#တက်ကျမ်းဖတ်ဖို့လိုသလား
မကြာသေးခင်က ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေသူ မောင်ပြည့် (ဆန်းအောင်သူ) နဲ့ ၃၅ လမ်းက လက်ဖက်ရည်ဆိုင်တစ်ခုမှာ ထိုင်ရင်း စကားပြောဖြစ်ကြတယ်။ သူကကျွန်တော့်ကို မေးခွန်းတစ်ခုကို ရုတ်တရက် မေးလိုက်တယ်။
"တက်ကျမ်းစာအုပ် ဖတ်ဖို့လိုသလား ဆရာ"တဲ့။
သူ ဘာရည်ရွယ်ချက်နဲ့ မေးတယ်ဆိုတာ မသိပေမယ့် ကျွန်တော်က ချက်ခြင်းပဲ ခုလို ဖြေလိုက်ပါတယ်။
"တက်ကျမ်းတွေကို ဖတ်ဖို့ လိုပါတယ်။ ကျွန်တော်လည်း အထက်တန်းကျောင်းသား ဘဝက ပီုမိုးနင်းစာအုပ်တွေ ဖတ်ပြီး အပေါင်းအသင်းတွေနဲ့ အလေမလိုက်ခဲ့ပဲ စာကြိုးစားရင်း အောင်မြင်မှုရခဲ့တာပါ"
ဒီမှာတင် စကားပြတ်သွားကြတယ်။ အဲဒီအဖြေဟာ တကယ်တော့ မပြည့်စုံပါဘူး။ ဒါကြောင့် ဒီစာလေးနဲ့ပဲ ပြည့်စုံအောင် ပြန်ဖြေပေးလိုက်ပါတယ်။
ကျွန်တော့်အနေနဲ့ ဘယ်စာမျိုးကို မဖတ်သင့်ဘူး။ ဘယ်လိုစာမျိုးပဲ ဖတ်သင့်တယ်ဆိုတဲ့ အစွဲမရှိပါဘူး။ ကိုယ်တိုင်လည်း ငယ်စဉ်ကလေးဘဝက စပြီး ကာတွန်း၊ ပုံပြင်စာအုပ်တွေ၊ နောက်တော့ ရုပ်ပြ၊ မဂ္ဂဇင်း ဂျာနယ်၊ ဝတ္ထုတိုရှည်၊ ဆောင်းပါး အကုန်ဖတ်တယ်။ သုတစာအုပ်လား၊ ရသစာအုပ်လား ၊ တက်ကျမ်းလား မခွဲခြားခဲ့ဘူး။ ခွဲလည်း မခွဲခြားတတ်ခဲ့ပါဘူး။ အခုခေတ်ကျမှသာ ဒီဟာက သုတစာပေ၊ ဟိုဟာက ရသစာပေ၊ အဲဒါက တက်ကျမ်း၊ ဂမ္ဘီရစာပေဆိုပြီး ခွဲခြားပြောလာကြတာပါ။အဲဒီလို
ခွဲခြားလာလို့ လူငယ်တွေဟာ ဟိုစာတော့ မဖတ်သင့်ဘူး၊ ဒီစာက မကောင်းဘူးဆိုတဲ့
အတွေးတွေ ဝင်လာကြပြီး စာကို မဖတ်ကြတော့ဘူး။ ဒါက ကျွန်တော့ အမြင်ပါ။ အခု
ပြောပြချင်တာက တက်ကျမ်းဖတ်သင့်သလား ဆိုတာပါ။ စောစောက
အထက်တန်းကျောင်းသားဘဝမှာ ပီမိုးနင်းစာအုပ်တွေ ဖတ်ခဲ့လို့
အကျိုးရှိခဲ့တယ်လို့ ပြောခဲ့ပြီးပါပြီ။
၁၉၉၀ ခုနှစ်မှာ စင်္ကာပူနိုင်ငံကို အလုပ်လုပ်ဖို့ ထွက်ခွာခဲ့တယ်။ ဟိုရောက်တော့ ချက်ခြင်းအလုပ်ရှာမရလို့ စိတ်ဓါတ်ကျရတယ်။ အားပေးမယ့် ဆွေမျိုး အပေါင်းအသင်း မရှိဘူး။ အဲဒီအချိန်က စင်္ကာပူမှာ shore job လို့ ခေါ်တဲ့ ကုန်းပေါ်က ကုမ္ပဏီတွေမှာ အလုပ်လာလုပ်တဲ့ မြန်မာလူမျိုးဟာ အရေအတွက် အင်မတန် နည်းတယ်။ စင်္ကာပူက ချန်ဂီလေဆိပ်မှာ အလုပ်ရတယ်။ လုပ်ရတဲ့ အလုပ်က ကိုယ်ကျွမ်းကျင်တဲ့ အင်ဂျင်နီယာ အလုပ်ပေမယ့် သူတို့ပြောတဲ့ Singlish ဆိုတဲ့ စလုံးတရုတ်လေသံနဲ့ ပြောတဲ့ အင်္ဂလိပ်စကားကို နားမလည်တာရယ်၊ မြန်မာနိုင်ငံမှာ လုပ်ဖူးခဲ့တဲ့ အင်ဂျင်နီယာစနစ်နဲ့ စင်္ကာပူရဲ့ စနစ်ကွာခြားမှုကြောင့် အလုပ်ထဲမှာ အလွန်စိတ်ညစ်နေရတယ်။ စောစောက ပြောသလို မေးမြန်းအကူအညီတောင်းစရာ မြန်မာမိတ်ဆွေကလည်း မရှိတော့ စိတ်ညစ်ပြီး မြန်မာနိုင်ငံကို ပြန်ပြေးလာချင်တယ်။ အဲဒီတုန်းက ငှက်ကလေးတစ်ကောင် ဖြစ်ချင်နေတယ်။ အဲဒါမှ တောင်ပံခတ်ပြီး ပင်လယ်ပြင်ကြီးကို ဖြတ်လို့ မြန်မာပြည်ကို ပြန်လာဖို့ပါ။
ဒါပေမယ့် စင်္ကာပူကို အလုပ်လာရှာဖို့ ယောက္ခမက ပိုက်ဆံထုတ်ပေးထားတာကို ပြန်သွားရင် ပြန်ဆပ်နိုင်မှာမဟုတ်ဘူး။ ပြန်သွားရင်လည်း ဘာလုပ်စားမလဲ။ မဆလခေတ်ဆိုတော့ အစိုးရဝန်ထမ်းက ထွက်ခဲ့ပြီမို့ ဘာလုပ်စားရမှန်းကို မသိဘူး။ ပြန်သွားရင် ဆွေမျိုးတွေက ဝိုင်းလှောင်ကြလိမ့်မယ်။ မိသားစုအတွက် ခုလို အခွင့်အလမ်း ရနေတာကိုမှ မစွန့်စားရင် ငါ လူမိုက်ဖြစ်သွားမယ်။ ဒီအတွေးတွေနဲ့ စိတ်ဓါတ်ကလည်း ကျ၊ အကြီးအကျယ်ကို ကျတာပါ။ မြန်မာပြည်ကို ပြန်လို့ကလည်း မဖြစ်ဆိုတဲ့ အချိန်မှာ ကံကောင်းတာလေးနဲ့ ကြုံလိုက်တယ်။
မြို့ထဲသွားရင်း စာအုပ်ဆိုင်ကြီးတစ်ခုကို ရောက်သွားတယ်။ နောင်မှ သိရတယ်။ စင်္ကာပူမှာ အဲဒီလို စာအုပ်ဆိုင်ကြီးတွေ အများကြီး ရှိကြတယ်ဆိုတာပါ။ ဆိုင်ထဲရောက်တော့ စာအုပ်တွေ လိုက်ကြည့်မိတယ်။ အင်္ဂလိပ်စာအုပ်တွေချည်းပါပဲ။
ဒါပေမယ့် စာအုပ်တွေကို စင်တွေပေါ်မှာအမျိုးအစား ခွဲခြားတင်ထားတယ်။ မဂ္ဂဇင်း၊
ပုံပြင်၊ ဝတ္ထု၊ စီးပွားရေး၊ ချမ်းသာနည်း စတာမျိုးစုံပါ။ Self-Improvement
မြန်မာလိုဆိုရင် တက်ကျမ်းစာအုပ်စင်မှာ လိုက်ကြည့်ရင်း စိတ်ဖိစီးသောကကို
ဘယ်လို လျှော့ချမလဲဆိုတဲ့ စာအုပ်လေးတစ်အုပ်ကို ဝယ်ဖြစ်သွားတယ်။
အိမ်ရောက်တော့ Dictionary စာအုပ်နဲ့ ဖတ်ဖြစ်တယ်။ စာအုပ်ထဲမှာ ပါတဲ့
နည်းလေးတွေကို လိုက်လုပ်ရင်းနဲ့ စိတ်ဆင်းရဲတာ လျော့လာတယ်။ ၂ လလောက်ကြာတော့
သူတို့ပြောတဲ့ Singlish လေသံကိုလည်း နားလည်လာပြီ။ အလုပ်ထဲက စနစ်တွေကိုလည်း
သိလာပြီမို့ တဖြည်းဖြည်း အဆင်ပြေလာပါတယ်။ နောက်ပိုင်း စာအုပ်ဆိုင်တွေကို
ရောက်ရင် Self-Improvement တက်ကျမ်းစာအုပ်တွေ အတော်များများ
ဝယ်ဖတ်ဖြစ်ပါတယ်။
