"မြန်မာသရုပ်ပျက်သင်္ကြန်ကို Tourist attraction အဖြစ် ထိုင်းနိုင်ငံက လိုက်အတုယူနေရတယ်ဆိုတာ ပြောပါရစေ"...........
မြန်ပြည်သင်္ကြန်ပွဲဟာ tourist attraction ဖြစ်တယ်ဆိုကို နားမလည်ပဲပြောနေကြတဲ့ post ၂ခုဖတ်လိုက်ရပါတယ် ........ ➡တယောက်က မဏ္ဏပ်ထောင်စီးပွားဖြစ်နေတဲ့ ဆရာဝန်..... သူကပဲ သင်္ကြန်မဏ္ဏပ်တွေဆောက်ခွင့်မပေးတော့ အကျိုးအမြတ်မရတော့မှာကိုစိုးရိမ်ပြီးတော့ ခပ်တည်တည်နဲ့ အများပြည်သူကများ သူဖက်ပါလေမလားလို့ မြန်မာ့GDP မဏ္ဏပ်ဆောက်ခွင့်ပိတ်ပင်လို့ ကျသလိုလိုရေးထားသေးတယ်...... တကယ်က သင်္ကြန် ၁၀ ရက် ရုံးအားလုံးပိတ်ကတည်းက မြန်မာပြည်စီးပွားရေးအားလုံး ရပ်တန့်သွားပါတယ်၊ သင်္ကြန်တွင်း အရက်၊ဘီယာ၊ ထမင်းကြော်၊ခေါက်ဆွဲကြော်၊ ကာမတက်ကြွဆေး၊ ရာဘဆေးပြားအရောင်းအဝယ်ပဲဖြစ်ပါတယ်။ .............
➡နောက်တယောက်က ကွန်ပြူတာနဲ့ သီချင်းအခွေထုတ်တဲ့ မုံရွာဖက်က အဆိုတော်ချာတိတ်ထင်တယ် ..... ထိုင်းတွေ နဲ့ နိုင်ငံခြားတွေ မြန်မာသင်္ကြန်ကို နှစ်ခြိုက်သဘောကျတယ်ဆိုပဲ..... သူကပဲဆက်ပြီး tourist attraction အဖြစ် မြန်မာသင်္ကြန်ကို ထိုင်းက လိုက်ကော်ပီကူးတာ ၅ နှစ်ရှိပြီတဲ့ ...............
သူတို့က အဖြူတွေ့ရင် tourist ထင်နေကြတာကိုအမှားပါ၊ ၂၀၁၂ ခုနှစ်ကစပြီး သက်ဆိုင်ရာမိခင်နိုင်ငံတွေမှာ လူတောမတိုးတဲ့ မျက်နှာဖြူတွေ အများအပြားဟာ အင်ဂျီအိုရုံးတွေ၊ ခါတော်မှီဖွင့်တဲ့ အင်္ဂလိပ်စာသင်တန်းကျောင်းတွေမှာ လာ၍ အလုပ်သူကြသူတွေသာဖြစ်တယ်။ လှည်းတန်း၊ စန်းချောင်းတဝိုက်မှာ ဈေးချိုချိုအခန်းငှား နေကြသူတွေသာအများစုဖြစ်ပါတယ်။ သူတို့တတွေကို သင်္ကြန်မှာတွေ့ရတယ်.......
ဧည့်လမ်းညွှန်အလုပ်ကို ၂၀၀၁ ခုနှစ်ကနေ ယနေ့အထိလုပ်ခဲ့ဘူးတဲ့အတွေ့အကြုံအရတော့ ၂၀၀၃ ခုနှစ်က " သင်္ကြန်အထူးခရီး"ဆိုပြီး စလုံး အယောက် ၆၀ ကျော်ကို ကုမ္မဏီကခရီးစဉ်ရောင်းခဲ့လို့ ဧည့်လမ်းညွှန် ၂ယောက်တွဲ လိုက်ဖူးခဲ့တယ်...... ဒိုင်နာခါးရှည် ၂စီးပေါ်မှာ အင်ဂျင်စက်မောင်း ရေပိုက်တွေနဲ့အတူ အင်းလျားလမ်းပါတ်လိုက်တာ ..... စင်ပေါ်က အကတွေကြည့်ပြီး နေ့တဝက်မကြိုးခင် ဧည့်သည်တွေကို ဟိုတယ်ကိုပြန်ပို့ခဲ့ရတယ် ...... ညနေပိုင်းတော့ ဟိုတယ်ကမဏ္ဏပ်မှာပဲ ရေပက်ကြပေါ့ ....... နောက်တရက်မနက် ကျိုက်ထီးရိုးအသွားလမ်းမှာ ပဲခိုးက ဗဟိုမဏ္ဏပ်ရှေ့ရပ်ပေးလိုက်တဲအခါ မြန်မာ့ရိုးရာ သင်္ကြန်ဒိုးနဲ့ သင်္ကြန်ယိမ်းကိုတွေ့ရမှ ဧည့်သည်တွေ ကျေနပ်သွားရတယ် ...... အဲဒီနောက်ပိုင်းကုမ္မဏီလဲ သင်္ကြန်အထူးခရီးစဉ် သီးသန့်မရောင်းတော့ပါ........ နောက်တခြားခရီးသွားကုမ္မဏီတွေလဲ သင်္ကြန်ခရီးစဉ် သီးသန့်ရောင်းသည်ဟု တခါမှမကြားဘူးခဲ့ပါ ......
