Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, April 3, 2013

ဗိုလ်ချုပ်အောင်ဆန်းနဲ့သက္ကလပ်အကျီင်္အကြောင်း

 

ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်
1947ခုနှစ်၊ဇန်န၀ါရီလ 2ရက်နေ့တွင်လွတ်လပ်ရေးအတွက်ဆွေးနွေးရန် လန်ဒန်သို့ ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်စတင်ထွက်ခွာလာခဲ့ရာ
လန်ဒန်ထိအောင်တိုက်ရိုက်မသွားဘဲ အိန္ဒိယပြည် နယူးဒေလီမြို့တော်သို့ ၀င်နားခဲ့သေး၏။ရည်ရွယ်ချက်ကား ဗြိတိသျှအစိုးရနှင့် စကားမပြောမီ အိမ်နီးချင်းနိုင်ငံ အိန္ဒိယပြည်မှ ခေါင်းဆောင်ကြီးဂျဝါဟလာဟ်နေရူးနှင့် ရင်းရင်းနှီးနှီး ကြိုတင်တိုင်ပင်ဆွေးနွေးလိုသောကြောင့်ပင်ဖြစ်သည်။
ထိုနေ့ညနေဘက်တွင် နယူးဒေလီမြို့သို့ရောက်ပြီး အိန္ဒိယခေါင်းဆောင်ကြီး မစ္စတာနေရူး၏အိမ်မှာပင် တည်းခိုခဲ့သည်။သို့နှင့်ပင် ဗိုလ်ချုပ်အောင်ဆန်းသည် 1947ခုနှစ် ဇန်န၀ါရီ 2ရက်နေ့ညမှစ၍ 6ရက်နေ့အထိ နယူးဒေလီတွင် လေးရက်ကြာနေထိုင်ကာ အိန္ဒယခေါင်းဆောင်ကြီး မစ္စတာနေရူးနှင့် နိုင်ငံရေးပြဿနာများကိုကျယ်ကျယ်...ပြန့်ပြန့်ဆွေးနွေးတိုင်ပင်ခဲ့သည်။
ဇန်န၀ါရီ 4ရက်နေ့ညဘက် ဗိုလ်ချုပ်ညဘက် ဗိုလ်ချုပ်သည် မစ္စတာနေရူးနှင့် ဆက်လက်၍ပြောဆိုဆွေးနွေးကြပါသည်။ နေရူးသည် သူမှာ
ကြားလိုသော အချက်များကို ပြောဆိုပြီးနောက် ဗိုလ်ချုပ်အား မေးခွန်းတစ်ခုမေးပါသည်။
“ ဒါထက် အောင်ဆန်း၊မင်းအင်္ဂလန်ပြည်ရောက်ရင် ဘာအ၀တ်အစားဝတ်မှာလဲ”
ဤတွင် ဗိုလ်ချုပ်သည် မည်သို့မျှ ပြန်မပြောဘဲ သူဝတ်ထားသော ကာကီဇင်ယူနီဖောင်း တစ်ပတ်နွမ်းကိုပြန်ငုံ့ကြည့်ရင်း ပြုံးနေလိုက်သည်။
သည်တော့ နေရူးသဘောပေါက်သွားပြီးအံ့သြနေပုံရပါသည်။
“ ဟာ...မင်းရဲ့ဒီအ၀တ်အစားမျိုးနဲ့ အလွန်အေးတဲံ့ လန်ဒန်မြို့ဆောင်းရာသီမှာ ဘယ်ဝတ်လို့ ဖြစ်မလဲကွယ့်၊ပြီးတော့ ဟိုကျရင်မင်းကို ဂျော့ဘုရင်မင်းမြတ်က ဘတ်ကင်ဟမ် နန်းတော်မှာ ပွဲတော်တည်ဖို့ ဖိတ်ချင်ဖိတ်နေမှာ၊အဆောင်အယောင်ပကာသန အလွန်ကြိုက်ကြတာ၊ဗြိတိသျှလူမျိုးပရိသတ်အလဘယ်မှာ မင်းက အ၀တ်အစား ပြည့်ပြည့်စုံစုံမပါရင် ခက်နေပါအုံးမယ် မဖြစ်ပါဘူး ကြည့်လုပ်ပေးလိုက်အုံးမှပဲ”
ပြောပြောဆိုဆို မစ္စတာနေရူးသည် သူ၏အတွင်းဝန်တစ်ဦးအား ချက်ချင်းခေါ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွတပည့်ဖြစ်သူ ကျွန်တော့်အတွက်ပါ သင့်လျော်မည့်ဝတ်စုံများချုပ်ပေးရန် ညွှန်ကြားလိုက်ပါသည်။
ညတွင်းချင်းပင် အပ်ချုပ်ပညာသည်များ ရောက်လာပြီး စနစ်တကျ ကိုယ်တိုင်းများယူသွားကြပြီးနောက် 24နာရီအတွင်း(နောက်နေ့ညနေဘက်)
ကျွန်တော်တို့ဆရာတပည့်နှစ်ယောက် အတွက် အနွေးထည် သိုးမွှေးသက္ကလပ်ဖြင့်ပြီးသော စစ်ဝတ်စုံ၊ရှပ်အကျီင်္၊နက်တိုင်လည်စီး၊ကက်ဦးထုတ်မှစ၍ အပြည့်အစုံရရှိခဲံ့ပါတော့သည်။ ဤနည်းဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် နယူးဒေလီမှ ခရီးဆက်သောအခါတွင်ပုံပမ်းကျနသပ်ရပ်စွာသော သက္ကလပ်
စစ်ဝတ်စုံယူနီဖောင်းဝတ်ပြီးထွက်နိုင်ခဲ့ပါသည်။
ယနေ့ ပြည်သူများသိနေသော ဗိုလ်ချုပ်၏လန်ဒန်သွား ဓါတ်ပုံထဲမှ သက္ကလပ် စစ်ဝတ်စုံယူနီဖောင်းမှာ သူကိုယ်တိုင်မြန်မာပြည်မှချုပ်ယူသွားခြင်းမဟုတ်၊အိန္ဒိယခေါင်းဆောင်ကြီး
မစ္စတာနေရူးက ဗိုလ်ချုပ်လန်ဒန်အသွားလမ်းခုလပ်တွင် အမြင်မတော်၍ ဆင်ပေးလိုက်သော လက်ဆောင်ပင်ဖြစ်တော့သတည်း...။ ။

Moekyashweco
ကိုးကား၊တက္ကသိုလ်နေ၀င်း(ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေး
ကြိုးပမ်းမှုမှတ်တမ်း)
April Maung Maung

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။