Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 14, 2012

ကိုနိုဗယ့် အကြောင်းတစေ့တစောင်း

ကျွန်တော်တို့ အတော်များများဟာအကျိုးမြင်ဝါဒီသမားတွေများကြပါတယ် ။ ဘာကြောင့်လဲဆိုတော့ အကြောင်း ကိစ္စ တစ်ခုခု ကို တွေ့ပြီဆိုရင် ရလာကြတဲ့ ရလာဒ် ကိုပဲ ကောင်းလား ၊ မကောင်းလား ၊ ကြီးလား ၊ ငယ်လား သုံးသပ်တတ်ကြတယ် ။ ဒါပေမဲ့ အဒီအကျိုးတွေရဲ့ မူလဘူတ အကြောင်းတရားကိုတော့ စိတ်ဝင်စားသူဟာ အလွန်တရာကို နည်းကြပါတယ် ။ ဥပမာ တစ်ခုပေါ့ ဗလကြီးတွေ ဟက်နေတဲ့ ကာယဗလမောင်တစ်ယောက် ရဲ့ ပုံကိုတွေ့ပြီဆိုပါတော့
“ မိုက်တယ်ကွာ ..ဗလကြီးတွေကို ဟက်နေတာပဲ” .. “ လူဘီလူးကြီးနဲ့တူတယ် ” ..
“ အပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့မရဘူးတချို့ ဗလကြီးကြီးပြီး ပုံး နေတာတွေမှပုံလို့” .. “အလကားပါကွာ .. အလုပ်မရှိ အလုပ်ရှာ ၊ အဲဒီခန္ဓာကိုယ်ကြီးတွေ ဘယ်သွားသုံးစားရမလဲ ” … စသဖြင့်ပေါ့ ဝေဖန်သံ တွေ ကို အများဆုံးကြားရမှာဖြစ်ပါတယ် ။ ဒါပေမဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ခြင်းရဲ့ တကယ့် မူလ အကြောင်းတရားဖြစ်တဲ့ ဇွဲစိတ် ၊ ပုံမှန်လေ့ကျင့်မှု ၊ အစားအသောက်ဆင်ခြင်မှု ၊ မှန်ကန်တဲ့ နည်းစနစ် စတာတွေ နဲ့ ပက်သက်ပြီး ဝေဖန်ချက်တွေက တော့ မရှိသလောက်ကိုရှာမှ ရှားပါပဲ ။
အဲလိုပါပဲ ကမ္ဘာမှာ အတော်များများသိကြတဲ့ နိုဗယ်ဆု ကို ကျွန်တော်တို့ အတော်များများလည်း သိကြပါတယ် ။ ဘယ်သူတွေ တော့ နိုဗယ် ဆုရသွားပြီ ၊ ဘယ်သူတွေကတော့ရနိုင်တယ် ၊ အဲဒီနိုဗယ်ဆုက မကောင်းဘူး ၊ ဒီနိုဗယ်ဆုကတော့ နောက်ကွယ်မှာ နှောင်ကြိုးတွေပါတယ် …စသဖြင့်ပေါ့ လေ အကျိုးတရားနဲ့ ပက်သက်တဲ့ ဝေဖန်ချက်တွေ ကို များစွာတွေ့ရပါတယ် ။ ဒါပေမဲ့ တကယ့် အကြောင်းတရားဖြစ်တဲ့ နိုဗယ်ဆုဘယ်ကစဖြစ်လဲ ၊ နိုဗယ်ဆိုတာဘယ်သူလဲ ၊ ဘယ်တုန်းကပေးတာလဲ ၊ ဘာကြောင့် နိုဗယ်ဆုပေးတာလဲ ၊ ဘယ်လိုလူတွေ ကိုပေးတာလဲ စတာတွေကိုတော့ စိတ်ဝင်စားတဲ့သူတွေ ဟာတော့ အနည်းငယ် ပဲရှိမယ်လို့ထင်မိပါတယ် ။


နိုဗယ်ဆိုတာ ….




