Aung Ko U
စကားတစ်လုံး အသုံးများစွာ (၂)
ဘာသာစကား လေ့လာတဲ့အခါ စကားလုံးတွေဟာ အလွန်အရေးကြီးပါတယ်။ အဓိပ္ပာယ်တူပေမယ့် အသုံးအနှုန်းမတူတာတွေ၊ စကားလုံးတူပေမယ့် အဓိပ္ပယ်မတူတာတွေ စသည့်အချက်တွေကို ဘာသာစကား လေ့လာသူတိုင်း မလွဲမသွေ တွေ့ကြုံကြရမှာပါ။ ဥပမာ - “ကိုက်သည်” ဆိုသည့် မြန်မာ စကားလုံး တစ်လုံး သည် ဝါကျအပေါ်တွင် မူတည်က အဓိပ္ပာယ် ပြောင်းလည်းသွားသည်ကို တွေ့နိုင် ပါတယ်။
- တွက်ချေ ကိုက် သည်။...
- စည်းဝါး ကိုက် သည်။
- သံချေး ကိုက် သည်။
- ခွေး ကိုက် သည်။
- ကပ်ကြေးဖြင့် ကိုက် သည်။
- တွက်ချေ ကိုက် သည်။...
- စည်းဝါး ကိုက် သည်။
- သံချေး ကိုက် သည်။
- ခွေး ကိုက် သည်။
- ကပ်ကြေးဖြင့် ကိုက် သည်။
ဖော်ပြပါ ဝါကျများကို ကြည့်လျှင် စကားလုံး တူသော်လည်း အဓိပ္ပာယ်မတူသည်ကို တွေ့နိုင်ပါတယ်။ အင်္ဂလိပ်ဘာသာစကား လေ့လာရာတွင်လည်း အလားတူ အဖြစ်များ များ စွာရှိပါတယ်။
ဒီတစ်ပတ်မှာ “ring” ဆိုတဲ့ စကားလုံးရဲ့ အသုံးအနှုန်းတွေကို လေ့လာကြရအောင် ….
Ring ကို verb (ကြိယာ) အဖြစ်သုံးသော ပုံစံများ
- Telephone is ringing. (ဖုန်းလာနေတယ်။)
- Someone rings the bell. (တစ်ယောက်ယောက်က ဘဲလ် တီးတယ်။)
- The bell rings. (ဘဲလ် မြည်တယ်။)
- The playground rings with the children’s shouts. (ကစားကွင်းက ကလေးတွေ အော်သံတွေနဲ့ ဟိန်းနေတယ်။)
- This area was ringed by the police. (ဒီနေရာကို ရဲတွေ ဝိုင်းထားတယ်။)
- Ring the correct answer. (အဖြေမှန်ကို ဝိုင်းပြပါ။)
Ring ကို noun (နာမ်) အဖြစ်သုံးသော ပုံစံများ
Gold ring = ရွှေလက်စွပ်
Engagement ring = စေ့စပ် လက်စွပ်
Wedding ring = လက်ထပ် လက်စွပ်
Ear ring = နားကွင်း
Key ring = သော့ကွင်း
Spy ring = သူလျှို ဂိုဏ်း
Circus ring = ဆပ်ကပ် ပွဲဝိုင်း
Square ring = လက်ဝှေ့ ကြိုးဝိုင်း
Ring finger = လက်သူကြွယ်
Ring-pull = သံဗူး လက်ဆွဲကွင်း
Ring-binder = ကွင်းချုပ် စာတွဲ၊ ကွင်းများဖြင့် စာရွက်တို့ချုပ်ထားသော စာတွဲမျိုး
Ring road = မြို့ပတ်လမ်း
Ring tone = တယ်လီဖုံး သံစဉ်
Ring နှင့် ပတ်သက်သော အခြားအသုံးအနှုန်း ပုံစံများ
Ringleader = ဂိုဏ်းခေါင်းဆောင်၊ ခေါင်သူကြီး
Ringlet = ဆံနွယ်ခွေ
Ringmaster = ဆပ်ကပ်ပွဲ ဇာတ်စီး
Ringside = ဆပ်ကပ်ပွဲ၊ လက်ဝှေ့ပွဲ တို့တွင် ရှေ့ဆုံးတန်း (ထိုင်ခုံ)
Ringworm = ပွေး
There were dark rings round her eyes from lack of sleep. (အိပ်ရေးပျက်လို့ မျက်ကွင်းညို နေတယ်။)
အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ စကားလုံး အသုံးအနှုန်း ကြွယ်ဝ ကြပါစေ ……
အောင်ကိုဦး (UMK)
Be the Best !

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။