ကိုသောင်း ပုလဲမြေ
ပညာ
…………
အမှန်တော့ "ပညာ" အကြောင်းနဲ့ပတ်သက်ပြီး သိပ့်ပြီးမရေးချင်ပါဘူး။အဘယ်ကြောင့်ဆိုသော် "ပညာ" နဲ့ပတ်သက်လာရင် မိမိ ကဘာမှမဟုတ်ပေမဲ့ တစ်ချို့လူတွေက အထင်အမှားခံရမှာစိုးလို့ပါ။အခုတော့ "ပညာ" နဲ့ပတ်သက်ပြီး မရေးလို့မဖြစ်တော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အခုတစ်လော Wall ပေါ်မှာတွေ့တွေ့နေရတာဟာ "ပညာ" မတတ်လို့ဆိုပြီး မိမိ ကိုယ်ကိုနှိပ့်ချပြီးပြောဆိုဆက်ဆံနေတာတွေကို တွေ့နေရပါတယ်။ဒါကြောင့် "ပညာ" အကြောင်းနဲ့ပတ်သက်ပြီး "ပညာ" မရှိရင်လည်းပဲ အားငယ်စရာအလိုဘူးဆိုပြီး အားပေးတဲ့ post လေးပါနော်။ဒါပေမဲ့ ပညာရှိတဲ့သူရော ပညာမရှိတဲ့သူရော အဲဒီ post ကိုဖတ်ပြီး နားလည်ပေးဖို့မျှော်လင့်ပါတယ်။ဘယ်သူကိုမှ ထိခိုက်ပြောဆိုခြင်းမရှိတာကတော့အမှန်ပါပဲ။
လောကကြီးမှာတဲ့ ပညာတတ်တဲ့သူလည်းပဲ လူပါပဲ။ပညာမတတ်တဲ့သူလည်းပဲ လူပါပဲမဟုတ်လား???ပညာတတ်တတ် မတတ်တတ် တစ်နေ့အားလုံးသေရမှာပဲလေ။အဘယ်သူမဆို "ပညာ" လေးကိုတော့ရချင်ကြတာပဲလေ။ဒါပေမဲ့ မိမိ တို့ရဲ့ ကံအကျိုးပေးမကောင်းလို့ ငယ်ကတည်းက ပါရမီ မပါတာရှိသလို မိဘ တွေ ချို့တဲ့ တဲ့အတွက် " ပညာ" ကို ဆုံးခန်းတိုင် မသင်ပေးနိုင်သလိုမျိုးတွေပေါ့။နောက်ပြီး အကြောင်းအမျိုးမျိုးတွေကြောင့် မိမိ က "ပညာ" လိုချင်ပါရဲ့လျက်နဲ့ "ပညာ" မရနိုင်ခဲ့ခြင်းတွေအတွက် အားငယ်စရာမလိုပါဘူး။
အခုလောကကြီးထဲမှာ ပညာတတ်ပြီး လူရာမဝင်တဲ့သူတွေရှိသလို ပညာမတတ်ဘဲနဲ့ လူရာဝင်နေတဲ့သူတွေကလည်းပဲ ပေါလောလို့ပါ။အမှန်တော့ " ပညာတတ်ဖို့မလိုပါဘူး" "စာတတ်ဖို့ပဲလိုပါတယ်"....
တစ်ချို့က ပညာပါလာပြီး စာမပါလာကြပါဘူး။တစ်ချို့ က ကြက်တူရွေး လိုလေး ကျက်ပြီး ဘွဲ့ပဲရသွားပါတယ်။စာတတ်လားမေးကြည့် စာကိုသေသေချာချာပြန်မပြောနိုင်ပါဘူး။
ယောက်ျားလေး တစ်ယောက်မှာကတော့ "ပညာတတ်" ဖို့ထက် အရည်အချင်းတစ်ခုရှိဖို့လိုပါတယ်။ပညာတတ် ပြီး အရည်အချင်း မရှိရင်ရော အဲဒီလူ အတွက် ဘာလုပ်လို့ရမှာလဲနော်။ပညာတတ်ပြီး မိမိ အသက်မွေးဝမ်းကျောင်းအတွက် မရှာတတ်တဲ့ ယောက်ျားလေးတွေလည်းပဲ ဟောဒီလောကကြီးအထဲမှာပေါလောလို့ပါ။ပညာမရှိဘဲနဲ့ မိမိ အသက်မွေးဝမ်းကျောင်းအတွက် ရှာလို့ရပြီး သူဌေး ဖြစ်နေတဲ့ သူတွေလည်းပဲ ဟောဒီ လောကကြီးထဲမှာ အများကြီးပါပဲမဟုတ်လားး???ကဲ ဒါဆို "ပညာမတတ်" တာဟာ အပြစ်တစ်ခုလားဟင်???ပညာမတတ်လို့ ဘယ်ဌာန ကမှ မိမိတို့ကို မဖမ်းပါဘူးနော်။မိမိ တို့ဘက်ကနေပြီး ပညာမဲ့ပြီး ဥပဒေ ကိုချိုးဖောက်မှသာလျှင် အပြစ်တစ်ခုလို့ ပြောရတာပါကွယ်။ဒါကြောင့် ကျနော်/မ တွေ ပညာမတတ်တဲ့အကြောင်းတွေကို သူများတွေကိုပြောဖို့မလိုသလို ဘာမှအားငယ်စရာမလိုဘူးမဟုတ်လား???
