လူငယ်နှင့် သင်တန်း
။။။။။။။။။။။။။။။။။။။။။။။။။
အခုခေတ်မှာ သင်တန်းတွေအမျိုးမျိုးတွေ့နိုင်ပါတယ်။
သင် တန်းမတက်တဲ့သူဆိုရင်ကို ခေတ် မမီသလို ဖြစ်နေတယ်။ လူချင်း တွေ့ရင်လည်း
ဘယ်သင်တန်း ကောင်းသလဲ၊ ဘယ်သင်တန်း တက်ရမလဲဆိုတာမျိုး မေးတတ် ကြတယ်။
အထက်တန်းကျောင်း ပြီးတာနဲ့ သင်တန်းဆိုတာတွေဆီ အာရုံရောက်နေကြတယ်။ သင်
တန်းတွေအပေါ် အာရုံပြုရင်း အ ချို့ဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်
မှုပျောက်ဆုံးတာမျိုးတွေလို ဖြစ် နေတယ်။ မိဘတွေကလည်း
သားသမီးတွေအပေါ် ပြုစုပျိုးထောင် တဲ့ကိစ္စလိုမျိုးမှာ လိုအပ်တာတွေ ရှိတယ်။
မိဘတွေဟာ သူတို့တုန်း က ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းရှိခဲ့ တာ။
ကိုယ်မဖြစ်နိုင်ခဲ့တာတွေအ တွက် ကိုယ့်သားသမီးတွေကို ဖြစ် စေချင်ကြတယ်။
ဒီတော့ သား သမီးတွေကို အထက်တန်းပညာ ရေးပြီးတာနဲ့ သင်တန်းဆိုတာတွေ ဆီ
ပို့ချင်ကြတယ်။ ဒီလိုနဲ့ တချို့ လူငယ်တွေဆိုရင် အိမ်နဲ့သင်တန်း
ချာလပတ်လည်နေတယ်။ ကိုယ့် ကိုယ်ကိုယ် အားကိုးချင်စိတ်ဆို တာတွေ
ပျောက်ဆုံးလာတယ်။ သင်တန်းမတက်ရင် မအောင်မြင် နိုင်ဘူးဆိုတာမျိုး အတွေးဝင်လာ
တယ်။ တကယ်ဘာဖြစ်လာသလဲ ဆိုတော့လည်း ဘာမှလည်း ဖြစ်မလာဘူး။ အများစုကို
ပြောတာပါ။
သင်တန်းတစ်ခုမတက်ခင် သင်တန်းရဲ့ သဘောသဘာဝကို သိဖို့လိုပါတယ်။ သင်တန်းဆရာ တွေရဲ့ အကြောင်းကိုလည်း သိဖို့ လိုသလို ဒီသင်တန်းဟာ ကိုယ့် ဘဝရှေ့မျှော်မှန်းချက်တွေနဲ့ 
ချိတ် ဆက်မှု ရှိ၊ မရှိ သုံးသပ်တတ်ဖို့ လို ပါတယ်။ အထက်တန်းကျောင်း ပြီးရင်
လူငယ်အများစုတက်တာ အင်္ဂလိပ်စာသင်တန်းနဲ့ ကွန်ပျူ တာသင်တန်းများပဲ
ဖြစ်ပါတယ်။ အင်္ဂလိပ်စကားပြောသင်တန်း တက်တဲ့ ကျောင်းသားတွေ ညည်း တာ
မကြာမကြာကြားဖူးပါတယ်။ စကားပြောသင်တန်းတက်တုန်း ခဏပဲ။ နောက်တော့ မေ့သွား
တယ်ဆိုတာမျိုး ပြောကြပါတယ်။ သူများဘာသာစကားကို ပြောချင် လို့ သင်တယ်ဆိုတာ
