ဂျေကေရိုးလင်း - ထုတ်ဝေသူများစွာရဲ့ ငြင်းပယ်မှုခံရပြီးမှ အောင်မြင်လာတဲ့ ဟယ်ရီပေါ်တာ စာရေးဆရာမ
သူမဟာ တနေ့မှာ ရထားစီးသွားရင်း ရုတ်တရက် သူမရဲ့ခေါင်းထဲမှာ စိတ်ကူးယဉ်ဝတ္ထု ဇာတ်လမ်းတပုဒ် ပေါ်လာခဲ့တယ်။ ရထားပေါ်မှာ စာရေးစရာဘာမှမပါလို့ အိမ်ရောက်မှ ရေးရတယ်။ ကလေးတယောက်အမေ၊ တခုလတ်၊ အလုပ်မရှိလို့ အစိုးရထောက်ပံ့ကြေးလေးနဲ့စားရင်း စာအုပ်ကို ရေးနေတယ်။ ဆောင်းတွင်းမှာ တိုက်ခန်းထဲက အပူပေးစက်အတွက် ကုန်ကျမဲ့လျှပ်စစ်မီတာခကို
ချွေတာဖို့ ကော်ဖီဆိုင်မှာ မိုးချုပ်ဆိုင်သိမ်းတဲ့အထိ စာထိုင်ရေးတယ်။
စာအုပ်ရေးတာ ၅ နှစ်ကြာမှ ပြီးသွားတယ်။ စာမူကို ထုတ်ဝေသူတွေဆီ ပို့လိုက်တယ်။
ထုတ်ဝေသူပေါင်း တဒါဇင်ကျော်ဆီက စာအုပ်ထုတ်ဖို့ ငြင်းပယ်ခံရတယ်။
တနှစ်ကြာပြီးမှ စာအုပ်တိုက်တတိုက်က သူမစာမူကို စာအုပ်ထုတ်ဝေတယ်။ ဝတ္ထုဟာ
သန်းပေါင်းများစွာ ရောင်းခဲ့ရသလို ရုပ်ရှင်ရိုက်တော့လဲ အကြီးအကျယ်
အောင်မြင်ခဲ့တယ်။ သူမလဲ ကမ္ဘာကျော်စာရေးဆရာမနဲ့ မီလျံနာသူဋ္ဌေးတယောက်
ဖြစ်သွားခဲ့တယ်။ သူမနာမည်က ဂျေကေရိုးလင်း (J.K.Rowling) ပါ။ သူမရေးတဲ့
စာအုပ်က ဟယ်ရီပေါ်တာ (Harry Potter) ဝတ္ထုပါ။ သူမရဲ့ ကလေးတယောက်အမေဘဝနဲ့
ဒုက္ခအခက်အခဲတွေကို လက်မြောက်အရှုံးမပေးပဲ အောင်မြင်မှုရတဲ့အထိ
ကြိုးစားခဲ့ပုံဟာ အတုယူချီးကျူးစရာ ကောင်းလွန်းတာမို့ ရေးပြပေးလိုက်ပါတယ်။
========================== =========
ရိုးလင်းတို့ သားအမိဟာ ၁၉၉၃ ခုနှစ် ဒီဇင်ဘာလမှာ အင်္ဂလန်ကို ပြန်လာကြတယ်။ အီဒင်ဘတ်မြို့လေးက တိုက်ခန်းကျဉ်းကျဉ်းလေး သားအမိငှားနေကြတယ်။ ရိုးလင်းဟာ သူမရဲ့ မပြီးသေးတဲ့ ဟယ်ရီပေါ်တာဝတ္ထုကို ဆက်ရေးပါတယ်။ သူမမှာ အလုပ်မရှိတော့ သားအမိ ၂ ယောက်ဟာ အစိုးရထောက်ပံ့တဲ့ငွေနဲနဲလေးနဲ့ ခြိုးခြံချွေတာစားနေကြရတယ်။
သူမဟာ ဆောင်းတွင်းရောက်တဲ့အခါ တိုက်ခန်းထဲမှာ တပ်ဆင်ထားတဲ့ အပူပေးစက်အတွက်
လျှပ်စစ်မီတာဖိုးကို သက်သာစေဖို့ သူမညီမယောက်ျားရဲ့ Nicolson’s Cafe
ကော်ဖီဆိုင်နဲ့ The Elephant House ကော်ဖီဆိုင် ၂ ဆိုင်ကို
တလှည့်စီသွားပြီး မိုးချုပ်ဆိုင်သိမ်းတဲ့အထိ စာထိုင်ရေးတယ်။ သူမ,
စာရေးနေချိန်မှာတော့ သူမရဲ့ ၂ နှစ်သမီးလေးဂျက်စီကာကတော့ ကော်ဖီဆိုင်ထဲက
ခုံတန်းလေးတခုပေါ်မှာ အိပ်ပျော်နေရှာတာပေါ့။ စာကြမ်းရေးပြီးတာတွေကို
