Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, June 12, 2016

မေမေ

မေမေ
--------
"နင့်မိဘတွေ နင့်ကို သိပ်ချစ်လို့ ဒီနာမည်ပေးထားတယ် ထင်တယ်... ဟုတ်လား"
.
ကျွန်တော့်နာမည် "မောင်ဝမ်းသာ" ဆိုတာကိုကြားတိုင်း ဒီအမေးကိုမေးကြတဲ့ လူပေါင်း ဘယ်နှယောက်ရှိမှန်း ကျွန်တော်မမှတ်မိတော့ဘူး။
.
"သမီးတွေတစ်ပုံကြီး မွေးပြီးမှ နင့်ကိုမွေးခဲ့လို့ ဝမ်းသာပြီး ဒီနာမည်ကို ပေးခဲ့တာဖြစ်မယ်"
.
တစ်ချို့က သူတို့တွေးထင်သလို ပြောကြပြန်တယ်။
.
ဒီလိုခန့်မှန်း၊ မေးမြန်းတာနဲ့ပတ်သက်ပြီး အစပိုင်းမှာ ကျွန်တော်ဒေါသထွက် ဆဲဆိုရိုက်ပုတ်တတ်ပေမယ့် ကြာတော့ ကျွန်တော် ဒေါသမထွက်တော့ဘူး။ အဲဒီဒေါသတွေက ကျွန်တော့်ရဲ့ နာကျင်တဲ့အပြုံးအဖြစ် ပြောင်းသွားခဲ့တယ်။
.
သူတို့အမေးကို ကျွန်တော်ဘယ်လိုပြန်ဖြေရမလဲ၊ နားလည်တတ်စ အရွယ်တည်းက အဘွားနဲ့ပဲ ကျွန်တော်ကြီးပြင်းခဲ့တယ်။ မေမေဆိုတာ ဘယ်လိုပုံစံမှန်း ကျွန်တော်မသိခဲ့ဘူး။
.
ကျွန်တော့်ကို မေမေချစ်သလား၊ ဖေဖေကတော့ ကျွန်တော်၂နှစ်သားအရွယ်တည်းက လောင်းကစားကြောင့် လူသတ်မှုဖြစ်ပြီး ထောင်ကျသွားခဲ့တယ်။ ဒါတွေက ကျွန်တော်ဂြိုလ်ကောင်ကြောင့် ဖြစ်ရတယ်လို့ အဘွားက အမြဲပြောတယ်။ ဒါကြောင့် ဖေဖေလည်း ကျွန်တော့်ကိုချစ်မှာမဟုတ်ဘူး။ ဒါနဲ့များ ဘာလို့ ကျွန်တော့်နာမည်ကို မောင်ဝမ်းသာလို့ ပေးခဲ့ကြသလဲ...
.
တကယ်တော့ အိမ်ကလူတွေ ကျွန်တော့်နာမည်ကို မခေါ်ခဲ့ကြဘူး။ ကျွန်တော်ပြောတဲ့ အိမ်ကလူတွေဆိုတာ အဘွားအပြင် အဖေတူ အမေကွဲက မွေးလာတဲ့ အစ်ကိုနှစ်ယောက်နဲ့ အစ်မတစ်ယောက်ကို ပြောတာဖြစ်တယ်။ အစ်ကို၊ အစ်မတွေက ကျွန်တော့်မေမေကြောင့် ကျွန်တော်ကိုမုန်းကြတယ်။ အဘွားကလည်း သားဆိုးစိတ်နဲ့ ကျွန်တော်နာမည်ကို မေ့နေခဲ့တယ်။ အဘွားက သူစိတ်ကောင်းဝင်တဲ့အချိန် ကျွန်တော့်ကို "ကောက်လာတဲ့ကောင်"လို့ ခေါ်ပြီး ဒေါသထွက်ရင် "မျိုးမစစ်" လို့ ခေါ်တတ်တယ်။
.
