သေမင်းတမန်စွမ်းအင်
ကျောက်မီးသွေးစွမ်းအင်သုံးဓာတ်အားပေးစက်ရုံသည် ရေထုအတွက်ခြိမ်းခြောက်မှုတစ် ခု
ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေဟာ ရေဖြန့်ဝေမှုနဲ့ ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ခုပဲဖြစ်ပါတယ်။ကျောက်မီးသွေးစက်ရုံတွေဟာ
သူတို့ရဲ့ အအေးခံစနစ်တွေအတွက် ရေပမာဏကြီးကြီးမားမား သုံးပါတယ်။အဲဒီ
လိုအပ်တဲ့ရေအတွက် သူတို့တည်ရှိရာ နေရာဒေသက ရေအရင်းအမြစ်တွေကိုစုပ်ထုတ် တဲ့အခါ ငါးတွေအများအပြားသေဆုံးရပါတယ်။
အဲလိုကျောက်မီးသွေး စက်ရုံတွေကနေ အသုံးပြုပြီး ပြည်လည်စွန့်ပစ်တဲ့ရေတွေဟာ
သတ္တုအဆိပ်တွေနဲ့ အခြားဆိုးကျိုးဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်ပြီး လူတွေရဲ့
ကျန်းမာရေးနဲ့ သဘာဝတောရိုင်း တိရစ္ဆာန်တွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
ပြန်ပြီးစွန့်ပစ်လိုက်တဲ့ရေ တွေဟာ သဘာဝရေအရင်းအမြစ်ထက် အပူချိန်ပိုမြင့်တဲ့အတွက်ငါးတွေနဲ့ အခြားတောရိုင်း တိရစ္ဆာန်တွေကိုထပ်ပြီးသေစေပါတယ်။ဒါအပြင်မီးခိုးခေါင်းတိုင်တွေကနေ
ထွက်လာတဲ့ ပြဒါးတွေဟာ ရေထုကို ညစ်ညမ်းစေပြီး အဲဒီရေအပေါ်မှာ
မှီခိုနေတဲ့လူတွေနဲ့ အခြားသက်ရှိသတ္တဝါတွေကို အန္တရာယ်ဖြစ်စေပါတယ်။
ရေသုံးစွဲမှု (Water Intake)
ကျောက်မီးသွေးစက်ရုံတွေဟာ သူတို့ရဲ့ အအေးခံစနစ်အတွက် ရေဂါလံပေါင်း သန်းပေါင်းများစွာကိုသုံးစွဲရတဲ့အတွက် သောက်သုံးရေ၊စိုက်ပျိုးရေနဲ့ သဘာဝဂေဟစနစ်အတွက်
ရေအရင်းအမြစ် နည်းပါးသွားပါတယ်။ တစ်ခါသုံး အအေးပေးစနစ်(once-through
cooling) ကိုသုံးတဲ့ ကျောက်မီးသွေး စက်ရုံတွေဟာ ရေသုံးစွဲမှု အများဆုံး
စွမ်းအင်အရင်းအမြစ်တွေပဲဖြစ်ပါတယ်။ဒီစက်ရုံတွေဟာ
စက်ရုံတစ်ခု တစ်နာရီစာအတွင်းမှာ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ လျှပ်စစ်ဓာတ်အား
မဂ္ဂါဝပ် ပမာဏတစ်ခု ထွက်ရှိလာဖို့အတွက်ကိုရေဂါလံ (20000)ကနေ(50000) အထိထုတ်ယူသုံးစွဲရပါတယ်။ ရေအလုံပိတ်အအေးပေးစနစ်(cols ed-cycle cooling) ကိုသုံးတဲ့စက်ရုံတွေဟာ ရေပမာဏတစ်ခုကိုတစ်ကြိမ်မကပြ န်လည်သုံးစွဲတဲ့အတွက်
