မေမေ
------- (အဆက်)
သူဌေးမရဲ့ ကုန်စုံဆိုင်ကို ကျွန်တော်စခိုးတော့တယ်။ အလစ်သုတ်တယ်။ တစ်ခါတလေ သူဌေးမ အိမ်သာတက်တဲ့အချိန် အံဆွဲထဲက ပိုက်ဆံကို နိုက်တယ်။ သူဌေးမက သိပ်ပါးနပ်ပုံမရဘူး။ ကျွန်တော်သုံးလေးခါ ခိုးတာတောင် သူရိပ်မိပုံမပေါ်ဘူး။ ပါးနပ်တဲ့သူ့ယောက်ျား သူဌေးအလုပ်ကပြန်ပြီး ဆိုင်စောင့်တဲ့အချိန်ဆိုရင် ကျွန်တော်သွားမခိုးခဲ့ဘူး။ သူဌေးမ ရှိတတ်တဲ့အချိန်ပဲ ရွေးခိုးခဲ့လို့ ကျွန်တော်တော်တော် အဆင်ပြေခဲ့တယ်။ ခိုးရတာ
ကျေနပ်ခဲ့တယ်။ ဒါပေမယ့် သူဌေးသားက သူတို့အိမ်က ပစ္စည်းတွေကို
ကျွန်တော်ခိုးတယ်လို့ သတင်းလွှင့်ခဲ့တယ်။ ဒါကြောင့် ကျောင်းဆင်းတဲ့တစ်ရက်
အိမ်ပြန်လမ်းမှာစောင့်ပြီး သူ့ကို ကောင်းကောင်းဆုံးမဖို့
ကျွန်တော်ဆုံးဖြတ်လိုက်တယ်။
.
လမ်းမှာစောင့်နေတဲ့ ကျွန်တော်ကိုတွေ့တော့ သူလန့်သွားတယ်။ ယူလာတဲ့ဒုတ်နဲ့ သူ့ခေါင်းကိုရိုက်လိုက်တော့ လက်ကာရင်း သူရှင်းပြတယ်။
.
"ငါမလိမ္ဘူး။ ငါ့အမေက နင့်ကို သနားလို့.. ဆိုင်ကပစ္စည်းတွေ၊ အံဆွဲထဲက ပိုက်ဆံတွေ နင်ခိုးတာကို သူဘာမှမပြောခဲ့ဘူး။ နင့်ကို ပေးရင် နင်ယူမှာ မဟုတ်လို့ နင်စားဖို့ ခိုးပါစေဆိုပြီး လွတ်ထားပေးတာ"
.
ကျွန်တော်လက်တွေ အားပျော့ကုန်တယ်။ သူဌေးမက သိရက်နဲ့ ကျွန်တော်ခိုးနိုင်ဖို့ တမင်ရှောင်ပေးခဲ့တယ်။ ဒါကို သူမပါးနပ်ဘူးလို့ ကျွန်တော်ခပ်တုံးတုံး တွေးခဲ့တယ်။ သူ့သားကိုရိုက်ပြီး ထွက်ပေါက်ရှာခဲ့တယ်။
.
လက်ထဲက ဒုတ်ကို ကျွန်တော်လွှတ်ချလိုက်တယ်။ ဒီကနေ့ကိစ္စကို ဘယ်လိုဖြေရှင်းရမှန်း မသိခဲ့ဘူး။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ဆိုတဲ့အတိုင်း ကျွန်တော်ဟန်ပြင်ပြီး ပြောလိုက်တယ်။
.
"ဘာပဲပြောပြော.. တစ်ခြားကျောင်းသားတွေကို နင့်အိမ်ကပစ္စည်းတွေကို ငါခိုးတယ်လို့ မပြောသင့်ဘူး။ နောက်တစ်ခါ နင်ထပ်မပြောနဲ့... သွား... ပြန်တော့"
.
နာကျင်တဲ့ဒဏ်ရာနဲ့ သူထွက်သွားခဲ့တယ်။ ကျွန်တော် စိတ်ထိခိုက်ပြီး ချောင်းဘက်ကို ပြေးခဲ့မိတယ်။ ချောင်းဘေးက မြက်ခင်းပေါ် လဲအိပ်ရင်း ကျွန်တော်စိတ်ကူးယဉ်နေမိတယ် ။
စိတ်ကူးထဲမှာ သူဌေးမက ကျွန်တော့်မေမေဖြစ်ပြီး စားစရာတွေ ပြင်ဆင်ရင်း
ကျွန်တော့်အပြန်ကို စောင့်နေခဲ့တယ်။ သူသာ ကျွန်တော်ရဲ့ တကယ့်မေမေဆိုရင်
သိပ်ကောင်းမှာပဲ.... တွေးရင်း ကျွန်တော့်ရင်ထဲ ဆို့နင့်လာခဲ့တယ်။
.
နောက်တစ်နေ့ သားနဲ့အတူ သူဌေးမ ကျောင်းရောက်လာခဲ့တယ်။ ဆရာမနဲ့ စကားပြောနေတဲ့ သူဌေးမကိုတွေ့တော့ ကျွန်တော်လန့်သွားမိတယ်။ ဒီတစ်ခါ ကျွန်တော်ပြေးလွတ်မယ် မထင်တော့ဘူး။ ဆရာမက ကျွန်တော်ကို ကောင်းကောင်းပညာပြတော့မယ်။ ရိုက်တဲ့အခါ မနာဖို့ လက်နှစ်ဖက်ကို သွေးပူအောင် ကျွန်တော်ပွတ်သပ်နေမိတယ်။
.