ပြောတတ် ချင်ရင် အမြဲပြောနေရပါတယ်။ အမြဲဆိုတာ သိပ်အကြာကြီးပြတ်
မသွားစေနဲ့ပေါ့ဗျာ။ အင်္ဂလိပ်စာ ရေးတယ်ဆိုတာလည်း အမြဲရေး နေရပါတယ်။
ရေးရင်းနဲ့၊ လေ့လာရင်းနဲ့ ကိုယ်ရေးတဲ့အကြောင်းအ ရာပေါ်မှာ ယုံကြည်မှုဆိုတာ
ဖြစ် လာပါတယ်။ အခုဟာက အများ စုက သင်တန်းတက်စဉ်မှာပဲ အ ဆင်ပြေသလိုလိုနဲ့၊
နောက်တော့ ဒီလိုနဲ့ ပြီးသွားကြတာများပါတယ်။ သူတို့တက်ခဲ့တဲ့အချိန်တွေ၊
ငွေကြေးတွေ နှမြောပါဘိ ဗျာ။ အချိန်တွေ၊ ငွေတွေထက် သူတို့မိဘတွေရဲ့
မျှော်လင့်ချက်တွေက ပိုပြီးနက်နဲတန်ဖိုးရှိပါတယ်။
သင်တန်းတက်တယ်ဆိုတာ ကိုယ်ဖြစ်ချင်တဲ့၊ ကိုယ်လိုချင်တဲ့ အရာတစ်ခုဆီ၊ ပန်းတိုင်တစ်ခုဆီ လျှောက်လှမ်းရာမှာ လွယ်ကူချောမွေ့စေဖို့ဖြစ်တယ်။
နိုင်ငံခြား ပညာသင်ဆုဆိုတာရဖို့၊ နိုင်ငံခြား မှာ ကျောင်းတက်ဖို့ လူငယ်တွေ
ဟာ အင်္ဂလိပ်စာဆိုတာ သင်ကြရ တယ်။ အင်္ဂလိပ်စကားပြောကြရ တယ်။ အင်္ဂလိပ်စာရေးကြရ
တယ်။ အင်္ဂလိပ်ကျွမ်းကျင်အောင် လုပ်ကြရတယ်။ ကွန်ပျူတာ၊ အင် တာနက်ဆိုတာ
ကျွမ်းကျင်အောင် လေ့လာဖြည့်ဆည်းကြရတယ်။ ပညာသင်ဆုဆိုတာ မလျှောက် ခင်ကတည်းက
သေချာလေ့လာ သင့်တယ်။ ပညာသင်ဆုဆိုတိုင်း အပြည့်ပေးတာမဟုတ်ဘူး။ တချို့က ၅၀
ရာခိုင်နှုန်းပေးတယ်။ တချို့က ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း
ဒါမျိုးတွေရှိတယ်။ တချို့ကျောင်း သားတွေက နွမ်းပါးတယ်။ ငွေ
ကြေးအခက်အခဲရှိတယ်။ သို့ သော် စာတော်တယ်ပေါ့ဗျာ။ ပညာသင်ဆုစရိတ် ၇၀
ရာခိုင်နှုန်း လောက်ရလည်း မဆိုးဘူး။ ကျန် တဲ့ငွေ ဟိုမှာအလုပ်လုပ်ရင်း ရှာ
မယ်ဆိုတာမျိုးရှိတယ်။ နိုင်ငံခြား ကျောင်းတွေမှာ ကျောင်းဝင်းထဲ မှာတင်
ကန်တင်းတွေမှာ၊ လိုက် ဘရီတွေမှာ အချိန်ပိုင်းလုပ်လို့ရတာတွေ ရှိတတ်ပါတယ်။ သို့ သော် ကျိန်းသေပေါက် အချိန်ပိုင်းလုပ်ခွင့်ရမယ်လို့တော့
မဟုတ် ဘူး။ ပညာသင်ဆုနဲ့လာတာဆို တော့ ကျောင်းအပြင်ထွက် အ လုပ်လုပ်ဖို့လည်း
အချိန်မရ လောက်ဘူး။ ဆိုချင်တာ တချို့ ငွေအခက်အခဲဖြစ်လို့ မြန်မာနိုင်ငံ က
