အရောင်းသမားကောင်းတစ် ယောက်
ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့တုန်းက စာရေးသူတို့ ဇနီးမောင်နှံဟာ မော်တင်က ရွှေပုစွန်မှာ မုန့်စားဖို့ သွားခဲ့ပါတယ်။ ရွှေပုစွန်ရှေ့မှာ ကားထိုးမယ်လုပ်တော့ လူတစ်ယောက်က ကားပါကင် ပြပေးပါတယ်။ စာရေးသူလည်း ဆိုင်က ခန့်အပ်ထားတဲ့ ဝန်ထမ်းလို့ပဲထင်လိုက်ပါတယ်။ ကားရပ်ပြီးဆင်းလိုက်တဲ့အ ခါ အဲဒီလူက
" အစ်ကိုထီထိုးပါဦး ဒီမှာ အစ်ကို့ကားနံပါတ် ၁၅၉၇ပါတယ် " ဆိုပြီးပြောလာပါတယ်။ ဒီလောက် အချိန်တိုအတွင်းမှာ သူဘယ်လိုများ ရွေးထုတ်လိုက်တာပါလိမ့် ။ စာရေးသူလဲ မဆိုင်းမတွပဲ ဘယ်လောက်လဲမေးပြီး ဝယ်လိုက်ပါတယ်။ စာရေးသူဝယ်လိုက်တာဟာ ကားပါကင်ပြလို့လည်းမဟုတ် ပါဘူး။
နံပါတ်လှလို့လည်း မဟုတ်ပါဘူး။ ထီရောင်းသမားလေးရဲ့ မိမိအလုပ်ပေါ်မှာ
အာရုံစူးစိုက်မှုကို အသိမှတ်ပြုလို့ပါ။ စာရေးသူ သူ့ဆီကနေ
သင်ယူလိုက်ပါတယ်။
တကယ်တော့ လောကကြီးတစ်ခုလုံးကို မားကက်တင်းလို့ခေါ်တဲ့ ဈေးကွက်အမြင်နဲ့ ကြည့်မယ်ဆိုရင် လူ ၂မျိုးပဲ တွေ့ရပါတယ်။ အဲဒါကတော့ ရောင်းသူနဲ့ ဝယ်သူပဲ ဖြစ်ပါတယ်။ ထူးဆန်းတာကတော့ ရောင်းသူတွေဟာ တစ်ချိန်မှာတော့ ဝယ်သူတွေဖြစ်နေပြီး ဝယ်သူတွေဟာ တစ်ချိန်မှာရောင်းသူေ တွဖြစ်နေကြတာပါပဲ။ ဒီအချက်က စိတ်ဝင်စားစရာ ကောင်းပါတယ်။ အောက်ကပုံလေးကို ကြည့်လိုက်ရင်ရှင်းသွား မှာပါ။
ဆရာမဟာ နေမကောင်းတဲ့အခါ ဆရာဝန်ရဲ့ဝန်ဆောင်မှုကို
ဝယ်ရတယ်။ ဆရာဝန်ဟာ ဆန်ရောင်းသူဆီကနေ ဆန်ကို ဝယ်ရတယ်။
ဆန်ရောင်းသူဟာ အပ်ချုပ်သမားဆီကနေ အင်္ကျီချုပ်တဲ့ ဝန်ဆောင်မှုကို
ဝယ်ရတယ်။ အပ်ချုပ်သမားက ကန်ထရိုက်တာဆီကနေ တိုက်ခန်းဝယ်နေရတယ်။
ကန်ထရိုက်တာက ပရိဘောကရောင်းသူဆီကနေ ပရိဘောဂတွေ ဝယ်သုံးရတယ်။
ပရိဘောဂရောင်းသူက သူ့ရဲ့ ကလေးအတွက် ဆရာမဆီကနေ
ပညာရေးဝန်ဆောင်မှုကို ဝယ်ရပြန်ရော။ ဆရာမနေမကောင်းတဲ့အခါ. . . .
