ဆွန်ဇူး၏ သေနင်္ဂဗျူဟာ
ကမ္ဘာတ၀ှမ်းတွင် ဆွန်ဇု ဟု ကျော်ကြားထင်ရှားသော စွန်းဝူ ကို ခရစ်တော် မပေါ်မီ နှစ် ၅၀၀ ခန့်က မွေးဖွားခဲ့သည်။ တရုတ်နိုင်ငံ ကွီ ပြည်နယ်သားဖြစ်သည်။ ဆွန်ဇုသည် “သေနင်္ဂဗျူဟာ စစ်အတတ်ပညာကျမ်း” ကို ရေးသားခဲ့သည်။
ဘီစီ ၄၇၆-၂၁၁ အတွင်း ပြည်နယ်အချင်းချင်း စစ်ခင်းနေကြသော ခေတ်တွင် သူသည် ဝူ ပြည်နယ်တွင် မင်းမှုထမ်းခဲ့သည်။ အခန်း ၁၃ ခု ပါသော သူ၏ စစ်ပညာကျမ်းသည် နာမည်ကြီးသည်။ ထိုကျမ်းကို ဝူပြည်နယ် ၏ မင်းသား ဝူဟေလူ က ဖတ်ရှုပြီး လွန်စွာ သဘောကျသဖြင့် ဆွန်ဇုအား နန်းတော်သို့ ဖိတ်ခေါ်တွေ့ဆုံသည်။
“စွန်းဝူ (ဆွန်ဇု) ရေးသားထားတာ တော်တော်ရှင်းလင်းပြည့်စုံတ ယ်။ ကျွန်ုပ် ၁၃ ခန်းလုံး ဖတ်ပြီးပြီ၊ ကောင်းတယ်”
“ဝမ်းမြောက်ပါတယ် ဘုရား”
“ဒီထဲကအတိုင်း ငါရဲ့တပ်တော်တွေကို ကျင့်သုံးစေရန် ရနိုင်မလား”
“ရနိုင်တာပေါ့ ဘုရား”
“သေချာရဲ့လား”
“သေချာပါတယ် ဘုရား”
“ကဲ မျက်မြင်ဒိဋ္ဌ စမ်းသပ်လို့ရတယ်ဆိုရင် နန်းတော်ထဲက မောင်းမိဿံ အမျိုးသမီး ၁၈၀ ထွက်စေ”
ဆင့်ခေါ်စုရုံး၍ ဆွန်ဇု၏ စစ်ကျမ်းထဲမှ သင်ခန်းစာအတိုင်း အသုံးချ၍ ရအောင် လုပ်ဆောင်စေ၏။ အာဏာကုန် လွှဲအပ်လိုက်လေသည်။ ဆွန်ဇုသည် စစ်ရေးပြကွင်း အတွင်း အမျိုးသမီးမျာအား တပ်ဖွဲ့ ၂ ဖွဲ့ ခွဲလိုက်သည်။ တဖွဲ့တဖွဲ့စီကို မင်းသား၏ အမြတ်နိုးဆုံး ကိုယ်လုပ်တော် အမျိုးသမီး နှစ်ဦးအား တဦးစီခွဲ၍ ဦးစီးခေါင်းဆောင်အဖြစ် တာဝန်ပေးလိုက်သည်။ အဖွဲ့ဝင် အမျိုးသမီး ၁၈၀ တို့အား ဓား၊ လှံ လက်နက်များ အသီးသီးပေးအပ်လိုက်ပြီးနောက် ဆွန်ဇုက မေးသည်။
“ရှေ့ဘက်၊ နောက်ဘက်၊ ဘယ်ဘက်၊ ညာဘက် ဆိုတာတွေ မယ်မင်းတို့ သိကြရဲ့လား”
“သိပါတယ်” ဟု အမျိုးသမီးအားလုံက တပြိုင်တည်း အော်၍ ဖြေဆိုကြသည်။ ဆွန်ဇုက ဆက်၍ ပြောလိုက်သည်။
“ကောင်းပြီ၊ ငါက ရှေ့ဖက် လို့ အမိန့်ပေးတဲ့အခါမှာ မယ်မင်းတို့က ရှေ့တည့်တည့်ကို မျက်နှာမူရမယ်။ ဘယ်ဘက်လှည့် ဆိုတဲ့အခါမှာ ဘယ်ဖက်ကို မျက်နှာမူရမယ်။ ညာဘက် လှည့် လို့ အမိန့်ပေးတဲ့အခါ ညာဖက်ကို မျက်နှာမူရမယ်။ နောက်ဘက် လို့ အမိန့်ပေးတဲ့ အခါ နောက်ကျောဖက်ကို လှည့်ရမယ်”
