Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 14, 2012

လူငယ်တွေမည်သို့ လျှောက်လှမ်းကြမည်လဲ




Written by မင်းလွင် (အနကလ) Sunday, 14 October 2012 10:43

"ကမာရွတ်မြို့နယ်၊ အင်းယားကန်ပေါင်တွင် သတ်မှတ်ချိန်ကျော်လွန်သွား၍ ၀န်ထမ်းတစ်ဦးမှပြန်ခိုင်းခြင်းကြောင့် မကျေနပ်သည့် လူတစ်စုက ဆိုင်ကယ်များဖြင့်ပြန်လာပြီး မင်းမဲ့စရိုက်ဆန်စွာ အခြားသူများကိုပါ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့'' ဟူသော သတင်းတစ်ရပ်ကို Eleven Journal website မှာ ဖတ်လိုက်ရတော့ တုန်လှုပ်မိပါတယ်။

စာရေးသူတို့ မြန်မာနိုင်ငံမှာ အာဏာပိုင်ဆိုတာ ဘယ်သူလဲလို့ မေးရတော့မလိုဖြစ်နေပါပြီ။ အထက်ပါ သတင်းအရဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ ''တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ'' ကို အားနာစရာကြီးဖြစ်နေပြီ ဒါကလက်ရှိ ဥပဒေတွေ မစိုးမိုးနိုင်ဘူး ဆိုတဲ့သဘော မသက်ရောက်ပေဘူးလား။


တကယ်တော့ အထက်ပါဖြစ်ရပ်ဟာ ရာဇ၀တ်မှုပါ။ ရာဇ၀တ်မှုနှင့် ပတ်သက်လို့ကတော့ မည်သည့်နိုင်ငံမှာမဆို ဒီမိုကရေစီအစိုးရပဲတက်တက်၊ အာဏာရှင်အစိုးရပဲတက်တက် ဖြေလျော့ရိုး၊ သက်သာစေတဲ့ ဥပဒေမျိုး မပြဋ္ဌာန်းရိုး အမှန်ပါ။ ရာဇ၀တ်မှုမျိုးကို အာဏာရှင်စနစ်ကရော၊ ဒီမိုကရေစီကရော လက်မခံပါ။ တရားဥပဒေကြောင်းအရ ပြဋ္ဌာန်း သတ်မှတ်စမြဲဖြစ်ပါတယ်။ တစ်ဖက်ကခံရသူ၊ နစ်နာသူတွေရှိနေလို့ပါပဲ။

ဒါပေမဲ့ စဉ်းစားစရာအချက်တွေ အများကြီးရှိပါတယ်။ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးလို့ အမည်တပ် တာဝန်ပေးခံရတဲ့ကော်မတီ ပေါ်ထွက်လာပြီးတဲ့နောက် ဥပဒေကို လေးစားလိုက်နာရကောင်းမှန်း မသိတဲ့ ရာဇ၀တ်မှုကျူးလွန်သူတွေ တစ်စတစ်စများလာတာပဲ ဖြစ်ပါတယ်။တစ်ယောက်ထဲက ကျူးလွန်တဲ့ ရာဇ၀တ်မှု မဟုတ်တော့ဘဲ အုပ်စုလိုက်ကျူးလွန်ခြင်းက စိန်ခေါ်ခြင်း တစ်မျိုးလားလို့ အတွေးနယ်ချဲ့မိပါတယ်။ လူအုပ်စုနဲ့ပြုလုပ်တာမို့ တစ်စုံတစ်ရာရည် ရွယ်ချက်ရှိနေသလားလို့ ကောက်ချက်ရမလိုဖြစ်နေတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လိုလားသူများ ရှိပါသလားလို့မေးရင် ကိုးဆယ့်ကိုးရာခိုင်နှုန်းက လိုလားပါတယ်လို့ ဖြေကြမယ်ထင်ပါတယ်။ ဒါပေမဲ့ အတွင်းကျိတ် မလိုလားသူတွေလည်း ရှိနေနိုင်တာကိုလည်း သတိချပ်ရမှာပါ။

