ရုန်းကန်လှုပ်ရှားခြင်းရလာဘ် များ
+++++++++++
ဂျပန်လူမျိုးတွေဟာ ငါးစားသုံးမှုကို ကြိုက်နှစ်သက်တဲ့ လူမျိုးတွေဖြစ်တယ်။ ဒါပေမယ့် သူတို့ရဲ့ ငါးစားသုံးမှု မြင့်မားမှုကြောင့် ဂျပန်ကမ်းရိုးတမ်းတစ်လျှောက်မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ငါးတွေမျိုးသုဉ်းကုန်ကြတယ်။ ဒါပေမယ့်လည်း ဂျပန်တွေရဲ့ငါးလိုအပ်ချက်က အရင်ကထက်တောင် ပိုမိုပြီးများပြားလာခဲ့တယ် ။ အဲဒါကြောင့် ဂျပန်ငါးဖမ်းလှေတွေဟာ ခါတိုင်းထက်ပိုပြီး ဝေးလံတဲ့ နေရာထိသွားပြီး
ငါးဖမ်းကြရတယ်။ အဲဒီလို ငါးဖမ်းတဲ့နေရာမှာ သူတို့ အတွက် အခက်အခဲတစ်ခုတော့
ဖြစ်လာခဲ့တယ်။ အဲဒါကတော့ ပိုပြီးဝေးဝေးသွားရင် ငါးဖမ်းလို့အဆင်ပြေချောမွေ့ ပေမယ့်
ကမ်းခြေကို ပြန်ရောက်ဖို့ အချိန်ပိုပြီးယူရတာကြောင့် ဖမ်းမိတဲ့ ငါးတွေဟာ
မလတ်ဆတ်တော့တာပဲဖြစ်တယ်။ အဲဒီလို မလတ်ဆတ်တဲ့ ငါးတွေကိုလည်း ဂျပန်တွေက
မကြိုက်နှစ်သက်၊ မစားသုံးကြပဲ ဖြစ်နေပြန်တယ်.။
အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် ငါးဖမ်းကုမ္ပဏီတွေဟာ ငါးဖမ်းစက်လှေတွေကို ပြောင်းလည်းပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်။ အဲဒါကတော့ ငါးဖမ်းလှေတိုင်းမှာ အအေးခန်းတွေ ထည့်သွင်းတပ်ဆင်ပေးထားတာပြဲ ဖစ်တယ်။ ငါးဖမ်းလှေတွေဟာ ဖမ်းမိတဲ့ငါးတွေကို ရေခဲခန်းထဲမှာ ထည့်သွင်းသိုလှောင်ပြီး စိတ်တိုင်းကျငါးဖမ်းနိုင်လာ ကြတယ်။ ဒါပေမယ့် အဲဒါကလည်း ပြီးပြည့်စုံတဲ့အဖြေ ဖြစ်မလာပြန်ဘူး။ အကြောင်းကတော့ ရေခဲရိုက်ထားတဲ့ငါးတွေကိုလည်း
ဂျပန်တွေက မကြိုက်လို့ပဲဖြစ်တယ်။ သူတို့တွေဟာ လတ်ဆတ်တဲ့ငါးနဲ့
ရေခဲရိုက်ငါးကို ကောင်းစွာခွဲခြားနိုင်တဲ့ လျှာတွေကိုယ်စီပါနေကြလို့ပဲ ဖြစ်တယ်..။ ငါးဖမ်းကုမ္ပဏီတွေအတွက် ရေခဲရိုက်ထားတဲ့ငါးတွေဟာ ဈေးကောင်းမရဘဲ အရင်းတောင်မကိုက်ချင်ဖြစ်လာ ပြန်တယ်..။
