ဒီရက်တွေထဲတိုင်းလုံးကျော် ကောင်း ကောင်း အိပ်မပျော်ဘူးဗျာ။
တစ်ခါတစ်ခါ မနေနိုင်လွန်းလို့ အိပ်ပျော်သွားမိတောင် ဖျတ်ခနဲလန့်နိုး ပြီး အိမ်တံခါးတွေ ထထစစ်မိတယ်။ ဟို သွားဒီသွားလုပ်မိတော့လည်း လူကြား ထဲ စိတ်မလုံဘူးဗျာ။ အခုတလော လူ တွေကလည်း တိုင်းလုံးကျော်ကိုပဲ အာရုံ စိုက်နေသလိုပါဗျာ။ တကယ်ပါ ဘတ်စ် ကားစီးလည်း ကွိကျက် ကွိကျက် အဲ ဟုတ်ပါဘူး။ ကွက်ကြည့် ကွက်ကြည့်။ လူတွေကြားထဲသွားလည်း တိုင်းလုံး ကျော်ကို အထူးအရေးတယူလုပ်သလို လို၊ ကောင်မလေးတွေကလည်းကလူ၏သို့မြှူ၏သို့လိုလို(ဟာ မရယ်နဲ့ဗျာ တ ကယ်ပြောတာ) မိန်းမကတောင် တိုင်းလုံးကျော် မူမမှန်တာ မသင်္ကာဘူးထင်တယ်။ ရှင် ဘာဖြစ်နေတာလဲ ဂနာမငြိမ်ဘူး မေး မေးနေလို့ ငေါက်ထားရသေး။ (ဟေး ဟေး စာထဲသာထည့်ရေးရဲတာ) ဟုတ်တယ်ဗျာ။
တကယ်တော့ တိုင်းလုံးကျော် သွေးလန့်နေတာ။ ဘာမှမဟုတ်ပါဘူး။ တိုင်းလုံးကျော်နဲ့ဘာမှ မဆိုင်ပါဘူးဗျာ။ တိုင်းလုံးကျော်က စာလေးရေးစားနေ တဲ့သူပါ။ တခြားလုပ် ငန်းလည်း မရှိပါ ဘူး။ ဗျာ… ကုမ္ပဏီထောင်ဖို့နေနေ သာသာ အိမ်ရှေ့ကခြံစည်းရိုးလေး ယိုင် နေတာတောင် သေချာပြန်မထောင်နိုင် သေးဘူး။ ဟုတ်ပါ့ဗျာ။ ဒီရက်ထဲ ဘာတွေဖြစ်နေမှန်းကို မသိတာ။ ဘယ့်နှယ် တိုင်းလုံးကျော် ကိုငမွဲကိုမှ စွပ်စွပ်စွဲစွဲ နဲ့။ ပြဿနာက မိတ်ဆွေအယ်ဒီတာ တစ်ယောက်ကစတာဗျာ။
သူက တိုင်းလုံးကျော်ကို မေးတယ်။
”ဟေ့လူ ခင်ဗျားမှာ ဘဏ်အ ကောင့်ရှိလား”တဲ့။
အွန် ဖြစ်ရလေ။ မိန်းမနားကပ်နဲ့ ဆွဲကြိုးလေးတောင် ပါနီဖြစ်သွားတာ ကြာပေါ့။ ဒီလူဗျာ။ မေးရက်တယ်။ ဒါ နဲ့ပဲ
”ဘာတုန်းဗျာ။ လာကျပ်နေ တယ်။ ကျုပ်ဘဏ်အကောင့်ရှိဖို့နေနေ သာသာ ဘဏ်ထဲတောင် မဝင်ဖူးဘူး”
”ဟေ့လူ ခင်ဗျားမှာ ဘဏ်အ ကောင့်ရှိလား”တဲ့။
အွန် ဖြစ်ရလေ။ မိန်းမနားကပ်နဲ့ ဆွဲကြိုးလေးတောင် ပါနီဖြစ်သွားတာ ကြာပေါ့။ ဒီလူဗျာ။ မေးရက်တယ်။ ဒါ နဲ့ပဲ
”ဘာတုန်းဗျာ။ လာကျပ်နေ တယ်။ ကျုပ်ဘဏ်အကောင့်ရှိဖို့နေနေ သာသာ ဘဏ်ထဲတောင် မဝင်ဖူးဘူး”
”ဟား ဟား သိပါတယ်ဗျာ” လို့ ရယ်ပြီး မိတ်ဆွေက ဖောက်သည်ချ တယ်။ ကမ္ဘာ့ဘဏ်မှာ မြန်မာနိုင်ငံက ဘဏ်အကောင့် ငါးခုနဲ့ဖွင့်ထားတယ် တဲ့။ သိပ်မများပါဘူး။ ၁၁ ဘီလီယံတဲ့”ဘုရား ဘုရား။ နည်းနည်းလေး ၁၁ ဘီလီယံတဲ့။ ဟင့်။
