ဟာသလေးပါ
#ကျွန်ုပ်နှင့်စွဲလမ်းရသောေ ဖ့စ်ဘွတ်
-------------------------- ------------------------%
ကျွန်ုပ်သည် အရာရာဆုတ်ယုတ်ပျက်စီးတတ်သော
ဤကလိယုဂ်ကာလကြီးတွင် ဓါတ်သဘောအားဖြင့် လွန်စွာစွဲလမ်းစေတတ်သော
ဖေ့စ်ဘွတ်ကို လွန်စွာနှစ်ခြိုက်မိလေသည်။ နံနက်မိုးသောက် အလင်းရောက်လျင်လည်း
ဖေ့ဘွတ်ဖြင့်မျက်နှာသစ်၏။ ကျွန်ုပ်၏ မျက်နှာသစ်လတ္တံ့ပုံ၊ မျက်နှာသစ်ဆဲပုံ၊
မျက်နှာသစ်ပြီးပုံတို့ကို ဓါတ်ပုံရိုက်ယူကာ "မောနီးအောဖျန့်တို့" ဟူသော
စာသားဖြင့် အနှီဖေ့ဘွတ်မိတ်ဆွေများထံမျှဝေ၏၊ မုန့်ဟင်းခါးစားချိန်တွင်လည်း
အနှီဖေ့ဘွတ်ကို မမေ့နိုင်ဖြစ်ရပြန်၏။ မုန့်ဟင်းခါးစားလတ္တံ့တွင်
"စားကြပါဦး အောဖျင့်တို့" ဟူ၍လည်းကောင်း၊ မုန့်ဟင်းခါးစားနေဆဲကာလတွင် လည်း
"မွင်းငါး စားစဉ်အမှတ်တရ ဆယ်လ်ဖီ" ဟူ၍လည်းကောင်း၊ မုန့်ဟင်းခါး
စားပြီးသောအခါတွင်လည်း ပြောင်းတလင်းခါအပ်သော ပန်းကန်တို့ကို ရိုက်ကာ
"အပြီဆွဲပြီးပြီ ဖျန့်တို့" ဟူ၍ တင်ပြန်၏။
-
ထိုထိုမျှမကသေး ကျွန်ုပ်၏ မယားအလှနှင့်လည်းကောင်း၊ သားသမီးများနှင့်လည်းကောင်း ၊ ယောက္ခမကြီးနှင့်လည်းကောင်း၊ သူငယ်ချင်းများနှင့်လည်းကော င်း
အတူတွဲလျက် နှုတ်ခမ်းစူခြင်း၊ ပေါင်ကွခြင်း၊ ဦးခေါင်းငဲ့ခြင်း၊
ဒိုက်ထိုးခြင်း၊ ကခုန်ခြင်း၊ စသော ဣရိယ ပုတ်မျိုးစုံဖြင့်လည်းတင်ပြ န်၏။
ယုတ်စွအဆုံး မယ်သီလရှင်လောင်းခြင်းမှအစ ခွေးလေခွေးလွင့်များ အာဝါဟ ၀ိဝါဟသည်ကိုပင်လျင် ဖေ့စ်ဘွတ်ပေါ်တင်ပြန်လေ၏။ ထိုသို့ ဖေ့ဘွတ်ကို အစွဲလမ်းကြီးစွဲလမ်းမိသောအခါ ကျွန်ုပ်၏ ချစ်ဇနီးက ကျွန်ုပ်အား ညူစူလာ၏၊ ကျွန်ုပ်ကားဂရုမျှမထားပေ။ ထိုမှတဆင့် စောင်းမြောင်း ပြောဆိုလာ၏။
ကျွန်ုပ်ကားမမှု၊ ထိုမှတဆင့်တက်ပြန်ကာ တိုက်ရိုက်ဆဲဆိုပြန်၏။ ကျွန်ုပ်ကား ပမာမထား၊ ထို့နောက်တွင်ကား ကျွန်ုပ်၏ဇနီးသည် သားသမီးများကို ခေါ်ဆောင်ကာ အိမ်မှ ဆင်းလေတော့သည်။ "နင်ငါ့ကိုဖြတ်မလား၊ ဖေ့စ်ဘွတ်ကို ဖြတ်မလား" ဟူသော ရာဇသံဖြင့် ကျွန်ုပ်ကို စိန်ခေါ်၏။ ကျွန်ုပ်ကားအပြုံးမပျက်။
-