အဲဒါကြောင့် ဂျပန်ငါးဖမ်းကုမ္ပဏီတွေဟာ နည်းလမ်းအသစ်ကို ရှာကြံကြပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့တွေဟာ ပင်လယ်ငါးတွေအတွက် သင့်လျှော်မယ့် အပူချိန် ရေတွေ ထည့်သွင်းထားတဲ့ ရေကန်တွေကို ငါးဖမ်းလှေတွေမှာ ထည့်သွင်းတည်ဆောက်ကြပြန်တယ် ။ ပြီးတဲ့အခါ ဖမ်းမိတဲ့ငါးတွေကို သူတို့တည်ဆောက်ထားတဲ့ ကန်တွေထဲကို စုပြုံ ထည့်ပြီး အရှင်ဖမ်းသယ်ဆောင်လာပါကြတယ် ။
ငါးဖမ်းကုမ္ပဏီတွေဟာ သူတို့ရဲ့ လုပ်ဆောင်ချက် အထမြောက်အောင်မြင်ပြီလို့
ထင်ကြပေမယ့်လည်း မှန်းချက်နဲ့နှမ်းထွက် မကိုက်ပဲဖြစ်နေကြပြန်တယ်။
အကြောင်းကတော့ ဖမ်းမိတဲ့ ငါးတွေဟာ ရေကန်ထဲကို ထည့်ပြီးပြီးချင်းတော့
လွတ်မြောက်ဖို့အတွက် ရုန်းကန်လှုပ်ရှားကြတယ်။ ဒါပေမယ့်လည်း
နာရီအနည်းငယ်ကြာတဲ့အခါမှာတော့ သူတို့ဟာ ရုန်းကန်ခြင်း၊ လှုပ်ရှားခြင်း မပြုလုပ်တော့ဘဲ နှေးကွေးလေးလံလာကြတာပဲဖြစ်တ ယ်။ နှစ်ရက်သုံးရက်ကြာလို့ငါးဖမ်းလှေ
ကမ်းကပ်တဲ့အခါမှာတော့ ငါးအရှင်ဖြစ်ပေမယ့် လှုပ်ရှားမှုနည်းတာကြောင့် ငါးရဲ့
ကောင်းမွန်တဲ့ အရသာ မရှိတော့ဘဲ ရေခဲရိုက်ငါးတွေရဲ့ အရာသာပဲ ဖြစ်နေပြန်တယ်။
အဲဒီငါးတွေဟာလည်းပဲ ရေခဲရိုက်ငါးတွေနည်းတူ ဈေးနှိမ်ခံရပြန်တယ်..။
ဂျပန်တွေဟာ ငါးတွေကို လတ်ဆတ်ဖို့ နောက်ထပ်အကြံအစည်တစ်ခုကို ပြုလုပ်သေးတယ်။ အဲဒီနေရာမှာ သူတို့ဘယ်လိုလုပ်လဲဆိုတာကတော့ အင်မတန်စိတ်ဝင်စားဖို့ကောင်းသလို အခုရေးသားတဲ့စာပိုဒ်တွေရဲ့ ညွှန်းဆိုချင်တဲ့ အဓိကအချက်လဲ ဖြစ်တယ်။
ဂျပန်တွေဟာ ငါးတွေရဲ့ လတ်ဆတ်တဲ့အရသာရအောင် အကြံအစည်တစ်ခုကို အောင်အောင်မြင်မြင် ချမှတ် နိုင်ခဲ့တယ်။ အဲဒါကတော့ သူတို့တွေဟာ ပထမတည်ဆောက်ပြီး ငါးကန်တွေထဲမှာ ငါးမန်း တစ်ကောင်စီ ထည့်သွင်းထားတာပဲဖြစ်တယ်။ ငါးဖမ်းလှေတွေဟာ ငါးတွေကို ဖမ်းပြီး ငါးလှောင်ကန်တွေထဲကို ထည့်ကြတယ်။ အဲဒီအခါ အထဲမှာရှိတဲ့ ငါးမန်းဟာ ဖမ်းမိတဲ့ငါးတွေကို လိုက်လံဖမ်းဆီးစားသောက်တယ်. .။