ဒါပေမဲ့ မိန်းကလေး တစ်ယောက်အနေနဲ့တော့ အနည်းဆုံး ရသင့်ရထိုက်တဲ့ ဘွဲ့ (သို့) ဆယ်တန်းလေးအထိတော့ ရောက်အောင်လုပ်ထားသင့်ပါတယ်။အဘယ်ကြောင့် ဆိုသော် မိန်းကလေး ဖြစ်နေလို့ပါ။မိန်းကလေး ဟာ ယောက်ျားလေးနဲ့ တုလို့မရပါဘူးကွယ်။ယောက်ျားလေးဆိုတာဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အိမ်ထောင်ဦးစီးလေးဖြစ်မှာမို့လို့ အရည်အချင်းမရှိရင် အိမ်ထောင်တစ်ခုကိုတည်ထောင်ဖို့ဆိုတာဟာ အခက်သားပဲမဟုတ်လား???ဒါပေမဲ့ မိန်းကလေး တွေဟာ ဘယ်လိုပဲ ပညာ ရှိရှိ တစ်နေ့ မီးဖိုချောင်ဝင်ရပြီး အိမ်ရှင်မ လေးဖြစ်လာတဲ့အခါ သားသမီး တွေကို မိမိ တတ်ထားတဲ့ ပညာအမွေ တွေပေးတတ်ဖို့လိုတယ်မဟုတ်လား???အိမ်တစ်အိမ် မှာ ပညာတတ် တဲ့သူလေးတသ်ယောက်ရှိတော့ သူတစ်ပါး အလိမ်ကို လွယ်လွယ် မခံရဘူးပေါ့။
တစ်ချို့ တွေဟာ "ပညာ" အရမ်းတော်တော့ မောက်မာမှုတွေ မာန လေးတွေက နောက်ကနေပြီးပါလာတတ်စမြဲပါပဲ။"ပညာတတ်" ဖြစ်ပြီး လူကြီးလူငယ် တွေကို လေးစားရိုသေရမှန်းမသိဘဲနဲ့ ယဉ်ကျေးမှုလေးတွေပျက်လာပြီး အရိုင်းအစိုင်းပြု မူတတ်ကြပါတယ်။အဲဒီလူတွေအတွက် ရေရှည် အလားလာဟာမကောင်းပါဘူးကွယ်။အဘယ်ကြောင့်ဆိုသော် "ငါ" မှ "ငါ" ဆိုပြီး မာန ပါနေလို့ပါ။
နောက်ပြီး "ပညာတတ်"ခြင်းကို ထောင်လွှားသူတွေရဲ့ပျက်စီးဆုတ်ယုတ်ခြင်းတွေဟာ.....
(၁) "ငါ" ပညာတတ်တယ် စာတတ်တယ်ဆိုပြီးထောင်လွှားပြောဆိုတဲ့နေ့ဟာ "ပညာ" ပျောက်တဲ့နေ့ပါ။
(၂) "ငါ့" စီးပွားရေးကောင်းတယ် "ငါ့" လောက်အဘယ်သူကမှ မလုပ်နိုင်ဘူးဆ်ုပြီးထောင်လွှားမောက်မားတဲ့နေ့ဟာ "စီးပွားပျက်" တဲ့နေ့ပါ။
(၃) "ငါ့"ရဲ့စည်းစိမ်ဥစ္စာလောက်ဘယ်သူမှမရှိဘူးမရှာနိုင်ဘူးဆိုပြီး စည်းစိမ်ကြွားတဲ့နေ့ဟာ "စည်းစိမ်" ပျောက်တဲ့နေ့ပါ။
(၄)"ငါ" မှ "ငါ" ဖြစ်နေတဲ့သူတွေအတွက် အဲဒီ မာနကြောင့် "မိတ်ဆွေပျောက်" တဲ့နေ့ပါ။
(၅) "ငါ့" ရာထူးတွေကြောင့် ထောင်လွှားမောက်မားပြီးပြောဆိုနေတဲ့နေ့ဟာ " ရာထူးပျောက်" တဲ့နေ့ပါ။
ကဲအဲဒါဆို "ပညာ" ဟာအရေးပါသော်လည်းပဲ အဲဒီ "ပညာ" တွေကြောင့် မာန တက်လာသည်နှင့်အမျှ မိမိ တို့၏အကျိုးတရားများဟာလည်းပဲ ဆုတ်ယုတ်ရတာပဲမဟုတ်လား??ဒါပေမဲ့ "ပညာတတ်" ဖြစ်ရင်တော့ကောင်းတာပေါ့နော်။ပညာတတ်တတ် မတတ်တတ် အရာရာတိုင်းကို ဆင်ခြင်နေထိုင်ပြောဆိုတတ်ဖို့လိုပပါတယ်။
လူ တစ်ယောက်ကိုကြည့်ပြီး အဲဒီလူ ကောင်းကောင်းမကောင်းကောင်း ကို ဘာနဲ့တိုင်းတာလဲဆိုတော့???