သို့သော်လည်း အချိန်တစ်ပတ် မှ နှစ်ပတ်သို့ ကူးပြောင်းလာလေလျင် ကျွန်ုပ်သည် ဇနီးမယားအလှကို လွန်စွာ လွမ်းဆွတ်မိလာပြန်၏။ အတုအယောင်တို့ဖြင့်ဖုံးလွှမ်းအပ်သော
အနှီဖေ့ဘွတ်သည် ကျွန်ုပ်ကို ကြေကွဲစေလေပြီ၊ နာကျင်စေလေပြီ၊ ကျွန်ုပ်၏
အချိန်တို့ကို ၀ါးမျိုပြစ်ခဲ့လေပြီ စသည့် ထိုထိုသော စိတ်ကူးတို့ဝင်လာပြန်၏။
ထို့နှောက်တွင်ကား ကျွန်ုပ်သည် ဖေ့စ်ဘွတ်ကို လုံးဝဥဿုံ
စွန့်ခွာရန်ဆုံးဖြတ်လိုက်လေ သည်။
-
နောက်တစ်နေ့မနက်တွင်ကား ကျွန်ုပ်သည် ဖေ့စ်ဘွတ်ကို ယောင်၍မျှပင်လှည့်မကြည့်တော့ ချေ။ သို့ရာတွင် ကျွန်ုပ်၏ မျက်လုံးထဲတွင်ကား like, love, ha ha, wow, angry စသော ဖေ့စ်ဘွတ်အိုင်ကွန်များသာ တ၀ဲလည်လည်ပေါ်လာ၏။
ကုလားဖြူအက္ခရာ F ကိုပင်မြင်လျင် ကျွန်ုပ်၏ စိတ်သည် ခြံမှလွှတ်အပ်သော နွားသိုးကဲ့သို့ ဖိုးသိုးဖတ်သပ်ကြီး ဖြစ်လာပြန်၏။ ကျွန်ုပ်သည် ဖေ့စ်ဘွတ်ဂုဏော အနန္တော ဟု ယောင်ယမ်းရွတ်ဆိုမိပြန်၏။ ကျွန်ုပ်၏ လက်မနှစ်ဖက်သည် အလိုအလျောက်တွေ့သမျှကို ပွတ်မိ၏။ ထို့နောက်တွင်ကားကျွန်ုပ်သည် နှုတ်ခမ်းကိုတင်းတင်းစေ့၊ ရင်ကိုကော့ကာ အောက်ပါအတိုင်း ကျိတ်မှိတ်ကြွေးကြော်လိုက်၏
-
"မိန်းမဂုဏော အနန္တော"
-
ထို့နောက်တွင်ကား ကျွန်ုပ်သည် လမ်းခရီးတွင် အလွမ်းပြေကြည့်ရန်အတွက် ကျွန်ုပ်၊ ဇနီးနှင့် သားသမီးများပုံပါသော ဓါတ်ပုံ Album ကြီးကို ယူဆောင်ကာ ကျွန်ုပ်၏ ဇနီးသည်ကို လိုက်လံခေါ်ဆောင်ရန်အတွက် လမ်းထိပ်သို့ထွက်ခဲ့၏။ "ဒင်းတို့ပုံကြည့်နေတော့ ဖေ့ဘွတ်ကို မေ့ထားလို့ရတာပေါ့" ဟု ကျွန်ုပ်ထင်ခဲ့မိ၏။
လမ်းထိတ်သို့ ရောက်လျင် ကျွန်ုပ်စားနေကျမုန့်ဟင်းခါးဆိုင်တွင်
မုန့်ဟင်းခါးစားပြန်၏။ "မောနင်းအောဖျန့်" ဟု ယောင်ယမ်းအော်ဟစ်မိပြန်၏။
မုန့်ဟင်းခါးသည် ကြီးမေကြီးကိုလည်း "ကျွန်တော် ဒေါ်ကြီးမုန့်ဟင်းခါးကို like
တယ်ဗျာ၊ love လည်း love" တယ်ဟု ပြောဆိုမိပြန်၏။ ဆိုင်မှ ထွက်၍
လမ်းပေါ်သို့အထွက်တွင် လမ်းဘေးတွင် ကွမ်းတံတွေးပြစ်ခနဲထွေးသော
ဆိုက်ကားဆရာကိုတွေ့ပြန်၏။
ကျွန်ုပ်သူ့ရှေ့တည့်တည့်သို့ သွားကာ
