Kurt Cobain ရဲ့ ဆွယ်တာကို လေလံဆွဲခြင်း
----------
၁၉၉၃ ခုနှစ်မှာ ရိုက်ကူးတင်ဆက်ခဲ့တဲ့ Nirvana တို့ရဲ့ နာမည်ကြီး Unplugged ဖျော်ဖြေပွဲမှာ ကာ့ဒ်ကိုဘိန်းဝတ်ဆင်ခဲ့တဲ့ ဆွယ်တာလေးကို ယခုအချိန်မှာ လေလံဆွဲပြီး အမှတ်တရဝယ်ယူသိမ်းဆည်းနိုင် ပါတယ်။ ကြမ်းခင်းဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၂) သောင်းဖြစ်ပါတယ်။ ဒီဆွယ်တာလေးဟာ ကာ့ဒ်မရှိတော့တဲ့နောက်ပိုင်းမှာ ကာ့ဒ်ကိုဘိန်းမိသားစုရဲ့ ရင်းနှီးတဲ့အသိမိတ်ဆွေတယောက်က လက်ဝယ်ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး
ဒေါ်လာ ၄ သောင်းကနေပြီး ၆ သောင်းဝန်းကျင်အထိ ဈေးရလိမ့်မယ်လို့
ခန့်မှန်းကြပါတယ်။ ဆွယ်တာလေးနဲ့အတူ စစ်မှန်ကြောင်းစာတစောင်ကိုပါ ရရှိမှာဖြစ်ပါတယ်။
လေလံပွဲကို ကမကထလုပ်ပေးတဲ့ Julian's Live ဟာ နှယ်နှယ်ရရတော့မဟုတ်ဘူးဗျ။ ရော့ခ်ဂီတသမိုင်းမှာ အထင်ကရပစ်စည်းပေါင်း ၃၅၀ ဝန်းကျင်လောက်ကို လေလံတင်ရောင်းချနေတဲ့ ဝက်ဆိုဒ်တခုဖြစ်ပါတယ်။ ဥပမာ - The Beatles တို့ရဲ့ ဒရမ်ကို ဒေါ်လာတသန်းနီးပါးနဲ့ ရောင်းချလျက်ရှိပြီး ဂျွန်လင်နွံတယောက် Love Me Do သီချင်းရေးတုန်းက တီးခဲ့တဲ့ Gibson ဂစ်တာကိုလဲ ကြမ်းခင်းဈေး ဒေါ်လာ ၃ သိန်းနဲ့ရောင်းချလျက်ရှိပါတ ယ်။
ငွေစရွှင်သူ လူချမ်းသာများ လက်မနှေးသင့်လှပေဘူး။
ခင်သောမင်သောစကော်ပီယံများ
p.s. ဒီ MTV Unplugged ခွေလေးကို ၁၉၉၄ နိုဝင်ဘာ (၁) ရက်နေ့က ထုတ်ခဲ့တာဖြစ်ပြီး ခုပြီးခဲ့တဲ့ နိုဝင်ဘာ ( ၁ ) ရက်နေ့ကဆို ၂၁ နှစ် ပြည့်သွားပြီဖြစ်ပါတယ်။ အမှတ်တရအနေနဲ့ သီချင်းစာသားတွေပါ ပါတဲ့ အိုင်ကျူးဗားရှင်းကို စကော်ပီယံဘော်ဒါများ ရှိပြီးရင်လည်း ထပ်ဒေါင်းလို့ရအောင် တင်ပေးထားပါတယ်။
DL: http://www.mediafire.com/ download/6j2hg993c4j499r/ UINYC.rar
**p.s. The stuffs we share on this page are not owned by us. Just for review. Please buy original CDs and support the artists if you love their creation & inspiration. Thanks! **
----------
၁၉၉၃ ခုနှစ်မှာ ရိုက်ကူးတင်ဆက်ခဲ့တဲ့ Nirvana တို့ရဲ့ နာမည်ကြီး Unplugged ဖျော်ဖြေပွဲမှာ ကာ့ဒ်ကိုဘိန်းဝတ်ဆင်ခဲ့တဲ့ ဆွယ်တာလေးကို ယခုအချိန်မှာ လေလံဆွဲပြီး အမှတ်တရဝယ်ယူသိမ်းဆည်းနိုင်
လေလံပွဲကို ကမကထလုပ်ပေးတဲ့ Julian's Live ဟာ နှယ်နှယ်ရရတော့မဟုတ်ဘူးဗျ။ ရော့ခ်ဂီတသမိုင်းမှာ အထင်ကရပစ်စည်းပေါင်း ၃၅၀ ဝန်းကျင်လောက်ကို လေလံတင်ရောင်းချနေတဲ့ ဝက်ဆိုဒ်တခုဖြစ်ပါတယ်။ ဥပမာ - The Beatles တို့ရဲ့ ဒရမ်ကို ဒေါ်လာတသန်းနီးပါးနဲ့ ရောင်းချလျက်ရှိပြီး ဂျွန်လင်နွံတယောက် Love Me Do သီချင်းရေးတုန်းက တီးခဲ့တဲ့ Gibson ဂစ်တာကိုလဲ ကြမ်းခင်းဈေး ဒေါ်လာ ၃ သိန်းနဲ့ရောင်းချလျက်ရှိပါတ
ငွေစရွှင်သူ လူချမ်းသာများ လက်မနှေးသင့်လှပေဘူး။
ခင်သောမင်သောစကော်ပီယံများ
p.s. ဒီ MTV Unplugged ခွေလေးကို ၁၉၉၄ နိုဝင်ဘာ (၁) ရက်နေ့က ထုတ်ခဲ့တာဖြစ်ပြီး ခုပြီးခဲ့တဲ့ နိုဝင်ဘာ ( ၁ ) ရက်နေ့ကဆို ၂၁ နှစ် ပြည့်သွားပြီဖြစ်ပါတယ်။ အမှတ်တရအနေနဲ့ သီချင်းစာသားတွေပါ ပါတဲ့ အိုင်ကျူးဗားရှင်းကို စကော်ပီယံဘော်ဒါများ ရှိပြီးရင်လည်း ထပ်ဒေါင်းလို့ရအောင် တင်ပေးထားပါတယ်။
DL: http://www.mediafire.com/
**p.s. The stuffs we share on this page are not owned by us. Just for review. Please buy original CDs and support the artists if you love their creation & inspiration. Thanks! **

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။