နိုဗယ်ဆိုတာ (Alfred Bernhard Nobel) ဆွီဒင်လူမျိုး ဓာတုဗေဒပညာရှင် ၊ အင်ဂျင်နီယာ ၊ စာရေးဆရာနဲ့ မူပိုင်ခွင့်ပေါင်း ၃၅၀ ကျော်ပိုင်ဆိုင်သော မီလျံနာ စီးပွားရေးသမား ၊ ဒိုင်းနမိုက် ၊ ဂယ်လီဂနိုက် နှင့် ဘလက်စတိုက် စတဲ့ ပေါက်ကွဲရေးပစ္စည်းများကို တီထွင်သူ ၊ ကမ္ဘာ မှာရှိတဲ့ ထူးချွန်သူတွေ အတွက် နိုဗယ်ဆုကို တီထွင်ပေး အပ် ခဲ့ သူ တစ်ယောက်ပါပဲ။
အက်ဖရက် နိုဗယ် ကို ၁၈၃၃ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ စတော့ခ်ဟုမ်း( Stockholm) မြို့ မှာမွေးဖွားခဲ့ပါတယ် ။ သူ့အဖေ Immanuel Nobel ကတော့ စွန့်ဦးတီထွင်သူ ၊ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါတယ် ။ နိုဗယ် ဟာ သားသမီး ၈ ယောက်ရဲ့ ၄ ယောက်မြောက်သားဖြစ်ပြီး သူ့အဖေ ဆီကနေ ဆန်းသစ်တီထွင်လို တဲ့ အမွေကိုဆက်ခံ ခဲ့တဲ့သားတစ်ယောက်ပါ ။ ဆွီဒင် နိုင်ငံ မှာ သူ့ အဖေ ရဲ့ လုပ်ငန်းတွေ ဒေဝါလီခံ ရပြီးနောက်မှာတော့ ရုရှားနိုင်ငံရဲ့ စိန့်ပီတာစဘက် မြို့ ကိုပြောင်းရွှေ့လာခဲ့ ပါတယ် ။ ရုရှား အော်ဂင်းနစ် ဓာတုဗေဒ ပညာရှင် နီကိုလိုင် ဇင်းနစ် (Никола́й Никола́евич Зи́нин) ဆီမှာဓာတုဗေဒ ကို အထူးပြုပြီး ပညာသင်ကြားခဲ့ပါတယ် ။ တော်လွန်းလှတဲ့ နိုဗယ်လေးဟာ အရာရာကို ခဏသင်ရုံနဲ့ တတ်မြောက်နိုင်စွမ်းရှိပါတယ် ။ အဲဒီထဲမှ သူ အတော်ဆုံး နှင့် အပေါက်မြောက်ဆုံး ဘာသာရပ်တွေကတော့ ဘာသာစကားနဲ့ ဓာတုဗေဒ ဘာသာရပ်တွေဖြစ်ပါတယ် ။ အင်္ဂလိပ်၊ဂျာမန်၊ပြင်သစ်၊ရုရှားဘာသာစကား၎မျိုးကိုမိခင်ဘာသာစကားလိုကျွမ်းကျင်စွာပြောနိုင်သူတစ်ယောက်ပါ။ပီတာစဘက်မှာအခြေကျနေရင်းပဲပြင်သစ်နဲ့အမေရိကန်နိုင်ငံတွေကို
လည်းပညာတော်သင်သွားခဲ့ပါသေးတယ်။