အမျိုးသမီးအားလုံးက သဘောတူ ခေါင်းညိတ်ကြသည်။ ဆွန်ဇုက သူ၏ စည်းကမ်း ကြီးမှုကို အလေးအနက်ပြုသည့်အနေဖြင့် လက်မရွံ့အာဏာသားအား ဓားလက်နက် အသင့် ရှိနေစေသည်။ ထို့နောက် စည်တီး၍ စစ်ရေးလေ့ကျင့်ပွဲ စတင်ပြုလုပ်သည်။ အမိန့်သံထွက်ပေါ်လာသည်။ သို့သော် အမျိုးသမီးများအားလုံး တယောက်မျှ နေရာမရွေ့ တဟားဟား နှင့် ရယ်မောနေကြသည်။
ဤတွင် အမိန့်ပေးမှု မရှင်းလင်းသောကြောင့် တပ်ဖွဲ့ဝင်များ နားမလည်ကြခြင်းဖြစ်ကြောင်း ယင်းသို့ နားမလည်ခြင်းအတွက် အမိန့်ပေးသူတွင် အပြစ်ရှိကြောင်း ဆွန်ဇုက စိတ်ရှည်စွာ ရှင်းပြသည်။ ထို့နောက် နောက်တကြိမ် ထပ်မံလေ့ကျင့်ရန် ညွန်ကြာသည်။
ဒုတိယအကြိမ် စစ်စည်စစ်မောင်းများ တီးခတ်ကာ ထပ်မံ အမိန့်ပေးပြန်သည်။ ဤ အကြိမ် တွင်လည်း အမျိုးသမီးများ သည် စစ်ရေးလေ့ကျင့်မှု မပြုလုပ်ပဲ ရယ်နေကြပြန်၏။ သို့ဖြင့် ဆွန်ဇုကပြောသည်။
“အမိန့်ပေးမှု မရှင်းလင်းတဲ့အတွက် နားမလည်ကြခြင်းဖြစ်တယ်။ ဒီအတွက် အမိန့်ပေးသူ မှာ အပြစ်ရှိတယ်။ အမိန့်ပေးမှု ရှင်းလင်းပေမယ့် တပ်ဖွဲ့ဝင်တွေ လိုက်နာမှု မရှိရင်လည်း အဲဒီအတွက် သူတို့ကို ကြီးကြပ် ကွပ်ကဲတဲ့ အရာရှိတွေမှာ အပြစ်ရှိတယ်”
ဆွန်ဇုက ယင်းသို့ပြောဆိုပြီးနောက် “တပ်ဖွဲ့ နှစ်ဖွဲကို ဦးဆောက်ကွပ်ကဲရသော ကိုယ်လုပ် တော် အမျိုးသမီး နှစ်ဦးအား ကွပ်မျက်ရန် ခေါ်ထုတ်သွားကြ” ဟု အမိန့်ပေးလိုက်သည်။
စစ်ရေးလေ့ကျင့်ပွဲကို မဏ္ဍပ်ဆောင် စင်မြင့်ပေါ်မှ ကြည့်ရှုနေသော မင်းသား ဟေလူ သည် သူ၏ အမြတ်နိုးဆုံး ကိုယ်လုပ်တော်နှစ်ဦးအား ကွပ်မျက်ရန် ခေါ်ထုတ်သွားသည်ကို မြင်ရ သောအခါ အလွန် စိတ်မချမ်မသာ ဖြစ်မိသောကြောင့် အောက်ပါ စာချွန်တော်ကို ဆွန်ဇုထံ သို့ ပေးပို့လိုက်သည်။
“စစ်သူကြီးမင်း စစ်ရေးပြ အလွန်ကျွမ်းကျင်ကြောင်း မိမိ ယုံကြည်ပါသည်။ သို့သော် ကိုယ်လုပ်မောင်းမ နှစ်ဦး မရှိတော့ပါက မိမိ၏ ပွဲတော်စာမှာ အရသာ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့ နှစ်ဦးအား အသက်ချမ်းသာခွင့် ပေးစေလိုသည်”