ဒါနဲ့ပဲ တိုင်းလုံးကျော် စိတ်ကူးယဉ် ကြည့်တာပါ။ ဘယ်သူဘယ်ဝါမှန်းမသိ တဲ့ ဘဏ်အကောင့်ငါးခုထဲက တစ်ခုကို စိတ်ကူးယဉ် ကြည့်မိပြီးကတည်းက ဘုရားတ ရေ လာက်အောင် စိတ်ထဲလန့် နေတာဗျ။ ဟုတ်တယ်လေ ဘယ်တုန်း ကတည်းက ဘယ်ကပိုက်ဆံတွေကို ဘာ ကြောင့် ဘယ်လိုဘယ်သူတွေ က…ဟူး မောလိုက်တာဗျာ။ ပိုင်ဆိုင်မှုတွေ ကြေညာဖို့အဆို လွှတ်တော်မှာ ထပ်တင်ရင် အောင်မြင် ချင်အောင်မြင်ဦးမယ်။ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားကို ဆူးလေဘုရား နားမှာ ဘွားခနဲ မိချင် မိမယ်။ ဒီဘဏ် အကောင့်ငါးခုကိစ္စကတော့ ဇာတ်ကြော ရှည်မယ့်သဘောရှိသဗျ။ အဲဒါကြောင့် တိုင်းလုံးကျော်က ခပ်တည်တည်နဲ့ တစ်ခုက ကျုပ်ပါလို့ တရားဝင်ထကြေ ညာလိုက်ရင် ကောင်းမလားတွေးမိတာ ပါဗျာ။ ဒါမှသာ ဖြစ်ရပ်မှန်ပေါ်မလား လို့ပေါ့လေ။ ဟဲ ဟဲ။
တိုင်းလုံးကျော်တို့ မြန်မာနိုင်ငံက ဆင်းရဲတယ်သာ ပြောတာပါဗျာ။ ဘယ် ဟုတ်မလဲ။ အိမ်ခြံမြေဈေးတွေဆိုလည်း ကလေးတွေပြောသလို ပျင်းသနားတယ်။ ကားဈေးေ တွဆိုလည်း ပျင်းသနားတယ်။ အရင်က ဖုန်းဈေးတွေဆိုလည်း ပျင်း သနားတယ်။ အခုပဲကြည့် ဒီလောက် ဟိုးဟိုးကျော်နေတဲ့ ၁၁ ဘီလီယံ။ ဘယ်မှာ တိုင်းပြည်က မွဲလို့လဲဗျာ။ အဲဒီ မှာ သွားစုထားလို့သာ စိတ်ချရတာလေ။ ဟုတ်ဘူးလား။ အမလေး ချမ်းသာလိုက် တာမှ ဟော လတ်တလော မယ်ဆုရ ထားတဲ့ မဒီလေးရဲ့ ပုံတူခဲခြစ် ပန်းချီ လေးကိုတောင် အမည်မဖော်လိုသူ စီး ပွားရေးသမားတစ်ဦးက သိန်းရာဂဏန်း ပေးပြီး ဝယ်တယ်ဆိုတဲ့ ကောလာဟလ လည်း ကြားလိုက်ရသေး မဟုတ်လားဗျ။ ကဲ ဘယ်မှာ တို့လူမျိုး မွဲတုန်း။ ဟိုတစ် ခါလည်း ပါးတစ်ချက်ရိုက် သိန်းတစ် ထောင်ဆိုလား လုပ်ဇာတ်လား အမှန် လားမသိတဲ့ ဟာမျိုးတောင် ကြားသေး တာပဲ။ ဘယ် ဒီ ၁၁ ဘီလီယံလောက် ကတော့ တိုင်းလုံးကျော်ကြီး တွံတေး သိန်းတန်တောင် သတိရသေး … အို ဘာတဲ့ ။
xxx မင်းတို့မျက်ရည် မာယာ လောက်တော့ ပျင်းသေးတယ် ပျင်းသေး တယ်ဟေ့ … ပျင်းတောင်ပျင်းသေး တယ်xxx