မိဘတွေဆီ မှာရတယ်။ ဆင်း ရဲတယ်ဆိုတော့ အိမ်ကလည်းရှိ တာလေးတွေ
ပေါင်နှံရောင်းချ၊ လိုအပ်ရင် အိမ်ပေါင်၊ ဆိုင်ခန်း ပေါင် ဒါမျိုးတွေ
ရှိတယ်။ ဒါမျိုးဆို လုံးဝအားမပေးဘူးဗျာ။ ကြုံဖူးလို့ ပြောတာပါ။ ဟိုမှာ
ကျောင်းသွား တက်တိုင်း ဘွဲ့ရမယ်လို့ ပြောလို့ မရသလို နိုင်ငံခြားမှာ
ကျောင်း တက်၊ ဘွဲ့ရတိုင်း အလုပ်ကောင်း ကောင်းရမယ်လို့ ကျိန်းသေတွက်
လို့မရဘူး။ အဆင်ပြေသွားတဲ့ တစ်ယောက်၊ နှစ်ယောက်ကို မကြည့်နဲ့။
မြန်မာလူငယ်အတော် များများက လက်ကြောမတင်း တတ်ဘူး။ သူများအောင်မြင်တာ ပဲ
အားကျတယ်။ အောင်မြင်မှု နောက်ကွယ်က ပေးဆပ်မှုတွေကျတော့ မသိချင်ကြဘူး။ အစ၊ အ
လယ်၊ အဆုံး တစိုက်မတ်မတ် လုပ်တဲ့ မြန်မာလူငယ်ဆိုတာ ရှား တယ်။ အစပိုင်းမှာ
မောင်းတင် မယ်။ အလယ်လောက်မှာ ဟို ယောင်ယောင်၊ ဒီယောင်ယောင် နဲ့ အဆုံးသတ်မှာ
အဖျားရှူးသွား တာများတယ်။
သင်တန်းဆိုတာတော့ အမျိုးမျိုးရှိတာပေါ့။ ပညာရေးသင်တန်း တင်မဟုတ်ဘူး။ သက်မွေးဝမ်း ကျောင်းမှု သင်တန်းတွေလည်း ရှိ တယ်လေ။ အချက်အပြုတ်သင် တန်း၊ စက်ချုပ်သင်တန်း၊ ဟိုတယ်သင်တန်း၊ အလှပြင်သင်တန်း။ သူနာပြုသင်တန်း အမျိုးမျိုးရှိနိုင် ပါတယ်။ ဟိုသင်တန်းတက်၊ ဒီ သင်တန်းတက် ဘာမှဖြစ်မလာ ဘူးဆိုရင်လည်း လက်တွေ့ဘဝ မှာ အလုပ်ဖြစ်မယ့်သင်တန်းတွေ လည်း အဆင်ပြေတာပါပဲဗျာ။ ပညာရေးသင်တန်းနဲ့ သက်မွေး သင်တန်းတွေ တွဲတက်ဖို့ ပြော တာပါ။ ကိုယ့်အတွေ့အကြုံအရ ပညာရေးသင်တန်းတက်တဲ့သူ အများစုက ယောင်ချာချာနဲ့ ပြီး သွားတာ များနေလို့ပါ။ အချက် အပြုတ်၊ စက်ချုပ်ဆိုတာ အိမ်မှာ ဆက် လေ့ကျင့်လို့ရတယ်လေ။ ဟိုတယ်သင်တန်း၊ သူနာပြုဆို တာလည်း လက်တွေ့လုပ်ငန်းခွင် ဝင်လို့ရတယ်။ အဲဒီလို လက်တွေ့ ကျတဲ့ သင်တန်းလေးတွေတက် ရင် အင်္ဂလိပ်စာကိုလည်း လေ့ လာ၊ ပိုမိုကောင်းမွန်တဲ့ အခွင့်အ လမ်းကို စောင့်ပေါ့ဗျာ။ အလုပ်နဲ့ ပညာရေးကို တစ်ပြိုင်တည်းသွား ဖို့ ပြောတာပါ။ ငွေကြေးပြည့်စုံ ကြွယ်ဝတဲ့ မိသားစုအသိုင်းအဝိုင်း ကဆိုရင်တော့ နိုင်ငံခြားမှာ သူတို့ ပိုက်ဆံနဲ့ သူတို့ကျောင်းတက်လို့ ရပါတယ်။ ငွေကြေး အတန်အ သင့်ရှိသူနဲ့ ငွေကြေးနည်းပါးသူ တွေအဖို့မှာတော့ အချိန်ဆိုတာ ရော ငွေဆိုတာပါ သူတို့အတွက် အရေးကြီးတယ်။ အဓိပ္ပာယ်ရှိရှိ၊ အကျိုးရှိရှိ အသုံးချတတ်ဖို့လို တယ်။
အနာဂတ်ပညာရေးလမ်း ကြောင်းဆိုတာကို နည်းနည်းရှင်း ချင်တယ်။ လူငယ်အတော်များ များက နိုင်ငံခြားမှာ ကျောင်းဆက် တက်ချင်တယ်ဆိုတာပဲ ရှိတယ်။ ဘာကို လေ့လာသင်ယူရမှန်း ဝေ ခွဲရခက်နေတတ်တယ်။ ယေဘု ယျ စီးပွားရေး၊ အိုင်တီ၊ အင်ဂျင် နီယာရင်း။ လူ့အခွင့်အရေး၊ နိုင်ငံ ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးဘာ သာရပ်တွေ သင်ချင်တယ်ဆိုတာ လောက် ဖြေတတ်တယ်။ စီးပွား ရေးဆိုတဲ့ ဘာသာရပ်ကြီးအောက်မှာ ဘာကို အထူးပြုသင်မှာလဲဆို တဲ့ ရွေးချယ်မှုရှိတယ်။ ငြိမ်းချမ်း ရေး၊ ဖွံ့ဖြိုးရေးဘာသာရပ်ဆိုရင် လည်း အမျိုးမျိုးရှိတယ်။ ဘာကို အာရုံစိုက်မှာလဲ။ အဓိက ဘာသာ ရပ်ပေါ့။ သဘာဝပတ်ဝန်းကျင် လား၊ လူထုကျန်းမာရေးကိစ္စလား၊ မီဒီယာလား၊ ပဋိပက္ခဖြေ ရှင်းရေး ဘာသာရပ်လား။ တကယ်တော့ ပညာရေးဆိုတာ တစ်ခုနဲ့တစ်ခု ဆက်နွှယ်ပတ်သက်နေတယ်။ ဖွံ့ဖြိုးရေးဆိုင်ရာတွေ ဆွေးနွေးပေမယ့် နိုင်ငံရေးဆီ ရောက်သွားတယ်။ နိုင်ငံရေးဆိုတာ ဆွေးနွေးရင်းက သဘာဝပတ်ဝန်းကျင်ကိစ္စမျိုးတွေဆီ ရောက်သွားတတ်တယ်။နိုင်ငံခြားမှာ
ကျောင်းတက်ရရင် ကိုယ့်ဘာသာရပ်နဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် တစ်စုံတစ်ခုကို
ချိတ်ဆက်ဆွေးနွေးကြည့်။ ကိုယ့်ဆွေးနွေးမှုက ကောင်းမွန်တယ်ဆိုရင် ဆရာလုပ်သူက
လုံးဝပယ်ချတယ်ဆိုတာမျိုးမရှိဘူး။
တစ်နည်းမဟုတ်တစ်နည်း ထည့်သွင်းစဉ်းစားတယ်။ အတွေးအခေါ်၊ အိုင်ဒီယာအသစ်တွေကို
ကြိုဆိုတယ်။ လက်ခံတယ်။ အားပေးတယ်။ ဆွေးနွေးမှုတွေ လမ်းလွဲနေတယ်ဆိုရင်
အဓိကအကြောင်းအရာဆီ တဖြည်းဖြည်း ဆွဲခေါ်သွားတယ်။ အဲဒါ ပညာရေးပဲ။