"တပည့်တို့... မောင်မင်းမင်းတစ်ယောက် အိမ်အပြန်လမ်းမှာ မတော်တဆ ချော်လဲဒဏ်ရာရခဲ့တယ်။ လက်အရိုး နည်းနည်းအက်သွားလို့ တစ်ချို့ကိစ္စတွေ လုပ်ရ၊ ကိုင်ရ အဆင်မပြေဖြစ်နေလိမ့်မယ်။ ဒါကြောင့် မောင်မင်းမင်းကို ကူညီဖို့ သူ့မေမေက မောင်ဝမ်းသာကို အကူအညီ လာတောင်းတာဖြစ်တယ်"
.
ဆရာမ စကားကြောင့် ကျွန်တော်အံ့သြသွားသလို ရှက်ရွံ့မိတယ်။ အဲဒီနေ့ကစပြီး မင်းမင်းကို ဘယ်သူမှ မထိမစနိုင်အောင် ကျွန်တော်အကာအကွယ် ပေးခဲ့တယ်။ ကျွန်တော်တို့က စရိုက်မတူသူတွေ၊ ပြောစရာစကား မရှိသူတွေဆိုပေမယ့် သူနဲ့ကျွန်တော်ရဲ့ကြားမှာ ကြိုးခပ်ပါးပါးလေးတစ်ချောင်းတော့ရှိခဲ့တယ်။
.
သိပ်မကြာဘူး.. ဆရာမက ကျွန်တော်ကို နေ့စဉ်ဝင်ငွေရအောင် ကျောင်းအားချိန်မှာ အလုပ်လုပ်ဖို့ အကူအညီပေးခဲ့တယ်။ ကျွန်တော့်အလုပ်က ကျောင်းဆင်းတာနဲ့ ဆရာမမိတ်ဆွေရဲ့ အလုပ်ရုံကိုသွားပြီး တံမြက်စည်းလှည်း သန့်ရှင်းလုပ်ပေးတာပဲဖြစ်တယ်။
အလုပ်ရုံ ဝန်ထမ်းတွေက ကျွန်တော်ကို လိမ္မာတယ်ဆိုပြီး ကျွန်တော့်အလုပ်ကို
ဝိုင်းကူကြတယ်။ ဒါကြောင့် အလုပ်မှာ ကျွန်တော်ပျော်ခဲ့တယ်။ လုပ်အားခရရင်
သူတို့ကို ကျွန်တော် မုန့်ဝယ်ကျွေးဦးမယ်။
.
လခထုတ်တဲ့ရက် စာသင်ခန်းထဲမှာ ကျွန်တော်ဂဃမငြိမ်ခဲ့ဘူး။ ကျောင်းဆင်းတာနဲ့ အလုပ်ရုံဖက် ကျွန်တော်တန်းသွားခဲ့တယ်။ ကျွန်တော့်ကို တွေ့ပေမယ့် အလုပ်ရှင်က လခအကြောင်းတစ်ခွန်းမှ မဟခဲ့ဘူး။ နောက်ဆုံး မအောင့်နိုင်လို့ ကျွန်တော်မေးတော့.. "နင့်အဘွား လာထုတ်သွားပြီလေ" တဲ့။ ကျွန်တော့်သွေးတွေ ဦးနှောက်ဆီ တဟုန်ထိုး ရောက်သွားခဲ့တယ်။ အဘွားကို ငွေထုတ်ပေးလိုက်တဲ့ အလုပ်ရှင်ကို မုန်းသွားမိတယ်။ တွေးလေ စိတ်တိုလေနဲ့ သန့်ရှင်းရေး သေချာမလုပ်တဲ့ ကျွန်တော်ကို ထပ်ဆူတာကြောင့် ပိုဒေါသထွက်မိတယ်။ ဒါကြောင့် အလုပ်ဆင်းချိန် အလုပ်ရှင်မသိအောင် သူ့အိတ်ကို ကျွန်တော်လစ်လာခဲ့တယ်။ အိတ်ထဲက ငွေတွေကိုယူပြီး အိတ်ကို လမ်းဘေးခြုံထဲ ပစ်ထည့်ပြီး အိမ်ပြန်လာခဲ့တယ်။
.
"မျိုးမစစ်ရဲ့... ရော့.. ဒီမှာနင့်လခ.. ဟိုကုန်စုံဆိုင်က မိန်းမကြီး တကယ်ပစိပစပ်များတယ်။ နင့်လခကို ငါသွားထုတ်တယ်လဲကြားရော အိမ်အထိလိုက်လာပြီး နင့်ကိုပြန်ပေးဖို့ ပြောတယ်။ စိတ်ရှုတ်လိုက်တာ.. ရော့.. ယူသွား"
.
အိမ်ရောက်တာနဲ့ အဘွားက မကျေမနပ် ကျွန်တော့်လုပ်အားခ ငွေကို ပြန်ပေးတယ်။ ကျွန်တော့်စိတ်ထဲမှာ အမည်မသိ ဝေဒနာတစ်မျိုးကို ခံစားလိုက်ရတယ်။ ငွေတွေကို အဘွားပြန်ပေးမယ်ဆိုတာ သိခဲ့ရင် အလုပ်ရှင်ရဲ့ ငွေတွေကို ကျွန်တော်မခိုးခဲ့ပါဘူး။ ခုတော့ လူတွေမသိအောင် ငွေတွေကို တိတ်တိတ်လေး ကျွန်တော် ပြန်သွားထားရတော့မယ်။
.