ကျောင်းနေမှ ကျွန်တော့်နာမည်ကို ကျွန်တော်သိရတော့တယ်။ "မောင်ဝမ်းသာ"လို့ ကျွန်တော်နာမည်ကို ဆရာမခေါ်တော့ အတန်းထဲက လူတွေ အသံထွက်အော်ရယ်ကြတယ်။ ကျွန်တော့်ကို သူတို့ရယ်နေမှန်း ကျွန်တော်မသိဘဲ ဘေးဘီကို လှည့်ကြည့်နေခဲ့တယ်။ နောက်ကနေ အဘွားကျွန်တော့်ကိုတွန်းပြီး "ရှိ" လို့ ထူးခိုင်းမှ "ကောက်လာတဲ့ကောင်" "မျိုးမစစ်" ဆိုတာ ကျွန်တော်နာမည်တွေ မဟုတ်မှန်း ကျွန်တော်သိခဲ့ရတယ်။ မောင်ဝမ်းသာဆိုတဲ့ နာမည်က နားထောင်လို့ မကောင်းပေမယ့် ကျွန်တော်တန်ဖိုးထားမိတယ်။
.
"အမေ့သား အပြင်မှာ မွေးတဲ့ကလေးဆိုတာ သူလား၊ တော်တော်ကြီးပြီပဲနော်"
.
မိန်းမဝကြီးတစ်ယောက် အဘွားကိုမေးတော့ အဘွားက ပါးစပ်ကိုရွဲ့ပြီး...
.
"အပြုစားခံလိုက်ရတာ... အမေ့သား ဘုမသိ ဘမသိနဲ့ အဲဒီစုန်းမရဲ့ အညှို့ကို ခံလိုက်ရတာ။ ခုတော့ မယားလည်းဆုံး၊ သူကထောင်ကျနဲ့ အမေ့လိုအဘွားကြီးကို ဆင်းရဲဒုက္ခပေးဖို့ ဒီဂြိုလ်ကောင်ကို ထားခဲ့တယ်လေ"
.
ဒီလိုစကားတွေက အဘွားဆီကနေ ကျွန်တော်ပထမဆုံးအကြိမ် ကြားရတာ မဟုတ်ပါဘူး။ ခါတိုင်းလည်း တစ်ခြားမောင်နှမတွေကို "ဒီစုန်းမရဲ့သားက နင်တို့နဲ့မတူဘူးနော်" လို့ ပြောတတ်တယ်။
.
တကယ်လည်း သူတို့နဲ့ကျွန်တော်မတူခဲ့ပါဘူး။ စားတာမတူဘူး၊ လုပ်တာမတူဘူး။ သူတို့က ကျွန်တော်ထက် အစားကောင်းတွေ စားရပြီး ကျွန်တော့်လောက် အလုပ်မလုပ်ရဘူး။ ဒီလိုအခြေအနေက ကျွန်တော်ငါးတန်းနှစ်အရောက်မှာ ပိုသိသာလာခဲ့တယ်။ ကျောင်းဆင်းပြန်တိုင်း ကျွန်တော်ကွမ်းသီး သွားညှပ်ရတယ်။ ဒါမှမဟုတ် တစ်ခြားအလုပ်လုပ်ပြီး ဝင်ငွေရှာရတယ်။ ရလာတဲ့ငွေက ကျွန်တော့်အတွက်မဟုတ်ဘဲ အဘွားရဲ့အိတ်ထဲဝင်ဖို့ဖြစ်တယ်။
.
အဘွားက အသက်၆ဝဆိုပေမယ့် ဖဲရိုက်ဖို့၊ ထီထိုးဖို့ စိတ်ထက်သန်တုန်း။ လောင်းကစားကြောင့် အဘွားရဲ့ဦးနှောက်က တစ်ခြားလူထက်ကြည်ပြီး လူအိုတွေဖြစ်တတ်တဲ့ သူငယ်ပြန်ရောဂါ၊ စိတ်ကယောင်ကချားတွေ မဖြစ်တတ်ဘူးလို့ တစ်ချို့က ပြောကြတယ်။
.