နိုဗယ်နဲ့ သူမိဘတွေ ရုရှားကနေ ဆွီဒင်ကို ပြန်သွားပြီးနောက်မှာတော့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း များကို ကိုယ်တိုင် လေ့လာတီထွင်ပြီး စက်ရုံထောင်ရောင်းချပါတော့တယ် ။ ၁၈၆၃ မှာ ဒီတိုနေတာ (detonator) ကိုတီထွင်နိုင်ခဲ့ပြီး ၁၈၆၅ မှာတော့ ဒီတိုနေတာ ကနေ ပိုမိုပေါက်ကွဲစေမဲ့ blasting cap ကို တီထွင်ခဲ့ပါတယ် ။ ၁၈၆၇ ခုနှစ်မှာတော့ နိုဗယ်ရဲ့ နာမည်ကျော် ဒိုင်းနမိုက် (dynamite) ကိုတီထွင်နိုင်ခဲ့ ပြီး ၁၈၇၅ မှာတော့ ဒိုင်းနမိုက်ထက် ပေါက်ကွဲအားပိုမိုပြင်းထန်ပြီး အသုံးပြုသူတွေကို လုံလုံခြုံခြုံ နဲ့ အလွယ်တကူသုံးစွဲ နိုင်စေတဲ့ ဂယ်လီဂနိတ် (gelignite) ကိုတီထွင်ခဲ့ပါတယ် ။ အဲဒိနောက်မှာတော့ ကျည်ဆန် ၊ ဒုံးတွေ တွေ မှာ အသုံးပြုနိုင်မဲ့ ဘာလစ်စတိုက် (ballistite) ကိုတီထွင်ခဲ့ပါသေး တယ် ။ အဲဒီ ဘာလစ်စတိုက်တွေ ဟာ မီးခိုးမဲ့ အားပြင်း ပေါက်ကွဲစေမဲ့ နည်းပညာရဲ့ အစပဲဖြစ်ပါတယ် ။ ဒိုင်းနမိုက် ရောင်းရငွေတွေ အပါအဝင် တခြား ထုတ်ကုန် တွေ ၊ ဘဏ်လုပ်ငန်းတွေ နှင့် တစတစ ချမ်းသာလာတဲ့ နိုဗယ်ဟာ ဒေါ်လာ ၉၂ မီလီယံ ထိကြွယ်ဝလာခဲ့ပါတယ် ။ အဲဒီအချိန် အဲဒီကာလက ကမ္ဘာ့ အချမ်းသာဆုံးစာရင်းဝင်တစ်ဦးပါပဲ ။ ပေါက်ကွဲစေတတ်သော ဒိုင်းနမိုက်တွေ ၊ ဂယ်လီဂနိုက်တွေ ၊ ဘာလစ်စတိုက် တွေကို တီထွင်ခဲ့ပေ မဲ့ သူဟာ လူသားတွေ ကို ပျက်စီးရာပျက်စီးကြောင်းနေရာတွေမှာသုံးစေချင်ခဲ့တာမဟုတ်ပါဘူး ။ လမ်းဖောက်လုပ်ခြင်း ၊ သတ္တုများ ရှာဖွေခြင်း စတဲ့ လူသားတွေ ရဲ့ အကျိုး အတွက်သာ အသုံးချစေချင်ခဲ့တာဖြစ်ပါတယ် ။ သူတီထွင်ထုတ်လုပ်ခဲ့ တဲ့ ဒိုင်းနမိုက် ကြောင့် သူဟာ သေခြင်းတရားရဲ့ အလွန်မှာ ကောင်းရာမွန်ရာ ရောက်ရှိနိုင်ဖို့ အတွက် သူရဲ့ ပိုင်ဆိုင်မှုအားလုံးနီးပါး ကို ရောင်းချပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ ရူပဗေဒ ၊ ဓာတုဗေဒ နှင့် ဆေးပညာသိပ္ပံ ထူးချွန်သူတွေ ကိုဆုအဖြစ်ပေးဖို့အတွက်သေတမ်းစာရေးသားခဲ့ပါတယ် ။ ၁၈၉၆ ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ အက်ဖရက်နိုဗယ် တစ်ယောက်ဟာ အီတလီနိုင်ငံ San Remo မြို့ ရှိ သူ့ရဲ့စံအိမ်မှာ ကွယ်လွန်အနိ စ္စ ရောက်ခဲ့ပါတယ် ။