ငွေတွေပြန်ထားဖို့ အလုပ်ရုံကို ကျွန်တော်ရောက်တဲ့အချိန် မီးတွေလင်းနေသေးတယ်။ ပြတင်းပေါက်ကနေ အထဲကို ကျွန်တော်ချောင်းကြည့်တော့ အလုပ်ရှင်နဲ့ ကုန်စုံဆိုင်ကသူဌေးမ စကားပြောနေတာကို တွေ့လိုက်တယ်။ သူတို့ပြောနေတဲ့ စကားကို နားထောင်ပြီး ကျွန်တော်ကို ဒီအလုပ်ရအောင် သူဌေးမ ကူညီခဲ့တယ်ဆိုတာကို သိလိုက်တယ်။ ဒါကို ကျွန်တော်မသိအောင် ဆရာမ ကူညီသလိုနဲ့ တစ်ဖက်လှည့်ခဲ့တယ်။
.
"သူ့ကို ကျွန်မသားလေးလို့ သဘောထားခဲ့ပါတယ်။ ပျောက်သွားတဲ့ ငွေတွေကို ကျွန်မ အလျော်ပေးပါ့မယ်။ အလုပ်လုပ်ဖို့ သူ့ကိုအခွင့်အရေး တစ်ခါလောက်ထပ်ပေးပါရှင်"
.
ကျွန်တော့်ကို အခွင့်အရေးပေးဖို့ အလုပ်ရှင် ခေါင်းညိတ်လိုက်တယ်။ ငွေတွေလျော်ပေးပြီး ထွက်သွားတဲ့ သူဌေးမနောက် ကျွန်တော် တိတ်တိတ်လေး လိုက်ခဲ့တယ်။ ခြိုးခြိုးချွတ်ချွတ် ခြေသံကြားလို့ သူဌေးမက နောက်လှည့်ကြည့်တယ်။ ငွေတွေကို ကျွန်တော် ကမ်းပေးတော့ သူခေါင်းခါပြတယ်။ ပြီးတော့ ကျွန်တော့်လက်ကိုဆွဲပြီး "လာ.. ငွေတွေကို အလုပ်ရှင်ဆီ အဒေါ်တို့ သွားပြန်ပေးမယ်" လို့ ပြောတယ်။
.
ကျွန်တော်ငြင်းဆန်ခဲ့ပေမယ့် လုပ်ရဲရင် ခံရဲဖို့ သူပြောပြတယ်။ နွေးထွေးပျော့ပျောင်းတဲ့ သူ့လက်နဲ့ ကျွန်တော့်လက်ကို ဆုတ်ကိုင်ထားတယ်။
ဒါဟာ မိခင်တို့ရဲ့ လက်ဖြစ်တယ်။
ကျွန်တော့်မေမေရဲ့ လက်လည်း ဒီလိုပဲလား၊
ကျွန်တော့်ကို ဘာကြောင့် သူစွန့်ပစ်ခဲ့ရက်လဲ၊
မေမေ နောက်အိမ်ထောင်ပြုပြီး သားသမီးတွေ ရနေလောက်ပြီ။
ကျွန်တော့်ကို သူ သတိရတတ်မလား၊
ကျွန်တော့်ကို "မျိုးမစစ်" လို့ ခေါ်တာသိရင် သူ ခံနိုင်ပါ့မလား...
.
မေမေကို ကျွန်တော် တွေ့ချင်လိုက်တာ... မေမေကို ကျွန်တော်ပွေ့ဖက်ချင်လိုက်တာ... "မေမေ" လို့ တစ်ခွန်း ခေါ်ချင်လိုက်တာ.... ကျွန်တော့်ပါးပြင်ပေါ် မျက်ရည်တွေ အတားအဆီးမဲ့ စီးကျလာခဲ့တယ်။
.
ကျွန်တော့်ရှိုက်သံကို ကြားသွားလို့ထင်ရဲ့ သူဌေးမ ခြေစုံရပ်လိုက်တယ်။ အလုပ်ရှင်နဲ့ ရင်ဆိုင်ဖို့ ကျွန်တော်ကြောက်နေတယ်လို့ သူထင်ခဲ့ပုံရတယ်။ ကျွန်တော့်ကို မကြောက်ဖို့ သူအားပေးပေမယ့် ကျွန်တော်ခေါင်းခါလိုက်တယ်။
.
"သား.. ဘာဖြစ်လို့ ငိုတာလဲ၊ သားသေချာပြောမှ အဒေါ် သိနိုင်မယ်လေ... သေချာမပြောရင် အဒေါ်ဘယ်ကူညီနိုင်မလဲ သားရယ်"
.
စီးကျလာတဲ့ မျက်ရည်ကိုသုတ်ပေးရင်း သူဌေးမက မေးတယ်။ နူးညံ့ညင်သာတဲ့ သူအပြုအမူတွေက ကျွန်တော့်ကို ပိုငိုအောင် စွမ်းဆောင်နေခဲ့တယ်။ ဒီလို ပြုမူဆက်ဆံ အားပေးမယ့်မေမေမျိုး ကျွန်တော်မျှော်လင့်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ ။ ခံစားခဲ့ရတာလည်း နှစ်ပေါင်းမနည်းတော့ဘူး။ အခုအချိန်မျိုးမှာ ခံစားချက်တွေကို ကျွန်တော်ဆက်မအောင့်နိုင်တော့ဘူး။ အားကုန်ငိုပြီး ကျွန်တော်အော်လိုက်မိတယ်။
"မေမေ... မေမေရယ်"
.