ဒီလိုနဲ့ အဝယ်စက်ဝန်းတစ်ပတ်လည် ပါတော့တယ်။ ပြောင်းပြန်ကြည့်ရအောင် . . . . ဆရာမက ပရိဘောဂ ရောင်းသူရဲ့ကလေးဆီကို ပညာရေးဝန်ဆောင်မှုကိုရောင်းတယ်။
ပရိဘောဂရောင်းသူက ကန်ထရိုက်တာကို ပရိဘောဂရောင်းတယ်။
ကန်ထရိုက်တာက အပ်ချုပ်သမားကို တိုက်ခန်းရောင်းတယ်။
အပ်ချုပ်သမားက ဆန်ရောင်းသူဆီကို အင်္ကျီချုပ်တဲ့
ဝန်ဆောင်မှုကိုရောင်းတယ်။ ဆန်ရောင်းသူက ဆရာဝန်ဆီကို ဆန်ရောင်းတယ်။ ဆရာဝန်က ဆရာမဆီကို ကျန်းမာရေးဝန်ဆောင်မှုကို ရောင်းရပြန်တယ်။
ဒီလိုနဲ့ အရောင်းစက်ဝန်းလည်းတစ် ပတ်လည်ပြန်တယ်။
ဒီတော့ကာ စာရေးသူတိုအားလုံးဟာ စားသုံးသူ တဖြစ်လဲ
အရောင်းသမားတွေပါပဲ။ အခု ထီအရောင်းသမားလေးဆီက
သင်ယူလိုက်ရတာလေးကိုတင် ပြပါမယ်။ ဒါလေးကိုသာ စာရေးသူတို အသုံးချနိုင်ရင်ဘဝမှာအော င်မြင်မှာမုချ အောင်မြင်မှာပါ။
၁။ မိမိစားသုံးသူကို ကူညီပါ။
သင်အောင်မြင်ချင်ရင် သင့်ရဲ့စားသုံးသူကို ဘာကူညီရမလဲအမြဲ စဉ်းစားနေရပါမယ်။ အရှုံးအမြတ်မတွက်ပါနဲ့။ ထီအရောင်းသမားလေးဟာ စာရေးသူကို ကားပါကင်ပြပေးခြင်းဖြင့်  ကူညီခဲ့ပါတယ်။ ထီရောင်းချင်တာလည်းပါတာ ပေါ့။ ဒါပေမဲ့ ကူညီပြီးမှ မဝယ်ရင်ဘယ်လိုလုပ်မလဲ။ အဲဒီအတွေးကို ဖျောက်လိုက်ပါ ။စိတ်ရင်းနဲ့ကူညီလိုက်ပါ ။ သေချာပေါက်အကျိုးရှိပါလိ မ့်မယ်။ လုပ်ကြည့်ပါ။
၂။ စားသုံးသူကို ထုတ်ကုန်နဲ့ တွဲမြင်ပါ။
စားသုံးသူတစ်ယောက် မိမိဆိုင်ထဲဝင်လာတဲ့အခါ သာမန်အရောင်းသမားဟာ စားသုံးသူတစ်ခုခုဝယ်ယူဖို့ မျှော်လင့်တတ်ပါတယ်။ အရောင်းသမားကောင်းတစ် ယောက်ကတော့ စားသုံးသူကိုမြင်တာနဲ့ သူ့ကို ဘာရောင်းရမယ်ဆိုတာကို ဆုံးဖြတ်ပြီးသားဖြစ်နေတတ်ပါတယ်။ ထီအရောင်းသမားလေးဟာ စာရေးသူ ကားပေါ်ကမဆင်းခင်မှာကတည်းက စာရေးသူကိုရောင်းမယ့် ထီလက်မှတ်ကို ရွေးထုတ်ပြီးသားဖြစ်နေနှင့်ပါပြီ။ အခိုက်အတန့်လေးအတွင်းမှာနော်။ တကယ်လို့သာ သူဟာ ထီလက်မှတ်တွေအများကြီးပြ လာပြီး တစ်စောင်လောက်ထိုးပါဆိုရင် လုံးဝ လုံးဝ ထိုးဖြစ်မှာမဟုတ်ပါဘူး။ အစကတည်းကထီထိုးဖို့သွားခဲ့ တာမှမဟုတ်တာ။
၃။ စားသုံးသူကို နည်းနည်းပို စိတ်ဝင်စားလိုက်ပါ။
