တစ္ေန႔ေတာ့ အားအင္ကုန္ခမ္းၿပီး လံုး၀မလႈပ္ႏိုင္တဲ့ အေနအထားမွာ အဖိုးအိုတစ္ေယာက္ဟာ ထြန္တံုးကို ျဖဳတ္ၿပီး သစ္ပင္အရိပ္ေလးေအာက္မွာ ထိုင္နားေနသတဲ့။ ညေနေရာက္ေတာ့ အိမ္ျပန္ေရာက္မလာတဲ့ ဖခင္ကို သားျဖစ္သူက သြားၾကည့္ေတာ့ လယ္ကြင္းထဲထိုင္ေနတာေတြ႔ရတယ္။
အဖိုးအိုကလည္း
“ေနာက္ေန႔ကစၿပီး အေဖ လယ္ထဲ မဆင္းပါရေစနဲ႔ေတာ့ကြယ္။ အေဖ လံုး၀လုပ္ကိုင္ဖို႔ အားမရွိေတာ့လို႔ပါ” လို႔ သားျဖစ္သူကို ေျပာလိုက္တယ္။
ေနာက္တစ္ေန႔ သားျဖစ္သူက လယ္ထြန္ေနရာက အိမ္ ေပါက္၀မွာ သူလယ္ထြန္ေနတာကို ေငးၾကည့္ေနတဲ့ ဖခင္ကိုၾကည့္ၿပီး ေဒါသေတြ ထြက္လာတယ္။ ေနပူေလ ေဒါသဆူေလေပါ့။
သူတို႔ကို ႏွစ္ေပါင္း ၇၀ ေလာက္ လယ္ထြန္ေကၽြးခဲ့တာကိုေတာ့ ေမ့ေနတယ္။ ၿပီးေတာ့ အိမ္မွာ လူပိုေတြထားရင္ ငါဒီ့ထက္ ပိုၿပီး ပင္ပန္းလိမ့္မယ္ လို႔လည္းေတြးလိုက္တယ္။
ေနာက္တစ္ေန႔မွာ သားျဖစ္သူက လွည္းေပၚကို အေခါင္းတစ္လံုးတင္လာၿပီး အိမ္ေပါက္မွာ ထိုင္ေနတဲ့ သူ႔အေဖကို
“အေဖ .. ေတာင္ေပၚကို သြားလည္ၾကရေအာင္၊ အေဖက ဒီေသတၱာထဲ ၀င္စီး ကၽြန္ေတာ္ ျမင္းလွည္းေမာင္း မယ္” လို႔ေျပာလိုက္တယ္။
သူ႔ဖခင္ကလည္း ဘာတစ္ခြန္းမွ မေျပာဘဲ ေသတၱာအေခါင္းထဲ ၀င္ေပးလိုက္တယ္။ သားျဖစ္သူက အဖံုးပိတ္ရမယ္ ဆိုေတာ့လည္း လွဲေပးလိုက္တယ္။ ဒီလိုနဲ႔ အဖံုးပိတ္ထားတဲ့ အေခါင္းကို သားျဖစ္သူက ေတာင္ ေပၚကို ေမာင္းခဲ့တယ္။
ေတာင္ေပၚအစြန္းတစ္ေနရာေရာက္ေတာ့ သားက အေခါင္းကို တြန္းခ်ဖို႔ျပင္ေနတုန္း အထဲက ေခါက္သံသဲ့သဲ့ ၾကားလိုက္တာနဲ႔ အေခါင္းကို ဖြင့္ၾကည့္လိုက္တယ္။
အဖိုးအို က သားျဖစ္သူကၾကည့္ၿပီး
“သားရယ္ မင္း အေဖ့ကို ေတာင္ေအာက္တြန္းခ်ေတာ့မယ္ဆိုတာ သိပါတယ္။ အေဖတစ္ခုေလာက္ေတာ့ ေျပာ ခ်င္တယ္။ ဘာျဖစ္လို႔မ်ား အေခါင္းနဲ႔အတူ အေဖ့ကို တြန္းခ်မွာလဲ။ ဒီအတိုင္း အေဖ့ကို တြန္းခ်လိုက္ရင္လည္း ရသားပဲ။ အဲဒီအေခါင္းကို သား သိမ္းထားလိုက္သား။ ဘာေၾကာင့္လဲဆိုေတာ့ ေနာက္တစ္ခါ သားရဲ႕ သား၊ အေဖ့ရဲ႕ေျမးေလးက သားကို ဒီလိုတြန္းခ်ခ်င္ရင္ အေခါင္းတစ္ခါ လုပ္ရတာ သက္သာသြားတာေပါ့” လို႔ ေျပာ လိုက္တယ္။
(ဂ်ပန္ပံုျပင္ေလးတစ္ပုဒ္ပါ)
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Tin Nyunt
#Unicode Version