ပြီးပါပြီ
-------
"မေမေ" နောက်ဆက်တွဲ:
.
မောင်ဝမ်းသာလုပ်တဲ့ အမှားတွေကြောင့် ကျွန်မတို့ဆရာမတွေ အတော်ဦးနှောက်ခြောက်ခဲ့ရတယ်။
တစ်ခြားကလေးတွေလို အမှားကို သူလုပ်တတ်တယ်ဆိုပေမယ့် တစ်ခြားကလေးတွေထက်
သနားစရာကောင်းအောင် သူဟန်ဆောင်တတ်ခဲ့တယ်။ ဆရာမတွေဆီက ကိုယ်ချင်းစာ၊
ကြင်နာမှုတွေ ရအောင် သူယူတယ်။ ပြီးရင် အမှားကို သူထပ်လုပ်တယ်။ နောက်ပိုင်း
သူ့အမှားတွေ လူမသိအောင် ဘယ်လိုရှောင်ရမယ်ဆိုတာကို သူနားလည်ခဲ့တယ်။
ဘယ်လိုမိသားစုကများ ဒီလို သားသမီးမျိုး မွေးထုတ်ခဲ့သလဲလို့ ကျွန်မ
အမြဲတွေးကြည့်မိတယ်။
.
တစ်ခါက ကုန်စုံဆိုင်သူဌေးမနဲ့ စကားစပ်မိမှ မောင်ဝမ်းသာရဲ့ နောက်ကြောင်းကို သိခဲ့ရတယ်။ သူကြုံကြိုက် ခံစားခဲ့တာကို သိခဲ့ရတယ်။ နောက်ပိုင်း သူ့ပြဿနာတွေ ဖြေရှင်းတဲ့အခါ ကိုယ်ချင်းစာတရားကို ရှေ့တန်းတင်ပြီး ကျွန်မတို့ ဖြေရှင်းခဲ့တယ်။ ဒါကို မောင်ဝမ်းသာ ဝမ်းမသာတဲ့အပြင် သူလေးစားတဲ့လူတွေကို ဝေးဝေးရှောင်ခဲ့တယ်။ ဒါကလည်း သူ့ကိုယ်သူလေးစားဖို့ အကာအကွယ်ပေးထားတဲ့ စည်းတစ်ခုလို့ ကျွန်မထင်မိတယ်။ လူတွေရဲ့ချစ်ခြင်းမေတ္တာကို သူလိုချင်ပေမယ့် လူတွေရဲ့ အသနားကို သူမလိုချင်ခဲ့ဘူး။ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ချင်းစာတရားကို သူခွဲခြားတတ်ခဲ့ပုံမရဘူး။ ဒါကြောင့် ဝေးအောင် သူရှောင်ခဲ့တာဖြစ်တယ်။
.
"ဆရာမ... မောင်ဝမ်းသာ ပြဿနာဖြစ်ပြန်ပြီ"
.
မောင်ဝမ်းသာ ရန်ဖြစ်ကြောင်း သူ့အတန်းပိုင်ဆရာမက ကျွန်မကိုလာတိုင်တယ်။ အုပ်ထိန်းသူကို ဖုန်းဆက်အကြောင်းကြားဖို့ သူ့ဆရာမ ဖုန်းနံပါတ်တောင်းတော့ မောင်ဝမ်းသာက ရှေ့တစ်နေရာကို အံကြိတ်ပြီး စူးစိုက်ကြည့်နေခဲ့တယ်။ ဆရာမတွေ သူ့အုပ်ထိန်းသူကို ဘယ်နည်းနဲ့မှ ရှာလို့ရမှာမဟုတ်မှန်း သူသိနေခဲ့တယ်။
.
"သူ့အမေနဲ့ တွေ့ရအောင်"
.
ဒီစကားကို ကျွန်မပြောတော့ မောင်ဝမ်းသာ မျက်လုံးပြူးပြီး ဖျတ်ခနဲ လှုပ်လာခဲ့တယ်။ ကျွန်မနောက်နေတယ်လို့ သူထင်ပုံရတယ်။ ဖုန်းကောက်ကိုင်ပြီး မောင်ဝမ်းသာကို "သား...xxxxxx ဒီနံပါတ် ဟုတ်တယ်နော်။ သားမေမေက သားတစ်ခုခုဖြစ်ရင် သူ့ဆီဖုန်းဆက်ဖို့ ဆရာမကို မှာထားတယ်" လို့ ကျွန်မ ပြောလိုက်တယ်။ ဖုန်းနံပါတ်ကြားတာနဲ့ ဒါ ကုန်စုံဆိုင်က ဖုန်းနံပါတ်ဆိုတာကို သူသိလိုက်တယ်။ ပြီးတော့ အားရဝမ်းသာ ကျွန်မကို မေးတယ်။
.
"တကယ်.. တကယ်ပဲ သူဒီလိုပြောတာလား ဆရာမ"
.
ကျွန်မခေါင်းညိတ်ပြလိုက်တော့  သူ့မျက်နှာက နွေးထွေးသွားပြီး...
