Steve Jobs ရဲ့ အနတ္တ
------ ------ ------ ------
စီးပွားရေးလောကမှာ ကျွန်တော်ဟာ အထွဋ်အထိပ်ကို ရောက်ခဲ့ပါတယ်။ အများတကာမျက်လုံးထဲမှာတော့ ကျွန်တော်ဟာ အောင်မြင်မှုရဲ့ ပြယုဂ်ပေါ့။ သို့ပေမယ့် အလုပ်ပြင်ပမှာ ကျွန်တော့်အတွက် ပျော်ရွှင်စရာဆိုတာ မရှိ။ နောက်ဆုံးမှာတော့ ချမ်းသာကြွယ်ဝခြင်းဆိုတာ ကျွန်တော်အဖို့ ထူးပြီးမဆန်းတဲ့ ကိစ္စ၊ ကျွန်တော့်ဘ၀ရဲ့ အစိတ်အပိုင်းတခုသက်သက်ပါပဲ။
.
နေထိုင်မကောင်းလို့ အိပ်ရာထဲလဲနေရတဲ့ အခုလိုအချိန်မှာ ကျွန်တော့်ဘ၀ကို ပြန်စဉ်းစားကြည့်တော့ ကျွန်တော် အင်မတန်ဂုဏ်ယူခဲ့တဲ့ ဓနဥစ္စာကြွယ်ဝမှုနဲ့ လူအများရဲ့ အသိအမှတ်ပြုမှုဆိုတာတွေ မှေးမှိန်သွားပြီးတော့ သေခြင်းတရားရဲ့မျက်မှောက်မှာ ဒါတွေအားလုံး အဓိပ္ဗါယ်မဲ့သွားတယ်။
.
အမှောင်ထဲမှာ ကျွန်တော့်အသက်ကို ထောက်ကူပြုထားတဲ့ စက်ကိရိယာတွေဆီကလာတဲ့ အစိမ်းရောင်မီးကို ကြည့်နေမိတယ်။ ဒီစက်တွေကလာတဲ့ အသံကို ကြားနေရတယ်။ အနားတိုးလာတဲ့ သေမင်းတမန်ရဲ့ ပင့်သက်ကို ခံစားလို့ရတယ် …
အခု ကျွန်တော် သိသွားပြီ။ ဘ၀အတွက် ဖူလှုံတဲ့ ဥစ္စာဓနကြွယ်ဝမှုရှိပြီဆိုရင် ငွေကြေးဥစ္စာနဲ့မဆိုင်တဲ့ အခြားအရာတွေနောက်ကို လိုက်သင့်တယ် …
.
ဘ၀အတွက် အမှန်တကယ် အရေးကြီးတဲ့ ကိစ္စရပ်မျိုးတွေနောက်ကို လိုက်သင့်တယ်။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးဖြစ်ဖြစ်၊ အနုပညာအလုပ်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ငယ်ငယ်က ရူးသွပ်ခဲ့တဲ့ စိတ်ကူးယဉ်အိပ်မက်ပဲ ဖြစ်ဖြစ်ပေါ့။
ငွေကြေးနောက်ကိုပဲ မဆုံးတမ်းလိုက်တဲ့အခါ ကျွန်တော့်လိုမျိုး လူသားမဆန်တဲ့ လူ ဖြစ်လာပါလိမ့်မယ်။
.
လူသားတိုင်းအတွက် ချစ်ခြင်းမေတ္တာကို ခံစားတက်တဲ့ နှလုံးသား ဘုရားသခင်က ပေးထားတယ်။ ချမ်းသာကြွယ်ဝမှုက ယူဆောင်လာတဲ့ အတုအယောင်တွေနောက်ကို မလိုက်ကြပါနဲ့။
ကျွန်တော် ရှာဖွေစုဆောင်းခဲ့တဲ့ ဥစ္စာဓနတွေကို ကျွန်တော် ယူသွားလို့မရဘူး။ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပေါ်လာတဲ့ အမှတ်တရလေးတွေကိုသာ ကျွန်တော် ယူဆောင်သွားနိုင်တာပါ။ အဲဒီဟာကမှ ကိုယ်နဲ့တပါတည်း လိုက်ပါလာမယ့်၊ ကိုယ့်ကို အဖော်လုပ်ပေးမယ့်၊ ကိုယ့်အတွက် ရှေ့ဆက်ဖို့ ခွန်အားနဲ့ အလင်းကို ပေးမယ့် တကယ့် ချမ်းသာမှုဖြစ်တယ်။
.