ဒါဘာမှ အပန်းမကြီးပါဘူး။ သူဘာဝတ်လာသလဲ။ ဘာကိုင်လာသလဲ။ ဒါဟာ သူ့ကို ဘာရောင်းရမလဲဆိုတာ ဆုံးဖြတ်ဖို့ အထောက်အကူဖြစ်ပါတယ်။ ထီအရောင်းသမားလေးဟာ စာရေးသူရဲ့ကားနံပါတ်ကို စိတ်ဝင်စားလိုက်တာဟာ သူရောင်းမယ့်နံပါတ်ကို ရွေးချယ်ဖို့ တွန်းအားပေးလိုက်တာပါပဲ။ လူဆိုတာ ကိုယ့်ကို စိတ်ဝင်စားတဲ့လူကို ပို အခွင့်အရေးပေးတတ်တာသဘာဝ ပါ။ ကျွန်တော်တို့အရောင်းသ မားတွေပါ။ ကျွန်တော်တို့ နေ့စဉ် လုပ်ငန်းခွင် ဘဝထဲမှာ အောင်မြင်ဖို့ ဒီနည်းလေးတွေနဲ့ကြိုးစား ကြည့်ကြပါစို့။
ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့တုန်းက စာရေးသူတို့ ဇနီးမောင်နှံဟာ မော်တင်က ရွှေပုစွန်မှာ မုန့်စားဖို့ သွားခဲ့ပါတယ်။ ရွှေပုစွန်ရှေ့မှာ ကားထိုးမယ်လုပ်တော့ လူတစ်ယောက်က ကားပါကင် ပြပေးပါတယ်။ စာရေးသူလည်း ဆိုင်က ခန့်အပ်ထားတဲ့ ဝန်ထမ်းလို့ပဲထင်လိုက်ပ
" အစ်ကိုထီထိုးပါဦး ဒီမှာ အစ်ကို့ကားနံပါတ် ၁၅၉၇ပါတယ် " ဆိုပြီးပြောလာပါတယ်။ ဒီလောက် အချိန်တိုအတွင်းမှာ သူဘယ်လိုများ ရွေးထုတ်လိုက်တာပါလိမ့်
တကယ်တော့ လောကကြီးတစ်ခုလုံးကို မားကက်တင်းလို့ခေါ်တဲ့ ဈေးကွက်အမြင်နဲ့ ကြည့်မယ်ဆိုရင် လူ ၂မျိုးပဲ တွေ့ရပါတယ်။ အဲဒါကတော့ ရောင်းသူနဲ့ ဝယ်သူပဲ ဖြစ်ပါတယ်။ ထူးဆန်းတာကတော့ ရောင်းသူတွေဟာ တစ်ချိန်မှာတော့ ဝယ်သူတွေဖြစ်နေပြီး ဝယ်သူတွေဟာ တစ်ချိန်မှာရောင်းသူေ
ဆရာမဟာ နေမကောင်းတဲ့အခါ ဆရာဝန်ရဲ့ဝန်ဆောင်မှုကို
ဒီလိုနဲ့ အဝယ်စက်ဝန်းတစ်ပတ်လည်
ဒီလိုနဲ့ အရောင်းစက်ဝန်းလည်းတစ်
၁။ မိမိစားသုံးသူကို ကူညီပါ။
သင်အောင်မြင်ချင်ရင် သင့်ရဲ့စားသုံးသူကို ဘာကူညီရမလဲအမြဲ စဉ်းစားနေရပါမယ်။ အရှုံးအမြတ်မတွက်ပါနဲ့။ ထီအရောင်းသမားလေးဟာ စာရေးသူကို ကားပါကင်ပြပေးခြင်းဖြင်
၂။ စားသုံးသူကို ထုတ်ကုန်နဲ့ တွဲမြင်ပါ။
စားသုံးသူတစ်ယောက် မိမိဆိုင်ထဲဝင်လာတဲ့အခါ သာမန်အရောင်းသမားဟာ စားသုံးသူတစ်ခုခုဝယ်ယူဖို
၃။ စားသုံးသူကို နည်းနည်းပို စိတ်ဝင်စားလိုက်ပါ။
ဒါဘာမှ အပန်းမကြီးပါဘူး။ သူဘာဝတ်လာသလဲ။ ဘာကိုင်လာသလဲ။ ဒါဟာ သူ့ကို ဘာရောင်းရမလဲဆိုတာ ဆုံးဖြတ်ဖို့ အထောက်အကူဖြစ်ပါတယ်။ ထီအရောင်းသမားလေးဟာ စာရေးသူရဲ့ကားနံပါတ်ကို စိတ်ဝင်စားလိုက်တာဟာ သူရောင်းမယ့်နံပါတ်ကို ရွေးချယ်ဖို့ တွန်းအားပေးလိုက်တာပါပဲ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။