.
"ဆရာမ.. သူ့ကို ဖုန်းမဆက်ပါနဲ့ ကျွန်တော့်အမှားကို ကျွန်တော်ပြင်ပါ့မယ်။ ကျွန်တော်တကယ်ပြင်မယ် ဆရာမ.. ကျွန်တော့်... ကျွန်တော့်မေမေအတွက် ကျွန်တော်ပြင်ပါ့မယ်"
.
လေးနက်တန်ဖိုးထားတဲ့ "မေမေ" ဆိုတဲ့ စကားနှစ်လုံး သူ့ရင်ဘတ်ထဲကနေ ဝမ်းသာအားရ ထွက်ကျလာခဲ့တယ်။ ကလေးတစ်ယောက်ဆီကနေ ဒီလိုလေးနက်တန်ဖိုးရှိတဲ့ "မေမေ"ဆိုတဲ့ ခေါ်သံကို ကျွန်မတစ်ခါမှ မကြားခဲ့ဖူးဘူး။
.
********************* ပြီး ************************
မူရင်း.. ထိုင်ဝမ်စာရေးဆရာမ (ကျောင်းအုပ်ဆရာမ) Lee Chi-Tao ရေးသားတဲ့ "ကျွန်တော်တို့ ကလေးဆိုး မဟုတ်ကြဘူး" ဆိုတဲ့ စာအုပ်ထဲက စာတစ်ပုဒ်ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာ စာရေးသူက သူဆရာမလုပ်စဉ် ကြုံခဲ့တဲ့ ကလေးတွေအကြောင်းကို ရေးသားထားတာဖြစ်ပြီး စာအပုဒ်ပေါင်း ၁ဝဝကျော် ပါရှိပါတယ်။ ကျွန်မကြိုက်တာတွေကို ဘာသာပြန်မျှဝေပါတယ်။ (တကယ်တော့ တစ်အုပ်လုံးကြိုက်တာ) ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။
နိုင်းနိုင်းစနေ (Thursday, May 07, 2009)
------- (အဆက်)
သူဌေးမရဲ့ ကုန်စုံဆိုင်ကို ကျွန်တော်စခိုးတော့တယ်။ အလစ်သုတ်တယ်။ တစ်ခါတလေ သူဌေးမ အိမ်သာတက်တဲ့အချိန် အံဆွဲထဲက ပိုက်ဆံကို နိုက်တယ်။ သူဌေးမက သိပ်ပါးနပ်ပုံမရဘူး။ ကျွန်တော်သုံးလေးခါ ခိုးတာတောင် သူရိပ်မိပုံမပေါ်ဘူး။ ပါးနပ်တဲ့သူ့ယောက်ျား သူဌေးအလုပ်ကပြန်ပြီး ဆိုင်စောင့်တဲ့အချိန်ဆိုရင်
.
လမ်းမှာစောင့်နေတဲ့ ကျွန်တော်ကိုတွေ့တော့ သူလန့်သွားတယ်။ ယူလာတဲ့ဒုတ်နဲ့ သူ့ခေါင်းကိုရိုက်လိုက်တော့
.
"ငါမလိမ္ဘူး။ ငါ့အမေက နင့်ကို သနားလို့.. ဆိုင်ကပစ္စည်းတွေ၊ အံဆွဲထဲက ပိုက်ဆံတွေ နင်ခိုးတာကို သူဘာမှမပြောခဲ့ဘူး။ နင့်ကို ပေးရင် နင်ယူမှာ မဟုတ်လို့ နင်စားဖို့ ခိုးပါစေဆိုပြီး လွတ်ထားပေးတာ"
.
ကျွန်တော်လက်တွေ အားပျော့ကုန်တယ်။ သူဌေးမက သိရက်နဲ့ ကျွန်တော်ခိုးနိုင်ဖို့ တမင်ရှောင်ပေးခဲ့တယ်။ ဒါကို သူမပါးနပ်ဘူးလို့ ကျွန်တော်ခပ်တုံးတုံး တွေးခဲ့တယ်။ သူ့သားကိုရိုက်ပြီး ထွက်ပေါက်ရှာခဲ့တယ်။
.
လက်ထဲက ဒုတ်ကို ကျွန်တော်လွှတ်ချလိုက်တယ်။ ဒီကနေ့ကိစ္စကို ဘယ်လိုဖြေရှင်းရမှန်း မသိခဲ့ဘူး။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ဆိုတဲ့အတိုင်း
.
"ဘာပဲပြောပြော.. တစ်ခြားကျောင်းသားတွေကို နင့်အိမ်ကပစ္စည်းတွေကို ငါခိုးတယ်လို့ မပြောသင့်ဘူး။ နောက်တစ်ခါ နင်ထပ်မပြောနဲ့... သွား... ပြန်တော့"
.
နာကျင်တဲ့ဒဏ်ရာနဲ့ သူထွက်သွားခဲ့တယ်။ ကျွန်တော် စိတ်ထိခိုက်ပြီး ချောင်းဘက်ကို ပြေးခဲ့မိတယ်။ ချောင်းဘေးက မြက်ခင်းပေါ် လဲအိပ်ရင်း ကျွန်တော်စိတ်ကူးယဉ်နေမိတယ်
.