ဒိုင်းနမိုက် (dynamite)


ဂယ်လီဂနိတ် (gelignite)


ဘာလစ်စတိုက် (ballistite)


ဆန့်ကျင်ဘက်တို့ နှင့် တွယ်ယှက်နေသောလူသားတစ်ယောက်

နိုဗယ်ဟာသာမန်လူသားများနှင့်မတူအနည်းငယ်ထူးခြားနေတဲ့လူတစ်ယောက်ဖြစ်ပါတယ် ။ သူ့ရဲ့ ဘဝဖြတ်သန်းမှု ၊ နေထိုင်ပြုမူမှု ပုံစံတွေ ဟာလည်း မတူညီတဲ့ ဆန့်ကျင်ဘက်တို့ အားပြိုင်တွယ်ယှက်နေပါတယ် ။ သူဟာ ဒေဝါလီခံ ပြီး ဘဏ်တွေရဲ့ နာမည်ပျက်စာရင်းသွင်းခံထားရသူတစ်ယောက်ရဲ့သားတစ်ယောက်ဖြစ်ခဲ့ပေမဲ့၊ သူကိုယ်တိုင်ကတော့ ကမ္ဘာရဲ့ အချမ်းသာဆုံးစာရင်းဝင် ဘဏ်လုပ်ငန်းများရဲ့ ပိုင်ရှင် ဖြစ် နေပါတယ် ။ သူဟာဘဝရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေကို အစဉ်တစိုက်ရှာဖွေ နေသူ၊လူအများနဲ့ပက်သက်ဆက်ဆံနေသူတစ်ယောက်ဖြစ်ပေမဲ့၊သူ့ရဲ့ ပင်ကိုယ် စိတ်ခံ မှာတော့ဘဝကိုအေးအးချမ်းချမ်းနဲ့တစ်ယောက်တည်းတိတ်တဆိတ်ဖြတ်သန်းချင်ခဲ့သူတစ်ယောက်ပါပဲ ။ သူဟာ ဧည့်ဝတ်ကျေတတ်တဲ့ အိမ်ရှင်တစ်ယောက်အဖြစ် လူသိများသလို ၊ ရုပ်တည်တည် အမြဲ ခက်ထန်နေတတ် သူလို့လည်း ကင်ပွန်းတက်ခံရသူဖြစ်ပါတယ် ။ လူတွေကို အများကြီးချစ်ခင် တတ် ပြီး ၊ လူသားတွေ အကျိုးကို သယ်ပိုးခဲ့သည့်တိုင် ၊ဘဝတစ်လျှောက်လုံးမှာတော့ တစ်ယောက်တည်းသမားအဖြစ်သာ နေထိုင်သွားခဲ့ပါတယ် ။ အသည်းနစ်အောင်ချစ်ရသူတွေရှိနေသည့်တိုင်လူပျိုကြီးတစ်ကိုယ်တည်းဘဝနဲ့ပဲအရိုးထုတ်သွားခဲ့ သူပါ ။ စကားစပ် မိ လို့ ပြောရပါဦးမယ် ။ ရုရှားမှာ ကျောင်းတက် နေတုန်းက ဓာတုဗေဒကျောင်းသားလေး နိုဗယ်ဟာ သချာင်္မေဂျာ က ကျောင်းသူလေး အလက်ဇန်းဒရာ (Alexandra) ကို မျှစ်ချဉ်အကုန်မချက်ပဲ ချစ်ခင်စုံမက်မိပြီး နှလုံးသားကိုအပ်နှံ ကာ ချစ်ခွင့် ပန်ခဲ့ပါသတဲ့ ။ အဲဒီမှာ သချာင်္မေဂျာကျောင်းသူလေး အလက်ဇန်းဒရာ က( ညီဟာချူး ) အချစ်တွေလည်းရှိပါဘူး ဆိုပြီး ငြင်းသတဲ့ဗျာ ။ အဲဒီမှာ ပဲ သူ့လို ငမြောက်ငခြောက် ပေသီးခေါက်တဲ့ ကလေးမ ကများ ငါ့လို ဓာတုဘုရင်တဆူ ကို လူသူ မထင်ရကောင်းလားဆိုပြီး စိတ်နာသွားပါသတဲ့ ။ နိုဗယ်ရဲ့ သေတမ်းစာမှာ ဓာတုဗေဒ ၊ ရူပဗေဒ နဲ့ ဆေးပညာသိပ္ပံ ၊ ငြိမ်းချမ်းရေးနဲ့ စာပေဆိုင်ရာဆု ၅ မျိုးအတွက် ဆုပေးဖို့ ရေးသားခဲ့ပေမဲ့ သချာင်္ကိုချန်လှပ်ထားခဲ့တာတောင် သင်္ချာမေဂျာကျောင်းသူအချစ်ဦးပေါ် စိတ်နာချက်တွေ အငွေ့သက်မကင်းဘူးလို့လည်းဆိုကြပါတယ် (ပါးစပ်ရာဇဝင်မျှသာ) ။ နိုဗယ် ဟာ မျိုးချစ်တစ်ယောက်ဖြစ်ခဲ့ပေ မဲ့ သူ့မွေးရပ်မြေရဲ့ အဝေးတနေရာမှသာအနေများခဲ့ပါတယ် ။ သူရဲ့ထုတ်ကုန်တွေ ၊ သူ့ရဲ့ ဆုတွေ ကြောင့် သူ့ ကို ကမ္ဘာမှာ လူသိများခဲ့ပေမဲ့ သူဘဝတစ်ယောက်လုံး မှာတော့ ထင်ထင်ပေါ်ပေါ်နေထိုင်တတ်ခြင်းမရှိပဲ ပကတိ ရိုးရိုးဘဝနဲ့ သာ အသက်ထက်ဆုံးနေထိုင်သွားခဲ့ပါတယ် ။


