့ပညာလေးနဲ့ အလုပ်မရ၊ ရှိတဲ့ငွေလေးနဲ့လုပ်ငန်းလုပ်မရ အရာရာ ခရိုနီ စီပွားရေး နေရာတကာ အပြည့်နဲ့ စိတ်ဓာတ်ကျပြီး နောက်ဆုံး အမိမြေကို စွန့်ခွာထွက်မှ အရည်အချင်း ထုတ်ပြခွင့်ရမယ့် ဘဝမျိုး မကြုံစေချင်တော့ဘူး။
အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းရင်းနဲ့ ငြိမ်းချမ်းရေးဆိုတာ ဘယ်နေမှန်းမသိတဲ့ ဒေသတွေက ကလေးတွေ ကျောင်းတွေထဲပြန်ဝင် စာတွေသင်စေချင်ပြီ ...
သူများနိုင်ငံတွေမှာ မီးတွေထိန်ထိန် လင်းတဲ့အကြောင်းကို ကလေးတွေကို ဖယောင်းတိုင် ထွန်းပြီးမပြောပြချင်ဘူး။ကျွန်းသစ်တွေ၊ ကျောက်မျက်ရတနာ တွေပေါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေထွက်တယ်။ လှပတဲ့ ကမ်းခြေတွေ၊ ရေမြေသဘာဝယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ တို့ မြန်မာ လို့ ပြောရင်းနဲ့ နိုင်ငံတကာက အကြွေးတွေကို လူဦးရေနဲ့ စားရင် မွေးကတည်းကမင်းလည်း အကြွေးတင်နေပြီလို့ ကလေးတွေကို ပြောမပြချင်တော့ဘူး။
ဘယ်တော့မှ ရေရှည်ဖြစ်မလာတဲ့ ရေတို တစ်နပ်စားအကြံတွေနဲ့ ဖောက်သာဖောက်၊ ဆောက်သာဆောက်၊ ခင်းသာခင်း ကောင်းမလာတဲ့ လမ်းတွေ၊ တံတားကိုဖြတ် ကြပ်ပိတ်သိပ် နေတဲ့ စာသင်ခန်းတွေမှာကလေးတွေကို သွားမတက်စေချင်တော့ဘူး။
နောင် အနာဂတ်မှာ စာအုပ်ထဲပါရုံသက်သက် မူဝါဒ မဟုတ်ဘဲ တကယ်အပြင်မှာ လက်တွေ့ဖော်ဆောင်ရမယ့် ဥပဒေစစ်စစ်တွေကို အုတ်မြစ်ချရဦးမယ် ...
အစဆိုမှ တကယ့်အစ ...အားလုံးကို အနုတ်ပြနေရာကနေ အစကပြန်စရမှာ ...
ဒေါ်စု , သူကိုယ်တိုင် အသီးအပွင့်တွေမမှီနိုင်ဘူး။
သူမပြောနဲ့ ကိုယ်တွေတောင် မမှီနိုင်လောက်ဘူး။
ဒါပေမယ့်ကိုယ်တွေခံစားခဲ့ရတာကို နောင်လာမယ့် မြန်မာ့မျိုးဆက်တွေကို မကြုံစေချင်တာရယ် ...
ကိုယ့်နိုင်ငံကို ချစ်တဲ့စိတ် အပြည့်ရှိကြမယ်ဆိုရင် ...ပြည်သူတစ်ယောက် အနေနဲ့ ၂၀၁၅မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်တယ်။
၂၀၁၅ မှာမှ တစ်ခုခု မဖြစ်ခဲ့ရင် မြန်မာပြည်ဟာ ဘယ်တော့မှ ပြန်လာနိုင်တော့မှာမဟုတ်တော့ဘူး။
( Aung Ko Ko ) Archangel AK — with Thurein

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။