ချစ်ခြင်းမေတ္တာဟာ မိုင်ထောင်ချီ သွားနိုင်ပါတယ်။ ဘ၀ဆိုတာ အဆုံးမဲ့ပါ။ ကိုယ်သွားချင်တဲ့နေရာကို သွားပါ။ ကိုယ်တက်လှမ်းချင်သလောက် တက်လှမ်းပါ။ ဒီလိုလုပ်နိုင်စွမ်းဟာ သင့်ရဲ့ နှလုံးသား၊ သင့်ရဲ့လက်ထဲမှာ ရှိပါတယ်။
.
ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး အိပ်ရာက ဘယ်အိပ်ရာလဲ သိသလား။ သင် သေခါနီး လဲလျောင်းရတဲ့ အိပ်ရာပါပဲ။ လူတယောက်ကို အခကြေးငွေပေးပြီး သင့်ကားကို မောင်းနှင်စေလို့ရတယ်။ ငွေရှာခိုင်းလို့ ရမယ်။ ဒါပေမယ့် သင် ခံစားနေရတဲ့ ရောဂါဝေဒနာကိုတော့ ဘယ်သူကမှ အစားဝင်ခံစားပေးနိုင်မယ် မဟုတ်ဘူး။
ပျောက်ဆုံးသွားတဲ့ ပစ္စည်းဥစ္စာကို ပြန်ရှာတွေ့နိုင်တယ်။ ဒါပေမယ့် ပျောက်သွားရင်ပြန်ရှာလို့မရနိုင်တာ တခုပဲရှိတယ်။ ဘ၀။
.
လူတယောက် ခွဲစိပ်ခန်းထဲဝင်ရတဲ့အခါ သူ့ဘ၀မှာ မဖတ်ရသေးတဲ့စာအုပ်တအုပ်ရှိတယ်ဆိုတာ သူ သဘောပေါက်မိပါလိမ့်မယ်။ ကျန်းမာသောဘ၀အကြောင်း စာအုပ်ပေါ့။
.
ကျွန်တော်တို့ဟာ ဘ၀ရဲ့ ဘယ်အရွယ်မှာရောက်နေပါစေ တချိန်ချိန်မှာ ကန့်လန့်ကာကျလာမယ့်နေ့နဲ့ ရင်ဆိုင်တွေ့ရမှာပါပဲ။
.
ကိုယ့် မိသားစုအပေါ်ထားတဲ့ မေတ္တာ၊ ကိုယ့် ကြင်ဖော်အပေါ်ထားတဲ့ ချစ်ခြင်း၊ သူငယ်ချင်း မိတ်ဆွေတွေအပေါ်မှာထားရှိတဲ့ ချစ်ခင်ခြင်းတွေကို တန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားပါ။ တပါးသူကိုလည်း တန်ဖိုးထားပါ။
.
(မှတ်ချက် - Melody Poh Poh ၏ ဖေ့စ်ဘုတ်မှ ကူးယူ၍ ဆီလျော်အောင် ပြန်ဆိုသည်။)
.
NewsWatch
.
Kyaw Lin
=======
ဒေသနာကျမ်း ၁း၁၂-၁၈
-------------------------
၁၂ငါဓမ္မဒေသနာဆရာသည်၊ ယေရုရှလင်မြို့၌ ဣသရေလရှင်ဘုရင်ဖြစ်စဉ်တွင်
၁၃မိုဃ်းကောင်းကင် အောက်၌ ပြုသမျှတို့ကို ဥာဏ်ပညာအားဖြင့် ရှာဖွေစစ်ဆေးခြင်းငှါ နှလုံးထား၏၊၊ လူသားတို့ ကျင်လည်ရာဘို့ ထိုပင်ပန်းစေသော အမှုကို ဘုရားသခင် ပေးတော်မှုပြီ၊
၁၄နေရောင်အောက်မှာ ပြုလေသမျှသော အမှုအရာတို့ကို ငါမြင်ပြီ၊၊ အလုံးစုံတို့ သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ၏၊၊
၁၅ကောက်သောအရာကို မဖြောင့်စေနိုင်၊၊ ချို့တဲ့သော အရာကို မရေတွက်ရာ၊၊
၁၆ငါသည် ကိုယ်စိတ်နလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည် ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသော သူအပေါင်းတို့ထက် ကြီးမြင့်၍ ပညာရှိ၏၊၊ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျင့်၏၊၊
