ရေသောက်မြစ်
==========(ယနေ့အဖေများနေ့ပါ)
ဘဝဆိုတာ ချောင်းကမ်းနံဘေးမှာ
ယိမ်းရိုင်နေတဲ့ သစ်တပင်လိုပါပဲလေ သူရဲ့ခိုင်မြဲတဲ့ အမြစ်တွေကြောင့်သာ အလွယ်တကူနဲ့ ပြိုလဲမသွားပဲ အကိုင်း အရွက်အပွင့်တွေ ဖူးဝေခွင့်ရခဲ့တာပါ
မိသားစုတစုမှာ
အဖေဆိုတာ ပင်စည်ကြီးနဲ့တူတယ်
အမေဆိုတာက အကိုင်းအလက်ပါ
ကျွန်တော်တို့ သားသမီးတွေက ပင်စည်နဲ့ အကိုင်းဖျားမှာ ဖူးပွင့်ခွင့်ရတဲ့ အသီးအရွက်တွေပါ
ဘဝဆိုတဲ့ ကမ်းနဘေးမှာ ကံကြမ္မာကပေးတဲ့ လိုင်းဒဏ် လေဒဏ်တွေကြောင့် အလွယ်တကူ ယိုင်လဲမသွားအောင်
အဖေဆိုတဲ့ ပင်စည်းကြီးက သစ်တပင်ရဲ့ ပွားမြစ်ကဲ့သို့ ဘဝမှာရှိသမျှ အားဖြစ်စရာတွေနဲ့ ခိုင်မြဲအောင် ကိုင်ဆွဲထားသူပါ
ဘဝဆိုတဲ့ သစ်ပင်ကြီးမှာ မိခင်ဆိုတဲ့ အကိုင်းလက်များမှတဆင့် သားသမီးတွေလှပစွာ
ဖူးပွင့်နိုင်ဖို့အတွက် ကြိုးစားနေရရှာတဲ့
အဖေဆိုတဲ့ နာမည်တလုံးဟာ အခေါ်
လွယ်သလိုလိုနဲ့ ရဖို့ခက်ခဲတဲ့ နာမည်ကြီးပါ
ခြောက်သွေ့ခေါင်းပါးတဲ့ဒေသမှာ သစ်တပင်
လန်းဆန်းစွာ ရှင်သန်နိုင်ဖို့အတွက် ရေသောက်မြစ်က မရှိမဖြစ်အရေးကြီးနေသလို
ဆင်းရဲနွမ်းပါတဲ့ ဘဝမှာတလျှောက်မှာလည်း ငြိမ်းအေးစွာ လျှောက်လှမ်းနိုင်ဖို့အတွက် အဖေဆိုတာ မရှိမဖြစ် အရေးကြီးသူပါ
ယခုလို ကျွန်တော်နှင့်တကွ အဖေများအားလုံးကို
ချစ်ကြကုန်သော မိတ်ဆွေ ညီအကိုမောင်နှမ
အားလုံးက အသိတရားနဲ့သတိထားရမှာက
အဖေများနေ့မှမဟုတ်ပဲ နေ့ရက်တိုင်းမှာ
အဖေများ အားလုံးကို ချစ်နိုင်ကြဖို့ပါ
အိမ်ကအဖေ့ကို လွမ်းဆွေးရင်း
ကမ္ဘာပေါ်ရှိ အဖေများအားလုံးကို
အစဉ်ထာဝရ ချစ်ခင်လေးစားလျှက်
#စွယ်စုံကျွဲကျောင်းသား
ကိုယ့်အဖေက အရက်သမားပဲဖြစ်
ကြက်သမားပဲဖြစ် ဖဲသမားပဲဖြစ်ဖြစ်
အဖေဆိုတာက အဖေပါပဲမို့ အမေ့ကိုချစ်သလို
အဖေ့ကိုလည်း အစဉ်အမြဲချစ်လို့ပေးကြပါ
https://www.facebook.com/ swelsonebuffalostudent/