ငါးသေဆုံးမှုနည်းပါးသည်။ ဒါပေမဲ့ ဒီစက်ရုံတွေဟာလည်း စက်ရုံတစ်ခု
တစ်နာရီအတွင်းထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားအတွက် ရေဂါလံ(480)ကနေ(1100)
အထိသုံးစွဲရပါတယ်။
ရေအလုံပိတ်အအေးခံစနစ်ကိုလည် ပတ်ဖို့အတွက် စွမ်းအင်ပိုသုံးရပြန်တယ်။အကျိုးဆက်အနေနဲ့လုပ်ငန်းပိုင်း လွယ်ကူအဆင်ပြေမှုမရှိတဲ့အပြင် နောက်ဆုံးမှာ အပူသိုလှောင်မှုဖြစ်ပေါ်စေတာေ ကြာင့် လေထုထဲကို ဓာတ်ငွေ့ထုတ်လုပ်မှု ပိုမိုများပြားလာစေနိုင်ပါတ ယ်။
ရေရှားပြီး ပူအိုက်တဲ့ ရာသီဥတု အခြေအနေတွေမှာ သောက်သုံးရေအတွက်နဲ့စိုက်ပျိုးရေအတွက် လိုအပ်တဲ့ ရေနဲ့ကျောက်မီးသွေးစက်ရုံတွေရဲ့ရေလိုအပ်မှုအကြား ပြိုင်ဆိုင်မှုတွေကြောင့် ကျောက်မီးသွေးစက်ရုံတွေအတွက် ရေအရင်းအမြစ်ရရှိရေး ပိုမိုစိန်ခေါ်မှုများပါတယ်။လိုအပ်တဲ့ရေမရရင် ကျောက်မီးသွေးစက်ရုံတွေကိုလ ည်ပတ်မှုလျှော့ချတာတွေ ဒါမှမဟုတ် လုံးဝရပ်တန့်ရတဲ့အခြေအနေအထိ
တွန်းပို့နိုင်ပါတယ်။ ပူအိုက်တဲ့ရာသီကြောင့် ကျောက်မီးသွေးစက်ရုံအတွက်
စုတ်ယူတဲ့ရေဟာ ပူလွန်းနေနိုင်ပြီး လျှပ်စစ်ဓာတ်အား အလိုအပ်ဆုံးအချိန်တွင်
လျှော့ထုတ်ရတဲ့ အခြေအနေကို တွန်းပို့နိုင်သည်။
တစ်ခါသုံးအအေးခံစနစ်ကို အသုံးပြုတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ခုဟာ အနီးဆုံးမှာရှိတဲ့ကန်၊မြစ် ဒါမှမဟုတ် ပင်လယ်ကနေ တစ်ရက်ကို ရေဂါလံပေါင်း သန်းပေါင်းများစွာကိုထုတ်ယူ ပြီး အချို့အခြေအနေတွေမှာဆို ဂါလံသန်းပေါင်းထောင်နဲ့ချီရှိပါတယ်။ အဲဒီလိုထုတ်ယူရာမှာစုတ်ယူလိုက်တဲ့ပိုက်နဲ့အနီးတစ်ဝိုက် ကငါးနဲ့ အခြားရေနေသတ္တဝါတွေဟာကြမ်းတမ်းတဲ့ ပိုက်နံရံနဲ့ရိုက်မိပြီး စုပ်ယူမှုကြောင့် အအေးပေးစနစ်ထဲကိုရောက်ရှိကု န်ပါတယ်။တစ်ခါသုံး
အအေးခံစနစ်ဟာ နီးစပ်ရာ ရေအရင်းအမြစ်ကို ထုတ်ယူပြီး အပူချိန်မြင့်တဲ့ ရေကို
ပြန်လည်စွန့်ပစ်တဲ့အတွက် သဘာဝ ဂေဟစနစ်ကိုဆိုးဆိုးရွားရွား
ထိခိုက်စေပါတယ်။ ရေအလုံပိတ် အအေးပေးစနစ် နည်းပညာကြောင့် ရေသုံးစွဲမှု
