ငွေချေးနေသူများ(မြီရှင်၊ မြီစား) သိထားသင့်သည့် ပျက်ပြယ်သော ငွေချေးစာချုပ်များအကြောင်း
အတိုးနှုန်းယူပါလျက် အတိုးနှုန်းကို ငွေချေးစာချုပ်တွင် မဖေါ်ပြခဲ့လျှင် ထိုစာချုပ်သည် ပျက်ပြယ်ခြင်းရှိမရှိ။
အဆိုပါစာချုပ်ကိုတည်မှီ၍ တရားစွဲဆိုနိုင်ခြင်း ရှိမရှိကို တရားသူကြီးချုပ် ဒေါက်တာမောင်မောင် ဆုံးဖြတ်သည့် ကာစီပရာဆပ် နှင့် ဒလစ်ဆင်း ၁၉၇၁၊ မတစ (၃၈) စီရင်ထုံးတွင် အောက်ပါအတိုင်းထုံးဖွဲ့သည်-
"ငွေတိုးချစားသူများအက်ဥပဒေ
ပုဒ်မ ၁၅ က အတိုးနှုန်းပါလျှင် အတိအလင်းဖေါ်ပြရမည်ဟု လွှမ်းခြုံ၍
သတ်မှတ်ထားသဖြင့် ရုံးက ခွင့်ပြုသာ ထုံးတမ်းစဉ်လာ အတိုးဟူ၍ ဥပဒေ အပြင်ဘက်၌
သီးခြားရပ်တည်ခွင့်မရှိနိုင်။
အတိုးကို အမျိုးအစားခွဲခြား၍ မည်သည့် အတိုးမျိုးကို ငွေချေးစာချုပ်တွင် ဖော်ပြရမည်။ မည်သည့် အမျိုးအစားကို စာချုပ်တွင် မဖေါ်ပြစေကာမူ ရုံးကခွင့်ပြုနိုင်သည်ဟု ပြဌာန်းထားခြင်း၊ ကင်းလွတ်ခွင့်ပြုထားခြင်းမရှိ။
ဥပဒေပြဋ္ဌာန်းချက်အတိုင်း ရုံးက တိတိကျကျ လိုက်နာရမည်သာဖြစ်သည်။ ထို့ကြောင့် ငွေချေးသူ ငွေရှင်က ငွေချေးသူမြီရှင်ထံမှ အတိုးနှုန်းယူရန် မူလသဘောတူခဲ့ပါလျက် ယင်းအတိုးနှုန်းကို ငွေချေးစာချုပ်တွင် မဖေါ်ပြခဲ့လျှင်၊ ထိမ်ဝှက်ခြင်းမြောက်သောကြော င့် ပုဒ်မ ၁၅ အရ စာချုပ်တခုလုံး ပျက်ပြယ်သည်။ ယင်းစာချုပ်ကိုသာ မှီခိုအားထားကာ ငွေရှင်က တရားစွဲဆိုပိုင်ခွင့်မရှိ။
ကွက်လပ်များပါရှိသော ငွေချေးစာချုပ်သည် ပျက်ပြယ်သလား။
မြီရှင်တဦးသည် မြီစားထံမှ ချေးငွေအတိအကျကို စာဖြင့်ရေးသားဖေါ်ပြချက်၊ အတိုးနှုန်း၊ ချုပ်ဆိုသည့်ရက် စသည်တို့အတွက် ဖြည့်စွက်ရေးသွင်းခြင်းမပြု ဘဲ
ကွက်လပ်ထားရှိသည့် အော်ဒီမံစာချုပ်ကို ယူမထားနိုင်ပေ။ ယင်းသို့
ကွက်လပ်များပါသော စာချုပ်မှာ ပျက်ပြယ်သည်ဟု ကာမလင်ဆင်း နှင့် ယူစီပေါလ်
၁၉၇၀ မတစ ၁၁၆ တွင်ထုံးဖွဲ့သည်။
အချုပ်ဆိုရသော် ငွေချေးစာချုပ်တခုတွင် -