သို့သော် ဆွန်ဇုက မိမိသည် တပ်ဖွဲ့များအား ဦးဆောင်ကွပ်ကဲ၍ စစ်ရေးလေ့ကျင့်ခွင့်ကို မင်းသားထံမှ ရရှိခဲ့ပြီးဖြစ်၍၊ အခြေအနေအရ လိုအပ်လျှင် မင်းသား၏ အမိန့်အာဏာကို ဖီဆန်၍ လုပ်ဆောင်နိုင်ခွင့်ရှိကြော င်း
ပြန်ကြားလိုက်သည်။ ထို့နောက် စံနမူနာအဖြစ် တပ်ဖွဲ့ခေါင်းဆောင်
ကိုယ်လုပ်မောင်းမ နှစ်ဦးအား ခေါင်းဖြတ်ကွပ်မျက်စေသည်။ ၎င်းတို့နေရာတွံင်
အခြား နှစ်ဦးကို အစားထိုးခန့်ထားကာ တပ်ဖွဲ့များအား ကွပ်ကဲစေသည်။
ထို့နောက် စစ်ရေးပြပွဲကို ဆက်လက်ပြုလုပ်ရာ အလုံးစုံ ချောမောအောင်မြင်လေသည်။ တပ်ဖွဲ့ဝင် အမျိုးသမီးများ အားလုံးသည် ရှေ့၊ နောက်၊ ဝဲ၊ ယာ လှည့်ခြင်း၊ ဒူးထောက်ထိုင်ခြင်း၊ ပြန်ထခြင်း တို့ကို ရယ်မောခြင်း သို့မဟုတ် မကျေနပ်သည့်အမူအယာ များ လုံးဝမပြပဲ ကျိုးနွံစွာ လုပ်ဆောင်ကြသည်။
ထို့နောက် စည်းကမ်းတကျ စစ်ရေးပြလေ့ကျင့်ထားပြီးသော
တပ်ဖွဲ့များကို မင်းသား ကိုယ် တိုင် ကြွရောက်စစ်ဆေးရန် လျှောက်တင်စေသည်။
စွမ်းရည်ပြပွဲတွင် သရုပ်ပြဖြတ်ကျော် ရန် ရေ၊ မီး အတားအဆီးများကို
ပြင်ဆင်ထားသည်။
သို့သော် မင်းသား ဝေဟေလူ သည် ကိုယ်တိုင်လာရောက် စစ်ဆေးခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ဆွန်ဇုက “မင်းသားဟာ စကားပြောဖို့လောက် နှစ်သက်သူဖြစ်တယ်။ စကားကို လက် တွေ့အကောင်အထည်ဖော်တဲ့အလုပ် ကို မလုပ်နိုင်ရှာ” ဟု မှတ်ချက်ချခဲ့သည်။
မှတ်ချက်ချစကားကို ကြားသဖြင့် အကြီးအကျယ် ရှက်သွားသော်လည်း မင်းသားသည် ဆွန်ဇု၏ အစွမ်းအစကို အသိအမှတ်ပြုသည့်အနေဖြင့် ဝူ တပ်မတော် ၏ စစ်သူကြီးအဖြစ် ချက်ချင်း ခန့်အပ်လိုက်သည်။
ဘီစီ ၅၀၆ ခုနှစ်အတွင်း ဆွန်ဇုသည် ဇု (Zhu) ပြည်နယ်အား ငါးကြိမ် ချီတက်တိုက်ခိုက် ခဲ့သည်။ ထိုအချိန်က ဝူပြည်နယ်သည် ဇု ပြည်နယ် ၏ လက်အောက်ခံအဖြစ် သတ်မှတ် ထားခြင်းကို ခံရသည်။ နောက်ဆုံးတွင် ဝူ တပ်မတော်သည် ဇု ပြည်နယ်၏ မြို့တော် ယင်ဒု (Ying-du) ကိုသိမ်းပိုက်နိုင်ခဲ့သည်။ ဇူ ပြည်နယ် ဘုရင် ဇာအို (Zhao) မှာ ပြည်နယ်ကို စွန့်ခွာ ထွက်ပြေးသွားရသည်။
