ကမ္ဘာကြီးကို စစ်ကြေငြာလိုက်တဲ့ မြောက်ကိုရီးယား
ဇော်အောင် (မုံရွာ)၊ ဧပြီ ၁၀၊ ၂၀၁၃
မြောက်ကိုးရီးယားက အမေရိကန်ကို စစ်ကြေငြာလိုက်တယ်... ဆိုတဲ့ သတင်း၊ သတင်းစာထဲ မမြင်လိုက်လို့ အင်တာနက်မှာ အတင်းလိုက်ရှာတော့၊ ပဋိပက္ခ အကြီးအကျယ်ဖြစ်နေတာ ။ စစ်သည်တော် အင်အားကိုပဲ ကြည့်ပြီး ခြေလျှင်တပ်နဲ့ တောင်ကိုးရီးယားမြို့တော်ကိ
တရုတ်ရဲ...့တပည့် ကွန်မြူနစ်နိုင်ငံဖြစ်ပြီး ဆင်းရဲ မွဲတေတဲ့ နိုင်ငံဖြစ်ပါတယ်။ သယံဇာတ ကြွယ်ဝပေမဲ့ အားလုံးစစ်ရေးမှာပဲ သုံးပစ်ပြီး အသက်၂၉နှစ်သား Kim Jong-un ကို ဘုရင်ပုံစံ ခေါင်းဆောင်တင်ထားတဲ့ ခပ်ကြမ်းကြမ်း မြောက်ကိုးရီးယားကို ထိန်းမရနိုင်ဖြစ်နေပါတယ်။
အထက်ပါ ဇယားကိုကြည့်ရင် ခြေလျှင်တပ် တစ်သန်းတစ်သိန်း နဲ့ ၇သိန်း အရေအတွက် အားဖြင့်၊ စစ်လက်နက်ပစ္စည်းများမှာ သာလွန်တဲ့အပြင် နူကလီယာဗုံး ၄လုံးကနေ ၁၂လုံးအထိ မြောက်ကိုးရီးယားက ပိုင်ဆိုင်ပါတယ်။
သို့သော် အမေရိကန်နောက်ခံထားတဲ့၊ ဂျပန်မှာအခြေချ လေတပ်၊ ရေတပ်များနဲ့ နောက်ဆုံးပေါ် နည်းပညာများ ရှိပါတယ်။ ဒါကြောင့် စစ်နည်းဗျူဟာရှင်များ အားလုံးနီးပါးက မြောက်ကိုးရီးယား စစ်ဝင်ရင်တော့ (ဆူဆိုက်)လုပ်တာပဲ လို့ဆိုပါတယ်။
လူအင်အားနဲ့ကြည့်ရင် တောင်ကိုးရီးယားစစ်သည် အင်အားတ၀က်ပဲရှိပေမဲ့ ကျန်းမာ၊ ကြံခိုင်၊ ခေတ်ပညာတတ်၊ ကျွမ်းကျင်မှုများရှိပါတယ်။ အထူးလေ့ကျင့်ထားသူများဖြစ်ပ
မြောက်ကိုးရီးယားမှာ နူကလီယာဗုံးများနဲ့ ဒုံးပျံပစ်စွမ်းအားတွေ ပိုင်ဆိုင်ထားပါတယ်။ ဓါတုလက်နက်မှာလည်း ကမ္ဘာ့တတိယ အကြီးဆုံးအင်အား တန်ချိန် ၅၀၀၀ ပိုင်ဆိုင်ပါတယ်။ စစ်သည် ၁သန်း ၁သိန်း၊ တင့်ကား ၄၁၀၀၊ သံချပ်ကား ၂၅၀၀၊ အမြောက်လက်နက် ၃၀,၀၀၀ ရှိပါတယ်။ ၁၉၅၃ခုနှစ် ကိုးရီးယားစစ်ပွဲနောက်ပိုင်
ကိုးရီးယားစစ်ပွဲ ၁၉၅၀-၁၉၅၃ (၃နှစ်၁လ) နောက်ကြောင်းပြန် …
စစ်ပွဲတွင် တရုတ်၊ ရုရှား၊ မြောက်ကိုးရီးယား ကွန်မြူနစ်နိုင်ငံများနှင့်
တောင်ကိုးရီးယားတပ်များ တန်ပြန်ထိုးစစ်ဖြင့် အနိုင်ရရှိနေချိန် မမျှော်လင့်ပဲ တရုပ်စစ်တပ်ကြီး (25 Oct 1950) တွင် ရုတ်တရက် ၀င်ရောက်တိုက်ခိုက်မှုကြောင့
အမေရိကန်၊ တောင်ကိုးရီးယား စစ်သားများ ၂သိန်းခန့်သေဆုံးပြီး၊ ၆သိန်းခန့် ဒဏ်ရာရခဲ့သည်။ တရုတ်၊ မြောက်ကိုးရီးယား စစ်သားများ ၄ သိန်းကျော် သေဆုံးခဲ့ပြီး၊ ၇သိန်းခန့် ဒဏ်ရာရခဲ့သည်။ ပြည်သူလူထု ၂သန်းခွဲခန့် သေကြေဒဏ်ရာရခဲ့သည်။
Myanmar News
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။