တကယ်လည်း အဘွားက ဖဲဝိုင်းရောက်ပြီဆိုရင် ဘယ်လိုခေါ်ခေါ် ထိုင်ရာက မရွေ့တော့ဘူး။ မြေးတွေ ထမင်းစားရ၊ မစားရဆိုတာကိုလည်း ဂရုမစိုက်တော့ဘူး။ ဒီလိုအခြေအနေမျိုးမှာ အစ်ကိုအစ်မတွေက သူတို့ဦးလေး၊ အဒေါ်တွေဆီ သွားစားကြပေမယ့် ကျွန်တော့်မှာ သွားစားဖို့နေရာ မရှိခဲ့ဘူး။
.
စားစရာမရှိလို့ ဗိုက်အဆာကြီးဆာပြီး ကျွန်တော်မအောင့်နိုင်တဲ့အခါ ခိုးတဲ့နည်းနဲ့ ကျွန်တော်ဖြေရှင်းခဲ့ရတယ်။ ခိုးတာ တစ်ခါ၊ နှစ်ခါ အောင်မြင်လာတော့ အဲဒီခိုးတဲ့အလုပ်မှာ ကျွန်တော်ကျေနပ် ပျော်ဝင်နေခဲ့တယ်။ ခိုးလာတဲ့ ငွေတစ်ချို့ အဘွားကိုပေးပေမယ့် ဒီငွေ ဘယ်ကရတယ်ဆိုတာကို သူတစ်ခါမှ မမေးခဲ့ဘူး။ အလုပ်ရှိလား၊ အဆင်ပြေလားလည်း မမေးခဲ့ဖူးဘူး။ ဒါကြောင့် ငွေပိုတစ်ချို့နဲ့ ကျွန်တော်ညဈေးလည်တယ်၊ ဂိမ်းကစားတယ်၊ စားချင်တာ ဝယ်စားပစ်လိုက်တယ်။
.
စားရဖန်များလေ ကျွန်တော့်အစာအိမ် ပိုကြီးလေနဲ့ ရဲသထက် ကျွန်တော်ရဲလာခဲ့တယ်။ နည်းပညာ ပိုကျင်လည်လာခဲ့တယ်။ တစ်ခြားလူ ပိုင်တဲ့ပစ္စည်းတွေကို ကျွန်တော့်လက်ထဲရောက်အောင် လုပ်တယ်။ ကစားဝမှ ကျွန်တော်ပြန်ထားပေးတယ်။ တစ်ခါတလေ ကျွန်တော်ရဲ့ပိရိတဲ့ အစွမ်းအစကို ကျွန်တော်ဘာသာ ချီးကျူးနေမိတယ်။ ဒါကြောင့် ကျွန်တော်ကြည့်မရတဲ့ လူတွေရဲ့ အနှစ်သက်ဆုံး ပစ္စည်းတွေကို ကျွန်တော်ရအောင်ခိုးတယ်။ ဒါမှမဟုတ် တစ်ခြားလူရဲ့ ပစ္စည်းကိုယူပြီး သူတို့ခိုးသလိုနဲ့ ဖန်တီးပေးလိုက်တယ်။ ဒီလိုလူတွေကို ကလဲ့စားပြီး ကျွန်တော်ရဲ့ စိတ်ထွက်ပေါက်ကိုရှာခဲ့တယ်။ တစ်ခြားလူ ထိခိုက်၊ နာကျင်နေတာကို ကြည့်ပြီး ကျွန်တော်ပျော်ရွှင်ခဲ့တယ်။ ကျွန်တော်ပျော်ရွှင်တာက ဒီလောကမှာ ကျွန်တော့်တစ်ယောက်တည်း ဆင်းရဲဒုက္ခခံစားနေတာ မဟုတ်ဘူးဆိုတာ သိရလို့ဖြစ်တယ်။
.
ဒါကြောင့် တစ်ခြားလူရဲ့ ထိခိုက်နာကျင်ခြင်းနဲ့ ကျွန်တော့်အပျော်ကို ရှာခဲ့တယ်။ တစ်ခြားလူ နာကျင်နေမှ ဒီလောကကြီး မျှတတယ်ဆိုတာကို ကျွန်တော်ယုံကြည်တယ်။ တစ်ခြားလူ မျက်ရည်ကျမှ ဒီလောကမှာ ငိုရတဲ့လူ ကျွန်တော်တစ်ယောက်တည်းရှိတာ မဟုတ်ဘူးဆိုတာကို နားလည်ခဲ့တယ်။ ဒီလိုမှ မဟုတ်ရင် ကျွန်တော် ကြီးပြင်းလာတာနဲ့အမျှ နာကျင်ခြင်းတွေက လိုက်ကြီးလာတော့မယ်.. အဲဒီအချိန်ကျရင် ကျွန်တော်ရှင်သန်နိုင်တော့မှာ မဟုတ်ဘူး။
.
