အသက် ၂၄နှစ် အရွယ် ကောင်လေးဟာ ရထားရဲ့ ပြတင်းပေါက်ကနေ ကြည့်ရင်း အော်ပြောလိုက်တယ်
"ဖေဖေ ကြည့်ပါဦး သစ်ပင်တွေဟာ နောက်မှာကျန်ခဲ့ပြီ"
အဖိုးအိုဟာ ၂၄နှစ် ရှိပြီဖြစ်တဲ့ သားကို သနားဂရုဏာသက်စွာကြည့်ရင်း ပြုံးလိုက်တယ်
သားဖြစ်သူက ထပ် အော်ပြောတယ်
"ဖေဖေ တိမ်တွေက သားတို့နဲ့ အတူ ပြေးလိုက်လာကြတယ်"
နားမခံသာတော့တဲ့ ရှေ့ခုံက စုံတွဲဟာ အဖေဖြစ်သူကို အပြစ်တင်ပြောဆိုပါတော့တယ်
" ခင်ဗျား ဒီလောက် အသက်အရွယ်ရောက်နေတဲ့ လူပျိုတစ်ယောက်ကို ဆရာဝန်ကောင်းကောင်းနဲ့ ဘာလို့မပြရတာလဲ
အခု ခင်ဗျားသားက မူလတန်းအရွယ် ကလေးလို ဖြစ်နေပြီ"
အဖိုးအိုက ဖြည်းညှင်းစွာပြုံးရင်း သက်ပြင်းရှည်တချို့ကိုချရင်း
ပြောလိုက်တာက
"ကျုပ်တို့ အခုပဲ ဆေးရုံက ပြန်လာတာပါ
သားကမွေးကတည်းက မျက်စိ အလင်းမရတဲ့ ကလေးတယောက်ပေါ့
ဒီနေ့ဟာ သူ့ဘဝမှာ အမြင်ဆိုတာကို စတင်ခံစားဖူးတဲ့ နေ့ပါပဲ"
သင်ခန်းစာ
********
လူတိုင်းမှာ ကိုယ့်အဖြစ်အပျက်နဲ့ ကိုယ်စီရှိကြပါတယ်
သင် သူတစ်ပါးအကြောင်းကို မသိပဲ အရာရာကို မဆုံးဖြတ်ပါနဲ့
တစ်ခါ တစ်ခါ အဖြစ်အပျက်တွေက သင့်ကို အသက်ရှုမှားစေလောက်အောင် ဆန်းကြယ်တတ်ပါတယ်။
ကိုးကား Livin3 : Everyone has a story in life
မှတ်စုကြမ်း- #NayAung
"ဖေဖေ ကြည့်ပါဦး သစ်ပင်တွေဟာ နောက်မှာကျန်ခဲ့ပြီ"
အဖိုးအိုဟာ ၂၄နှစ် ရှိပြီဖြစ်တဲ့ သားကို သနားဂရုဏာသက်စွာကြည့်ရင်း ပြုံးလိုက်တယ်
သားဖြစ်သူက ထပ် အော်ပြောတယ်
"ဖေဖေ တိမ်တွေက သားတို့နဲ့ အတူ ပြေးလိုက်လာကြတယ်"
နားမခံသာတော့တဲ့ ရှေ့ခုံက စုံတွဲဟာ အဖေဖြစ်သူကို အပြစ်တင်ပြောဆိုပါတော့တယ်
" ခင်ဗျား ဒီလောက် အသက်အရွယ်ရောက်နေတဲ့ လူပျိုတစ်ယောက်ကို ဆရာဝန်ကောင်းကောင်းနဲ့ ဘာလို့မပြရတာလဲ
အခု ခင်ဗျားသားက မူလတန်းအရွယ် ကလေးလို ဖြစ်နေပြီ"
အဖိုးအိုက ဖြည်းညှင်းစွာပြုံးရင်း သက်ပြင်းရှည်တချို့ကိုချရင်
ပြောလိုက်တာက
"ကျုပ်တို့ အခုပဲ ဆေးရုံက ပြန်လာတာပါ
သားကမွေးကတည်းက မျက်စိ အလင်းမရတဲ့ ကလေးတယောက်ပေါ့
ဒီနေ့ဟာ သူ့ဘဝမှာ အမြင်ဆိုတာကို စတင်ခံစားဖူးတဲ့ နေ့ပါပဲ"
သင်ခန်းစာ
********
လူတိုင်းမှာ ကိုယ့်အဖြစ်အပျက်နဲ့ ကိုယ်စီရှိကြပါတယ်
သင် သူတစ်ပါးအကြောင်းကို မသိပဲ အရာရာကို မဆုံးဖြတ်ပါနဲ့
တစ်ခါ တစ်ခါ အဖြစ်အပျက်တွေက သင့်ကို အသက်ရှုမှားစေလောက်အောင် ဆန်းကြယ်တတ်ပါတယ်။
ကိုးကား Livin3 : Everyone has a story in life
မှတ်စုကြမ်း- #NayAung
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။