ဒါကြောင့် စောစောက မောင်ပြည့်မေးလိုက်တဲ့ "တက်ကျမ်းစာအုပ် ဖတ်ဖို့ လိုသလား" ဆိုတဲ့ မေးခွန်းကို အခုလို ပြည့်ပြည့်စုံစုံ ဖြေချင်ပါတယ်။
"တက်ကျမ်းစာအုပ်မှ မဟုတ်ပါဘူး။ သုတ၊ရသမခွဲခြားပဲ စာအုပ်မျိုးစုံ ဖတ်ဖို့ လိုပါတယ်။ တက်ကျမ်းစာအုပ်ကို စောစောက ပြောသလို ကျနေတဲ့ စိတ်ဓါတ်ကို ပြန်မြှင့်တင်ဖို့ လိုနေချိန်မှာ ဖတ်ဖို့ လိုပါတယ်။ ဘဝမှာ တိုးတက်အောင်မြင်ကြီးပွားချ င်သူတွေ ဖတ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ စာအုပ်မှာ ကြီးပွားအောင်မြင်ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလေးတွေ ရေးပြထားတတ်လို့ပါ။
ဗန်းမော်သိန်းဖေ
၁၀-၀၁-၂၀၁၇
မကြာသေးခင်က ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေသူ မောင်ပြည့် (ဆန်းအောင်သူ) နဲ့ ၃၅ လမ်းက လက်ဖက်ရည်ဆိုင်တစ်ခုမှာ ထိုင်ရင်း စကားပြောဖြစ်ကြတယ်။ သူကကျွန်တော့်ကို မေးခွန်းတစ်ခုကို ရုတ်တရက် မေးလိုက်တယ်။
"တက်ကျမ်းစာအုပ် ဖတ်ဖို့လိုသလား ဆရာ"တဲ့။
သူ ဘာရည်ရွယ်ချက်နဲ့ မေးတယ်ဆိုတာ မသိပေမယ့် ကျွန်တော်က ချက်ခြင်းပဲ ခုလို ဖြေလိုက်ပါတယ်။
"တက်ကျမ်းတွေကို ဖတ်ဖို့ လိုပါတယ်။ ကျွန်တော်လည်း အထက်တန်းကျောင်းသား ဘဝက ပီုမိုးနင်းစာအုပ်တွေ ဖတ်ပြီး အပေါင်းအသင်းတွေနဲ့ အလေမလိုက်ခဲ့ပဲ စာကြိုးစားရင်း အောင်မြင်မှုရခဲ့တာပါ"
ဒီမှာတင် စကားပြတ်သွားကြတယ်။ အဲဒီအဖြေဟာ တကယ်တော့ မပြည့်စုံပါဘူး။ ဒါကြောင့် ဒီစာလေးနဲ့ပဲ ပြည့်စုံအောင် ပြန်ဖြေပေးလိုက်ပါတယ်။
ကျွန်တော့်အနေနဲ့ ဘယ်စာမျိုးကို မဖတ်သင့်ဘူး။ ဘယ်လိုစာမျိုးပဲ ဖတ်သင့်တယ်ဆိုတဲ့ အစွဲမရှိပါဘူး။ ကိုယ်တိုင်လည်း ငယ်စဉ်ကလေးဘဝက စပြီး ကာတွန်း၊ ပုံပြင်စာအုပ်တွေ၊ နောက်တော့ ရုပ်ပြ၊ မဂ္ဂဇင်း ဂျာနယ်၊ ဝတ္ထုတိုရှည်၊ ဆောင်းပါး အကုန်ဖတ်တယ်။ သုတစာအုပ်လား၊ ရသစာအုပ်လား ၊ တက်ကျမ်းလား မခွဲခြားခဲ့ဘူး။ ခွဲလည်း မခွဲခြားတတ်ခဲ့ပါဘူး။ အခုခေတ်ကျမှသာ ဒီဟာက သုတစာပေ၊ ဟိုဟာက ရသစာပေ၊ အဲဒါက တက်ကျမ်း၊ ဂမ္ဘီရစာပေဆိုပြီး ခွဲခြားပြောလာကြတာပါ။အဲဒီလိ