နှစ်ပေါင်း ၂၀ အတွင်း ဆွန်ဇု ကွပ်ကဲသော ဝူတပ်မတော်သည် အိမ်နီးချင်းပြည်နယ်များ ဖြစ်သော ကွီ (Qi)၊ ကွင် (Qin)၊ ယူး (Yue) ပြည်နယ်များကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် ဆွန်ဇု ကွယ်လွန်ပြီးနောက် ဆက်ခံခဲ့ကြသော စစ်သူကြီး အဆက်ဆက်တို့သည် ဆွန်ဇု၏ စစ်ပညာသဘောတရားများကို လိုက်နာခြင်းမရှိသောကြောင့်
ကျူးကျော် တိုက်ခိုက်လာသော ရန်သူများကို ပြန်လှန်တိုက်ခိုက်
အောင်နိုင်မှုမရှိတော့ပဲ၊ ဘီစီ ၄၇၃ တွင် ဝူ တပ်မတော် နှင့် ဝူ နိုင်ငံ
ပြိုကွဲပျက်သုဉ်းခဲ့သည်။
ဆွန်ဇု၏ စစ်ပညာသဘောတရားများသည် စာအုပ်ထဲမှာ သာရှိနေခြင်းမဟုတ်၊ လက်တွေ့ ကျင့်သုံးလိုက်နာပါက အောင်မြင်စေပြီး အသုံးမချတတ်ပါက စစ်ပွဲများ ရှုံးနိမ့်စေနိုင်သည်။ တိုက်ပွဲများ၊ အတွေ့အကြုံများမှ ပေါ်ထွက် လာခဲ့သော စစ်ပါရဂူ၊ စစ်ရေးကျွမ်းကျင်သူ ပညာရှိတဦး၏ သေနင်္ဂဗျူဟာ စစ်အတတ်ပညာ အဆီအနှစ်ကို ခြုံငုံ ဖော်ထုတ်ထားသော ကျမ်းတစောင်ဖြစ်သည်။ ဗြိတိသျှ စစ်ပညာကျွမ်းကျင်သူ ဆာ ဘာဆီ ဟင်နရီ လစ်ဒဲလ်ဟတ် က “ဆွန်ဇုအား စစ်အတတ်ပညာ၌ မှီနိုင်သူမရှိ၊ စစ်သူကြီး ကားလ် ဗွန် ကလော့ဇ်ဝပ် သည်ပင် ဆွန်ဇု၏ ထိုးထွင်း နှံ့စပ် သိမြင်မှုကို မယှဉ်နိုင်” ဟု မှတ်ချက် ချခဲ့သည်။
(ဆက်လက်ဖေါ်ပြပါမည်)
လွတ်လပ်အိမ်
ကမ္ဘာတ၀ှမ်းတွင် ဆွန်ဇု ဟု ကျော်ကြားထင်ရှားသော စွန်းဝူ ကို ခရစ်တော် မပေါ်မီ နှစ် ၅၀၀ ခန့်က မွေးဖွားခဲ့သည်။ တရုတ်နိုင်ငံ ကွီ ပြည်နယ်သားဖြစ်သည်။ ဆွန်ဇုသည် “သေနင်္ဂဗျူဟာ စစ်အတတ်ပညာကျမ်း” ကို ရေးသားခဲ့သည်။
ဘီစီ ၄၇၆-၂၁၁ အတွင်း ပြည်နယ်အချင်းချင်း စစ်ခင်းနေကြသော ခေတ်တွင် သူသည် ဝူ ပြည်နယ်တွင် မင်းမှုထမ်းခဲ့သည်။ အခန်း ၁၃ ခု ပါသော သူ၏ စစ်ပညာကျမ်းသည် နာမည်ကြီးသည်။ ထိုကျမ်းကို ဝူပြည်နယ် ၏ မင်းသား ဝူဟေလူ က ဖတ်ရှုပြီး လွန်စွာ သဘောကျသဖြင့် ဆွန်ဇုအား နန်းတော်သို့ ဖိတ်ခေါ်တွေ့ဆုံသည်။
“စွန်းဝူ (ဆွန်ဇု) ရေးသားထားတာ တော်တော်ရှင်းလင်းပြည့်စုံတ
