သစ်ပင်ကပေးတဲ့ ဘဝသင်္ခန်းစာ
______________________
တခါတုန်းက ရွာတစ်ရွာမှာ ပင်စင်စား အဘိုးအိုတစ်ဦးနှင့် နည်းပညာသမား လူငယ်တစ်ဦးတို့ အိမ်နီးချင်း ခြံချင်းကပ်ရပ် နေထိုင်ခဲ့ကြပါတယ်။
သူတို့နှစ်ယောက်စလုံး ခြံ၏ထောင့်တစ်ဖက်စီတွင် မျိုးတူ အပင်ပေါက်တစ်ပင်စီကို အတူတကွ စိုက်ပျိုးခဲ့ကြတယ်။
လူငယ်ကတော့ သူရဲ့အပင်များကို ရေများများလောင်း၊ မြေသြဇာအများအပြားကျွေးလေ့ရှိပြီး၊ အဘိုးအိုကတော့ ရေနှင့် မြေသြဇာအနည်းငယ်ကိုသာ အပင်များကို ပေးလေ့ရှိတယ်။
လူငယ်ရဲ့ အပင်တွေကတော့ စိမ်းလန်းစိုပြည်ပြီး အရွက်ဝေဆာတောင့်တင်းသော အပင်များအဖြစ် ကြီးထွားလာပါတယ်။
အဘိုးအိုရဲ့ အပင်များကတော့ သာမန်လောက်သာကြီးထွားသော်လည်း လူငယ်၏အပင်များထက် ပိုမိုကြံ့ခိုင်သန်စွမ်းလေသ ည်။
တစ်ညတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်လေသည်။
နောက်တစ်နေ့မနက် သူတို့နှစ်ယောက်လည်း အပင်များ၏အခြေအနေကို နှစ်ယောက်လုံးတူတူထွက်ကြည့် ကြလေသည်။
လူငယ်မှာ သူ၏အပင်များမှာအမြစ်မှကျွတ် ထွက်ကုန်ပြီး သူ၏အိမ်နီးချင်းရဲ့အပင်များ မှာ အပျက်အစီးမရှိကြောင်း အံ့သြဖွယ်တွေ့ရလေသည်။
လူငယ်လဲ အဘိုးအို၏ အပင်များမှာ အနည်းငယ်မျှသာ ဂရုစိုက်ခံရသော်လည်း ကောင်းစွာဂရုစိုက်ထားသော သူ၏အပင်များကသာ ဘာကြောင့်အမြစ်မှကျွတ်ထွက်ရ သလဲဟု အဘိုးအိုအားမေးမြန်းလေသည်။
အဘိုးအိုက
"" ကောင်လေး မင်းကြည့်ကြည့်၊ မင်းက အပင်တစ်ပင်မှာလိုအပ်မယ့် အရာအားလုံးကို ဖြည့်ဆည်းပေးတယ်။ လိုသမျှ အလျံအပယ်ရနေတော့ အပင်က ရှာဖို့ဖွေဖို့ ဘယ်ကိုမှသွားစရာမလိုတော့ဘူး ရယ်။ မင်းအပင်ရဲ့အမြစ်တွေက အောက်ကိုထိုးဖောက်ဆင်းစရာမှ မလိုတော့တာ။
ငါကတော့ အပင်တွေကို သူတို့အသက်ရှင်ဖို့ လုံလောက်ရုံပဲ ထောက်ပံ့ပေးတယ်။ လိုအပ်ချက်အားလုံးပြည့်ဝဖို့ အတွက် အပင်ရဲ့ကျန်တဲ့အမြစ်တွေဟာ မြေကြီးအောက်ထဲထိုးဖောက်ပြီး ရှာဖွေရတယ်။
အဲဒီအတွက် သင့်အပင်ရဲ့အမြစ်တွေဟာ အပေါ်ယံမှာပဲရှိနေတဲ့အတွက် ဒီမိုး၊ ဒီလေတွေက သူတို့အပေါ် လွယ်လွယ်ကူကူပဲကျရောက်သွားခဲ့တယ်။
ငါ့အပင်ရဲ့အမြစ်တွေကတော့ တော်တော်လေး မြေကြီးထဲနက်နက်ရှိုင်းရှို င်းတိုးဝင်နေတဲ့အတွက် သဘာဝတရားရဲ့အပြင်းအထန်တိုက် ခိုက်ခြင်းကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်။
မိတ်ဆွေ သင်တို့ကော ကိုယ်ပြုစုပြိုးထောင်ပေးနေတဲ့ အပင်လေးတွေကို လိုတာထက်ပိုပြီး မြေသြဇာအများအပြားကျွေးလေ့ရှိသလား?