ဒါကို စာရေးသူတို့ စက်မှုတက္ကသိုလ်မှာ Logistic ဘာသာရပ်သင်တန်းက ဥပမာလေးနဲ့ ပြောချင်ပါတယ်။

ဒီဘက်မှာ A ရှိတယ်၊ ဟိုဘက်မှာ B ရှိတယ်၊ A နှင့် B ပဋိပက္ခဖြစ်တယ်၊ A ကို ထောက်ခံသူတွေ A ဘက်မှာရပ် B ကိုထောက်ခံသူတွေ B ဘက် မှာရပ်။ အဲဒီလိုခွဲခြားလိုက်တယ်။

ဒါပေမဲ့ ရပ်နေတဲ့သူတွေက နှစ်လိုင်းတင်မက သုံးလိုင်းဖြစ်နေတော့ နောက်ဆုံးလိုင်းမှာရပ်တဲ့သူများကို မေးတော့သူတို့က A လည်း မဟုတ် B လည်း မဟုတ်တဲ့။ ဒီလိုဘယ်လည်းမဟုတ် ညာလည်းမဟုတ် ဆိုတဲ့သူတွေက ပိုအင်အားကြီးပြီး နှောင့်ယှက် တတ်ပါတယ်။

ဒီကနေ့ နိုင်ငံတော်ကို ဒီမိုကရေစီ ပြောင်းလဲရေး ပထမဂီယာထိုးချိန်မှာ ဂျမ်းမဖြစ်စေချင်ပါဘူး။ အရှိန်မရသေးလို့ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အားကြိုးမာန်တက် လက်တွဲဆောင်ရွက်နေတာ မြန်မာနိုင်ငံသူနိုင်ငံသားတွေ အသိပါ။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကလည်း အသက်ဝင်လှုပ်ရှားဆောင်ရွက်နေတာပါ။

ဒါကိုချေဖျက်ဖို့များ (သို့မဟုတ်) မြန်မာလူငယ်တချို့တွေရဲ့ စိတ်အရင်းခံကြောင့်ပဲလား မသိပါဘူး။ လူအုပ်စုနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြယ်အားပျော့သွားအောင် ဖျက်နေတာကတော့ အင်မတန် ရုပ်ဆိုးအကျည်းတန်လှပါတယ်။ ဒီအချိန်မှာ နိုင်ငံတကာက စိတ်ဝင်စားမှု မြင့်တက်နေတဲ့အချိန် မင်းမဲ့စရိုက်ဆန်ဆန်လူအုပ်စုနဲ့ရိုက်နှက်တဲ့ နိုင်ငံပါကွာလို့ တံဆိပ်ကပ်လိုက်ရင် စာရေးသူတို့ရဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် သိက္ခာကျစရာ ဖြစ်ပေတော့မယ်။

တရားဥပဒေစိုးမိုးရေးမှာ ဘက်နှစ်ဖက်ရှိပါတယ်။ စိုးမိုးရေးကို ဆောင်ရွက်ရသူ အာဏာပိုင်အဖွဲ့အစည်းနှင့် လိုက်နာရသူ ပြည်သူပြည်သားတွေပါပဲ။ လိုက်နာရမယ့်သူက မလိုက်နာဘဲ အင်းယားကန်ပေါင်ပေါ်ကအဖြစ်လို လူ(၂၅-၃၀) လောက်နဲ့ မင်းမဲ့စရိုက် ဆန်ဆန် ရမ်းကားမယ် ဆိုရင်တော့ မြန်မာပြည်ကြီးကို မြန်မာနိုင်ငံသားတွေက စောင့်ရှောက်နေကြတာမှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်စရာပါ။ (မတရားသော တရားဥပဒေကို ရုပ်သိမ်းပယ်ဖျက်ဖို့က ဆောင်ရွက်ရမယ့် အခြားကိစ္စတစ်ခုပါ။)

