Burma-Newselite
ဂျပန်နိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်
ဂျပန်မီဒီယာတွေ ဒီကနေ့ ရိုက်ကူး ရေးသားနေကြတာကတော့ ဒေါ်အောင် ဆန်းစုကြည် သူတို့ဂျပန်ပြည်ကို ၂၇ နှစ် အကြာမှာ ပြန်လည် ရောက်ရှိလာ တယ်လို့ သတင်းတွေမှာ ဖေါ်ပြ ပြောဆိုနေကြတာပါ။ ၁၉၈၆ ခုနှစ်က စလို့ သူတို့မြေကနေ ဝေးကွာသွားသူတဦး ကိုယ့်ရပ်ရွာကို အလည် ပြန်လာသလို မျိုး ရေးသားပြောဆိုနေတဲ့ သဘောတွေ ပေါ်လွင်တာ သတိထားမိပါတယ်။
တကယ်တော့ ဂျပန်နိုင်ငံနဲ့ ဂျပန်ပြည်သူတွေ (အထူးသဖြင့် အသက်ကြီး ပိုင်းတွေ) ဟာ မြန်မာနိုင်ငံကို သံယောဇဉ် ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက မြန်မာပြည်ကိုသိမ်းရင်း တာဝန်ကျခဲ့တဲ့ ဂျပန်စစ် သား စစ်ဗိုလ်(အခုတော့ အသက်၉၀အရွယ် အငြိမ်းစား ဂျပန်စစ်မှုထမ်းတွေ) ဆိုရင် သူတို့ စစ်ပညာသင်ပေးလိုက်တဲ့ မြန်မာစစ...်တပ်ပေါ် သံယောဇဉ်ထား ကြသလို ဂျပန်တွေထူထောင်ပေးလိုက်တဲ့ မြန်မာ့တပ်မတော် အဖြစ်လဲ ပြော ဆို ဂုဏ်ယူနေကြဆဲ ဖြစ်ပါတယ်။ ဂျပန်က စစ်ပညာသင် မွေးထုတ်ပေးလိုက် တဲ့ စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကို လည်း အတွင်းစိတ်က ရင်းနှီး ဆက်ဆံလိုကြတာ တွေ့ရပါတယ်။

၁၉၉၁မှာ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘဲလ်ဆု ရလာတော့ ဂျပန် မီဒီယာတွေက လိုက်ပြီး ရေးသားရိုက်ကူးကြရင်း ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်တွေ ပိုသိလာပါတယ်။
အဲဒီနောက်ပိုင်း မြန်မာနိုင်ငံ အကြောင်း ပြောချင်တယ်ဆိုရင် (စူးချည်စံ နို့ အို ခုနိ SuuKyi-san no Okuni) `ဒေါ်အောင်ဆန်းစုကြည်နေတဲ့ တိုင်းပြည်`လို့ ရည်ညွှန်း ပြောဆိုလိုက်တာနဲ့ မြန်မာဆိုတာကို သူတို့ချက်ချင်း သိသွားတဲ့ အခြေနေမျိုး ဆိုက်ရောက်လာပါတယ်။
ဂျပန်လူမျိုးတွေရဲ့စိတ်ထဲ မြန်မာနိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒွန်တွဲ မှတ်သား ထားပုံလေးပါ ။
အခုမြင်ရတာက ကျို့တိုတက္ကသိုလ်မှာ သုတေသန လုပ်စဉ်ကာလ ၁၉၈၆ ခုနှစ် ကျိုတို-ဘူတာမှာ ဒေါ်အောင်ဆန်းစုကြည် ရထားစောင့်နေတဲ့ပုံ ဖြစ်ပါတယ်။ (A/ Burma- News Elite)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။