ဒါမှမဟုတ် လောကဓံကို ခံနိုင်အောင်လေ့ကျင့်ပေးကြပါသလား?
အဘိုးအိုရဲ့အဖြေကပေးတဲ့ သင်ခန်းစာကို မိတ်ဆွေတို့ရဲ့ ကလေးငယ်များအား ပြုစုပျိုးထောင်တဲ့နေရာမှာ အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
#Credit to original writer
______________________
တခါတုန်းက ရွာတစ်ရွာမှာ ပင်စင်စား အဘိုးအိုတစ်ဦးနှင့် နည်းပညာသမား လူငယ်တစ်ဦးတို့ အိမ်နီးချင်း ခြံချင်းကပ်ရပ် နေထိုင်ခဲ့ကြပါတယ်။
သူတို့နှစ်ယောက်စလုံး ခြံ၏ထောင့်တစ်ဖက်စီတွင် မျိုးတူ အပင်ပေါက်တစ်ပင်စီကို အတူတကွ စိုက်ပျိုးခဲ့ကြတယ်။
လူငယ်ကတော့ သူရဲ့အပင်များကို ရေများများလောင်း၊ မြေသြဇာအများအပြားကျွေးလေ့ရ
လူငယ်ရဲ့ အပင်တွေကတော့ စိမ်းလန်းစိုပြည်ပြီး အရွက်ဝေဆာတောင့်တင်းသော အပင်များအဖြစ် ကြီးထွားလာပါတယ်။
အဘိုးအိုရဲ့ အပင်များကတော့ သာမန်လောက်သာကြီးထွားသော်လည
တစ်ညတွင် မိုးသည်းထန်စွာရွာသွန်းပြီး
နောက်တစ်နေ့မနက် သူတို့နှစ်ယောက်လည်း အပင်များ၏အခြေအနေကို နှစ်ယောက်လုံးတူတူထွက်ကြည့်
လူငယ်မှာ သူ၏အပင်များမှာအမြစ်မှကျွတ်
လူငယ်လဲ အဘိုးအို၏ အပင်များမှာ အနည်းငယ်မျှသာ ဂရုစိုက်ခံရသော်လည်း ကောင်းစွာဂရုစိုက်ထားသော သူ၏အပင်များကသာ ဘာကြောင့်အမြစ်မှကျွတ်ထွက်ရ
အဘိုးအိုက
"" ကောင်လေး မင်းကြည့်ကြည့်၊ မင်းက အပင်တစ်ပင်မှာလိုအပ်မယ့် အရာအားလုံးကို ဖြည့်ဆည်းပေးတယ်။ လိုသမျှ အလျံအပယ်ရနေတော့ အပင်က ရှာဖို့ဖွေဖို့ ဘယ်ကိုမှသွားစရာမလိုတော့ဘူး
ငါကတော့ အပင်တွေကို သူတို့အသက်ရှင်ဖို့ လုံလောက်ရုံပဲ ထောက်ပံ့ပေးတယ်။ လိုအပ်ချက်အားလုံးပြည့်ဝဖို
အဲဒီအတွက် သင့်အပင်ရဲ့အမြစ်တွေဟာ အပေါ်ယံမှာပဲရှိနေတဲ့အတွက် ဒီမိုး၊ ဒီလေတွေက သူတို့အပေါ် လွယ်လွယ်ကူကူပဲကျရောက်သွားခ
ငါ့အပင်ရဲ့အမြစ်တွေကတော့ တော်တော်လေး မြေကြီးထဲနက်နက်ရှိုင်းရှို
မိတ်ဆွေ သင်တို့ကော ကိုယ်ပြုစုပြိုးထောင်ပေးနေတ
ဒါမှမဟုတ် လောကဓံကို ခံနိုင်အောင်လေ့ကျင့်ပေးကြပ
အဘိုးအိုရဲ့အဖြေကပေးတဲ့ သင်ခန်းစာကို မိတ်ဆွေတို့ရဲ့ ကလေးငယ်များအား ပြုစုပျိုးထောင်တဲ့နေရာမှာ အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
#Credit to original writer
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။