အိမ်ခန်းထဲမှာ လက်နှိပ်စက်အဟောင်းတလုံးနဲ့
စာမူကို အချောပြန်ရိုက်တယ်။ သူမတို့ဟာ စားဖို့တောင် အနိုင်နိုင်ဆိုတော့
စာရိုက်ဖို့ ဈေးကြီးတဲ့ကွန်ပြူတာကို မဝယ်နိုင်ရှာပါဘူး။ အဲဒီကာလဟာ
ရိုးလင်းရဲ့ကံအဆိုးဆုံးအချိ န်ပါပဲ။ ဒါပေမဲ့ သူမ စိတ်ဓါတ်ကျဆင်းလာရင် စာရေးခြင်းထဲမှာ အာရုံနစ်ဝင်ပြီး ကုစားလိုက်တယ်လို့ ရိုးလင်းက ပြောပြတယ်။
သူမရဲ့ဝတ္ထုကို ရေးလိုက်၊ပြင်လိုက်နဲ့ စရေးချိန်ကနေ ၅ နှစ်ကြာသွားခဲ့ပြီ။ ၁၉၉၅ ခုနှစ်မှာ ပထမဆုံးဟယ်ရီပေါ်တာဝတ္ထုဖြစ်တဲ့
“Harry Potter and the Philosopher’s Stone ကို အချောသတ်ရေးနိုင်ခဲ့ပြီ။
ရိုးလင်းဟာ စိတ်ဓါတ်တက်ကြွစွာနဲ့ စာအုပ်ထုတ်ဝေသူတဦးဆီကို
စာမူပို့လိုက်တယ်။ ၂ ပါတ်အကြာမှာ ထုတ်ဝေသူဆီက အကြောင်းပြန်စာ ရောက်လာတယ်။
ကလေးတွေ ကြိုက်မှာမဟုတ်ဘူး။ စာပေအဆင့်လဲ မမှီလို့ မထုတ်ဝေပါဘူးတဲ့။ သူမ
စိတ်ဓါတ်ကျသွားသလား။ ဘယ်လိုပြောပါလိမ့်။ စိတ်ဓါတ်အကြီးအကျယ်ကို ကျသွားပြီး ၂
ရက်-၃ ရက်လောက် မစားနိုင်မသောက်နိုင် ဖြစ်သွားတယ်။ သူမ ဒီလောက်
နှစ်ပေါင်းများစွာ ကြိုးစားရေးထားတာကို စာပေအဆင့်မမှီဘူးလို အပြောခံရလို့
စိတ်ထဲမှာ ခံပြင်းမိသလို အတော်လေးလဲ ဒေါသထွက်သွားတယ်။
========================== =========
တနှစ်ကြာလာပြီဆိုတော့လဲ ရိုးလင်းတယောက် စိတ်ပျက်လာပြီး လက်လျှော့ချင်စိတ် ပေါ်နေတယ်။ ဒီအချိန်မှာပဲ Bloomsbury ပုံနှိပ်တိုက်က စာအုပ်ထုတ်ဝေဖို့ လက်ခံလိုက်တယ်လို့ သူမကို ဖုန်းဆက်အကြောင်းကြားလာတယ်။
ထုတ်ဝေချင်တဲ့ အကြောင်းရင်းက စာအုပ်တိုက်အယ်ဒီတာက ကြိုက်လို့တော့
မဟုတ်ပါဘူး။ စာအုပ်တိုက်ပိုင်ရှင်ရဲ့ အသက် ၈ နှစ်အရွယ်သမီးလေးက
စာမူရဲ့ပထမအခန်းကို ဖတ်ကြည့်ပြီး အရမ်းကြိုက်နေလို့ နောက်အခန်းတွေကို
ဆက်ဖတ်ချင်တာနဲ့ သူမအဖေကို စာအုပ်ထုတ်ဝေဖို့ ပူဆာလွန်းလို့ပါ။ အယ်ဒီတာ
Barry Cunningham က ရိုးလင်းကို စာမူခအတွက် ဗြိတိန်ငွေပေါင် ၁,၅၀၀
အရင်ပေးမယ်။ စာအုပ်ရောင်းရတဲ့အရေအတွက်ပေါ်
မူတည်ပြီး ထပ်ပေးမယ်လို့ ဖုံးဆက်ပြီး ကမ်းလှမ်းလာတယ်။ အဲဒီသတင်းကို
ကြားရတဲ့ ရိုးလင်းတယောက် ဘာဖြစ်သွားတယ် ထင်သလဲ။ ကုလားထိုင်ပေါ်မှာ
ထိုင်နေရင်း ဝမ်းသာလွန်းလို့ မျက်ရည်တွေစီးကျလာပြီး ရှိုက်ကြီးတငင်