ဒီကနေ့ ပြစ်မှုကျူးလွန်ဖို့ကြံရွယ်နေတဲ့ အချို့လူငယ်များကို အကြံပြုလိုပါတယ်။ အာဏာရှင်ခေတ်တုန်းက ကိစ္စရပ်အတော်များများကို ယင်းတို့ရဲ့ စိတ်ခံစားမှုနှင့်အတူ ဆုံးဖြတ်ကြတယ်လို့ စွပ်စွဲကြပါတယ်။ ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံပြည်သူအားလုံးက ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဘ၀နဲ့ရင်းပြီး လူတိုင်းလူတိုင်း ကျရာအခန်းကဏ္ဍကနေ ကိုယ်စီကိုယ်စီ ချီတက်နေကြချိန်မှာ အာဏာရှင်တွေလိုပဲ စိတ်ခံစားမှုနဲ့ လုပ်ကြမှာလား၊ ရာဇ၀တ်မှု လုပ်ရပ်တွေနဲ့ လျောက်လှမ်းသွားမှာလားလို့ အချို့သော လူငယ်များကို မေးရင်း မိမိကြောင့် တရားဥပဒေမိုးစိုးရေးကို မနှောင့်ယှက်မိစေဖို့ တိုက်တွန်းချင်ပါတယ်။ ယနေ့ လူငယ် နောင်ဝယ် လူကြီးဆိုတဲ့ ဆိုရိုးစကားလည်း ရှိပါတယ်။ ဒါက အသက်ကြီးလာတဲ့ ပုံစံကိုပြောတာ မဟုတ်ပါဘူး။ တည်ငြိမ်ရင့်ကျက်နိုင်ရန် တိုက်တွန်းတဲ့ စကားလို့ မှတ်ယူစေချင်ပါတယ်။

လူငယ် ၃၀ ဆိုတော့ များလွန်းလို့ အထက်ပါ မေးခွန်းကို မေးရင်း ပြောရတာပါ။ တစ်ယောက်နှစ်ယောက်ပဲ ဆိုရင်တော့ မမေးပါဘူး။ ကျန်တဲ့နောက်လိုက်လူငယ်တွေဟာ မည်သည့် အကျိုးကို မျှော်ကိုးပြီး ဒီလိုအမှုမျိုးတွေလုပ်ရတာလဲလို့ ထပ်ပြီးမေးချင် ပါသေးတယ်။ တရားဥပဒေစိုးမိုးရေးဆိုတဲ့ကော်မတီကို ပြက်ရယ်ပြုချင်နေတာများလားလို့ စဉ်းစားစရာပါ။

မြန်မာနိုင်ငံမှာ မွေးဖွားပြီးကြီးပြင်းလာရတဲ့ လူငယ်တွေမြန်မာနိုင်ငံကိုတော့ ချစ်ကြမှာပဲလို့ ယုံကြည်ပါတယ်။

မြန်မာပြည်ရဲ့ အနာဂတ်ဟာ ဒီကနေ့လူငယ်တွေရဲ့ လက်ထဲမှာပါ။ အင်းယားကန်ပေါင်ပေါ်မှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ လူငယ်တွေရဲ့ လက်ထဲမှာလည်း ရှိနေပါတယ်။ မင်းမဲ့စရိုက်ဆန်ဆန်၊ လူမိုက်ဆန်ဆန်၊ ရိုက်တာနှက်တာ၊ ဓားနဲ့ခုတ်တာဟာ မလုပ်သင့် မလုပ်ထိုက်တဲ့အလုပ်ပါ။ ဒီလိုသာဖြစ်နေမယ်ဆိုရင် မြန်မာပြည်ကို ဘယ်နိုင်ငံကမှ လာရဲမှာ မဟုတ်သလို ပြည်တွင်းက မိဘပြည်သူများလည်း ဘယ်ဒေသ၊ ဘယ်နိုင်ငံကို သွားနေရမလဲဆိုပြီး စိုးရိမ်ကြောင့်ကြစွာ နေစေတော့မှာလား။ ဒီအယောက် (၂၅-၃၀) လောက်နဲ့ သန်း ၆၀ ကို ဘာမှမဖြစ်စေပါဘူးဆိုရင်လည်း အကြိမ်များစွာ ဒီလိုဖြစ်နေရင် စိတ်ချလက်ချသူတို့တွေ နေနိုင်ကြပါ့မလား။ ငယ်ငယ်ကကြားဖူးခဲ့သလို လမ်းထဲမှာ ခေါင်းတုံးနှင့် ရုပ်ဆိုးဆိုး လူသတ်သမားရှိတယ်ဆိုတဲ့ ပုံပြင်ကို နားထောင်ခဲ့ရတဲ့အချိန်တုန်းကတောင် ညမှောင်ရင် အိမ်အပြင်မထွက်ရဲတော့တဲ့ မြန်မာလူမျိုးတွေပါ။