ငါးမန်းဟာ လေး ငါး ဆယ်ကောင်မျှ ငါးတွေကို ခရီးစဉ်တစ်လျှောက်လုံးမှာ
စားသောက်ခဲ့တယ်။ ဒါပေမယ့် ကျန်တဲ့ ငါးတွေကတော့ သူတို့ရဲ့ မူလအရသာ
မပျက်စီးဘဲ ကျန်နေခဲ့တယ်။ အကြောင်းရင်းကတော့ ဖမ်းမိထားတဲ့ ငါးတွေဟာ
ငါးဖမ်းခရီးတစ်လျှောက်လုံး ငါးမန်းလက်က လွတ်အောင် ကူးခတ်
ရုန်းကန်နေကြရလို့ပဲဖြစ်တယ် ။ သူတို့ရဲ့ ရုန်းကန်ကူးခတ်ခြင်းဟာ သူတို့ကိုယ်ထဲမှာရှိတဲ့ မူလ အရသာကို မပျက်စီးဖို့ ထိန်းသိမ်းသလို ဖြစ်နေလို့ပါပဲ။
တကယ်တော့ ကျွန်တော်တို့တွေဟာလည်း ဂျပန်တွေရဲ့ ငါးတွေလို သေခြင်းတရားကို အနှေးနဲ့အမြန် မုချရင်ဆိုင်ရမယ့် သေမိန့်ကျပြီးသူတွေပဲဖြစ်ကြ တယ်။
ဒါပေမယ့်လည်း တချို့သောသူတွေဟာ ရုန်းကန်လှုပ်ရှားရင်း ကိုယ့်ဘ၀ရဲ့
ကိုယ်ရေကိုယ်သွေးကို တောင်ပြောင်စေကြတယ်။ တစ်ချို့ကတော့ နှေးကွေးလေးလံ
ထိုင်းမှိုင်းရင်းနဲ့ဘဲ ဘ၀ရဲ့ ငါးကန်ထဲမှာ မိန်မောတွေဝေနေကြတယ်.။
ငါးကန်ထဲမှာ ထည့်ထားတဲ့ ငါးချင်းတူတာတောင် ရုန်းကန်လှုပ်ရှားနေတဲ့ငါးဟာ
အရသာပြည့်ဝသလို၊ လူအချင်းချင်းတူတာတောင်မှ ရုန်းကန်လှုပ်ရှားနေတတ်တဲ့
လူတွေရဲ့ဘ၀ဟာ ပိုမိုတောက်ပြောင်နေတာဟာ လောကရဲ့ သဘာဝတစ်ခုပဲဖြစ်တယ်။
နေ့ရက်တိုင်းကို ရှင်သန်ဖြတ်သန်းခွင့် ရှိနေပေမယ့်လည်း
လေးလံထိုင်းမှိုင်းနေတဲ့ ငါးတွေလို လေးလံခြင်းကတော့ အရသာကင်းမဲ့တဲ့ငါးတွေကို
အဓိပ္ပါယ်မဲ့ ဘ၀တစ်ခုကိုသာ ဖြစ်စေလိမ့်မယ်..။
သဘာဝတရားရဲ့ ငါးသတ္တ၀ါတွေတောင်မှ ရုန်းကန်လှုပ်ရှားခြင်းနဲ့ နှေးကွေးထိုင်းမှိုင်းခြင်း နှစ်ခုရဲ့ ရလဒ်ဟာ သိသာ ကွာခြားသလို၊ ကျွန်တော်တို့တွေရဲ့ဘ၀မှာလည်း မိမိအလုပ်ကို မိမိတန်ဖိုးထားမြတ်နိုးသူ၊ အလုပ်ကြိုးစားသူတွေရဲ့ ဘ၀နဲ့ လေးကန်ပျင်းတွဲသူတွေရဲ့ဘ၀ဟာ လည်း တချိန်ချိန်မှာတော့ သိသာထင်ရှားစွာ ကွာခြားသွားမှာပဲဖြစ်တယ်။