ဒါကြောင့် ပညာရေးမှာ တစ်စုံတစ်ခုတည်းကို အာရုံစိုက်တဲ့ ခေတ်က ကုန်သွားပြီ။ အင်္ဂလိပ် စာတစ်ခုတည်း ကောင်းနေလို့မရ တော့ဘူး။ အားလုံးကို ချိတ်ဆက် ခြုံငုံသိမြင်ဖို့လိုပြီး ကိုယ်အဓိက ဆက်လက်သင်ယူမယ့် ဘာသာ ရပ်အပေါ် အာရုံစိုက်တတ်ရမယ်။ နိုင်ငံခြားမရောက်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှုလုပ်ရမယ်။ နိုင်ငံခြားမှာ အထူးသဖြင့် အ နောက်နိုင်ငံတွေမှာ ကိုယ့်အတန်း ဖော်နိုင်ငံခြားသားကျောင်းသား
အတော်များများဟာ ကျောင်း မတက်ခင်ကတည်းက ဆရာတစ် ဆူနီးပါး စာတွေဖတ်၊
လေ့လာပြီး မှ ကျောင်းလာတက်တာဖြစ် တယ်။ ဆရာကို အပြန်အလှန်
မေးခွန်းထုတ်ဆွေးနွေးတယ်။ ဆရာ တွေကလည်း သူတို့မသိရင် မသိ ဘူးပဲပြောတယ်။
သိတဲ့ကျောင်း သားက ဝင်ဆွေးနွေးတယ်။ အ ပြန်အလှန်သင်ကြား သင်ယူကြ တယ်။
အဲဒီလို ဆွေးနွေးနိုင်ဖို့ဆို တာ ဘာသာစကားတင်မဟုတ် ဘူး။ အထွေထွေဗဟုသုတဆိုတာ
ပါ လိုတယ်။ ဒါမှ လှည့်ပတ်ဆွေး နွေးလို့ရတာပေါ့။ နောက်ဆုံး အ တန်းထဲမှာ
ကိုယ်ပြောဖို့ အချိန် မရလိုက်ဘူး။ ပြောဖို့မဝံ့ရဲခဲ့ဘူးဆို ရင်တောင် ဆရာ၊
ဆရာမဆီ၊ ပရော်ဖက်ဆာဆီ အီးမေးလ်ပေး ပို့ ဆွေးနွေးလို့ရတယ်။ ဆွေးနွေး
တယ်ဆိုတာ အပြန်အလှန်ရှိရ တယ်။ ကိုယ်ကမေးပြီး ဟိုကဖြေ တာကို
ပြန်ပြီးသုံးသပ်ဆွေးနွေးရ တယ်။ သိနားလည်မှုကို ချဲ့ထွင် တယ်လို့ ခေါ်တယ်။
မဟုတ်ရင် တစ်ဖက်က ကိုယ့်ကို အထင်သေး မှာပေါ့။
အဲဒီမှာ တစ်ပတ်ပြန်လည် သွားတယ်။ ကြိုတင်ပြင်ဆင်ဖို့အ တွက်ဆိုပြီး သင်တန်းတွေတက် ကြတယ်။ သင်တန်းတွေမတက် ခင် အိမ်မှာလေ့လာလို့လည်းရ တယ်။ အခု TOEFL တို့၊ IELTS တို့ဆိုတာ အွန်လိုင်းမှာတင် အခ မဲ့လေ့ကျင့်လို့ရတယ်။ စာအုပ် ဆိုင်တွေမှာ စာအုပ်ဝယ်၊ CD အခွေတွေဝယ်ပြီး အိမ်မှာလေ့ ကျင့်လို့ရတယ်။ ပြီးမှ သင်တန်း တွေ တက်ချင်တက်ပေါ့။ တချို့ က ဘာမှ မလေ့လာ၊ လေ့ကျင့်မှု မရှိဘူး။ နိုင်ငံခြားသံရုံးတွေမှာ သင်တန်းတွေတက်၊ Native Speaker ဆိုတဲ့ သင်တဲ့သူတွေနဲ့ တွေ့၊ တခြားကိုယ့်ထက်သာတဲ့ သူ၊ ပြင်ဆင်ထားတဲ့သူတွေနဲ့တွေ့ရ င်