နည်းပေမယ့် ရေလိုအပ်မှု တွေရှိနေဆဲဖြစ်ပြီး ငါးနဲ့
အခြားတောရိုင်းတိရိစ္ဆာန်တွေ ကိုထိခိုက်မှုရှိနေဆဲဖြစ်ပါတ ယ်။
စွန့်ပစ်ရေ (Wastewater)
ရေကို အအေးခံစနစ်ထဲ လည်ပတ်စေပြီးတဲ့နောက်မှာ ရေမျက်နှာပြင်ပေါ်ကို တိုက်ရိုက် ပြန်လည်စွန့်ပစ်လိုက်ပါတယ်။ ဒီစွန့်ပစ်ရေတွေဟာ
လူတွေနဲ့ ရေသတ္တဝါတွေကို ပမာဏအနည်းငယ်နဲ့တောင် အလွန်ထိခိုက်စေနိုင်တဲ့
အခြားသတ္တု အစိုင်အခဲကြီးတွေ အဆိပ်အတောက်တွေပါဝင်ပါတယ်။ ပြဒါး
၊ခဲ၊စိန်(အဆိပ်)လိုမျိုး အဆိပ်အတောက်တွေနဲ့ ထိတွေ့မိရင် မွေးရာပါ ကလေးအဂါင်္
ချို့ယွင်းမှု၊ကင်ဆာနဲ့ အခြားကျန်းမာရေး ပြသာနာတွေကိုဖြစ်စေနိုင်ပါတ ယ်။ဒီအညစ်အကြေးတွေဟာအချိန်ြ ကာလာလို့ အာနိသင်ပျက်ပြယ်မသွားတဲ့ပြင် တော်တော်များများ ဟာ သက်ရှိခန္ဓာကိုယ်ထဲမှာ စုဆုံသွားကြပြီး သိပ်သည်းမှု ပိုများလာကာ အစားအသောက် သံသရာထဲကိုဝင်ရောက်လာပါတယ်။ အကျိုးဆက်အနေနဲ့ ရေနေသဘာဝဂေဟ စနစ်ထဲကိုရေရှည်ထိခိုက်မှုဖြ စ်စေပါတယ်။
Stop Dirty Coal Power Plants in Myanmar/Burma
ကျောက်မီးသွေးစွမ်းအင်သုံးဓ
ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေဟာ ရေဖြန့်ဝေမှုနဲ့ ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ခုပဲဖြစ်ပ
ရေသုံးစွဲမှု (Water Intake)
ကျောက်မီးသွေးစက်ရုံတွေဟာ သူတို့ရဲ့ အအေးခံစနစ်အတွက် ရေဂါလံပေါင်း သန်းပေါင်းများစွာကိုသုံးစွ
ရေအလုံပိတ်အအေးခံစနစ်ကိုလည်
ရေရှားပြီး ပူအိုက်တဲ့ ရာသီဥတု အခြေအနေတွေမှာ သောက်သုံးရေအတွက်နဲ့စိုက်ပျ
တစ်ခါသုံးအအေးခံစနစ်ကို အသုံးပြုတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ခုဟာ အနီးဆုံးမှာရှိတဲ့ကန်၊မြစ် ဒါမှမဟုတ် ပင်လယ်ကနေ တစ်ရက်ကို ရေဂါလံပေါင်း သန်းပေါင်းများစွာကိုထုတ်ယူ
စွန့်ပစ်ရေ (Wastewater)
ရေကို အအေးခံစနစ်ထဲ လည်ပတ်စေပြီးတဲ့နောက်မှာ ရေမျက်နှာပြင်ပေါ်ကို တိုက်ရိုက် ပြန်လည်စွန့်ပစ်လိုက်ပါတယ်။
Stop Dirty Coal Power Plants in Myanmar/Burma
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။