နိုဗယ်ရဲ့သေတမ်းစာ

နိုဗယ် ရဲ့ ဂုဏ်ပြု ဆု



နိုဗယ်ဟာ သူမသေခင်မှာ သူ့ရဲ့ပိုင်ဆိုင်မှု အားလုံး ကို ရောင်းချစေပြီး တခြားလုပ်ငန်းတွေမှာရှယ်ယာထည့်ဝင်စေပါတယ် ။ ပြီးတဲ့ခါမှာတော့ ရ ရှိလာတဲ့ ငွေကြေးတွေ နဲ့ ကမ္ဘာ့ အနှံ့ ပြားမှာရှိတဲ့ မည်သည့်နိုင်ငံကမဆို ထူးချွန်ထက်မြက်သူတွေ ၊ လူသားအကျိုးပြုသူတွေကို ဆုအဖြစ်ပေးအပ်ဖို့ သေတမ်းစာအဖြစ် ရေးသားခဲ့ပါတယ် ။ ၁၉၀၀ ခုနှစ်မှာ နိုဗယ်ဖောင်ဒေးရှင်းကိုစတင်ဖွဲ့စည်းပြီး ၁၉၀၁ ခုနှစ်မှာတော့ နိုဗယ်ဆုကို စတင်ချီးမြှင့် ခဲ့ပါတယ် ။ ၁၉၀၁ ခုနှစ်ရဲ့ ပထမဆုံး စာပေဆိုင်ရာနိုဗယ်ဆုကိုတော့ ပြင်သစ်ကဗျာ နှင့် အက်ဆေးဆရာ Sully Prudhomme ကရရှိခဲ့ပါတယ် ။ ငြိမ်းချမ်းရေးနိုဗယ်ဆု ကိုတော့ ပြစ်သစ်နိုင်ငံသား စီးပွားရေးပညာရှင် Fredieric Passy နှင့် ဆွစ်ဇာလန်နိုင်ငံသား စီးပွားရေးသမားနဲ့ စာရေးဆရာ Henry Dunant တို့ က ပူးတွဲရရှိခဲ့ပါတယ် ။ ရူပဗေဒဆိုင်ရာထူးချွန်ဆုကိုတော့ X-rays ကို ရှာဖွေတွေ့ရှိခဲ့ တဲ့ ဂျာမန်လူမျိုး ရူပဗေဒပညာရှင် Wilhelm Conrad Rontgen ကိုပေးအပ်ချီးမြှင့်ခဲ့ပြီး ၊ ဓာတုဗေဒ ဆိုင်ရာ နိုဗယ်ဆုကိုတော့ ဒက်ခ်ျ လူမျိုး ဓာတုဗေဒပညာရှင် chemical equilibrium ကိုရှာဖွေဖော်ထုတ်ခဲ့ သူ Jacobus Henricus van 't Hoff ကိုပေးအပ်ချီးမြှင့် ခဲ့ပါတယ်။ ဆေးပညာဆိုင်ရာ နိုဗယ်ဆု ကိုတော့ ဂျာမန်လူမျိုး ရူပဗေဒနဲ့ ဇီဝကမ္မဗေဒပညာရှင် Emil Adolf Von Hehring က ဆွတ်ခူးရရှိခဲ့ပါတယ် ။
နိုဗယ်ဆု ၅ ခုချီးမြှင့် ပြီး ၆၉ နှစ်ကြာ ၁၉၆၉ ခုနှစ်မှာတော့ စီးပွားရေးဆိုင်ရာနိုဗယ်ဆုကို Nobel Memorial Prize in Economic Sciences အဖြစ် ပေးအပ်ချီးမြှင့် ခဲ့ပါတယ် ။ ပထမဆုံး စီးပွားရေးဆိုင်ရာနိုဗယ်ဆု ကိုတော့ နယ်သာလန် နိုင်ငံသား စီးပွားရေးပညာရှင် Jan Tinbergen နှင့် နော်ဝေးနိုင်ငံသား စီးပွားရေးပညာရှင် Ragnar Frisch တို့ နှစ်ဦးက ပူးတွဲ ရရှိခဲ့ပါတယ် ။