၁၇ပညာတရားများကို၎င်း လျှပ်ပေါ်ခြင်း နှင့် မိုက်မဲခြင်းတို့ကို၎င်း ပိုင်းခြား၍ သိအံ့သောငှါ ငါသည် နှလုံးထား၏၊၊ ထိုအမှုသည်လည်း၊ လေကို ကျက်စားသောအမှုဖြစ်သည်ကို ရိပ်မိ၏၊၊
၁၈အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာ အကြောင်းများ၏၊၊ သိပ္ပံအတက်တိုးပွါးသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏၊၊
သမ္မာကျမ်းစာ Holy Bible, ဒေသနာကျမ်း ၁း၁၂-၁၈
=================================
------ ------ ------ ------
စီးပွားရေးလောကမှာ ကျွန်တော်ဟာ အထွဋ်အထိပ်ကို ရောက်ခဲ့ပါတယ်။ အများတကာမျက်လုံးထဲမှာတော့ ကျွန်တော်ဟာ အောင်မြင်မှုရဲ့ ပြယုဂ်ပေါ့။ သို့ပေမယ့် အလုပ်ပြင်ပမှာ ကျွန်တော့်အတွက် ပျော်ရွှင်စရာဆိုတာ မရှိ။ နောက်ဆုံးမှာတော့ ချမ်းသာကြွယ်ဝခြင်းဆိုတာ ကျွန်တော်အဖို့ ထူးပြီးမဆန်းတဲ့ ကိစ္စ၊ ကျွန်တော့်ဘ၀ရဲ့ အစိတ်အပိုင်းတခုသက်သက်ပါပဲ။
.
နေထိုင်မကောင်းလို့ အိပ်ရာထဲလဲနေရတဲ့ အခုလိုအချိန်မှာ ကျွန်တော့်ဘ၀ကို ပြန်စဉ်းစားကြည့်တော့ ကျွန်တော် အင်မတန်ဂုဏ်ယူခဲ့တဲ့ ဓနဥစ္စာကြွယ်ဝမှုနဲ့ လူအများရဲ့ အသိအမှတ်ပြုမှုဆိုတာတွေ မှေးမှိန်သွားပြီးတော့ သေခြင်းတရားရဲ့မျက်မှောက်မှ
.
အမှောင်ထဲမှာ ကျွန်တော့်အသက်ကို ထောက်ကူပြုထားတဲ့ စက်ကိရိယာတွေဆီကလာတဲ့ အစိမ်းရောင်မီးကို ကြည့်နေမိတယ်။ ဒီစက်တွေကလာတဲ့ အသံကို ကြားနေရတယ်။ အနားတိုးလာတဲ့ သေမင်းတမန်ရဲ့ ပင့်သက်ကို ခံစားလို့ရတယ် …
အခု ကျွန်တော် သိသွားပြီ။ ဘ၀အတွက် ဖူလှုံတဲ့ ဥစ္စာဓနကြွယ်ဝမှုရှိပြီဆိုရင်
.
ဘ၀အတွက် အမှန်တကယ် အရေးကြီးတဲ့ ကိစ္စရပ်မျိုးတွေနောက်ကို လိုက်သင့်တယ်။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးဖြစ်ဖြစ်
ငွေကြေးနောက်ကိုပဲ မဆုံးတမ်းလိုက်တဲ့အခါ ကျွန်တော့်လိုမျိုး လူသားမဆန်တဲ့ လူ ဖြစ်လာပါလိမ့်မယ်။
.
လူသားတိုင်းအတွက် ချစ်ခြင်းမေတ္တာကို ခံစားတက်တဲ့ နှလုံးသား ဘုရားသခင်က ပေးထားတယ်။ ချမ်းသာကြွယ်ဝမှုက ယူဆောင်လာတဲ့ အတုအယောင်တွေနောက်ကို မလိုက်ကြပါနဲ့။
ကျွန်တော် ရှာဖွေစုဆောင်းခဲ့တဲ့ ဥစ္စာဓနတွေကို ကျွန်တော် ယူသွားလို့မရဘူး။ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပေါ်လာတဲ့ အမှတ်တရလေးတွေကိုသာ ကျွန်တော် ယူဆောင်သွားနိုင်တာပါ။ အဲဒီဟာကမှ ကိုယ်နဲ့တပါတည်း လိုက်ပါလာမယ့်၊ ကိုယ့်ကို အဖော်လုပ်ပေးမယ့်၊ ကိုယ့်အတွက် ရှေ့ဆက်ဖို့ ခွန်အားနဲ့ အလင်းကို ပေးမယ့် တကယ့် ချမ်းသာမှုဖြစ်တယ်။
.