နောက်တစ်နေ့ သားနဲ့အတူ သူဌေးမ ကျောင်းရောက်လာခဲ့တယ်။ ဆရာမနဲ့ စကားပြောနေတဲ့ သူဌေးမကိုတွေ့တော့ ကျွန်တော်လန့်သွားမိတယ်။ ဒီတစ်ခါ ကျွန်တော်ပြေးလွတ်မယ် မထင်တော့ဘူး။ ဆရာမက ကျွန်တော်ကို ကောင်းကောင်းပညာပြတော့မယ်။ ရိုက်တဲ့အခါ မနာဖို့ လက်နှစ်ဖက်ကို သွေးပူအောင် ကျွန်တော်ပွတ်သပ်နေမိတယ်။
.
"တပည့်တို့... မောင်မင်းမင်းတစ်ယောက် အိမ်အပြန်လမ်းမှာ မတော်တဆ ချော်လဲဒဏ်ရာရခဲ့တယ်။ လက်အရိုး နည်းနည်းအက်သွားလို့ တစ်ချို့ကိစ္စတွေ လုပ်ရ၊ ကိုင်ရ အဆင်မပြေဖြစ်နေလိမ့်မယ်။ ဒါကြောင့် မောင်မင်းမင်းကို ကူညီဖို့ သူ့မေမေက မောင်ဝမ်းသာကို အကူအညီ လာတောင်းတာဖြစ်တယ်"
.
ဆရာမ စကားကြောင့် ကျွန်တော်အံ့သြသွားသလို ရှက်ရွံ့မိတယ်။ အဲဒီနေ့ကစပြီး မင်းမင်းကို ဘယ်သူမှ မထိမစနိုင်အောင် ကျွန်တော်အကာအကွယ် ပေးခဲ့တယ်။ ကျွန်တော်တို့က စရိုက်မတူသူတွေ၊ ပြောစရာစကား မရှိသူတွေဆိုပေမယ့် သူနဲ့ကျွန်တော်ရဲ့ကြားမှာ ကြိုးခပ်ပါးပါးလေးတစ်ချောင်
.
သိပ်မကြာဘူး.. ဆရာမက ကျွန်တော်ကို နေ့စဉ်ဝင်ငွေရအောင် ကျောင်းအားချိန်မှာ အလုပ်လုပ်ဖို့ အကူအညီပေးခဲ့တယ်။ ကျွန်တော့်အလုပ်က ကျောင်းဆင်းတာနဲ့ ဆရာမမိတ်ဆွေရဲ့ အလုပ်ရုံကိုသွားပြီး တံမြက်စည်းလှည်း သန့်ရှင်းလုပ်ပေးတာပဲဖြစ်တယ
.
လခထုတ်တဲ့ရက် စာသင်ခန်းထဲမှာ ကျွန်တော်ဂဃမငြိမ်ခဲ့ဘူး။ ကျောင်းဆင်းတာနဲ့ အလုပ်ရုံဖက် ကျွန်တော်တန်းသွားခဲ့တယ်။ ကျွန်တော့်ကို တွေ့ပေမယ့် အလုပ်ရှင်က လခအကြောင်းတစ်ခွန်းမှ မဟခဲ့ဘူး။ နောက်ဆုံး မအောင့်နိုင်လို့ ကျွန်တော်မေးတော့.. "နင့်အဘွား လာထုတ်သွားပြီလေ" တဲ့။ ကျွန်တော့်သွေးတွေ ဦးနှောက်ဆီ တဟုန်ထိုး ရောက်သွားခဲ့တယ်။ အဘွားကို ငွေထုတ်ပေးလိုက်တဲ့ အလုပ်ရှင်ကို မုန်းသွားမိတယ်။ တွေးလေ စိတ်တိုလေနဲ့ သန့်ရှင်းရေး သေချာမလုပ်တဲ့ ကျွန်တော်ကို ထပ်ဆူတာကြောင့် ပိုဒေါသထွက်မိတယ်။ ဒါကြောင့် အလုပ်ဆင်းချိန် အလုပ်ရှင်မသိအောင် သူ့အိတ်ကို ကျွန်တော်လစ်လာခဲ့တယ်။ အိတ်ထဲက ငွေတွေကိုယူပြီး အိတ်ကို လမ်းဘေးခြုံထဲ ပစ်ထည့်ပြီး အိမ်ပြန်လာခဲ့တယ်။
.
"မျိုးမစစ်ရဲ့... ရော့.. ဒီမှာနင့်လခ.. ဟိုကုန်စုံဆိုင်က မိန်းမကြီး တကယ်ပစိပစပ်များတယ်။ နင့်လခကို ငါသွားထုတ်တယ်လဲကြားရော အိမ်အထိလိုက်လာပြီး နင့်ကိုပြန်ပေးဖို့ ပြောတယ်။ စိတ်ရှုတ်လိုက်တာ.. ရော့.. ယူသွား"
.
အိမ်ရောက်တာနဲ့ အဘွားက မကျေမနပ် ကျွန်တော့်လုပ်အားခ ငွေကို ပြန်ပေးတယ်။ ကျွန်တော့်စိတ်ထဲမှာ အမည်မသိ ဝေဒနာတစ်မျိုးကို ခံစားလိုက်ရတယ်။ ငွေတွေကို အဘွားပြန်ပေးမယ်ဆိုတာ သိခဲ့ရင် အလုပ်ရှင်ရဲ့ ငွေတွေကို ကျွန်တော်မခိုးခဲ့ပါဘူး။ ခုတော့ လူတွေမသိအောင် ငွေတွေကို တိတ်တိတ်လေး ကျွန်တော် ပြန်သွားထားရတော့မယ်။
.