"ပညာ" ??????
"စည်းစိမ်ဥစ္စာ" ??????
"အရည်အချင်း"??????
"အဆင့်အတန်း"??????
"အသိုင်းအဝန်း"??????
"ရာထူး"??????
ဘာတွေနဲ့တိုင်းတာမှာလဲ????ဒါတွေတစ်ခုမှမဟုတ်ပါဘူး။
"ကိုယ်ကျင့်တရားနဲ့သီလ" ကိုကြည့်ပြီး လူတစ်ယောက်ကို ဆုံးဖြတ်သွားတာပါ။ဒါကြောင့် ပြောတာပေါ့။
"ပညာတတ်" ဖြစ်ဖို့ထက် "စာတတ်ဖို့" လိုပါတယ်တဲ့။
"စာတတ်ဖို့" ထက် အကျင့်သီလကောင်းဖို့လိုပါတယ်။
ကိုယ်ကျင့်တရားမကောင်းရင် လူဖြစ်ရကျိုးမနပ်ရပါဘူး။
"ပညာ" မတတ်လို့အပယ်မကျပါဘူး။
"ကိုယ်ကျင့်တရား" မကောင်းမှသာလျှင် အပယ်ကျတတ်ပါတယ်။
ဒါကြောင့် "ပညာ" မတတ်ဘူးဆိုပြီး မိမိ တို့ကိုယ်ကို နှိပ့်ချပြောဆိုခြင်းမလုပ်မိပါရန်မေတ္တာ ရပ်ခံပါရစေ။"ပညာ" မတတ်လို့ ဘာမှအားငယ်စရာမလိုပါဘူးနော်။ဒါပေမဲ့ မိမိ တို့ဘက်ကနေပြီး အတတ်နိုင်ဆုံးအရည်အချင်းလေးတွေတစ်ခုစီရှိရအောင်တော့ကြိုးစားလုပ်ယူထားသင့်ပါတယ်။ဒီလိုမဟုတ်ရင် "ဘဝ" ဆိုတာကြီးကို ဖြတ်သန်းရမှာမလွယ်လှပါဘူးနော်။"ပညာတတ်"ဖြစ်ဖြစ် မဖြစ်ဖြစ် အဆင့်နိမ့်နိမ့်မြင့်မြင့် ရာထူးကြီးကြီးမကြီးကြီး အားလုံးသွားရမှာဟာ သေခြင်းတရား ဆိုတဲ့ ဟောဒီတစ်လမ်းပဲမဟုတ်လား???ဒါနဲ့များ ဘာတွေစိတ်အားငယ်ပြီး နေနေရမှာလဲ???လောကကြီးအတွက် အကောင်းဆုံးနေထိုင်ပြီး ကြိုးစားရမှာကတော့ မိမိ တို့ရဲ့တာဝန်ပါပဲ။ဒါကြောင့် အရာရာတိုင်းကို သိပြီးနားလည်ပြီး လုပ်ကိုင်စားသောက်တတ်ရင် ရထားတဲ့ဘဝဟာ ပျော်စရာကြီးပါ။
အဲဒီ post ကိုဖတ်ပြီး စိတ်ဓာတ်လေးတွေတက်လာစေဖို့ မျှော်လင့်ပါတယ်။အားပေးတဲ့ post လေးဖြစ်တဲ့အတွက် မိမိတို့ကိုယ်တိုင်ပဲ ဖတ်ပြီး "ငါ" ဘယ်လိုနေထိုင်ရင် "ငါ့" ဘဝအတွက်ဟာ အကောင်းဆုံးဖြစ်ပါသလဲဆိုပြီး မိမိ ကိုယ်တိုင်ပဲ အဖြေလေးတွေပေးကြပါနော်။အကောင်းဆုံးအဖြေလေးတွေထွက်ဖို့ မျှော်လင့်ပါတယ်။
စာဖတ်သူများအားလုံး အရာရာတိုင်းကို မိမိ တို့ဆန္ဒရှိတဲ့အတိုင်း ဘဝ ကိုအေးချမ်းစွာနဲ့ဖြတ်သန်းကြရပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
မေတ္တာဖြင့် / Joy Ce
------------------------------------
ဦးနရပတိ ဆရာတော်
ဦးနရပတိ ဆရာတော်
19 hours ago

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။