ဦးလှဆွေတောင်.
USDP ရဲ အားနည်းချက်တွေ ထုတ်ပြောလိုက်ပီ.. FB က လော်ဘီတို့ရေ.. ကိုယ့်ပါတီ
ဘာကြောင့် ရှုံးတယ်ဆိုတာကိုလည်း သိအောင် လုပ်ကြဦး.နော်..သိစေချင်လွန်းလို့
အပင်ပန်းခံ ကူးတင်ပေးလိုက်တယ်.
*******************************
RFA ရဲ့ ဘာကြောင့်ရှုံးနိမ့်ခဲ့သလဲဆိုတဲ့ မေးခွန်းကို ဦးလှဆွေ ဖြေကြားချက်..
ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ခင်ဗျား USDP က ၀င်ပြိုင်၇င် ခင်ဗျားရှုံးလိမ့်မယ်.. ခင်ဗျားကိုယ်တိုင် NLD က ၀င်ပြိုင်ရင် ခင်ဗျားနိုင်လိမ့်မယ်..ဒါပဲကျွန်တော်ပြောချင်တယ်.
အိုဘားက USDP က ၀င်ပြိုင်၇င် အိုဘားမား ရှုံးလိမ့်မယ်.NLD က ၀င်ပြိုင်ရင်အိုဘားမားးနိုင်လိမ့်မယ်..ဒါပဲကျွန်တော်ပြောချင်တယ်.

တစ်တိုင်းပြည်လုံး ဒေါ်အောင်ဆန်းစုကြည်ရောဂါ စွဲကပ်နေတယ်.. ဘာကြောင့်ဖြစ်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးမှာ သန့်ရှင်းတယ်.
အကျင့်ပျက်ခြစားမှုတွေ ဘာတွေ လောလောဆယ်တော့ မ၇ှိဘူး သန့်ရှင်းနေတယ်.. အုပ်ချုပ်ရေးပိုင်းကို မလုပ်ဘူးတော့ vergin ဖြစ်နေတာပေါ့…အဲ့ဒါကို ပြည်သူ လူထုက စိတ်ဝင်စားနေတယ်..
လက်ရှိ USDP ရဲ့ ပင်မ principle government ရော စုစုပေါင်း ဦးနေ၀င်း ရော နှစ်ပေါင်း (၅၀) ကျော်လောက် ရာစုနှစ် တစ်ဝက်လောက်ဟာ ဒါတွေနဲ့ လုံးခြာလိုက်နေတယ်ဆိုတော့ ပြည်သူလူထုက အမှန်တကယ် ပြုပြင်လာစေကာမူ ထည့်မှာပဲဆိုတဲ့သဘောနဲ့ ဒီလိုလုပ်သွားခြင်း ဖြစ်ပါတယ်..
ကျွန်တော် နိုင်ငံရေးလုပ်မယ်ဆိုရင်တော့ USDP က လုပ်မယ်ပဲ ဆုံးဖြတ်ထားတယ်လေ.. ကျွန်တော် ဘယ်ပါတီမှ မကူးဘူး တစ်သီးပုဂ္ဂလလဲမလုပ်ဘူး USDP မှာပဲ သစ္စာရှိရှိ နေမယ်လို့ ဆုံးဖြတ်ထားတယ်..
ဒါပေမယ့် USDP ဟာ တကယ့်ကို main reform ကြီး လုပ်ဖို့လိုတယ်.. အခုတော့ reform လုပ်တယ် reform လုပ်တယ်ပြောပြီးတော့ ဒီလူတွေချည့်ပဲ လူကြီးပိုင်းကပေါ့. CEC ပိုင်ကပေါ့.. ကျွန်တော်တို့က ဒါက အစ ပြုပြင်နိုင်သလား သုံးလလောက် စောင့်ကြည့်တာပေါ့. သုံးလလောက်မှာ reform ဟာ အားရ ကျေနပ်လောက်စရာ ဖြစ်တယ်လို့ ယူဆရင် ကျွန်တော် နိုင်ငံရေး လုပ်မယ်.
တကယ်လို့ reform ဟာ တို့ကနန်း ဆိပ်ကနန်းပဲ လုပ်သွားတယ်.နာမည်ကာ မည်ကာမတ္တပဲ လုပ်တယ်ဆိုရင် ကျွန်တော်ကတော့ ဒီမှာ ဆက်ပီး မလုပ်တော့ဘူး ကိုယ့်ဟာကို အပြင်မှာ စီပွားရေးပဲလုပ်တော့မယ်.
ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော် ဒီ အခင်းအကျင်းတွေ စပေါ်လာကတည်းက မြင်တယ်.. ၂၀၁၅ မှာ ကျွန်တော်တို့ ရှုံးနိုင်တယ်ဆိုတာကို မြင်တယ်.
ခင်ဗျားတို့ ဒီအတိုင်းလုပ်နေရင် ဦးရွှေမန်းလည်းပါတယ်.တကယ့်ပါတီ ညီလာခံကြီးမှာ ကျွန်တော် ပြောခဲ့တာ.. ၂၀၁၂ လောက်က ကျွန်တော် ပြောခဲ့တယ်.ဒီပုံတိုင်း ဆက်သွားရင် ဟောဒီ USDP ခန်းမကြီးဟာ မင်္ဂလာဆောင် ခန်းမ အဖြစ် ငှားရလိမ့်မယ်လို့ တစ်ယောက်မှ အရွေးမခံရပဲနဲ့လွှတ်တော် ကိုယ်စလှယ်တွေ နေတဲ့ အခန်းတွေကလည်း အကုန် မာဆက် အခန်းတွေ ဖြစ်သွားမယ်လို့ ကျွန်တော် ပြတ်ပြတ်သားသား ဝေဖန်ခဲ့တယ်.
အခု ကျွန်တော် ပြောတဲ့အတိုင်းဖြစ်တယ်.. နောက် ကျွန်တော် ပြောခဲ့သေးတယ်. တစည ပါတီဟာ ကားတွေ ရောင်းတယ်. သတင်းစားထဲမှာ တွေ့တယ်. ကားအဟောင်းတွေ လေလံပြစ်တယ်..ဘယ်သူဝယ်မလဲ ကျုပ်တို့လည်း မကြာခင် ဒီကိန်း စိုက်လိမ့်မယ်.
အဲတော့ ပြောင်းပါ change ပါ အဲ့လိုပြောလေ တပ် ရယ်. ကြံ့ခိုင်ရေးရယ် အစိုးရရယ် လွှတ်တော်ရယ်က split ဖြစ်နေပြီ..split ဖြစ်တယ်.အဲ့ဒါဟာ တစ်ဘက် ပါတီကို အားသာစေသလို ပြည်သူလူထုရဲ့ ယုံကြည်မှုကို ကင်းမဲ့စေတယ်.. ဒါဟာ ကျွန်တော်တို့ရဲ့ week point ပါပဲ..
RFA (12.11.15)
#May Moon
Mya Mya Htay
=========

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။