သို့သော်… တိုင်းလုံးကျော် ပျင်းလို့မှမဆုံးသေးခင် ဒီ ၁၁ ဘီလီယံ ကိစ္စနဲ့ပတ်သက်လို့ အလွဲတွေ ရှိနေတာ ကိုကြားရဖတ်ရပြန်သဗျ။ တိုင်းလုံးကျော် တို့ကတော့ ကမ္ဘာ့ ဘဏ်တွေ ဘီအိုင်စီ တွေ သိပ်နားမလည်ပါဘူးလေ။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးဆိုတာ သေချာဖို့တော့လို သပေါ့။ ဒါပေမဲ့လဲ…လွဲနေတာတွေ က လဲရှိနေဆဲဆိုတော့ကာ …
xxx လွဲလွဲလေးပဲကောင်း ပါ တယ်..လွဲလွဲလေးပဲ ကောင်းပါ တယ်…စိတ်ကျေနပ်ရင်ပြီးတာပဲ …နေတတ်ရင် အေးဆေးပဲ…
တိုင်းလုံးကျော်က တစ်ခါတလေ ဒီလိုပဲဗျ။ တွေးလိုက်ရင် ထော်လော် ကန့်လန့်တွေချည်းပဲ ဖြစ်ဖြစ်နေတယ်။ အမှန်ပြောရရင် သတင်းနဲ့ ဗဟုသုတ တွေရတတ်လို့သာ တိုင်းလုံးကျော် အင် တာနက် ဖေ့စ်ဘွတ်ကိုသုံးစွဲနေရတာ။ ဒါပေမဲ့ စိတ်တော့ နည်းနည်းအချဉ် ပေါက်နေတာ အမှန်ပဲ။ အခုနောက်ပိုင်းမှာ အမြင်မတော် တာတွေ မြင်မြင် လာရတာ အမှန်ပဲဗျ။ အမြင်မတော်တာဆိုလို့ ဘာဘာညာညာ တော့ မထင်ကြပါနဲ့။ အဲဒီလိုမဟုတ်ပါ ဘူး။ ဆိုလိုတာက မခိုင်လုံတဲ့ ကောလာ ဟလထင်ရာမြင်ရာတွေကို အစစ်အမှန် လိုသတင်းပုံစံတွေတင်ကြဖြန့်ကြတာ တွေရယ်၊ နောက်အယူအဆအမြင်တွေ ကို ရေးကြတင်ကြတဲ့အခါ မလိုလား အပ်တဲ့ အယူဝါဒမှိုင်းတွေ ပါပါနေတာ ပဲလေ။အဲဒီတော့ဘာဖြစ်လဲဆို အလွယ် ပြောရရင်တော့ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ အလေးအနက်တွေးပြောမယ်ဆို ဖြစ် တယ်ဗျ။ မရှုပ်နဲ့ဗျာ။ ရှင်းရှင်းလေးရယ်။ တလောက လူငယ်တစ်ယောက်နဲ့စကား ပြောဖြစ်တယ်။ နှစ်ဆယ်ကျော်ပေါ့လေ။ သူက စပြောတာပါ။ အဓိကက ဆန္ဒပြ ပြနေတာတွေဟာ ရတဲ့အခွင့်အရေးကို ၁ဝ၁ ရာခိုင်နှုန်းေ လာက် ပိုယူနေကြ သတဲ့။ ဒီတော့တိုင်းလုံးကျော်လည်းမေး မိတာပေါ့။ အဲလို ပိုယူတယ်ပြောတာ ဘာလို့လဲဆိုတော့။ ”ကြည့်လေဗျာ။ ဆက်တိုက်ဆက် တိုက်ပြနေတော့ တစ် ဖက်ကလူတွေက လည်း ဟုန်တာပေါ့။ ဟုတ်မှမဟုတ်တာတဲ့။
အမှန်ပြောရရင် ဒီလောက်နဲ့သူ့ခံ ယူချက်အမြင်ကို သိနိုင်ပေမယ့် သူတို့ ဖြတ်သန်းရှင်သန်လာတဲ့ အခြေအနေ အရ နားလည်ပါတယ်ဗျာ။ ထပ်တော့ မေးလိုက်တယ်။ ငါ့ညီဒီအမြင်တွေကို ဘယ်ကရတာလဲ။ ဆိုလိုတာက စာတွေ ဖတ်ရင်းလား သူများပြောတာကို လက် ခံလို့လား။ ကိုယ့်ဘာသာတွေးမိတာ လားပေါ့။ အဲဒီတော့ ယောင်ဝါး ဝါးပေါ့။ ဒီတော့လည်း တိုင်းလုံးကျော်ကပဲ လူ တတ်လုပ်တာပေါ့လေ။ သူ လက်ခံမခံ တော့ သူ့အပိုင်းပေါ့။