စိတ်ဓာတ်တွေပြုတ်ကျ၊ ဖေ့စ် ဘွခ်တွေက ရင်တွေဖွင့်၊ နောက် သင်တန်းတွေ
ပြောင်းတက်၊ နောက်ဆုံး ဒီလိုနဲ့ ပြီးသွားတဲ့လူ ငယ်တွေ အများကြီးရှိတယ်။
သင်ယူတယ်၊ သင်ကြား တယ်ဆိုတာ ဘယ်တော့မှ မပြီး ဆုံးဘူး။ ဒါကြောင့် သင်တန်းတွေ လိုက်တက်နေရင် ဘယ်တော့မှ မပြီးဘူး။ ကိုယ့်ကိုယ်ကိုယ် အဆုံး အဖြတ်ပေးနိုင်ဖို့လိုတယ်။ အ တိုင်းအတာကာလတစ်ခုကို သတ်မှတ်တတ်ရတယ်။ ဘွဲ့တောင် မဟာပဲရရ၊ ပါရဂူနဲ့ပဲပြီးပြီး အမြဲ Update လုပ်နေရတယ်။ ဆရာပဲ ဖြစ်ဖြစ်၊ ပါမောက္ခပဲဖြစ်ဖြစ် အမြဲ လေ့လာဆည်းပူးနေရတယ်။ ပညာရပ်တစ်ခုဟာ ခေတ်ကာလ ပေါ်မူတည်ပြီး အသစ်အသစ် ပြောင်းလဲ ဖြစ်ထွန်းနေတတ် တယ်။ ဘယ်တော့မှ ရပ်တန့်မနေ ဘူး။ သင်တန်းတက်မှရယ်မဟုတ် ဘူး။ မိမိအသိစိတ်နဲ့ ဖြန့်ကြက် ဖောက်ထွက်စဉ်းစားတွေးခေါ်နို င်
စွမ်းကသာ အဓိကဖြစ်တယ်။ အ ထက်မှာဆိုခဲ့သလို မိမိရဲ့အောင် မြင်ခြင်း၊
မအောင်မြင်ခြင်းဆိုတာ အပြင်မှာမရှိဘူး။ အတွင်းမှာပဲရှိ တယ်။ မိမိရဲ့
အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုတာ သင်တန်း တွေဆီမှာ မမှီတည်ဘူး။ ကိုယ့်
ကိုယ်ကိုယ်သာ အဓိကဖြစ် ကြောင်း တင်ပြလိုက်ရပါတယ်။
အောင်အောင်(IR)
။။။။။။။။။။။။။။။။။။။။။။။။။
အခုခေတ်မှာ သင်တန်းတွေအမျိုးမျိုးတွေ့န
သင်တန်းတစ်ခုမတက်ခင် သင်တန်းရဲ့ သဘောသဘာဝကို သိဖို့လိုပါတယ်။ သင်တန်းဆရာ တွေရဲ့ အကြောင်းကိုလည်း သိဖို့ လိုသလို ဒီသင်တန်းဟာ ကိုယ့် ဘဝရှေ့မျှော်မှန်းချက်တွေနဲ
သင်တန်းတက်တယ်ဆိုတာ ကိုယ်ဖြစ်ချင်တဲ့၊ ကိုယ်လိုချင်တဲ့ အရာတစ်ခုဆီ၊ ပန်းတိုင်တစ်ခုဆီ လျှောက်လှမ်းရာမှာ လွယ်ကူချောမွေ့စေဖို့ဖြစ်တယ
သင်တန်းဆိုတာတော့ အမျိုးမျိုးရှိတာပေါ့။ ပညာရေးသင်တန်း တင်မဟုတ်ဘူး။ သက်မွေးဝမ်း ကျောင်းမှု သင်တန်းတွေလည်း ရှိ တယ်လေ။ အချက်အပြုတ်သင် တန်း၊ စက်ချုပ်သင်တန်း၊ ဟိုတယ်သင်တန်း၊ အလှပြင်သင်တန်း။ သူနာပြုသင်တန်း အမျိုးမျိုးရှိနိုင် ပါတယ်။ ဟိုသင်တန်းတက်၊ ဒီ သင်တန်းတက် ဘာမှဖြစ်မလာ ဘူးဆိုရင်လည်း လက်တွေ့ဘဝ မှာ အလုပ်ဖြစ်မယ့်သင်တန်းတွေ လည်း အဆင်ပြေတာပါပဲဗျာ။ ပညာရေးသင်တန်းနဲ့ သက်မွေး သင်တန်းတွေ တွဲတက်ဖို့ ပြော တာပါ။ ကိုယ့်အတွေ့အကြုံအရ ပညာရေးသင်တန်းတက်တဲ့သူ အများစုက ယောင်ချာချာနဲ့ ပြီး သွားတာ များနေလို့ပါ။ အချက် အပြုတ်၊ စက်ချုပ်ဆိုတာ အိမ်မှာ ဆက် လေ့ကျင့်လို့ရတယ်လေ။ ဟိုတယ်သင်တန်း၊ သူနာပြုဆို တာလည်း လက်တွေ့လုပ်ငန်းခွင် ဝင်လို့ရတယ်။ အဲဒီလို လက်တွေ့ ကျတဲ့ သင်တန်းလေးတွေတက် ရင် အင်္ဂလိပ်စာကိုလည်း လေ့ လာ၊ ပိုမိုကောင်းမွန်တဲ့ အခွင့်အ လမ်းကို စောင့်ပေါ့ဗျာ။ အလုပ်နဲ့ ပညာရေးကို တစ်ပြိုင်တည်းသွား ဖို့ ပြောတာပါ။ ငွေကြေးပြည့်စုံ ကြွယ်ဝတဲ့ မိသားစုအသိုင်းအဝိုင်း ကဆိုရင်တော့ နိုင်ငံခြားမှာ သူတို့ ပိုက်ဆံနဲ့ သူတို့ကျောင်းတက်လို့ ရပါတယ်။ ငွေကြေး အတန်အ သင့်ရှိသူနဲ့ ငွေကြေးနည်းပါးသူ တွေအဖို့မှာတော့ အချိန်ဆိုတာ ရော ငွေဆိုတာပါ သူတို့အတွက် အရေးကြီးတယ်။ အဓိပ္ပာယ်ရှိရှိ၊ အကျိုးရှိရှိ အသုံးချတတ်ဖို့လို တယ်။
အနာဂတ်ပညာရေးလမ်း ကြောင်းဆိုတာကို နည်းနည်းရှင်း ချင်တယ်။ လူငယ်အတော်များ များက နိုင်ငံခြားမှာ ကျောင်းဆက် တက်ချင်တယ်ဆိုတာပဲ ရှိတယ်။ ဘာကို လေ့လာသင်ယူရမှန်း ဝေ ခွဲရခက်နေတတ်တယ်။ ယေဘု ယျ စီးပွားရေး၊ အိုင်တီ၊ အင်ဂျင် နီယာရင်း။ လူ့အခွင့်အရေး၊ နိုင်ငံ ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးဘာ သာရပ်တွေ သင်ချင်တယ်ဆိုတာ လောက် ဖြေတတ်တယ်။ စီးပွား ရေးဆိုတဲ့ ဘာသာရပ်ကြီးအောက်မှာ ဘာကို အထူးပြုသင်မှာလဲဆို တဲ့ ရွေးချယ်မှုရှိတယ်။ ငြိမ်းချမ်း ရေး၊ ဖွံ့ဖြိုးရေးဘာသာရပ်ဆိုရင် လည်း အမျိုးမျိုးရှိတယ်။ ဘာကို အာရုံစိုက်မှာလဲ။ အဓိက ဘာသာ ရပ်ပေါ့။ သဘာဝပတ်ဝန်းကျင် လား၊ လူထုကျန်းမာရေးကိစ္စလား၊ မီဒီယာလား၊ ပဋိပက္ခဖြေ ရှင်းရေး ဘာသာရပ်လား။ တကယ်တော့ ပညာရေးဆိုတာ တစ်ခုနဲ့တစ်ခု ဆက်နွှယ်ပတ်သက်နေတယ်။ ဖွံ့ဖြိုးရေးဆိုင်ရာတွေ ဆွေးနွေးပေမယ့် နိုင်ငံရေးဆီ ရောက်သွားတယ်။ နိုင်ငံရေးဆိုတာ ဆွေးနွေးရင်းက သဘာဝပတ်ဝန်းကျင်ကိစ္စမျိုးတေ