(၁) အတိုးနှုန်းယူပါလျက် အတိုးနှုန်တိတိကျ မဖော်ပြခြင်း။
(၂) ချေးငွေအတိအကျကို စာဖြင့်ရေးသားဖေါ်ပြရန်ပျက်ကွက်ခြင်း၊
ချုပ်ဆိုသည့်ရက် မပါရှိခြင်း စသည့် ကွက်လပ်များ ပါရှိနေသည့် စာချုပ်သည်
၁၉၄၅ ငွေချေးသူများအက်ဥပဒေပုဒ်မ ၁၅ အရ ပျက်ပြယ်သော စာချုပ်များဖြစ်သည်။
ယင်းစာချုပ်ကို အမှီပြု၍ တရားစွဲဆိုခွင့်မရှိပေ။
Credit : Legal Studies - သင်ယူလေ့လာဥပဒေပညာ #
အတိုးနှုန်းယူပါလျက် အတိုးနှုန်းကို ငွေချေးစာချုပ်တွင် မဖေါ်ပြခဲ့လျှင် ထိုစာချုပ်သည် ပျက်ပြယ်ခြင်းရှိမရှိ။
အဆိုပါစာချုပ်ကိုတည်မှီ၍ တရားစွဲဆိုနိုင်ခြင်း ရှိမရှိကို တရားသူကြီးချုပ် ဒေါက်တာမောင်မောင် ဆုံးဖြတ်သည့် ကာစီပရာဆပ် နှင့် ဒလစ်ဆင်း ၁၉၇၁၊ မတစ (၃၈) စီရင်ထုံးတွင် အောက်ပါအတိုင်းထုံးဖွဲ့သည်-
"ငွေတိုးချစားသူများအက်ဥပဒေ
အတိုးကို အမျိုးအစားခွဲခြား၍ မည်သည့် အတိုးမျိုးကို ငွေချေးစာချုပ်တွင် ဖော်ပြရမည်။ မည်သည့် အမျိုးအစားကို စာချုပ်တွင် မဖေါ်ပြစေကာမူ ရုံးကခွင့်ပြုနိုင်သည်ဟု ပြဌာန်းထားခြင်း၊ ကင်းလွတ်ခွင့်ပြုထားခြင်းမရ
ဥပဒေပြဋ္ဌာန်းချက်အတိုင်း ရုံးက တိတိကျကျ လိုက်နာရမည်သာဖြစ်သည်။ ထို့ကြောင့် ငွေချေးသူ ငွေရှင်က ငွေချေးသူမြီရှင်ထံမှ အတိုးနှုန်းယူရန် မူလသဘောတူခဲ့ပါလျက် ယင်းအတိုးနှုန်းကို ငွေချေးစာချုပ်တွင် မဖေါ်ပြခဲ့လျှင်၊ ထိမ်ဝှက်ခြင်းမြောက်သောကြော
ကွက်လပ်များပါရှိသော ငွေချေးစာချုပ်သည် ပျက်ပြယ်သလား။
မြီရှင်တဦးသည် မြီစားထံမှ ချေးငွေအတိအကျကို စာဖြင့်ရေးသားဖေါ်ပြချက်၊ အတိုးနှုန်း၊ ချုပ်ဆိုသည့်ရက် စသည်တို့အတွက် ဖြည့်စွက်ရေးသွင်းခြင်းမပြု
အချုပ်ဆိုရသော် ငွေချေးစာချုပ်တခုတွင် -
(၁) အတိုးနှုန်းယူပါလျက် အတိုးနှုန်တိတိကျ မဖော်ပြခြင်း။
(၂) ချေးငွေအတိအကျကို စာဖြင့်ရေးသားဖေါ်ပြရန်ပျက်က
Credit : Legal Studies - သင်ယူလေ့လာဥပဒေပညာ #
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။