ငွေတွေပြန်ထားဖို့ အလုပ်ရုံကို ကျွန်တော်ရောက်တဲ့အချိန် မီးတွေလင်းနေသေးတယ်။ ပြတင်းပေါက်ကနေ အထဲကို ကျွန်တော်ချောင်းကြည့်တော့ အလုပ်ရှင်နဲ့ ကုန်စုံဆိုင်ကသူဌေးမ စကားပြောနေတာကို တွေ့လိုက်တယ်။ သူတို့ပြောနေတဲ့ စကားကို နားထောင်ပြီး ကျွန်တော်ကို ဒီအလုပ်ရအောင် သူဌေးမ ကူညီခဲ့တယ်ဆိုတာကို သိလိုက်တယ်။ ဒါကို ကျွန်တော်မသိအောင် ဆရာမ ကူညီသလိုနဲ့ တစ်ဖက်လှည့်ခဲ့တယ်။
.
"သူ့ကို ကျွန်မသားလေးလို့ သဘောထားခဲ့ပါတယ်။ ပျောက်သွားတဲ့ ငွေတွေကို ကျွန်မ အလျော်ပေးပါ့မယ်။ အလုပ်လုပ်ဖို့ သူ့ကိုအခွင့်အရေး တစ်ခါလောက်ထပ်ပေးပါရှင်"
.
ကျွန်တော့်ကို အခွင့်အရေးပေးဖို့ အလုပ်ရှင် ခေါင်းညိတ်လိုက်တယ်။ ငွေတွေလျော်ပေးပြီး ထွက်သွားတဲ့ သူဌေးမနောက် ကျွန်တော် တိတ်တိတ်လေး လိုက်ခဲ့တယ်။ ခြိုးခြိုးချွတ်ချွတ် ခြေသံကြားလို့ သူဌေးမက နောက်လှည့်ကြည့်တယ်။ ငွေတွေကို ကျွန်တော် ကမ်းပေးတော့ သူခေါင်းခါပြတယ်။ ပြီးတော့ ကျွန်တော့်လက်ကိုဆွဲပြီး "လာ.. ငွေတွေကို အလုပ်ရှင်ဆီ အဒေါ်တို့ သွားပြန်ပေးမယ်" လို့ ပြောတယ်။
.
ကျွန်တော်ငြင်းဆန်ခဲ့ပေမယ့်
ဒါဟာ မိခင်တို့ရဲ့ လက်ဖြစ်တယ်။
ကျွန်တော့်မေမေရဲ့ လက်လည်း ဒီလိုပဲလား၊
ကျွန်တော့်ကို ဘာကြောင့် သူစွန့်ပစ်ခဲ့ရက်လဲ၊
မေမေ နောက်အိမ်ထောင်ပြုပြီး သားသမီးတွေ ရနေလောက်ပြီ။
ကျွန်တော့်ကို သူ သတိရတတ်မလား၊
ကျွန်တော့်ကို "မျိုးမစစ်" လို့ ခေါ်တာသိရင် သူ ခံနိုင်ပါ့မလား...
.
မေမေကို ကျွန်တော် တွေ့ချင်လိုက်တာ... မေမေကို ကျွန်တော်ပွေ့ဖက်ချင်လိုက်တ
.
ကျွန်တော့်ရှိုက်သံကို ကြားသွားလို့ထင်ရဲ့ သူဌေးမ ခြေစုံရပ်လိုက်တယ်။ အလုပ်ရှင်နဲ့ ရင်ဆိုင်ဖို့ ကျွန်တော်ကြောက်နေတယ်လို့ သူထင်ခဲ့ပုံရတယ်။ ကျွန်တော့်ကို မကြောက်ဖို့ သူအားပေးပေမယ့် ကျွန်တော်ခေါင်းခါလိုက်တယ်။
.
"သား.. ဘာဖြစ်လို့ ငိုတာလဲ၊ သားသေချာပြောမှ အဒေါ် သိနိုင်မယ်လေ... သေချာမပြောရင် အဒေါ်ဘယ်ကူညီနိုင်မလဲ သားရယ်"
.
စီးကျလာတဲ့ မျက်ရည်ကိုသုတ်ပေးရင်း သူဌေးမက မေးတယ်။ နူးညံ့ညင်သာတဲ့ သူအပြုအမူတွေက ကျွန်တော့်ကို ပိုငိုအောင် စွမ်းဆောင်နေခဲ့တယ်။ ဒီလို ပြုမူဆက်ဆံ အားပေးမယ့်မေမေမျိုး ကျွန်တော်မျှော်လင့်နေခဲ့တာ
"မေမေ... မေမေရယ်"
.
ပြီးပါပြီ
-------
"မေမေ" နောက်ဆက်တွဲ:
.
မောင်ဝမ်းသာလုပ်တဲ့ အမှားတွေကြောင့် ကျွန်မတို့ဆရာမတွေ အတော်ဦးနှောက်ခြောက်ခဲ့ရတယ
.
