Shwe Eaim Si
ထူးဆန်းသော နိုင်ငံတကာဥပဒေများ
------------------------------ ------
(၁) အီတလီနိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ Milan မြို့ကိုရောက်ရင်
သင်သတိထားရမည့်အချက်က အသုဘအခမ်းအနားနဲ့ ဆေးရုံလူနာသွားမေးတဲ့အခါက လွဲရင်
သင်တစ်ချိန်လုံး ပြုံးနေဖို့ လိုပါတယ်။
(၂) အမေရိကန်နိုင်ငံ အရှေ့မြောက်ဘက်က New England
ပြည်နယ်မြို့တော်တစ်ခုဖြစ်တဲ့ Massachusetts ကို ရောက်ရင်တော့
တစ်ခုသတိထားပါ။ သင်ကားမောင်းလျှင် ကားမောင်းနေစဉ်အတွင်း ကားအရှေ့ခန်းမှာ
လိင်ဆက်ဆံမှုမပြုလုပ်ပါနဲ့၊ အဖမ်းခံရဖို့ ရှိပါတယ်။
(၃) နိုင်ငံတကာမြို့တော်ကြီးတွေမှာ မြို့တွင်းကားတွေမောင်းတဲ့အခါ
ဟွန်းမတီးရဥပဒေတွေ ရှိပါတယ်။ မြန်မာပြည် ရန်ကုန်မှာတောင်
ဟွန်းမတီးရနယ်မြေတွေ သတ်မှတ်ထားတာ တွေ့ဖူးမှာပေါ့။ ဒါပေမဲ့
ဒိန်းမတ်နိုင်ငံမှာတော့ ကားဟွန်းတီးဖို့ တရားဝင်သတ်မှတ်ထားပါတယ်။
နောက်ပြီး မိမိကားအောက်မှာ ကလေးငယ်လေးတွေ ရှိနေ/မနေ စစ်ဆေးဖို့လဲ
မမေ့ပါနဲ့။
(၄) ထိုင်းနိုင်ငံမှာတော့ အဆောက်အဦး အပြင်ဘက်ထွက်ရင် သင်တစ်ခု
သတိထားရမှာက အတွင်းခံဘောင်းဘီ ၀တ်ထားပြီးပြီလားဆိုတာ ကိုယ့်ကိုယ်ကို
စစ်ဆေးပါ။ ၀တ်မထားရင်တော့ တရားဝင်မဟုတ်ဘူးနော်။ ရဲလာစစ်လို့တွေ့သွားရင်
အဖမ်းခံရဖို့ ရှိပါတယ်။
(၅) အမေရိကန်နိုင်ငံရှိ အရှေ့လယ်ပိုင်းပြည်နယ်တစ်ခုဖြစ်
တဲ့ Michigan
ကိုရောက်ရင်တော့ လူအများရေကူးတဲ့ ရေကူးကန်ထဲ ရေကူးသွားမယ်ဆိုရင်
တစ်ခုသတိထားပါ။ အဲဒါက ဘာလဲဆိုရင် သင့်ရေကူးဝတ်စုံကို ရဲအရာရှိတွေဆီမှာ
အစစ်ဆေးခံပြီးပြီလား ဆိုတာပါပဲ။
(၆) အမေရိကန်နိုင် အရှေ့တောင်ပိုင်းဒေသက ပြည်နယ်တစ်ခုဖြစ်တဲ့ Florida
ရောက်ရင်တော့ ထူးဆန်းတဲ့ ဥပဒေနှစ်ခုကို သင်တွေ့ရပါလိမ့်မယ်။ တစ်က
အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတွေ တနင်္ဂနွေနေ့တွေမှာ လေထီးမခုန်ရ၊
ခုန်လျှင် ထောင်ဒဏ်။ နှစ်က ရေကူးဝတ်စုံဝတ်ပြီး သီချင်းမဆိုရ။
သင်အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် ဒါတွေကို သတိထားဖို့