ဒီအဖြစ်အပျက်ဟာ လှုပ်ရှားရုန်းကန်ခြင်းရဲ့ အရေးကြီးပုံအပြင် ဂျပန်တွေရဲ့ innovation ဥာဏ်ရည် ကိုပါ အတုယူသင့်တယ်..။ မိမိတို့ကြုံလာရတဲ့အခက်အခဲရဲ အကြောင်းရင်းကို သေချာစိစစ်ပြီး ဖြေရှင်းဖို့နည်းလမ်း တစ်နည်းမဟုတ်တစ်နည်း မရမနေရှာဖွေသွားကြပုံတွေဟာလ ည်း
ကျွန်တော်တို့တွေ အတုယူသင့်တဲ့ အချက်တစ်ခုဖြစ်နေမယ်။ ဒီတစ်နည်း
မအောင်မြင်တဲ့အခါ ဒီထက်ကောင်းမွန်တဲ့ နောက်ထပ်နည်းလမ်းတွေကို
စဉ်းစားတွေးခေါ်တတ်၊ ချမှတ်အကောင်အထည်ဖော်တတ်မှသာ မြန်မာတွေဟာ အခြားသောနိုင်ငံတွေရဲ့ အထက်ကို ရောက်လာမှာပဲဖြစ်တယ်..။
တကယ်တော့လည်း
"The struggle you are in today is developing the strength you need for tomorrow" ဆိုတဲ့စကားလို
ဒီနေ့ရဲ့ ရုန်းကန်လှုပ်ရှားခြင်းဟာ နောက်တစ်နေ့အတွက်လိုအပ်တဲ့ သန်မာခြင်းတွေကို ဖွံ့ဖြိုးစေခြင်းပဲဖြစ်တယ် လို့ဆိုလိုတာဖြစ်တယ်။ ရုန်းကန်ခြင်းဟာ ပင်ပန်းတယ်လို့ထင်ရပေမယ့် ကိုယ့်ရဲ့ အတွေ့အကြုံ၊ စွမ်းအားတွေကို မြှင့်တင်ပေးတာနဲ့တူတယ်လို့ ဆိုတယ်..။ ကျွန်တော်တို့တွေဟာလည်းပဲ ဘ၀ပင်လယ်ထဲမှာ ရေစုန်မျောမနေဘဲ ရုန်းကန်လှုပ်ရှားဖို့တော့ လိုအပ်နေအုံးမှာပဲဖြစ်တယ်.။
ရုန်းကန်လှုပ်ရှားခြင်းမှ ခွန်အားများဖြစ်လာနိုင်ကြပါ စေဗျာ
မေတ္တာဖြင့်
(ဖြိုးသုတ)
+++++++++++
ဂျပန်လူမျိုးတွေဟာ ငါးစားသုံးမှုကို ကြိုက်နှစ်သက်တဲ့ လူမျိုးတွေဖြစ်တယ်။ ဒါပေမယ့် သူတို့ရဲ့ ငါးစားသုံးမှု မြင့်မားမှုကြောင့် ဂျပန်ကမ်းရိုးတမ်းတစ်လျှောက
အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် ငါးဖမ်းကုမ္ပဏီတွေဟာ ငါးဖမ်းစက်လှေတွေကို ပြောင်းလည်းပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်။ အဲဒါကတော့ ငါးဖမ်းလှေတိုင်းမှာ အအေးခန်းတွေ ထည့်သွင်းတပ်ဆင်ပေးထားတာပြဲ
အဲဒါကြောင့် ဂျပန်ငါးဖမ်းကုမ္ပဏီတွေဟာ နည်းလမ်းအသစ်ကို ရှာကြံကြပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့တွေဟာ ပင်လယ်ငါးတွေအတွက် သင့်လျှော်မယ့် အပူချိန် ရေတွေ ထည့်သွင်းထားတဲ့ ရေကန်တွေကို ငါးဖမ်းလှေတွေမှာ ထည့်သွင်းတည်ဆောက်ကြပြန်တယ်