တစ်ခါက ကုန်စုံဆိုင်သူဌေးမနဲ့ စကားစပ်မိမှ မောင်ဝမ်းသာရဲ့ နောက်ကြောင်းကို သိခဲ့ရတယ်။ သူကြုံကြိုက် ခံစားခဲ့တာကို သိခဲ့ရတယ်။ နောက်ပိုင်း သူ့ပြဿနာတွေ ဖြေရှင်းတဲ့အခါ ကိုယ်ချင်းစာတရားကို ရှေ့တန်းတင်ပြီး ကျွန်မတို့ ဖြေရှင်းခဲ့တယ်။ ဒါကို မောင်ဝမ်းသာ ဝမ်းမသာတဲ့အပြင် သူလေးစားတဲ့လူတွေကို ဝေးဝေးရှောင်ခဲ့တယ်။ ဒါကလည်း သူ့ကိုယ်သူလေးစားဖို့ အကာအကွယ်ပေးထားတဲ့ စည်းတစ်ခုလို့ ကျွန်မထင်မိတယ်။ လူတွေရဲ့ချစ်ခြင်းမေတ္တာကို သူလိုချင်ပေမယ့် လူတွေရဲ့ အသနားကို သူမလိုချင်ခဲ့ဘူး။ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ချင်းစာတရားကို သူခွဲခြားတတ်ခဲ့ပုံမရဘူး။ ဒါကြောင့် ဝေးအောင် သူရှောင်ခဲ့တာဖြစ်တယ်။
.
"ဆရာမ... မောင်ဝမ်းသာ ပြဿနာဖြစ်ပြန်ပြီ"
.
မောင်ဝမ်းသာ ရန်ဖြစ်ကြောင်း သူ့အတန်းပိုင်ဆရာမက ကျွန်မကိုလာတိုင်တယ်။ အုပ်ထိန်းသူကို ဖုန်းဆက်အကြောင်းကြားဖို့ သူ့ဆရာမ ဖုန်းနံပါတ်တောင်းတော့ မောင်ဝမ်းသာက ရှေ့တစ်နေရာကို အံကြိတ်ပြီး စူးစိုက်ကြည့်နေခဲ့တယ်။ ဆရာမတွေ သူ့အုပ်ထိန်းသူကို ဘယ်နည်းနဲ့မှ ရှာလို့ရမှာမဟုတ်မှန်း သူသိနေခဲ့တယ်။
.
"သူ့အမေနဲ့ တွေ့ရအောင်"
.
ဒီစကားကို ကျွန်မပြောတော့ မောင်ဝမ်းသာ မျက်လုံးပြူးပြီး ဖျတ်ခနဲ လှုပ်လာခဲ့တယ်။ ကျွန်မနောက်နေတယ်လို့ သူထင်ပုံရတယ်။ ဖုန်းကောက်ကိုင်ပြီး မောင်ဝမ်းသာကို "သား...xxxxxx ဒီနံပါတ် ဟုတ်တယ်နော်။ သားမေမေက သားတစ်ခုခုဖြစ်ရင် သူ့ဆီဖုန်းဆက်ဖို့ ဆရာမကို မှာထားတယ်" လို့ ကျွန်မ ပြောလိုက်တယ်။ ဖုန်းနံပါတ်ကြားတာနဲ့ ဒါ ကုန်စုံဆိုင်က ဖုန်းနံပါတ်ဆိုတာကို သူသိလိုက်တယ်။ ပြီးတော့ အားရဝမ်းသာ ကျွန်မကို မေးတယ်။
.
"တကယ်.. တကယ်ပဲ သူဒီလိုပြောတာလား ဆရာမ"
.
ကျွန်မခေါင်းညိတ်ပြလိုက်တော
.
"ဆရာမ.. သူ့ကို ဖုန်းမဆက်ပါနဲ့ ကျွန်တော့်အမှားကို ကျွန်တော်ပြင်ပါ့မယ်။ ကျွန်တော်တကယ်ပြင်မယ် ဆရာမ.. ကျွန်တော့်... ကျွန်တော့်မေမေအတွက် ကျွန်တော်ပြင်ပါ့မယ်"
.
လေးနက်တန်ဖိုးထားတဲ့ "မေမေ" ဆိုတဲ့ စကားနှစ်လုံး သူ့ရင်ဘတ်ထဲကနေ ဝမ်းသာအားရ ထွက်ကျလာခဲ့တယ်။ ကလေးတစ်ယောက်ဆီကနေ ဒီလိုလေးနက်တန်ဖိုးရှိတဲ့ "မေမေ"ဆိုတဲ့ ခေါ်သံကို ကျွန်မတစ်ခါမှ မကြားခဲ့ဖူးဘူး။
.
********************* ပြီး ************************
မူရင်း.. ထိုင်ဝမ်စာရေးဆရာမ (ကျောင်းအုပ်ဆရာမ) Lee Chi-Tao ရေးသားတဲ့ "ကျွန်တော်တို့ ကလေးဆိုး မဟုတ်ကြဘူး" ဆိုတဲ့ စာအုပ်ထဲက စာတစ်ပုဒ်ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာ စာရေးသူက သူဆရာမလုပ်စဉ် ကြုံခဲ့တဲ့ ကလေးတွေအကြောင်းကို ရေးသားထားတာဖြစ်ပြီး စာအပုဒ်ပေါင်း ၁ဝဝကျော် ပါရှိပါတယ်။ ကျွန်မကြိုက်တာတွေကို ဘာသာပြန်မျှဝေပါတယ်။ (တကယ်တော့ တစ်အုပ်လုံးကြိုက်တာ) ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။
နိုင်းနိုင်းစနေ (Thursday, May 07, 2009)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။