၂၀၀၄ ခုနှစ်မှာ ဘန်ကောက်၊ ပတ္တရားသင်္ကြန်တွေကြုံ့ခဲ့ဘူးတယ်၊ အရမ်းယဉ်ကျေးစွာနဲ့ ရေသနတ်နဲ့လိုက်ပက်တာပဲမြင်တွေ့ရတယ်။...... ၂၀၀၄ ခုနှစ် ဆွန်ခရွမ်လို့ခေါ်တဲ့ ထိုင်းသင်္ကြန်ပွဲကို နိုင်ငံခြားသားဧည့်သည် ၉ သိန်းကျော်လာရောက်ဆင်နွဲကြတယ်အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ဖတ်ခဲ့ရတယ်၊ အဲဒီနှစ်က မြန်မာနိုင်ငံကို ၂၀၀၃ အောက်တိုဘာကနေ ၂၀၀၄ မတ်လကုန်ထိ တနှစ်လုံးမှာ လာလည်တဲ့ဧည့်သည်က ၂သောင်း ၃ထောင်ပါ......... မြန်မာ့တနှစ်လုံး ဧည့်သည် အရေအတွက်နဲ့ ထိုင်းရေသဘင်ပွဲတော် တပါတ်အတွင်း လာတဲ့ ဧည့်သည်. အရေအတွက်ကို ယှဉ်ကြည့်ပါ။
ထိုင်းဆွန်ခရွန်ရိုးရာပွဲတော်ရက်အတွင်း ကမ္ဘာလှည့်ခရီးသွားတွေကို အထူးဖိတ်ခေါ်ပြီး ကျင်းပတဲ့ ချင်းမိုင်ကိုသွားကြည့်ကြပါ။ သူတို့လဲ ကျုံးကိုပါတ်ရေကစားကြတာပါ..... ဘယ်လောက်ယဉ်ကျေးကြတယ်ဆိုတာ တွေ့ရလိမ့်မယ်.....။
ရေပြွတ်လေးတွေနဲ့ ပက်၊ ပေါင်ဒါမှုန့်နဲ့လဲပက်တယ်....... (အဲ မြန်မာနဲ့တခုတူတာရှိတ
ဘီယာဗူးတွေကိုင်ထားကြတာတော့)...........
'ဆရာဝန်လေးနဲ့ ကွန်ပြူတာပရိုဂရမ်သွင်းဆိုတတ်တဲ့ အဆိုတော်လေးတို့ စာများများဖတ်ကြ၊ ပတ်ဝန်းကျင်နိုင်ငံတွေကိုလေ့လာကြ'။
တခုထပ်ပြောပါရစေ မြန်မာသင်္ကြန်ပွဲတော်ကို ငွေလာသုံးတဲ့ tourist တွေမလာကြသလို ဧည့်လမ်းညွှန်တွေကလဲ သင်္ကြန်တွင်းအလုပ်မလုပ်လိုကြပါဘူး၊
ထမင်းကြွေးဖို့ ဆိုင်မရှိသလို DJ ဖွင့်ပီး နေ့ခင်းကြောင်တောင်ပက်ပုန်းကနေတာကို မပြချင်ကြပါဘူး။
မြန်မာသင်္ကြန်ကို tourist attraction ဖြစ်စေချင်ရင်တော့ မန္တလေးကျူံးဘေးတလျောက်နဲ့ ပုဂံမြို့ပြင်တနေရာမှာ အောက်ဆုံးက "စကာင်္ပူမှသင်္ကြန်ပွဲ" ဓာတ်ပုံထဲကလိုမြန်မာဝတ်စုံဝတ်ထားတဲ့ ယိမ်းသမလေးတွေနဲ့ .......
' အတာကူးသောလ ..... ထန်းကူးသောလ...'
'မြူးကြွတဲ့တေးသံပျံ့လွင့်လို့နေ ...... ကူးပြောင်းစ တန်ခူးလေမှာ'🎶🎼🎼🎵🎶🎻🎷
မျိုးနဲ့ ကမ္ဘာလှည့်ခရီးတွေကို ဖိတ်ခေါ်ရင်တော့ လာလည်ကြပါလိမ့်မယ်။ ။ ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။