လိုပါလိမ့်မယ်။
(၇) ပေါ်တူဂီနိုင်ငံအလယ်သွားမယ်ဆိုရင
်တော့ ကြိုတင်သတိထားရမည့်အချက်
တစ်ချက်ရှိပါတယ်။ အထူးသဖြင့် ပင်လယ်ဘက်တွေ ဘာတွေသွားရင်
ပိုသတိထားရပါ့မယ်။ အဲဒါက ဘာလဲဆိုတော့ “ပင်လယ်ထဲရှူရှူးမပန်းရ”ဥပဒေပါပ
ဲ။
ပန်းမိလို့ကတော့ ရဲနဲ့တွေ့ပြီသာမှတ်ပေတော့။
(၈) ဟောင်ကောင်မှာ သင်ဘာတွေသိခဲ့ဖူးသလဲ? အဲဒီမှာလဲ ထူးဆန်းတဲ့
စည်းကမ်းတွေရှိပါတယ်။ အထူးသဖြင့် လင်မယားတွေ သတိထားရမည့် စည်းကမ်းပါ။
မိန်းမလုပ်သူက တစ်ခြားယောက်ျားနဲ့ဖေါက်ပြားမိရ
င် ယောက်ျားဖြစ်သူက
သူ့ဇနီးကို ဘယ်နည်းနဲ့မဆို မိမိစိတ်တိုင်းကျ
နှိပ်စက်သတ်ဖြတ်ပိုင်ခွင့်ရှိပါ
တယ်။ အဲ--ယောက်ျားဖြစ်သူက
အခြားမိန်းမနဲ့ဖေါက်ပြားတယ်ဆိုရ
င်တော့ မိန်းမဖြစ်သူက သူ့လက်နှစ်ဘက်နဲ့ပဲ
သတ်ခွင့်ရှိပါတယ်။ ဒုတ်၊ ဓား၊ သေနတ်စသည် သုံးခွင့်မရှိပါဘူး။
(၉) ကမ္ဘာပေါ်မှာ ဆွင့်ဇလန်နိုင်ငံဟာ အေးချမ်းမှု၊ သာယာဝပြောမှုတွေနဲ့
နာမည်ကြီးပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေဟာ တိတ်ဆိတ်ငြိမ်သက်မှုကိုလဲ
မြတ်နိုးကြပါတယ်။ ဒါကြောင့် ညဆယ်နာရီနောက်ပိုင်း အိမ်သာတက်တဲ့အခါ
သတိထားပါ။ အိမ်သာတက်ပြီးရင် ရေဆွဲမချမိပါစေနဲ့။ ဥပဒေရှိပါတယ်။
ဆူညံအောင်လုပ်မှုနဲ့ တရားအစွဲခံရပါလိမ့်မယ်။
(၁၀) သင် ကနေဒါနိုင်ငံသို့ ရောက်ဖူးပါသလား? အဲဒီမှာလဲ ထူးဆန်းတဲ့
လုပ်ပုံကိုင်ပုံတွေ ရှိတယ်နော်။ ပြစ်မှုကျူးလွန်လို့ ထောင်ကျတဲ့
ထောင်သားတွေကို ထောင်ကလွှတ်တဲ့အခါ ကျည်ဆန်ထည့်ထားတဲ့
လက်ကိုင်သေနတ်တစ်လက်နဲ့ မြင်းတစ်ကောင်ပေးပါတယ်။ အဒီထောင်သားက သေနတ်ကိုယူ
မြင်းကို စီးပြီး မြို့ပြင်ကို ထွက်သွားရပါတယ်။
..BY-Si Thu
http://www.facebook.com/ groups/shweaeimsilibrary/
http://www.facebook.com/pages/ ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနြ ပုသည်/511509612202059
------------------------------

http://www.facebook.com/
http://www.facebook.com/pages/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။