အင်္ဂလိပ်လို ပြောဆိုကြရာတွင်
•~•~•~•~•~•~•~•~•~•~•~•
မှားလေ့မှားထရှိသောအမှားများ
•~•~•~•~•~•~•~•~•~•~•~•
•~•~•~•~•~•~•~•~•~•~•~•
မှားလေ့မှားထရှိသောအမှားများ
•~•~•~•~•~•~•~•~•~•~•~•
-Thank လို့တစ်လုံးတည်းပြောချင်ရင် (S) ထည့်ပါ။ “Thanks”
-Thanks you လို့မရှိပါ။ “Thank you”ပါ။ (S)မထည့်ရပါ။
-Thank for ……..လို့မရှိပါ။ “Thanks for…………..” ပါ။
-Thank you လို့သူများကပြောတိုင်း “You are welcome”
လို့ပဲမသုံးပါနဲ့။အခြေအနေနဲ့အချိန်အခါအရ No problem,
Don’t mention it,My pleasure, No worries လို့
ပြောင်းလဲပြောသင့်ပါတယ်။
ဥပမာသင်က သူတောင်းစားတစ်ယောက်တွေ့လို့
ပိုက်ဆံအကြွေထည့်လိုက်တယ် ဆိုပါစို့။ သူက Thank you
လို့ပြောရင်တော့ ” You are welcome” မသုံးသင့်ပါဘူး။
“No worries” ကပိုသင့်တော်ပါတယ်။
-Congratulation! လို့မပြောပါ။ ” Congratulations”! ပါ။
-Yeah,Yep,Ya ကိုသူငယ်ချင်းတွေနဲ့သာသုံးပါ။
အထက်လူကြီး၊အင်တာဗျူးသူတွေနဲ့ပြောရင် “Yes”ကိုသုံးပါ။
-wanna,gonna,gotta, taboo slang, informal words များ
အင်တာဗျူးအခန်းထဲမှာမပြောပါနဲ့။
-သတို့သမီးကို “Congratulations!” လို့ပြောတာရိုင်းပါတယ်
(ကောင်မလေးကကြိုးစားပမ်းစားနဲ့ ကောင်လေးကိုရအောင်
ယူထားတဲ့ပုံပေါက်နေပါတယ်)
-သတို့သမီးကို Best Wishes လို့ပြောပြီး သတို့သားကို
“Congratulations” လို့ပြောပါတယ်။
#မိုးရှင်း (I.M.T) ရေးသားသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။