Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 17, 2012

အနံ့ဆိုး

အမျိုးသမီးတစ်ယောက် ကျွန်မနားကို ကပ်လာပါတယ်။ ကောင်မလေးက အတော်လေးကို အသားဖြူပြီး ချောမောလှပတဲ့ သူလေးတစ်ယောက် ဖြစ်ပါတယ်။ နုပျိုသွက်လက်တဲ့ဟန်က အထင်းသားပါပဲ။ ကျွန်မ အနားကပ်ပြီး စကားပြောလိုက်တဲ့ အချိန်မှာတော့ ကျွန်မ သည်းညည်း မခံနိုင်လောက်အောင် အနံ့ဆိုးတစ်ခုက နှာခေါင်းထဲကို တိုးဝင်လို့ လာပါတယ်။ အံ့အားသင့်ခြင်းကြီးစွာနဲ့ သူ့ကိုကြည့်ုလိုက်ပြီး စဉ်းစားမိလိုက်တာကတော့ ပျိုမေတို့ ရူပလက္ခဏာကိုသာ ပေါလစ်ရှ် တင်နေကြတာ တစ်ကိုယ်ရေ ကျန်းမာရေး အခြေခံအချက်တွေကိုလည်း အလေးပြုသင့်တယ် ဆိုတာပါပဲ။ တချို့အချက်တွေဟာ ခံတွင်းနံ့ ဆိုးရွားသလို လူတစ်ယောက်ရဲ့ထင်သာမြင်သာ ဆွဲဆောင်မှုတွေကို ချက်ချင်းဗြုန်းစားကြီး ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ခံတွင်းနံ့ ဆိုးရွားတာနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ဖော်ပြလိုက်ရပါတယ်။