ငိုချလိုက်တယ်။ ပြီးတော့ ကုလားထိုင်ကနေ ရုတ်တရက် ထလိုက်ပြီး
ခုန်ပေါက်ကနေပါတော့တယ်။ အနားမှာ ကော်ဖီသောက်နေတဲ့ သမီးလေးဂျက်စီကာဟာ
မျက်ရည်တွေစီးကျ၊ ပါးစပ်ကတော့ ပြုံးရင်း ခုန်ပေါက်ကနေတဲ့ အမေ့ကိုကြည့်ရင်း
အမေရူးသွားပြီထင်လို့ အတော်လေး ကြောက်လန့်သွားရှာတယ်။
========================== =========
မကြာခင် ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေမဲ့ ကျနော့်ရဲ့စာအုပ်ထဲက စာမြည်းလေး တပုဒ်ပါ။ စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှတဲ့ ဘဝကနေ မီလျံနာ၊ ဘီလျံနာသူဋ္ဌေး ဖြစ်သွားကြသူများ အကြောင်းပါ။ စာအုပ်နာမည်ကတော့ အပြီးသတ် မရွေးရသေးပါဘူး။
ဗန်းမော်သိန်းဖေ
၁၂-၀၅-၂၀၁၆
သူမဟာ တနေ့မှာ ရထားစီးသွားရင်း ရုတ်တရက် သူမရဲ့ခေါင်းထဲမှာ စိတ်ကူးယဉ်ဝတ္ထု ဇာတ်လမ်းတပုဒ် ပေါ်လာခဲ့တယ်။ ရထားပေါ်မှာ စာရေးစရာဘာမှမပါလို့ အိမ်ရောက်မှ ရေးရတယ်။ ကလေးတယောက်အမေ၊ တခုလတ်၊ အလုပ်မရှိလို့ အစိုးရထောက်ပံ့ကြေးလေးနဲ့စာ
==========================
ရိုးလင်းတို့ သားအမိဟာ ၁၉၉၃ ခုနှစ် ဒီဇင်ဘာလမှာ အင်္ဂလန်ကို ပြန်လာကြတယ်။ အီဒင်ဘတ်မြို့လေးက တိုက်ခန်းကျဉ်းကျဉ်းလေး သားအမိငှားနေကြတယ်။ ရိုးလင်းဟာ သူမရဲ့ မပြီးသေးတဲ့ ဟယ်ရီပေါ်တာဝတ္ထုကို ဆက်ရေးပါတယ်။ သူမမှာ အလုပ်မရှိတော့ သားအမိ ၂ ယောက်ဟာ အစိုးရထောက်ပံ့တဲ့ငွေနဲနဲလေ
သူမရဲ့ဝတ္ထုကို ရေးလိုက်၊ပြင်လိုက်နဲ့ စရေးချိန်ကနေ ၅ နှစ်ကြာသွားခဲ့ပြီ။ ၁၉၉၅ ခုနှစ်မှာ ပထမဆုံးဟယ်ရီပေါ်တာဝတ္ထုဖြစ်တ
==========================
တနှစ်ကြာလာပြီဆိုတော့လဲ ရိုးလင်းတယောက် စိတ်ပျက်လာပြီး လက်လျှော့ချင်စိတ် ပေါ်နေတယ်။ ဒီအချိန်မှာပဲ Bloomsbury ပုံနှိပ်တိုက်က စာအုပ်ထုတ်ဝေဖို့ လက်ခံလိုက်တယ်လို့ သူမကို ဖုန်းဆက်အကြောင်းကြားလာတယ်။
==========================
မကြာခင် ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေမဲ့ ကျနော့်ရဲ့စာအုပ်ထဲက စာမြည်းလေး တပုဒ်ပါ။ စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှတဲ့ ဘဝကနေ မီလျံနာ၊ ဘီလျံနာသူဋ္ဌေး ဖြစ်သွားကြသူများ အကြောင်းပါ။ စာအုပ်နာမည်ကတော့ အပြီးသတ် မရွေးရသေးပါဘူး။
ဗန်းမော်သိန်းဖေ
၁၂-၀၅-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။