ချစ်ခြင်းမေတ္တာဟာ မိုင်ထောင်ချီ သွားနိုင်ပါတယ်။ ဘ၀ဆိုတာ အဆုံးမဲ့ပါ။ ကိုယ်သွားချင်တဲ့နေရာကို သွားပါ။ ကိုယ်တက်လှမ်းချင်သလောက် တက်လှမ်းပါ။ ဒီလိုလုပ်နိုင်စွမ်းဟာ သင့်ရဲ့ နှလုံးသား၊ သင့်ရဲ့လက်ထဲမှာ ရှိပါတယ်။
.
ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး အိပ်ရာက ဘယ်အိပ်ရာလဲ သိသလား။ သင် သေခါနီး လဲလျောင်းရတဲ့ အိပ်ရာပါပဲ။ လူတယောက်ကို အခကြေးငွေပေးပြီး သင့်ကားကို မောင်းနှင်စေလို့ရတယ်။ ငွေရှာခိုင်းလို့ ရမယ်။ ဒါပေမယ့် သင် ခံစားနေရတဲ့ ရောဂါဝေဒနာကိုတော့ ဘယ်သူကမှ အစားဝင်ခံစားပေးနိုင်မယ် မဟုတ်ဘူး။
ပျောက်ဆုံးသွားတဲ့ ပစ္စည်းဥစ္စာကို ပြန်ရှာတွေ့နိုင်တယ်။ ဒါပေမယ့် ပျောက်သွားရင်ပြန်ရှာလို့မရ
.
လူတယောက် ခွဲစိပ်ခန်းထဲဝင်ရတဲ့အခါ သူ့ဘ၀မှာ မဖတ်ရသေးတဲ့စာအုပ်တအုပ်ရှိတ
.
ကျွန်တော်တို့ဟာ ဘ၀ရဲ့ ဘယ်အရွယ်မှာရောက်နေပါစေ တချိန်ချိန်မှာ ကန့်လန့်ကာကျလာမယ့်နေ့နဲ့ ရင်ဆိုင်တွေ့ရမှာပါပဲ။
.
ကိုယ့် မိသားစုအပေါ်ထားတဲ့ မေတ္တာ၊ ကိုယ့် ကြင်ဖော်အပေါ်ထားတဲ့ ချစ်ခြင်း၊ သူငယ်ချင်း မိတ်ဆွေတွေအပေါ်မှာထားရှိတဲ့
.
(မှတ်ချက် - Melody Poh Poh ၏ ဖေ့စ်ဘုတ်မှ ကူးယူ၍ ဆီလျော်အောင် ပြန်ဆိုသည်။)
.
NewsWatch
.
Kyaw Lin
=======
ဒေသနာကျမ်း ၁း၁၂-၁၈
-------------------------
၁၂ငါဓမ္မဒေသနာဆရာသည်၊ ယေရုရှလင်မြို့၌ ဣသရေလရှင်ဘုရင်ဖြစ်စဉ်တွင်
၁၃မိုဃ်းကောင်းကင် အောက်၌ ပြုသမျှတို့ကို ဥာဏ်ပညာအားဖြင့် ရှာဖွေစစ်ဆေးခြင်းငှါ နှလုံးထား၏၊၊ လူသားတို့ ကျင်လည်ရာဘို့ ထိုပင်ပန်းစေသော အမှုကို ဘုရားသခင် ပေးတော်မှုပြီ၊
၁၄နေရောင်အောက်မှာ ပြုလေသမျှသော အမှုအရာတို့ကို ငါမြင်ပြီ၊၊ အလုံးစုံတို့ သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ၏၊၊
၁၅ကောက်သောအရာကို မဖြောင့်စေနိုင်၊၊ ချို့တဲ့သော အရာကို မရေတွက်ရာ၊၊
၁၆ငါသည် ကိုယ်စိတ်နလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည် ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသော သူအပေါင်းတို့ထက် ကြီးမြင့်၍ ပညာရှိ၏၊၊ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျင့်၏၊၊
၁၇ပညာတရားများကို၎င်း လျှပ်ပေါ်ခြင်း နှင့် မိုက်မဲခြင်းတို့ကို၎င်း ပိုင်းခြား၍ သိအံ့သောငှါ ငါသည် နှလုံးထား၏၊၊ ထိုအမှုသည်လည်း၊ လေကို ကျက်စားသောအမှုဖြစ်သည်ကို ရိပ်မိ၏၊၊
၁၈အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာ အကြောင်းများ၏၊၊ သိပ္ပံအတက်တိုးပွါးသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏၊၊
သမ္မာကျမ်းစာ Holy Bible, ဒေသနာကျမ်း ၁း၁၂-၁၈
==========================
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။