နိုဗယ်ရဲ့ သေတမ်းစာမှာ ထည့်သွင်းပေးအပ်ခြင်းမပြုခဲ့ တဲ့ သချာင်္ဆိုင်ရာ ထူးချွန်ဆုကိုတော့ နော်ဝေး ဘုရင် မှပေးအပ်ချီးမြှင့်ပါတယ် ။ နော်ဝေးသချာင်္ပညာရှင် Niels Henrik Abel ကို ဂုဏ်ပြုသောအားဖြင့် Abel Prize အဖြစ်ခေါ်တွင်စေပါတယ်။ အဲဒီ Abel Prize ကို ပဲ သချာင်္ဆိုင်ရာ နိုဗယ်ဆု အဖြစ် ဖော်ပြ ပေးပါတယ်။ ပထမဆုံး သချာင်္ဆိုင်ရာ အာဗယ် ဆုကိုတော့ ၂၀၀၃ ခုနှစ်မှာစတင်ပေးအပ်ပြီး ပြင်သစ်လူမျိုးသချာင်္ပညာရှင် Jean Pierre Serre က ရရှိခဲ့ပါတယ် ။
(အခြား သချာင်္ဆိုင်ရာ နိုဗယ်ဆုအဖြစ် လက်ခံကြတဲ့ Fields Madel ဆိုတဲ့ ဆုတစ်မျိုးလည်းရှိပါသေးတယ် ။ )
နိုဗယ်ဆုပေးအပ်ချီးမြှင့် ဖို့ ငွေကြေးဆိုင်ရာလုပ်ငန်းများ ကိုတော့ နိုဗယ်ဖောင်ဒေးရှင်း က တာဝန်ယူဆောင်ရွက်ပြီး ဆုရွေးချယ်ရေး အဖွဲ့များကိုတော့ သီးခြား တာဝန်ခွဲဝေထားပါတယ် ။ ငြိမ်းချမ်းရေး နိုဗယ်ဆုကိုတော့ နော်ဝေးနိုင်ငံ နိုဗယ်ဆုရွေးချယ်ရေး ကော်မတီကရွေးချယ်ပြီးတော့ ၊ ကျန်တဲ့ ဆုများကိုတော့ ဆွီဒင်နိုင်ငံ ရဲ့ Royal Swedish Academy of Sciences ကနေရွေးချယ်ကြပါတယ်။
၁၉၀၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ နိုဗယ်ဆုပေါင်း ၅၅၄ ကြိမ် ချီးမြှင့် ခဲ့ ပြီး ကမ္ဘာ့ နိုင်ငံအသီးသီးမှ လူပုဂ္ဂိုလ် ပေါင်း ၈၆၀ ယောက်နှင့် အဖွဲ့စည်းပေါင်း ၂၁ ခု မှ နိုဗယ်ဆုရရှိခဲ့ပြီးဖြစ်ပါတယ် ။ နိုဗယ်ဆု အများဆုံးရရှိတဲ့ နိုင်ငံ ကတော့ အမေရိကန် နိုင်ငံ ဖြစ်ပြီး နိုဗယ်ဆုရှင်ပေါင်း ၃၃၄ ယောက်ရှိပါတယ် ။ အသက်အငယ်ဆုံး နိုဗယ်ဆုရှင်ကတော့ ၁၉၁၅ ခုနှစ်မှာ ရူပဗေဒဆိုင်ရာ နိုဗယ်ဆုကိုရရှိခဲ့တဲ့ သြစတေးလျ (Australia) လူမျိုး ရူပဗေဒပညာရှင် William Lawrence Bragg ပဲဖြစ်ပါတယ် ။ X-rays နှင့် Crystal Structure ကိုလေ့လာမှုပြုပြီးနောက် သူ နိုဗယ်ဆု လက်ခံရရှိတဲ့ အချိန်မှာ အသက် ၂၅ နှစ်သာရှိပါသေးတယ် ။ အသက်အကြီးဆုံး နိုဗယ်ဆုရှင်ကတော့ ၂၀၀၇ ခုနှစ်မှာ စီးပွားရေးဆိုင်ရာ နိုဗယ်ဆုရရှိခဲ့တဲ့ ပိုလန်လူမျိုး စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ ပညာရှင် Leonid Hurwicz ပဲဖြစ်ပါတယ် ။ သူနိုဗယ်ဆု ရရှိချိန်မှာ အသက် ၉၀ နှစ်ရှိနေပြီဖြစ်ပါတယ် ။


William Lawrence Bragg


Leonid Hurwicz

နောက်များကျမှ ပဲ နိုဗယ်ဆု ရရှိနိုင်မဲ့ နည်းလမ်းတွေကို ဆက်ရေးပါဦးမယ်ဗျာ .. ခုတော့ မျက်စိညောင်းလို့ နားပါပြီ … အားလုံး ပဲဗဟုသုတတိုး ပွားနိုင် ကြပါစေ …း)
(ရုပ်ဆိုး)

ကိုကား
П.А.Капица ၏ Нобелеская Речь ဆောင်းပါး
http://www.nobelprize.org/
http://en.wikipedia.org/wiki/Nobel_Prize
http://en.wikipedia.org/wiki/Alfred_Nobel
http://ru.wikipedia.org/wiki/%D0%9D%D0%BE%D0%B1%D0%B5%D0%BB%D1%8C,_%D0%90%D0%BB%D1%8C%D1%84%D1%80%D0%B5%D0%B4
http://en.wikipedia.org/wiki/Fields_Medal
ရုပ်ဆိုး ဖေ့စ်ဘုတ်အကောင့်မှ ကူးယူဖော်ပြပါသည်။

Source...http://www.bawacheyar.com/2012/10/blog-post_14.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။