”အပြင်စာတွေ များများဖတ်ပါ။ နောက် နားလည်အောင် မသိတာကို ဖြည့်နိုင်အောင်ကြိုးစားပါ။ ဒီကိစ္စမှာ ဆန္ဒပြတာကို အပြစ်ဆိုကြတဲ့လူတွေ တော်တော်များပါတယ်။ ဟုတ်ပြီ။ အဲလို ပြတာ အခွင့်အရေးကို ပိုပိုယူနေတယ်ဆို ရင် ဘာတွေများရနေလဲ။ ဆန္ဒပြလို့ အောင်မြင်သွားတာဘယ်လောက်ရှိလဲ။ အရင်က ဘာမှမပြောရ။ သိရင်လည်း အသံမထွက်ရဲတာကနေ အခုလိုရလာ တာရောလွယ်လား။ ကောင်းလား”စသ ဖြင့် ပေါ့လေ။ ပြောမိတယ်။ ဒါတောင် သူပြော တာတွေထဲ ပိုဆိုးတာတွေ ပါသေးဗျ။ ဥပမာ တိုင်းပြည်အုပ်ချုပ်သူတွေဟာ ပြည်သူရဲ့မိဘပဲဆိုတော့ ဘေးက တိုင်း လုံးကျော်မိတ်ဆွေက ဘုတောရော။
”ဘာလို့မိဘရမှာလဲကွ။ ငါတို့က အခွန်ထမ်းပြည်သူတွေ။ ငါတို့ထမ်းတဲ့ အခွန်နဲ့ သူတို့ကို အုပ်ချုပ်ဖို့စီမံဖို့ အပ်နှင်းထားတာ။ ဘာကို မိဘရမှာလဲ။ ဘယ်အစိုးရကို မိဘလို့မင်းကပြောနေ တာလဲ”တဲ့။ ဟဲဟဲ။ ဒါနဲ့ပဲ တိုင်းလုံးကျော်လည်း အေးဆေးပါ။ ပြောရတာပေါ့။ အစိုးရဆို တာ တကယ့်ပြည်သူအားလုံးက လိုလို လားလားနဲ့ ကျုပ်တို့ကို ခေါင်းဆောင် အဖြစ်နဲ့ အုပ်ချုပ်ပေးပါလို့ ယုံကြည်စွာ အပ်နှင်းတဲ့အစိုးရမျိုးဆို၊ တကယ်လည်း ပြည်သူအတွက်ပဲ ကိုယ်ကျိုးမရှာဘဲ လုပ်တဲ့အစိုးရမျိုးဆို မိဘလို့ ခံယူရင်ရ ကောင်းသေးတယ်လို့။ ဒါပေမဲ့….အင်း ဒါပေမဲ့ပေါ့လေ။ အားလုံးလည်း သိကြပါတယ်။ နောက် ဥပဒေဆိုတာ အများလက်ခံနားလည်ပြီး လွတ်လပ် ညီ ညွ တ်မျှတဖို့လိုတဲ့ အကြောင်းဘာညာ သိသလောက် သေချာမေးပြောပြောခဲ့ ရတယ်။
ဘာလို့များ ပြောရတယ်။ ဆရာ လုပ်တယ်မထင်နဲ့ဗျ။ အဲဒီညီငယ်က မီဒီ ယာသမားဖြစ်နေလို့ပါပဲ။ ငယ်ရွယ်သူ တွေများတဲ့မီဒီယာမှာ ပင်ကိုတော်တဲ့သူ တွေရှိပါတယ်။ သတင်းလိုက်ကောင်းသူ တွေလည်းရှိ။ အရေးကောင်းသူတွေ လည်းရှိ။ ခေါင်းဆောင်အရည်အချင်းရှိ သူတွေလည်း တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ အသိ။ တော်တော် အရေးကြီးတဲ့ ပြဿနာဗျ။ အသိတွေမှန်ဖို့၊ အမြင်တွေ သန်ဖို့၊ ပါးနပ်ဖို့၊ ဆင်ခြင်သုံးသပ်တတ်ဖို့ တော့ လိုနေကြသေးတာအမှန်ပဲ။ ကိုယ် တွေက ပြည် သူကို လမ်းပြ မယ့်သူတွေပဲ ထားပါဦး။ သတင်းလိုက်ကောင်းရုံနဲ့ မရ ပါဘူး။ ခံယူချက်မှား အသိမှားတွေနဲ့သာ ရေးကြရင်ဖြင့် ပိုပိုဆိုးမလာပေဘူးလား။ လူငယ်ဆိုတော့ တက်ကြွ တယ်။ ကိုယ် သိတာမှန်တယ်ထင်မယ်။ အပေါ်ယံပေါ့ လေ။ အဲဒါကိုမှမပြင်ဘဲ မသုံးသပ်ဘဲ ရှေ့ဆက်ရင်အဆင်မပြေပါဘူးဗျာ။ ဒါဟာ တိုင်းလုံးကျော် ရဲရဲပြောချင်တာက အင်တာ နက်ဖေ့စ်ဘွတ်သုံးစွဲမှုပြဿနာပါပဲ။
ဘာလို့ဆို အင်တာနက်ပေါ်မှာ ခုရေးခုတင်ရနေတော့ လူတိုင်းလိုလိုရေး ကြတယ်။ တစ်ခုခုဆို အမြင်တွေသဘော ထားတွေကို ချက်ချင်းရေးကြတယ်။ ဖော်ပြကြတယ်။ ဒါကို သုံးစွဲသူအများစု ကလည်း လူငယ်တွေပါ။ သူတို့ဟာ အ ရွယ်ရောက်တာနဲ့ လုပ်ငန်းခွင်ရောက် လာကြတာမို့ အလုပ်မလုပ်သူတွေထက် သာပေမယ့် သေချာတာက စာအုပ်စာ ပေနဲ့ ကြီးလာကြသူတွေ မဟုတ်ပါဘူး။ အများစုဟာ နည်းပညာခေတ်ကြီးနဲ့ မျက်နှာချင်းဆိုင် တွေ့ကြရတဲ့သူတွေပါ။ ဒါဟာ ပြဿနာပါ။ သူတို့လုပ်တဲ့အလုပ် အရ စိတ်ဝင်စားမှုနဲ့ ဒီဖေ့စ်ဘွတ်ပေါ်က ရနိုင်တဲ့ သတင်းရင်းမြစ်အစအနတွေ အပြင် ထပ်တွေ့ရတာက အပေါ်ကရေး ခဲ့တဲ့ အာဘော်အမြင်မျိုးစုံပါ။ အဲဒီမှာ သူတို့အသိထဲ အဲဒါတွေက နစ်မှန်းမသိ နစ်နေခဲ့ပါပြီ။ ပရိသတ်များတဲ့ သြဇာရှိ တစ်ယောက်ယောက်ရဲ့အယူအမြင်တွေ ကို လက်ခံနေမိတတ်ကြတယ်။ အဲဒါ ဟာပြဿနာပါ။ အသိမစုံတဲ့ အခါ လက် ခံမှုမှာ အန္တရာယ်ရှိပါတယ်ဗျာ။ အင်တာ နက်ပေါ်က ဝေဖန်မှုတွေအတိုင်း သံ ယောင်လိုက်ပြောဆိုနေကြတာကို တိုင်း လုံးကျော်လည်း အပြင်မှာ မြင်ကြားရ ပါတယ်။ တခြားသူတွေပြောတာ ထား ပါ။ တိုင်းလုံးကျော်ပြောတာ မီဒီယာ သမား လူငယ်အချို့ပါဗျာ။ ရခိုင်အရေး ကအစ ဘာညာကိစ္စတွေမှာ ဟိုလူ့ ကို မယုံကြည်ေ တာ့ဘူးတို့၊ ဒါဟာ ဘာ့ ကြောင့် ဆိုတာတွေကို ဖေ့စ်ဘွတ်စာ မျက်နှာပေါ်က လေသံတွေအတိုင်း လက်ခံပြောနေကြတာမြင်ရတော့ အင်းးးးးးးးးးးးးးး လို့သာ အင်းနိုင်ပါ တယ်ဗျာ။