ညလမ်းသလားများရင် သရဲနဲ့တိုးတတ်တယ်ဆိုသလို တစ်ခါက ကုန်စုံဆိုင်တစ်ဆိုင်ကို ခိုးနေတုန်း ကျွန်တော်မိသွားခဲ့တယ်။ ကုန်စုံဆိုင် သူဌေးရဲ့သားက ဘေးကနေပြီ "ရိုက်.. ရိုက်.. သူ့ကိုရိုက် ဒါမှမဟုတ် ရဲလက်ထဲ အပ်လိုက်" လို့ ပြောတယ်။ သဘောကောင်း ဖော်ရွေတဲ့ သူဌေးမက ကျွန်တော်တို့ ရပ်ကွက်ထဲကပါ။ ရပ်ရွာအကျိုးသယ်ပိုးပြီး လူတွေကို ကူညီတတ်သူဖြစ်တယ်။ လူတိုင်းကို သိသူ၊ ခင်သူဖြစ်တယ်။ သူဌေးမက သားဘက်လှည့်ပြီး "သူ့မှာ အဖေအမေမရှိဘူး။ သူ့အဘွားက တစ်နေ့ကုန် ကစားဝိုင်းရောက်နေတော့ ဘာမှ မစားရလို့ သူဒီလိုဖြစ်ရတာ။ ဒါတောင် သားက သူ့ကို ရိုက်ရက်သလား"
.
အဲဒီစကားကိုကြားတော့ ကျွန်တော့်ရင်ထဲက နာကျင်မှုတွေ လှုပ်နိုးထလာခဲ့တယ်။ ဟုတ်တယ်လေ.. ကျွန်တော့်မှာ အဖေအမေမရှိဘူး။ အဘွားက ကျွန်တော့်ကို "ကောက်လာတဲ့ကောင်" "မျိုးမစစ်" လို့ ခေါ်တယ်။ ဒါကို လူတိုင်းသိတယ်။ လူတိုင်းရဲ့ အသိထဲမှာ ကျွန်တော်အဲဒီလိုဖြစ်နေခဲ့တယ်။ ဒီလိုတွေးမိရင်း ကျွန်တော့်မျက်ရည်တွေ စီးကျလာခဲ့တယ်။
.
"သနားလိုက်တာ.. မငိုနဲ့... လာ အဒေါ်တို့နဲ့ ထမင်းအတူလာစား"
.
စိတ်ရင်းကောင်းတဲ့ သူဌေးမကြောင့် မျက်ရည်က ကျွန်တော့်ရဲ့ အကောင်းဆုံးလက်နက်ဆိုတာကို ကျွန်တော်နားလည်ခဲ့တယ်။ ကျွန်တော့်နောက်ကြောင်းတွေက ကျွန်တော့်ကို အကာအကွယ်ပေးထားတယ်။ ဒါတွေကို ကောင်းကောင်းအသုံးချရင် လူတွေရဲ့ ကိုယ်ချင်းစာ သနားတာကို ကျွန်တော်ပြန်ရမယ်။ ဒါမှ ခိုးတာမိခဲ့အခါ ကျွန်တော်အလွတ်ရုန်းလို့ ရနိုင်မယ်။
.
ဒီသဘောတရားကို နားလည်ပြီးနောက် ကျွန်တော်စိတ်ချချနဲ့ ပိုခိုးခဲ့တယ်။ ရှက်ရကောင်းမှန်းလည်း မသိခဲ့ဘူး။ ကျွန်တော့်ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့ လောကကြီးက ပိုရှက်ဖို့ကောင်းပါတယ်... မဟုတ်လား..
.
---- ဆက်ပါဦးမည်..

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။