တစ်နေ့တော့ အားအင်ကုန်ခမ်းပြီး လုံးဝမလှုပ်နိုင်တဲ့ အနေအထားမှာ အဖိုးအိုတစ်ယောက်ဟာ ထွန်တုံးကို ဖြုတ်ပြီး သစ်ပင်အရိပ်လေးအောက်မှာ ထိုင်နားနေသတဲ့။ ညနေရောက်တော့ အိမ်ပြန်ရောက်မလာတဲ့ ဖခင်ကို သားဖြစ်သူက သွားကြည့်တော့ လယ်ကွင်းထဲထိုင်နေတာတွေ့ရတယ်။
အဖိုးအိုကလည်း
“နောက်နေ့ကစပြီး အဖေ လယ်ထဲ မဆင်းပါရစေနဲ့တော့ကွယ်။ အဖေ လုံးဝလုပ်ကိုင်ဖို့ အားမရှိတော့လို့ပါ” လို့ သားဖြစ်သူကို ပြောလိုက်တယ်။
နောက်တစ်နေ့ သားဖြစ်သူက လယ်ထွန်နေရာက အိမ်ပေါက်ဝမှာ သူလယ်ထွန်နေတာကို ငေးကြည့်နေတဲ့ ဖခင်ကိုကြည့်ပြီး ဒေါသတွေ ထွက်လာတယ်။ နေပူလေ ဒေါသဆူလေပေါ့။
သူတို့ကို နှစ်ပေါင်း ၇၀ လောက် လယ်ထွန်ကျွေးခဲ့တာကိုတော့ မေ့နေတယ်။ ပြီးတော့ အိမ်မှာ လူပိုတွေထားရင် ငါဒီ့ထက် ပိုပြီး ပင်ပန်းလိမ့်မယ် လို့လည်းတွေးလိုက်တယ်။
နောက်တစ်နေ့မှာ သားဖြစ်သူက လှည်းပေါ်ကို အခေါင်းတစ်လုံးတင်လာပြီး အိမ်ပေါက်မှာ ထိုင်နေတဲ့ သူ့အဖေကို
“အဖေ .. တောင်ပေါ်ကို သွားလည်ကြရအောင်၊ အဖေက ဒီသေတ္တာထဲ ဝင်စီး ကျွန်တော် မြင်းလှည်းမောင်း မယ်” လို့ပြောလိုက်တယ်။
သူ့ဖခင်ကလည်း ဘာတစ်ခွန်းမှ မပြောဘဲ သေတ္တာအခေါင်းထဲ ဝင်ပေးလိုက်တယ်။ သားဖြစ်သူက အဖုံးပိတ်ရမယ် ဆိုတော့လည်း လှဲပေးလိုက်တယ်။ ဒီလိုနဲ့ အဖုံးပိတ်ထားတဲ့ အခေါင်းကို သားဖြစ်သူက တောင် ပေါ်ကို မောင်းခဲ့တယ်။
တောင်ပေါ်အစွန်းတစ်နေရာရောက်တော့ သားက အခေါင်းကို တွန်းချဖို့ပြင်နေတုန်း အထဲက ခေါက်သံသဲ့သဲ့ ကြားလိုက်တာနဲ့ အခေါင်းကို ဖွင့်ကြည့်လိုက်တယ်။
အဖိုးအို က သားဖြစ်သူကကြည့်ပြီး
“သားရယ် မင်း အဖေ့ကို တောင်အောက်တွန်းချတော့မယ်ဆိုတာ သိပါတယ်။ အဖေတစ်ခုလောက်တော့ ပြော ချင်တယ်။ ဘာဖြစ်လို့များ အခေါင်းနဲ့အတူ အဖေ့ကို တွန်းချမှာလဲ။ ဒီအတိုင်း အဖေ့ကို တွန်းချလိုက်ရင်လည်း ရသားပဲ။ အဲဒီအခေါင်းကို သား သိမ်းထားလိုက်သား။ ဘာကြောင့်လဲဆိုတော့ နောက်တစ်ခါ သားရဲ့ သား၊ အဖေ့ရဲ့မြေးလေးက သားကို ဒီလိုတွန်းချချင်ရင် အခေါင်းတစ်ခါ လုပ်ရတာ သက်သာသွားတာပေါ့” လို့ ပြော လိုက်တယ်။
(ဂျပန်ပုံပြင်လေးတစ်ပုဒ်ပါ)
ဖိုးသူတော် (www.phothutaw.com)
Credit: Tin Nyunt
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။