ဂျပန်တွေဟာ ငါးတွေကို လတ်ဆတ်ဖို့ နောက်ထပ်အကြံအစည်တစ်ခုကို ပြုလုပ်သေးတယ်။ အဲဒီနေရာမှာ သူတို့ဘယ်လိုလုပ်လဲဆိုတာကတေ
ဂျပန်တွေဟာ ငါးတွေရဲ့ လတ်ဆတ်တဲ့အရသာရအောင် အကြံအစည်တစ်ခုကို အောင်အောင်မြင်မြင် ချမှတ် နိုင်ခဲ့တယ်။ အဲဒါကတော့ သူတို့တွေဟာ ပထမတည်ဆောက်ပြီး ငါးကန်တွေထဲမှာ ငါးမန်း တစ်ကောင်စီ ထည့်သွင်းထားတာပဲဖြစ်တယ်။ ငါးဖမ်းလှေတွေဟာ ငါးတွေကို ဖမ်းပြီး ငါးလှောင်ကန်တွေထဲကို ထည့်ကြတယ်။ အဲဒီအခါ အထဲမှာရှိတဲ့ ငါးမန်းဟာ ဖမ်းမိတဲ့ငါးတွေကို လိုက်လံဖမ်းဆီးစားသောက်တယ်.
တကယ်တော့ ကျွန်တော်တို့တွေဟာလည်း ဂျပန်တွေရဲ့ ငါးတွေလို သေခြင်းတရားကို အနှေးနဲ့အမြန် မုချရင်ဆိုင်ရမယ့် သေမိန့်ကျပြီးသူတွေပဲဖြစ်ကြ
ငါးကန်ထဲမှာ ထည့်ထားတဲ့ ငါးချင်းတူတာတောင် ရုန်းကန်လှုပ်ရှားနေတဲ့ငါးဟာ
သဘာဝတရားရဲ့ ငါးသတ္တ၀ါတွေတောင်မှ ရုန်းကန်လှုပ်ရှားခြင်းနဲ့ နှေးကွေးထိုင်းမှိုင်းခြင်း နှစ်ခုရဲ့ ရလဒ်ဟာ သိသာ ကွာခြားသလို၊ ကျွန်တော်တို့တွေရဲ့ဘ၀မှာလည
ဒီအဖြစ်အပျက်ဟာ လှုပ်ရှားရုန်းကန်ခြင်းရဲ့ အရေးကြီးပုံအပြင် ဂျပန်တွေရဲ့ innovation ဥာဏ်ရည် ကိုပါ အတုယူသင့်တယ်..။ မိမိတို့ကြုံလာရတဲ့အခက်အခဲရ
တကယ်တော့လည်း
"The struggle you are in today is developing the strength you need for tomorrow" ဆိုတဲ့စကားလို
ဒီနေ့ရဲ့ ရုန်းကန်လှုပ်ရှားခြင်းဟာ နောက်တစ်နေ့အတွက်လိုအပ်တဲ့ သန်မာခြင်းတွေကို ဖွံ့ဖြိုးစေခြင်းပဲဖြစ်တယ် လို့ဆိုလိုတာဖြစ်တယ်။ ရုန်းကန်ခြင်းဟာ ပင်ပန်းတယ်လို့ထင်ရပေမယ့် ကိုယ့်ရဲ့ အတွေ့အကြုံ၊ စွမ်းအားတွေကို မြှင့်တင်ပေးတာနဲ့တူတယ်လို့
ရုန်းကန်လှုပ်ရှားခြင်းမှ ခွန်အားများဖြစ်လာနိုင်ကြပါ
မေတ္တာဖြင့်
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။