Angry Reaction ပြမိပြန်၏။ ထို့နောက်တွင်ကား ရှိုက်ဖိုကြီးငယ် အသွယ်သွယ်သော
မာတုဂါမတစ်ယောက်ကို တွေ့ပြန်၏။ Wow ဟု ကျွန်ုပ် ယောင်ယမ်းထွက်ပြန်၏။
ထိုသို့ဖြင့် ကျွန်ုပ်သည် မိန်းကလေးများကို likeခြင်း loveခြင်း၊
သကောင့်သားများကို Angry ခြင်းအမှုကို တွင်တွင်ကျယ်ကျယ်ကြီးလုပ်လိုက်၏။
ကျွန်ုပ်သည် အိတ်ထဲတွင်ပါလာသော Album မှ ဓါတ်ပုံတစ်ပုံချင်းစီကို ထောင်ကာ "သူက ကွီးရဲ့ ဇနီးလေ" "ကွီးလှလား" စသဖြင့် ပြသမိ၏ သူတို့ဓါတ်ပုံကိုများကိုလည်းပြခိုင်း၏။
ကျွန်ုပ် like ကြောင်းပြန်ပြော၏။ သူတို့လည်း ကျွန်ုပ်၏ ပုံများကို အတင်း
like စေ၏။ ကျွန်ုပ်၏ ဓါတ်ပုံများကို စိတ်မ၀င်စားသူများကိုလည်း tag
တွဲခြင်း အလို့ငှာ နားရွက်ဆွဲ၍ ပြ၏။
ကျွန်ုပ်က ဆွဲ၏။ သူတို့ကရုန်း၏။ ကျွန်ုပ်က ပြ၏။ သူတို့က ပြေး၏။ ကျွန်ုပ်က ခုန်အုပ်၏။ ဒင်းတို့က နားရင်းအုပ်၏။ ကျွန်ုပ်က like တောင်း၏ ။ ဒင်းတို့က Angry ကြ၏။ ကျွန်ုပ် "sad" ရပေတော့သည်။
နောက်ဆုံးတွင်ကား ကျွန်ုပ်သည် ဖေ့ဘွတ်လောကတွင်သာ မက အပြင်လောကမှာပင်လျင် Follower များ မြောက်များစွာ ရရှိခဲ့လေသည်။ သူတို့သည်ကား ကျွန်ုပ်ကို လိုက်လံဖမ်းဆီး၍ စိတ္တဇဆေးရုံသို့ ပို့ရန်အလို့ငှာ လိုက်လာကြသော ရဲများနှင့် ရပ်ကွက်သားများသာဖြစ်ကြလေသတ ည်း။
ကျွန်ုပ်နှင့် စွဲလမ်းရသော ဖေ့စ်ဘွတ်ဝတ္တုကြီး ဤတွင်ပြီး၏
(#ဖြိုးသုတ)
#ကျွန်ုပ်နှင့်စွဲလမ်းရသောေ
--------------------------
ကျွန်ုပ်သည် အရာရာဆုတ်ယုတ်ပျက်စီးတတ်သော
-
ထိုထိုမျှမကသေး ကျွန်ုပ်၏ မယားအလှနှင့်လည်းကောင်း၊ သားသမီးများနှင့်လည်းကောင်း
ယုတ်စွအဆုံး မယ်သီလရှင်လောင်းခြင်းမှအစ ခွေးလေခွေးလွင့်များ အာဝါဟ ၀ိဝါဟသည်ကိုပင်လျင် ဖေ့စ်ဘွတ်ပေါ်တင်ပြန်လေ၏။ ထိုသို့ ဖေ့ဘွတ်ကို အစွဲလမ်းကြီးစွဲလမ်းမိသောအခ
ကျွန်ုပ်ကားမမှု၊ ထိုမှတဆင့်တက်ပြန်ကာ တိုက်ရိုက်ဆဲဆိုပြန်၏။ ကျွန်ုပ်ကား ပမာမထား၊ ထို့နောက်တွင်ကား ကျွန်ုပ်၏ဇနီးသည် သားသမီးများကို ခေါ်ဆောင်ကာ အိမ်မှ ဆင်းလေတော့သည်။ "နင်ငါ့ကိုဖြတ်မလား၊ ဖေ့စ်ဘွတ်ကို ဖြတ်မလား" ဟူသော ရာဇသံဖြင့် ကျွန်ုပ်ကို စိန်ခေါ်၏။ ကျွန်ုပ်ကားအပြုံးမပျက်။