အကြောင်းရင်းများ
အစားအသောက်၊ အိပ်စက်ခြင်း၊ ဆေးဝါးတချို့ သောက်သုံးခြင်း၊ စကားအများကြီး ပြောခြင်းနဲ့ လေ့ကျင့်ခန်းတို့ကြောင့် ခံတွင်းခြောက်သွေ့ပြီး တံတွေး လုံလောက်မှု မရှိတဲ့အတွက် အနံ့ဆိုးများ ထွက်လေ့ရှိပါတယ်။ သွားဖုံးရောဂါ၊ ခံတွင်းနဲ့ ပတ်သက်သော ရောဂါများကြောင့်လည်း သွားသန့်ရှင်းမှု အားနည်းပြီးတော့ အနံ့ဆိုး ထွက်တတ်ပါသေးတယ်။ အမျိုးသမီးများ ဓမ္မတာလာတာနဲ့ ပတ်သက်ပြီးတော့လည်း သွားဖုံးရောင်ပြီး အနံ့ဆိုး ထွက်တတ်ပါသေးတယ်။ မယုံမရှိပါနဲ့။ တံတွေးဟာ ခံတွင်းအနံ့ဆိုး ထွက်တာကို အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ ဇီဝဆေးပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ အလွယ်ဆုံး နားပေါက်အောင် ရှင်းပြရရင်တော့ မနက် အိပ်ရာထတဲ့အခါမှာ ခံတွင်းက နံနေတာဟာ ညဘက် အိပ်နေစဉ်မှာ ခံတွင်းထဲ တံတွေးထုတ်လုပ်မှု နှေးကွေးသွား ပြီး ခြောက်သွေ့သွားတဲ့ အတွက် အနံ့ဆိုး ထွက်ရခြင်းပဲ ဖြစ်ပါတယ်။ ပီကေစားတာဟာ တံတွေးထွက်စေပါတယ်။ သကြားမပါတဲ့ ပီကေတွေ စားနိုင်ပါတယ်။ အကြောင်းရင်း သိသွားပြီဆိုရင် ကုသခြင်းဘက် လှည့်လိုက်ရအောင်။ ကုသခြင်းဘက် မလှည့်ခင် ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုကောင်းမွန်တဲ့ လမ်းညွှန်ချက်အတိုင်း ကြိုတင် ကာကွယ်ထားရမယ့် အချက်တွေကို ဦးစွာ ဖော်ပြချင်ပါတယ်။
သွားတိုက်ခြင်း
အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။ သွားတိုက်ပါ။ စားကြင်းစားကျန်တွေဟာ အစာစားသောက်ပြီးတိုင်း သွားတွေထဲမှာ ကပ်ငြိ ကျန်နေလေ့ရှိပါတယ်။ အကြွင်းအကျန်က တစ်ဆင့် အညစ်အကြေးဖြစ်ကာ အနံ့အသက်ဆီ ကူးပြောင်းသွားပါတယ်။ ဒါကြောင့် ပလုတ်ကျင်း၊ သွားတိုက်ပေးရပါမယ်။ သွားတိုက်ရင် လျှာကိုလည်း တိုက်ပေးသင့်ပါတယ်။ လျှာကိုတိုက်ပေးခြင်းဟာ ရသာရုံကို ပိုမိုကောင်းမွန်စေပြီး အနံ့အသက်ပါ ပျောက်ကင်းစေပါတယ်။ သွားတိုက်တာကို တစ်နေ့ ၂ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။ တစ်ပတ်တစ်ခါ ဆားနဲ့ ပလုတ်ကျင်းပေးသင့်ပါ တယ်။ လျှာကို တိုက်တဲ့အခါ သွားကို တိုက်တဲ့ သွားပွတ်တံနဲ့ မတိုက်ဘဲ သီးသန့်တစ်ချောင်းနဲ့ တိုက်တာ ပိုကောင်းပါတယ်။
ရေသောက်ပေးခြင်း
ခံတွင်း ခြောက်သွေ့မှု မဖြစ်စေရန် ရေများများသောက်ဖို့ လိုအပ်ပါတယ်။ ဒါမှ ခံတွင်းမှာ ခြောက်သွေ့မှု မဖြစ်တော့ဘဲ အနံ့ဆိုးများ ကင်းဝေးစေမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ မိမိကိုယ်ကို ရေဆာနေတယ်ဆိုတာ သာမန် အခြေအနေမှာ မသိရှိနိုင်ကြပါဘူး။ ရေသောက်ခြင်းကို အကျင့်တစ်ရပ်အနေနဲ့ ပြုစုပျိုးထောင် ထားသင့်ပါတယ်။ ရေဓာတ်ဟာ ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေကို အနည်းဆုံးဖြစ်အောင် ဖယ်ရှားပေးနိုင်ပါတယ်။ နောက်ပြီး ရေသောက်ခြင်းဟာ တခြားသော အာရောဂျံဟိတများကိုပါ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ အစားအသောက် အနံ့ဆိုးများ ထွက်စေသည့် အစားအသောက်များကို တတ်အားသမျှ ရှောင်ကြဉ်သင့်ပါတယ်။ ယေဘုယျအားဖြင့် အစားအသောက်လေးမျိုးဟာ ခံတွင်းအနံ့အသက် ဆိုးစေအောင် ပြုလုပ်ပေးပါတယ်။ ဘာတွေလဲဆိုတော့…..ပရိုတင်းဓာတ် အများအပြားပါတဲ့ အစားအသောက်များဟာ ပထမ စာရင်းဝင်ပါတယ်။ အမဲသား ၊ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့နဲ့ နို့ထွက် ပစ္စည်းများဟာ ခံတွင်းကို အနံ့အသက် ဆိုးစေပါတယ်။ ဒုတိယတစ်ခုကတော့ အက်ဆစ်ဓာတ်ပါတဲ့ အစားအသောက်များ ဖြစ်ပါတယ်။ အက်ဆစ်ဓာတ်ပါတဲ့ အစားအသောက်တွေ အများအပြား စားသုံးခြင်းဟာလည်း ခန္ဓာကိုယ်မှာရှိတဲ့ PH အနေအထားကို ပျက်ယွင်းစေပါတယ်။ ဘက်တီးရီးယားပိုးတွေ များပြားလာအောင် လှုံ့ဆော်ပေးတဲ့ အစားအသောက်လည်း ဖြစ်ပါတယ်။ လိမ္မော်သီး၊ နာနတ်သီး၊ ခရမ်းချဉ်သီးတို့ဟာ အက်ဆစ်ဓာတ် ပါပါတယ်။ ကော်ဖီကိုလည်း လျှော့သောက်သင့်ပါတယ်။ တတိယတစ်မျိုးကတော့ သကြားဓာတ် များပြားစွာပါဝင်တဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ခံတွင်းအနံ့ ဆိုးစေရုံသာမက သွားကြွေလွှာတွေကိုပါ ပျက်စီးစေပါတယ်။ သွားဖုံး ရောဂါတွေကိုလည်း ဖိတ်ခေါ်စေပါတယ်။ စတုတ္ထတစ်မျိုးကတော့ အရက်သေစာ သောက်စားခြင်းပဲ ဖြစ်ပါတယ်။ အရက်အပြင် အရက်ပါဝင်တဲ့ အစားအသောက်များကိုလည်း ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်သုံးတာလည်း အနံ့ဆိုးထွက်စေပါတယ်။ အထက်ပါ အစားအသောက်များအပြင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ တခြား အစပ်အစားအသောက်များကိုလည်း ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဂေါ်ဖီထုပ်ဟာလည်း အနံ့ဆိုးစေပါတယ်။ စိတ်ဖိစီးမှုဖြစ်လာရင်လည်း ခန္ဓာကိုယ်ရှိ အစာချေဖျက်မှုစနစ် ပျက်ယွင်းပြီး အနံ့ဆိုးထွက်ဖို့ အလားအလာ ကောင်းစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု မဖြစ်အောင်လည်း နေထိုင်သင့်ပါတယ်။ ဥတု၊စိတ်၊ အာဟာရ မျှတအောင် နေထိုင်သင့်ကြောင်း အကြံပြုရင်း ဒီတစ်ပတ် ဒီမျှနဲ့သာ…….
8 Days Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။