ဒါကြောင့် ပညာရေးမှာ တစ်စုံတစ်ခုတည်းကို အာရုံစိုက်တဲ့ ခေတ်က ကုန်သွားပြီ။ အင်္ဂလိပ် စာတစ်ခုတည်း ကောင်းနေလို့မရ တော့ဘူး။ အားလုံးကို ချိတ်ဆက် ခြုံငုံသိမြင်ဖို့လိုပြီး ကိုယ်အဓိက ဆက်လက်သင်ယူမယ့် ဘာသာ ရပ်အပေါ် အာရုံစိုက်တတ်ရမယ်။ နိုင်ငံခြားမရောက်ခင်ကတည်းက
အဲဒီမှာ တစ်ပတ်ပြန်လည် သွားတယ်။ ကြိုတင်ပြင်ဆင်ဖို့အ တွက်ဆိုပြီး သင်တန်းတွေတက် ကြတယ်။ သင်တန်းတွေမတက် ခင် အိမ်မှာလေ့လာလို့လည်းရ တယ်။ အခု TOEFL တို့၊ IELTS တို့ဆိုတာ အွန်လိုင်းမှာတင် အခ မဲ့လေ့ကျင့်လို့ရတယ်။ စာအုပ် ဆိုင်တွေမှာ စာအုပ်ဝယ်၊ CD အခွေတွေဝယ်ပြီး အိမ်မှာလေ့ ကျင့်လို့ရတယ်။ ပြီးမှ သင်တန်း တွေ တက်ချင်တက်ပေါ့။ တချို့ က ဘာမှ မလေ့လာ၊ လေ့ကျင့်မှု မရှိဘူး။ နိုင်ငံခြားသံရုံးတွေမှာ သင်တန်းတွေတက်၊ Native Speaker ဆိုတဲ့ သင်တဲ့သူတွေနဲ့ တွေ့၊ တခြားကိုယ့်ထက်သာတဲ့ သူ၊ ပြင်ဆင်ထားတဲ့သူတွေနဲ့တွေ့ရ
သင်ယူတယ်၊ သင်ကြား တယ်ဆိုတာ ဘယ်တော့မှ မပြီး ဆုံးဘူး။ ဒါကြောင့် သင်တန်းတွေ လိုက်တက်နေရင် ဘယ်တော့မှ မပြီးဘူး။ ကိုယ့်ကိုယ်ကိုယ် အဆုံး အဖြတ်ပေးနိုင်ဖို့လိုတယ်။ အ တိုင်းအတာကာလတစ်ခုကို သတ်မှတ်တတ်ရတယ်။ ဘွဲ့တောင် မဟာပဲရရ၊ ပါရဂူနဲ့ပဲပြီးပြီး အမြဲ Update လုပ်နေရတယ်။ ဆရာပဲ ဖြစ်ဖြစ်၊ ပါမောက္ခပဲဖြစ်ဖြစ် အမြဲ လေ့လာဆည်းပူးနေရတယ်။ ပညာရပ်တစ်ခုဟာ ခေတ်ကာလ ပေါ်မူတည်ပြီး အသစ်အသစ် ပြောင်းလဲ ဖြစ်ထွန်းနေတတ် တယ်။ ဘယ်တော့မှ ရပ်တန့်မနေ ဘူး။ သင်တန်းတက်မှရယ်မဟုတ် ဘူး။ မိမိအသိစိတ်နဲ့ ဖြန့်ကြက် ဖောက်ထွက်စဉ်းစားတွေးခေါ်နို
အောင်အောင်(IR)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။