“ဝမ်းမြောက်ပါတယ် ဘုရား”
“ဒီထဲကအတိုင်း ငါရဲ့တပ်တော်တွေကို ကျင့်သုံးစေရန် ရနိုင်မလား”
“ရနိုင်တာပေါ့ ဘုရား”
“သေချာရဲ့လား”
“သေချာပါတယ် ဘုရား”
“ကဲ မျက်မြင်ဒိဋ္ဌ စမ်းသပ်လို့ရတယ်ဆိုရင် နန်းတော်ထဲက မောင်းမိဿံ အမျိုးသမီး ၁၈၀ ထွက်စေ”
ဆင့်ခေါ်စုရုံး၍ ဆွန်ဇု၏ စစ်ကျမ်းထဲမှ သင်ခန်းစာအတိုင်း အသုံးချ၍ ရအောင် လုပ်ဆောင်စေ၏။ အာဏာကုန် လွှဲအပ်လိုက်လေသည်။ ဆွန်ဇုသည် စစ်ရေးပြကွင်း အတွင်း အမျိုးသမီးမျာအား တပ်ဖွဲ့ ၂ ဖွဲ့ ခွဲလိုက်သည်။ တဖွဲ့တဖွဲ့စီကို မင်းသား၏ အမြတ်နိုးဆုံး ကိုယ်လုပ်တော် အမျိုးသမီး နှစ်ဦးအား တဦးစီခွဲ၍ ဦးစီးခေါင်းဆောင်အဖြစ် တာဝန်ပေးလိုက်သည်။ အဖွဲ့ဝင် အမျိုးသမီး ၁၈၀ တို့အား ဓား၊ လှံ လက်နက်များ အသီးသီးပေးအပ်လိုက်ပြီးနောက
“ရှေ့ဘက်၊ နောက်ဘက်၊ ဘယ်ဘက်၊ ညာဘက် ဆိုတာတွေ မယ်မင်းတို့ သိကြရဲ့လား”
“သိပါတယ်” ဟု အမျိုးသမီးအားလုံက တပြိုင်တည်း အော်၍ ဖြေဆိုကြသည်။ ဆွန်ဇုက ဆက်၍ ပြောလိုက်သည်။
“ကောင်းပြီ၊ ငါက ရှေ့ဖက် လို့ အမိန့်ပေးတဲ့အခါမှာ မယ်မင်းတို့က ရှေ့တည့်တည့်ကို မျက်နှာမူရမယ်။ ဘယ်ဘက်လှည့် ဆိုတဲ့အခါမှာ ဘယ်ဖက်ကို မျက်နှာမူရမယ်။ ညာဘက် လှည့် လို့ အမိန့်ပေးတဲ့အခါ ညာဖက်ကို မျက်နှာမူရမယ်။ နောက်ဘက် လို့ အမိန့်ပေးတဲ့ အခါ နောက်ကျောဖက်ကို လှည့်ရမယ်”
အမျိုးသမီးအားလုံးက သဘောတူ ခေါင်းညိတ်ကြသည်။ ဆွန်ဇုက သူ၏ စည်းကမ်း ကြီးမှုကို အလေးအနက်ပြုသည့်အနေဖြင့် လက်မရွံ့အာဏာသားအား ဓားလက်နက် အသင့် ရှိနေစေသည်။ ထို့နောက် စည်တီး၍ စစ်ရေးလေ့ကျင့်ပွဲ စတင်ပြုလုပ်သည်။ အမိန့်သံထွက်ပေါ်လာသည်။ သို့သော် အမျိုးသမီးများအားလုံး တယောက်မျှ နေရာမရွေ့ တဟားဟား နှင့် ရယ်မောနေကြသည်။
ဤတွင် အမိန့်ပေးမှု မရှင်းလင်းသောကြောင့် တပ်ဖွဲ့ဝင်များ နားမလည်ကြခြင်းဖြစ်ကြောင်း ယင်းသို့ နားမလည်ခြင်းအတွက် အမိန့်ပေးသူတွင် အပြစ်ရှိကြောင်း ဆွန်ဇုက စိတ်ရှည်စွာ ရှင်းပြသည်။ ထို့နောက် နောက်တကြိမ် ထပ်မံလေ့ကျင့်ရန် ညွန်ကြာသည်။