တိုင်းလုံးကျော် ဆရာကြီးအထာနဲ့ အားလုံးကိုသိမ်းကျုံးပြောတာမဟုတ်ပါ။ ဓမ္မဓိဌာန်ကျကျသုံးသပ် ဆင်ခြင်နိုင်သူ တွေရှိပေမယ့် အဓိကပြဿနာက မီဒီ ယာသမားတွေ လူငယ်တွေမှာ သိနေကြ ပြီ တတ်နေကြပြီဆိုတဲ့မာန်ကို တွေ့ရ တာ အန္တရာယ်များတယ်ဆိုတာကိုပါ။ တတ်နိုင်ပါဘူး။ ဆန်ရင်းနာနာဖွတ်ဆို သလို တိုင်းလုံးကျော်ေ တာ့ ရေးပါတယ်။ ဆဲချင်လည်းဆဲ၊ စုံစမ်းပြီး ရိုက်ချင်လည်း ရိုက်ကြ။ အပြင်မှာလည်း တိုင်းလုံးကျော် နီးစပ်ရာ ပြောဖြစ်တာပါပဲ။ ဒီလူတော့ နာမည်တောင် မခံရဲဘဲလို့ ဆိုကြရင် လည်း ဒါဟာ စာပေရေးသားမှုရဲ့ ပရိ ယာယ်လိုအပ်ချက်အရ ဒီလိုကလောင်နဲ့ ရေးရတယ်ဆိုတာကိုမှ နားမလည်ရင် တော့ အခက်သားက လားဗျာတို့။ မယုံ တော့မရှိနဲ့ဗျာ။ သုံးတတ်ရင်ဆေး မသုံး တတ်ရင်ဘေးဆိုတဲ့ စကားကလည်း အလကားတွင်ကျန်ခဲ့တာမဟုတ်တော့ ဆရာချစ်နိုင်(စိတ်ပညာ) စာအုပ်နာမည် လို ‘ချစ် လို့ပြောတယ်မှတ်ပါ’ ကွယ်တို့။ ပြန်မချစ်ရင်နေပါ။ ပြောသင့်ပြောထိုက် တာကိုတော့ ဆက်လက်အမုန်းခံ ပြော သွားမှာပါပဲ။ တိုင်းလုံးကျော်ရေးနိုင်တဲ့ အခွင့်အေ ရး ရနေဦးမယ်ဆိုရင်ပေါ့လေ။ ဘာလို့ဆို လူဆိုတာ လုပ်နိုင်တာကို လုပ်နိုင်သလောက် လုပ်ရမယ်။ သိတာ မြင်တာကို ပြောရဲရမယ်။ ဒါကလည်း တရားလက် လွတ်ပြော တာမျိုးမဟုတ်ဘဲ ဖြစ်သင့်ဖြစ်ထိုက်လို့ရေးရတဲ့အခါ တိုင်း လုံးကျော်မှားလည်း ပြင်ပေးကြ။ အဲ ကိုယ်မှားရင်လည်း ပြင်ရဲဖို့လိုတာပေါ့ လေ။
တိုင်းလုံးကျော် ခံယူချက်ကတော့ ဖြစ်တာမဖြစ်တာ လုပ်တာမလုပ်တာက တစ်ပိုင်း၊ ကိုယ်လုပ်နိုင်တာကို မလုပ်ခဲ့ ပါလား၊ မပြောခဲ့ပါလား ဆိုတဲ့တာဝန် မကျေ တဲ့ နောင် တကို ရမသွားစေချင် တာပါပဲ ။ ဘာလို့ဆို သမိုင်းဆိုတာ ဒီတိုင်း မနေပါဘူး။ မေးခွန်းရှိပါတယ်။ နောက် လူများစွာက ကိုယ့်အကြောင်းကို ပြန် ပြောတဲ့အခါ ဘယ် လိုပုံစံမျိုး နဲ့ပြန်ပြော စေချင်ပါသလဲတဲ့။ ဟုတ်ကဲ့ …တိုင်း လုံးကျော်က သာမညောင်ည ကလောင် လေးပါ။ သို့သော်….ဆိုရေးရှိလို့ ဆိုမိတဲ့ဒီစာလေး တစ်ချိန်မှာ ဒီဂျာန ယ် လေး စာကြည့်တိုက်မှာထိန်းသိမ်းကျန်ခဲ့လို့ နောက်လူများဖတ်မိခဲ့ရင်ဖြင့် တိုင်း လုံးကျော် ဤသို့ဆိုခဲ့လေသတည်း…ဟုသာ—————။
တိုင်းလုံးကျော်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။