မြန်မာ့သားကောင်း
ရန်ကုန်မြို့နေ လူငယ်လူရွယ်များ စည်းကမ်းရှိစေချင်
============================
ဒီကိစ္စဟာ အရေးကြီးတယ်လို့ မထင်တဲ့ လူငယ်များကို ပြောချင်ပါတယ်။ ကိုယ်သောက်ဖို့ ပြည့်နေတဲ့ ကော်ဖီခွက်၊ juice ခွက်ကို ဒီကွင်းထဲထိ ရောက်အောက် လက်က ကိုင်လာနိုင်တယ်၊ ကွင်းထဲမှာလည်း လက်ကကိုင်ပြီး သောက်နေနိုင်တယ် ဆိုရင် empty ဖြစ်သွားတဲ့ ခွက်ကိုလည်း ဒီလက်ကပဲ ပြန်သယ်သွားနိုင်တဲ့ စိတ်ဓာတ်အဆင့် (စိတ်ဓာတ်အဆင့် = state of mind/ way of thinking/ brain power/ reasoning ) ရှိရမယ်။
"အမှိုက်ပုံးမရှိလို့ ချခဲ့ရတာပါ" ဆိုတဲ့ ကိုယ့်အတွေးအခေါ်ကို ကိုယ်ပြန်လည် သုံးသပ်ဖို့သင့်ပြီ။
သူများတိုင်းပြည်တွေမှာလည်း ပျော်ပွဲရွှင်ပွဲတွေလုပ်တယ်၊ လုပ်တိုင်းလည်း အမှိုက်ပုံး လုံလုံလောက်လောက် ချထားပေး...တယ်လို့ မထင်ပါနဲ့။ တိုင်းပြည်တော်တော်များများ မရောက်ဖူးပါဘူး။ ရောက်ဖူးတဲ့ တိုင်းပြည်တွေမှာ ပွဲတိုင်းလိုလို အမှိုက်ပုံးလုံလုံလောက်လောက် မရှိဘူး၊ အချို့ပွဲဆို အမှိုက်ပုံးတောင် မရှိဘူး။ ဒါပေမယ့် ကိုယ်သယ်လာနိုင်တယ်ဆိုရင် ကိုယ်ပြန်ယူသွားနိုင်ရမယ်။ ပြန်မယူသွားနိုင်ဘူးဆိုရင် အစကတည်းက အိမ်က recycle လုပ်နိုင်တဲ့ ဘူးနဲ့ ရေ သို့မဟုတ် juice/drink/pop တစ်ခါတည်းထည့်ယူခဲ့ပြီး ပြန်ယူသွားနိုင်ရမှာပေါ့။

အနာဂတ်တိုင်းပြည်ကို ဒီဘူးကလေး အိတ်ကလေးကိုတောင် တာဝန်မယူနိုင်တဲ့ လူငယ်တွေလက်ထဲကို လူကြီးတွေ ဘယ်လိုထားခဲ့ရမလဲ...
အဝတ်အစား အလှအပ၊ အသောက်အစား၊ ဂီတသီချင်းတွေကို ခေတ်မှီတိုးတက်အောင် အမှီလိုက်နေသလို...
ကောင်းတဲ့စိတ်ဓာတ်တွေကိုလည်း ခေတ်မှီတိုးတက်အောင် လိုက်နိုင်ကြပါစေလို့ နှစ်သစ်မှာ ဆုတောင်းမင်္ဂလာ ပို့သလိုက်ရပါတယ်...။
photo credit: Voice Weekl
မလေး အိမ်ချမ်းမြေ့

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။