==========(ယနေ့အဖေများနေ့ပ
ဘဝဆိုတာ ချောင်းကမ်းနံဘေးမှာ
ယိမ်းရိုင်နေတဲ့ သစ်တပင်လိုပါပဲလေ သူရဲ့ခိုင်မြဲတဲ့ အမြစ်တွေကြောင့်သာ အလွယ်တကူနဲ့ ပြိုလဲမသွားပဲ အကိုင်း အရွက်အပွင့်တွေ ဖူးဝေခွင့်ရခဲ့တာပါ
မိသားစုတစုမှာ
အဖေဆိုတာ ပင်စည်ကြီးနဲ့တူတယ်
အမေဆိုတာက အကိုင်းအလက်ပါ
ကျွန်တော်တို့ သားသမီးတွေက ပင်စည်နဲ့ အကိုင်းဖျားမှာ ဖူးပွင့်ခွင့်ရတဲ့ အသီးအရွက်တွေပါ
ဘဝဆိုတဲ့ ကမ်းနဘေးမှာ ကံကြမ္မာကပေးတဲ့ လိုင်းဒဏ် လေဒဏ်တွေကြောင့် အလွယ်တကူ ယိုင်လဲမသွားအောင်
အဖေဆိုတဲ့ ပင်စည်းကြီးက သစ်တပင်ရဲ့ ပွားမြစ်ကဲ့သို့ ဘဝမှာရှိသမျှ အားဖြစ်စရာတွေနဲ့ ခိုင်မြဲအောင် ကိုင်ဆွဲထားသူပါ
ဘဝဆိုတဲ့ သစ်ပင်ကြီးမှာ မိခင်ဆိုတဲ့ အကိုင်းလက်များမှတဆင့် သားသမီးတွေလှပစွာ
ဖူးပွင့်နိုင်ဖို့အတွက် ကြိုးစားနေရရှာတဲ့
အဖေဆိုတဲ့ နာမည်တလုံးဟာ အခေါ်
လွယ်သလိုလိုနဲ့ ရဖို့ခက်ခဲတဲ့ နာမည်ကြီးပါ
ခြောက်သွေ့ခေါင်းပါးတဲ့ဒေသမ
လန်းဆန်းစွာ ရှင်သန်နိုင်ဖို့အတွက် ရေသောက်မြစ်က မရှိမဖြစ်အရေးကြီးနေသလို
ဆင်းရဲနွမ်းပါတဲ့ ဘဝမှာတလျှောက်မှာလည်း ငြိမ်းအေးစွာ လျှောက်လှမ်းနိုင်ဖို့အတွက်
ယခုလို ကျွန်တော်နှင့်တကွ အဖေများအားလုံးကို
ချစ်ကြကုန်သော မိတ်ဆွေ ညီအကိုမောင်နှမ
အားလုံးက အသိတရားနဲ့သတိထားရမှာက
အဖေများနေ့မှမဟုတ်ပဲ နေ့ရက်တိုင်းမှာ
အဖေများ အားလုံးကို ချစ်နိုင်ကြဖို့ပါ
အိမ်ကအဖေ့ကို လွမ်းဆွေးရင်း
ကမ္ဘာပေါ်ရှိ အဖေများအားလုံးကို
အစဉ်ထာဝရ ချစ်ခင်လေးစားလျှက်
#စွယ်စုံကျွဲကျောင်းသား
ကိုယ့်အဖေက အရက်သမားပဲဖြစ်
ကြက်သမားပဲဖြစ် ဖဲသမားပဲဖြစ်ဖြစ်
အဖေဆိုတာက အဖေပါပဲမို့ အမေ့ကိုချစ်သလို
အဖေ့ကိုလည်း အစဉ်အမြဲချစ်လို့ပေးကြပါ
https://www.facebook.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။