ဒုတိယအကြိမ် စစ်စည်စစ်မောင်းများ တီးခတ်ကာ ထပ်မံ အမိန့်ပေးပြန်သည်။ ဤ အကြိမ် တွင်လည်း အမျိုးသမီးများ သည် စစ်ရေးလေ့ကျင့်မှု မပြုလုပ်ပဲ ရယ်နေကြပြန်၏။ သို့ဖြင့် ဆွန်ဇုကပြောသည်။
“အမိန့်ပေးမှု မရှင်းလင်းတဲ့အတွက် နားမလည်ကြခြင်းဖြစ်တယ်။ ဒီအတွက် အမိန့်ပေးသူ မှာ အပြစ်ရှိတယ်။ အမိန့်ပေးမှု ရှင်းလင်းပေမယ့် တပ်ဖွဲ့ဝင်တွေ လိုက်နာမှု မရှိရင်လည်း အဲဒီအတွက် သူတို့ကို ကြီးကြပ် ကွပ်ကဲတဲ့ အရာရှိတွေမှာ အပြစ်ရှိတယ်”
ဆွန်ဇုက ယင်းသို့ပြောဆိုပြီးနောက် “တပ်ဖွဲ့ နှစ်ဖွဲကို ဦးဆောက်ကွပ်ကဲရသော ကိုယ်လုပ် တော် အမျိုးသမီး နှစ်ဦးအား ကွပ်မျက်ရန် ခေါ်ထုတ်သွားကြ” ဟု အမိန့်ပေးလိုက်သည်။
စစ်ရေးလေ့ကျင့်ပွဲကို မဏ္ဍပ်ဆောင် စင်မြင့်ပေါ်မှ ကြည့်ရှုနေသော မင်းသား ဟေလူ သည် သူ၏ အမြတ်နိုးဆုံး ကိုယ်လုပ်တော်နှစ်ဦးအား ကွပ်မျက်ရန် ခေါ်ထုတ်သွားသည်ကို မြင်ရ သောအခါ အလွန် စိတ်မချမ်မသာ ဖြစ်မိသောကြောင့် အောက်ပါ စာချွန်တော်ကို ဆွန်ဇုထံ သို့ ပေးပို့လိုက်သည်။
“စစ်သူကြီးမင်း စစ်ရေးပြ အလွန်ကျွမ်းကျင်ကြောင်း မိမိ ယုံကြည်ပါသည်။ သို့သော် ကိုယ်လုပ်မောင်းမ နှစ်ဦး မရှိတော့ပါက မိမိ၏ ပွဲတော်စာမှာ အရသာ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့ နှစ်ဦးအား အသက်ချမ်းသာခွင့် ပေးစေလိုသည်”
သို့သော် ဆွန်ဇုက မိမိသည် တပ်ဖွဲ့များအား ဦးဆောင်ကွပ်ကဲ၍ စစ်ရေးလေ့ကျင့်ခွင့်ကို မင်းသားထံမှ ရရှိခဲ့ပြီးဖြစ်၍၊ အခြေအနေအရ လိုအပ်လျှင် မင်းသား၏ အမိန့်အာဏာကို ဖီဆန်၍ လုပ်ဆောင်နိုင်ခွင့်ရှိကြော
ထို့နောက် စစ်ရေးပြပွဲကို ဆက်လက်ပြုလုပ်ရာ အလုံးစုံ ချောမောအောင်မြင်လေသည်။ တပ်ဖွဲ့ဝင် အမျိုးသမီးများ အားလုံးသည် ရှေ့၊ နောက်၊ ဝဲ၊ ယာ လှည့်ခြင်း၊ ဒူးထောက်ထိုင်ခြင်း၊ ပြန်ထခြင်း တို့ကို ရယ်မောခြင်း သို့မဟုတ် မကျေနပ်သည့်အမူအယာ များ လုံးဝမပြပဲ ကျိုးနွံစွာ လုပ်ဆောင်ကြသည်။
ထို့နောက် စည်းကမ်းတကျ စစ်ရေးပြလေ့ကျင့်ထားပြီးသော