၁၉၉၀ ခုနှစ်မှာ စင်္ကာပူနိုင်ငံကို အလုပ်လုပ်ဖို့ ထွက်ခွာခဲ့တယ်။ ဟိုရောက်တော့ ချက်ခြင်းအလုပ်ရှာမရလို့ စိတ်ဓါတ်ကျရတယ်။ အားပေးမယ့် ဆွေမျိုး အပေါင်းအသင်း မရှိဘူး။ အဲဒီအချိန်က စင်္ကာပူမှာ shore job လို့ ခေါ်တဲ့ ကုန်းပေါ်က ကုမ္ပဏီတွေမှာ အလုပ်လာလုပ်တဲ့ မြန်မာလူမျိုးဟာ အရေအတွက် အင်မတန် နည်းတယ်။ စင်္ကာပူက ချန်ဂီလေဆိပ်မှာ အလုပ်ရတယ်။ လုပ်ရတဲ့ အလုပ်က ကိုယ်ကျွမ်းကျင်တဲ့ အင်ဂျင်နီယာ အလုပ်ပေမယ့် သူတို့ပြောတဲ့ Singlish ဆိုတဲ့ စလုံးတရုတ်လေသံနဲ့ ပြောတဲ့ အင်္ဂလိပ်စကားကို နားမလည်တာရယ်၊ မြန်မာနိုင်ငံမှာ လုပ်ဖူးခဲ့တဲ့ အင်ဂျင်နီယာစနစ်နဲ့ စင်္ကာပူရဲ့ စနစ်ကွာခြားမှုကြောင့် အလုပ်ထဲမှာ အလွန်စိတ်ညစ်နေရတယ်။ စောစောက ပြောသလို မေးမြန်းအကူအညီတောင်းစရာ မြန်မာမိတ်ဆွေကလည်း မရှိတော့ စိတ်ညစ်ပြီး မြန်မာနိုင်ငံကို ပြန်ပြေးလာချင်တယ်။ အဲဒီတုန်းက ငှက်ကလေးတစ်ကောင် ဖြစ်ချင်နေတယ်။ အဲဒါမှ တောင်ပံခတ်ပြီး ပင်လယ်ပြင်ကြီးကို ဖြတ်လို့ မြန်မာပြည်ကို ပြန်လာဖို့ပါ။
ဒါပေမယ့် စင်္ကာပူကို အလုပ်လာရှာဖို့ ယောက္ခမက ပိုက်ဆံထုတ်ပေးထားတာကို ပြန်သွားရင် ပြန်ဆပ်နိုင်မှာမဟုတ်ဘူး။ ပြန်သွားရင်လည်း ဘာလုပ်စားမလဲ။ မဆလခေတ်ဆိုတော့ အစိုးရဝန်ထမ်းက ထွက်ခဲ့ပြီမို့ ဘာလုပ်စားရမှန်းကို မသိဘူး။ ပြန်သွားရင် ဆွေမျိုးတွေက ဝိုင်းလှောင်ကြလိမ့်မယ်။ မိသားစုအတွက် ခုလို အခွင့်အလမ်း ရနေတာကိုမှ မစွန့်စားရင် ငါ လူမိုက်ဖြစ်သွားမယ်။ ဒီအတွေးတွေနဲ့ စိတ်ဓါတ်ကလည်း ကျ၊ အကြီးအကျယ်ကို ကျတာပါ။ မြန်မာပြည်ကို ပြန်လို့ကလည်း မဖြစ်ဆိုတဲ့ အချိန်မှာ ကံကောင်းတာလေးနဲ့ ကြုံလိုက်တယ်။
မြို့ထဲသွားရင်း စာအုပ်ဆိုင်ကြီးတစ်ခုကို ရောက်သွားတယ်။ နောင်မှ သိရတယ်။ စင်္ကာပူမှာ အဲဒီလို စာအုပ်ဆိုင်ကြီးတွေ အများကြီး ရှိကြတယ်ဆိုတာပါ။ ဆိုင်ထဲရောက်တော့ စာအုပ်တွေ လိုက်ကြည့်မိတယ်။ အင်္ဂလိပ်စာအုပ်တွေချည်းပါပဲ။
ဒါကြောင့် စောစောက မောင်ပြည့်မေးလိုက်တဲ့ "တက်ကျမ်းစာအုပ် ဖတ်ဖို့ လိုသလား" ဆိုတဲ့ မေးခွန်းကို အခုလို ပြည့်ပြည့်စုံစုံ ဖြေချင်ပါတယ်။
"တက်ကျမ်းစာအုပ်မှ မဟုတ်ပါဘူး။ သုတ၊ရသမခွဲခြားပဲ စာအုပ်မျိုးစုံ ဖတ်ဖို့ လိုပါတယ်။ တက်ကျမ်းစာအုပ်ကို စောစောက ပြောသလို ကျနေတဲ့ စိတ်ဓါတ်ကို ပြန်မြှင့်တင်ဖို့ လိုနေချိန်မှာ ဖတ်ဖို့ လိုပါတယ်။ ဘဝမှာ တိုးတက်အောင်မြင်ကြီးပွားချ
ဗန်းမော်သိန်းဖေ
၁၀-၀၁-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။