နှလုံးသားနူးညံ့ပြီး၊ အင်မတန်ယဉ်ကျေးဖော်ရွေကြင်နာတတ်တယ် ဆိုတဲ့ မြန်မာလူမျိုးတွေရဲ့ စရိုက် လက္ခဏာတွေ မြောင်းထဲ ရောက်ကုန်တော့မှာလား။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး အပုပ်ခံရတော့မှာလား။ ဒီမိုကရေစီအရေး ကြွေးကြော်နေကြတဲ့ ဒီအချိန်မှာ ဒီလိုကိစ္စမျိုး မပြောဝံ့ သလိုပါပဲ။

စာရေးသူကတော့ စိတ်မကောင်း ဖြစ်ရပါတယ်။
သြော် . . . ငြိမ်းချမ်းရေးကျောက်တိုင်ထူခဲ့တဲ့ အင်းယားကန်ပေါင်မှာ မငြိမ်းချမ်းတဲ့ဖြစ်ရပ်တွေ ပါလားလို့ တွေးမိပါတယ်။ ဒီလိုလုပ်ရတော့ ပါဝင်ပတ်သက်သူတွေရဲ့ စိတ်ထဲမှာ ဘယ်လိုရှိမယ် မသိဘူး။ အရင်ဦးဆုံး ကိုယ့်မိသားစုကတော့ စိတ်ပူနေကြမှာသေချာတယ်။ ငွေရလို့ပဲဖြစ်ဖြစ်၊ ခင်မင်လို့ပဲဖြစ်ဖြစ်၊ နောက်ကနေ ညာသံပေးပြီး လုပ်ခဲ့ကြတာ စိတ်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျေနပ်နေပါရဲ့လားလို့ ဆိုချင်ပါတယ်။ အမှား၊ အမှန်ကို ခွဲခြားပြီး လုပ်သင့်သလား၊ မလုပ်သင့်ဘူးလားဆိုတာကို စဉ်းစားချင့်ချိန်သင့် ပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတုန်းက စွမ်းအားရှင်တွေလို ဘာမှမစဉ်းစားပဲ သံဃာများအား ရိုက်နှက်ဖူးတာကို အားမကျစေလိုပါ။ အဆိုပါ စွမ်းအားရှင်တွေကို နိုင်ငံခြားမှတင်သွင်း(Import) လုပ်လာတာ မဟုတ်ပါ။ ဒီနိုင်ငံထဲကပါပဲ။

ယခုလည်း မင်းမဲ့စရိုက်ဆန်ဆန်၊ ဥပဒေမစိုးမိုးနိုင်ရေးအတွက် နိုင်ငံခြားမှ တင်သွင်းလာစရာ မလိုဘဲ ပြည်တွင်းမှာရနိုင်နေပါလားလို့ တွေးရင်း ရင်လေးမိပါတယ်။

အခြားသော လူငယ်များကိုလည်း ဒီလိုရာဇ၀တ်မှုမျိုး တရားဥပဒေချိုးဖောက်ခြင်းမှ ကင်းဝေးနိုင်စေရေး၊ ပြစ်မှုကျူးလွန်ရန် သိမ်းသွင်း စည်းရုံးခံရခြင်းမှ လွတ်ကင်းနိုင်စေရေး၊ ဒီလို အလေ့အကျင့် (Culture)တွေ မပြန့်ပွားစေရေးတို့အတွက် မိဘပြည်သူများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို ရေးသားလိုက်ရပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။