ကမ္ဘာ့အားကစား မီဒီယာ လောကမှာ နာမည်ကြီး
ဝက်ဘ်ဆိုဒ် ဖြစ်တဲ့ Goal.com က မဲပေးရွေးချယ်မှု စနစ်နဲ့ ရွေးချယ်မှု တစ်ခု
ပြုလုပ်ခဲ့ပါတယ်။ စာဖတ်ပရိတ် သတ်များက မဲပေးရွေးချယ်တဲ့ အကောင်းဆုံးဆုကိုတော့
မြန်မာ့လက်ရွေးစင် ကစားသမား ကြည်လင်းက ရရှိသွားခဲ့ပါတယ်။
ဒီဆုအတွက် ဇကာတင်စာရင်း ရွေးချယ်တာ ထိုင်း၊
ဖိလစ်ပိုင်၊ စင်ကာပူ၊ မြန်မာ (၄)နိုင်ငံက ကိုယ်စားပြု ကစားသမား တစ်ဦးစီ ရွေးချယ်
ခံခဲ့ရပါတယ်။ ပထမနေ့ မဲပေး ရွေးချယ်ချိန်မှာတော့ ဖိလစ်ပိုင် ကစားသမားက အပြတ်အသတ်နဲ့
ဦးဆောင် နေခဲ့ပြီးတော့ ဒုတိယနေ့မှာ မြန်မာ လူမျိုးတွေရဲ့ စည်းလုံးမှုနဲ့ ကြည်လင်းက
ထိပ်ဆုံးနေရာကို အပြတ်အသတ်နဲ့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။
ထိုင်းလက်ရွေးစင် တီရာဆီလ်က ၂၀၁၂ခုနှစ်
ဆူဇူကီး ဖလားမှာ ရွှေဖိနပ် ရထားတဲ့ ကစားသမား တစ်ဦး ဖြစ်သလို၊ စင်ကာပူ ဘောလုံးသမား
အီရှက်ခ်ကတော့ ပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံး ကစားသမားဆုကို ရခဲ့သူ ဖြစ်ပါတယ်။
မြန်မာ အသင်းဟာ အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတယ် ဆိုပေမယ့်၊ လက်ရှိနောက်ဆုံး AFC
Challenge Cup ခြေစစ်ပွဲမှာ ကြည်လင်းရဲ့ အဓိက ဦးဆောင်မှုနဲ့ မြန်မာ အသင်း
ခြေစစ်ပွဲကို အောင်မြင်ခဲ့တာကြောင့် ဒီစာရင်းမှာ ကြည်လင်း ပါဝင်လာခဲ့တာပါ။ ဒါပေမယ့်
ဖိလစ်ပိုင် ကစားသမား ကာလစ်ဂ်ဒေါင် ဇကာတင် စာရင်းမှာ ပါဝင်လာခဲ့တာကို မီဒီယာနဲ့
အာဆီယံ ဘောလုံး လောကက သို့လော? သို့လော? နဲ့ မေးခွန်းထုတ်စရာ တွေ ဖြစ်ခဲ့ပါတယ်။
ကာလစ်ဂ်ဒေါင်ဟာ ပြိုင်ပွဲမှာ လူစားဝင် ကစားသမား အနေနဲ့ပဲ ပွဲတိုင်းနီးပါး
ပါဝင်ခွင့် ရခဲ့တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
သတ်မှတ်ချိန်အတွင်း နောက်ဆုံး ရပ်တည်မှုကတော့
ကြည်လင်း(မြန်မာ)က ၅၀% ကျော်၊ ကာလစ်ဂ်ဒေါင် (ဖိလစ်ပိုင်)က ၃၂% ကျော်၊ တီရာဆဲလ်
(ထိုင်း) ၈%ကျော်၊ အီရှက်စ် ၈% ကျော်နဲ့ အသီးသီး ရပ်တည်ခဲ့ပါတယ်။ ဆုပေးပွဲ
အခမ်းအနားကိုတော့ ဧပြီလ (၃)ရက်နေ့ မလေးရှားနိုင်ငံ Pahang မှာ ပြုလုပ်သွားမှာ
ဖြစ်ပါတယ်။ မြန်မာ့ဂုဏ်ဆောင် ကြည်လင်းအတွက် ၀မ်းမြောက် ၀မ်းသာ ဂုဏ်ယူကြောင်း ညီလေး
ကြည်လင်း ကမ္ဘာ့အဆင့်ကိုပါ တိုးဖောက် နိုင်ပါစေလို့ ကဖေး ၀ိုင်းတော်သားများက
ဂုဏ်ယူစွာနဲ့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ ကဖေး စာဖတ်ပရိတ်သတ်တွေကလည်း
ကဖေးဝိုင်းတော်သား အက်ဒမင်များ အဖွဲ့နဲ့ အတူ ဒီနေရာကနေ ညီလေး ကြည်လင်းအတွက်
ဆုတောင်း ပေးလိုက်ကြရအောင်။
Written by
အောင်ဇော်လတ်(မိုးနဲ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။