သို့သော် မင်းသား ဝေဟေလူ သည် ကိုယ်တိုင်လာရောက် စစ်ဆေးခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ဆွန်ဇုက “မင်းသားဟာ စကားပြောဖို့လောက် နှစ်သက်သူဖြစ်တယ်။ စကားကို လက် တွေ့အကောင်အထည်ဖော်တဲ့အလုပ်
မှတ်ချက်ချစကားကို ကြားသဖြင့် အကြီးအကျယ် ရှက်သွားသော်လည်း မင်းသားသည် ဆွန်ဇု၏ အစွမ်းအစကို အသိအမှတ်ပြုသည့်အနေဖြင့် ဝူ တပ်မတော် ၏ စစ်သူကြီးအဖြစ် ချက်ချင်း ခန့်အပ်လိုက်သည်။
ဘီစီ ၅၀၆ ခုနှစ်အတွင်း ဆွန်ဇုသည် ဇု (Zhu) ပြည်နယ်အား ငါးကြိမ် ချီတက်တိုက်ခိုက် ခဲ့သည်။ ထိုအချိန်က ဝူပြည်နယ်သည် ဇု ပြည်နယ် ၏ လက်အောက်ခံအဖြစ် သတ်မှတ် ထားခြင်းကို ခံရသည်။ နောက်ဆုံးတွင် ဝူ တပ်မတော်သည် ဇု ပြည်နယ်၏ မြို့တော် ယင်ဒု (Ying-du) ကိုသိမ်းပိုက်နိုင်ခဲ့သည်။ ဇူ ပြည်နယ် ဘုရင် ဇာအို (Zhao) မှာ ပြည်နယ်ကို စွန့်ခွာ ထွက်ပြေးသွားရသည်။
နှစ်ပေါင်း ၂၀ အတွင်း ဆွန်ဇု ကွပ်ကဲသော ဝူတပ်မတော်သည် အိမ်နီးချင်းပြည်နယ်များ ဖြစ်သော ကွီ (Qi)၊ ကွင် (Qin)၊ ယူး (Yue) ပြည်နယ်များကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် ဆွန်ဇု ကွယ်လွန်ပြီးနောက် ဆက်ခံခဲ့ကြသော စစ်သူကြီး အဆက်ဆက်တို့သည် ဆွန်ဇု၏ စစ်ပညာသဘောတရားများကို လိုက်နာခြင်းမရှိသောကြောင့်
ဆွန်ဇု၏ စစ်ပညာသဘောတရားများသည် စာအုပ်ထဲမှာ သာရှိနေခြင်းမဟုတ်၊ လက်တွေ့ ကျင့်သုံးလိုက်နာပါက အောင်မြင်စေပြီး အသုံးမချတတ်ပါက စစ်ပွဲများ ရှုံးနိမ့်စေနိုင်သည်။ တိုက်ပွဲများ၊ အတွေ့အကြုံများမှ ပေါ်ထွက် လာခဲ့သော စစ်ပါရဂူ၊ စစ်ရေးကျွမ်းကျင်သူ ပညာရှိတဦး၏ သေနင်္ဂဗျူဟာ စစ်အတတ်ပညာ အဆီအနှစ်ကို ခြုံငုံ ဖော်ထုတ်ထားသော ကျမ်းတစောင်ဖြစ်သည်။ ဗြိတိသျှ စစ်ပညာကျွမ်းကျင်သူ ဆာ ဘာဆီ ဟင်နရီ လစ်ဒဲလ်ဟတ် က “ဆွန်ဇုအား စစ်အတတ်ပညာ၌ မှီနိုင်သူမရှိ၊ စစ်သူကြီး ကားလ် ဗွန် ကလော့ဇ်ဝပ် သည်ပင် ဆွန်ဇု၏ ထိုးထွင်း နှံ့စပ် သိမြင်မှုကို မယှဉ်နိုင်” ဟု မှတ်ချက် ချခဲ့သည်။
(ဆက်လက်ဖေါ်ပြပါမည်)
လွတ်လပ်အိမ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။