-
သို့သော်လည်း အချိန်တစ်ပတ် မှ နှစ်ပတ်သို့ ကူးပြောင်းလာလေလျင် ကျွန်ုပ်သည် ဇနီးမယားအလှကို လွန်စွာ လွမ်းဆွတ်မိလာပြန်၏။ အတုအယောင်တို့ဖြင့်ဖုံးလွှမ်
-
နောက်တစ်နေ့မနက်တွင်ကား ကျွန်ုပ်သည် ဖေ့စ်ဘွတ်ကို ယောင်၍မျှပင်လှည့်မကြည့်တော
ကုလားဖြူအက္ခရာ F ကိုပင်မြင်လျင် ကျွန်ုပ်၏ စိတ်သည် ခြံမှလွှတ်အပ်သော နွားသိုးကဲ့သို့ ဖိုးသိုးဖတ်သပ်ကြီး ဖြစ်လာပြန်၏။ ကျွန်ုပ်သည် ဖေ့စ်ဘွတ်ဂုဏော အနန္တော ဟု ယောင်ယမ်းရွတ်ဆိုမိပြန်၏။ ကျွန်ုပ်၏ လက်မနှစ်ဖက်သည် အလိုအလျောက်တွေ့သမျှကို ပွတ်မိ၏။ ထို့နောက်တွင်ကားကျွန်ုပ်သည
-
"မိန်းမဂုဏော အနန္တော"
-
ထို့နောက်တွင်ကား ကျွန်ုပ်သည် လမ်းခရီးတွင် အလွမ်းပြေကြည့်ရန်အတွက် ကျွန်ုပ်၊ ဇနီးနှင့် သားသမီးများပုံပါသော ဓါတ်ပုံ Album ကြီးကို ယူဆောင်ကာ ကျွန်ုပ်၏ ဇနီးသည်ကို လိုက်လံခေါ်ဆောင်ရန်အတွက် လမ်းထိပ်သို့ထွက်ခဲ့၏။ "ဒင်းတို့ပုံကြည့်နေတော့ ဖေ့ဘွတ်ကို မေ့ထားလို့ရတာပေါ့" ဟု ကျွန်ုပ်ထင်ခဲ့မိ၏။
လမ်းထိတ်သို့ ရောက်လျင် ကျွန်ုပ်စားနေကျမုန့်ဟင်းခါ
ကျွန်ုပ်သူ့ရှေ့တည့်တည့်သို
ကျွန်ုပ်သည် အိတ်ထဲတွင်ပါလာသော Album မှ ဓါတ်ပုံတစ်ပုံချင်းစီကို ထောင်ကာ "သူက ကွီးရဲ့ ဇနီးလေ" "ကွီးလှလား" စသဖြင့် ပြသမိ၏ သူတို့ဓါတ်ပုံကိုများကိုလည်
ကျွန်ုပ်က ဆွဲ၏။ သူတို့ကရုန်း၏။ ကျွန်ုပ်က ပြ၏။ သူတို့က ပြေး၏။ ကျွန်ုပ်က ခုန်အုပ်၏။ ဒင်းတို့က နားရင်းအုပ်၏။ ကျွန်ုပ်က like တောင်း၏ ။ ဒင်းတို့က Angry ကြ၏။ ကျွန်ုပ် "sad" ရပေတော့သည်။
နောက်ဆုံးတွင်ကား ကျွန်ုပ်သည် ဖေ့ဘွတ်လောကတွင်သာ မက အပြင်လောကမှာပင်လျင် Follower များ မြောက်များစွာ ရရှိခဲ့လေသည်။ သူတို့သည်ကား ကျွန်ုပ်ကို လိုက်လံဖမ်းဆီး၍ စိတ္တဇဆေးရုံသို့ ပို့ရန်အလို့ငှာ လိုက်လာကြသော ရဲများနှင့် ရပ်ကွက်သားများသာဖြစ်ကြလေသတ
ကျွန်ုပ်နှင့် စွဲလမ်းရသော ဖေ့စ်ဘွတ်ဝတ္တုကြီး ဤတွင်ပြီး၏
(#ဖြိုးသုတ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။