အသီးများရဲ့ Growth cracked ပြသနာများ
Growth cracked ဆိုတာ အသီးများ ရုတ်တရက် ကွဲထွက်ခြင်းဖြစ်သည်။လိမ္မော် သခွားမွှေး ဖရဲ စသော အခွံပါးလွှာသော အသီးများတွင် အများဆုံး တွေ့ရပါတယ်။အခွံပါးလွှာသောအသီးများ အသီးကြီးထွားချိန်တွင် ဖြစ်တတ်သော အလွန် ဆိုးရွားသည့် ပြသနာတခုဖြစ်ပါတယ်။ရောဂါ နဲ့ ပိုးကြောင့် ဖြစ်တာမဟုတ်ပါ။
ဖြစ်နိုင်သော အကြောင်းအရင်း ၃ခုရှိပါတယ်။မျိုး အုပ်စု ရာသီဥတု ကယ်လစီယမ် ဘိုရွန် ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ထိုပြသနာကို များသောအားဖြင့် မိုးတွင်းကာလ အလည်နဲ့ နှောင်းပိုင်းကာလ နွေရာသီ မိုးရုတ်တရက် ရွာချိန်မှာ ဖြစ်တတ်ပါတယ်။
မျိုးအုပ်စုအနေဖြင့် ဥပမာ လိမ္မော်တွင် ပျားလိမ္မော် ဒေသမျိုး အခွံပွ စသဖြင့် မျိုးကွဲပေါင်းအများကြီးအနက် ပျားလိမ္မော် အုပ်စုဟာ အခွံကွဲပြသနာအများဆုံးဖြစ်ပါတယ်။အအေးပိုင်း ဒေသများထက် အပူပိုင်းစိုက်နေရာများမှာ ပိုတွေ့ရပြန်ပါတယ်။သခွားမွှေး ဖရဲလ်ု အခွံပြသနာများတဲ့ အပင်တွေမှာလည်း အခွံကွဲအတန်အသက့် ခံနိုင်တဲ့ မျိုးအုပ်စုများရှိမယ်လို့ ယူဆမိပါတယ်။ကျနော်က ဖရဲ သခွား ကျွမ်းကျင်မှု မရှိလို့ သူတို့ကို မျိုးရွေးချယ်မှု အပိုင်းမှာ အားနည်းချက်များရှိနေပါတယ်။ထို့ အတွက် ကျနော့ကို နားလည်ပေးကြပါခင်ဗျာ။
ရာသီဥတုကြောင့် အသီးကွဲပြသနာကတော့ ရာသီက တအားခြောက်သွေ့နေချိန်မှာ မိုးရုတ်တရက် ပြင်းထန်စွာရွာချမယ်။အဲဒီအချိန်မှာ အသီးများက အသီးကြီးထွားဖို့ အစာအဟာရကို အသီးကို တောက်လျောက်ပို့နေတဲ့အချိန် အသီးကြီးထွားနေဆဲကာလ။
အခွံတွေက ရာသီကြောင့် အပူချိန်ကြောင့် ပါးလွှာနေချိန်မှာ မိုးကရုတ်တရက်ရွာလိုက်တော့ သစ်ရည် ရုတ်တရက် ထိုးတက်ပြီး အသီးကြီးထွားမှုကို အမြင့်ဆုံးလှုံဆော်လိုက်တော့ အခွံက မခံနိုင်ပဲ ကွဲရခြင်းဖြစ်ပါတယ်။ဖရဲသီးလို စိုက်ခင်းမျိုးတွင် များသောအားဖြင့် သဲဆန်သော မြေမျိုးတွင် စိုက်လေ့စိုက်ထ ရှိကြပါတယ်။ထိုသဲနူန်းမြေများတွင် နေပူအရှိန်ကြောင့် ပူပြင်းလွန်းချိန်မှာ ရေရုတ်တရက် သွင်းချိန်မျိုးမှာ ကွဲတတ်ပါသေးတယ်။
နောက်ဆုံးပြသနာက ကယ်လစီယမ် ဘိုရွန်ကြောင့်ပါ။အသီးတခု ဖြစ်တည်ဖို့ရာ ကယ်လစီယမ် ဘိုရွမ်သည် မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းပါ။သူတို့ကို ဖျန်းပေးခြင်းဖြင့် အသီးကို အထောက်အကူပြုသလို အခွံများကိုလည်း ထူစေပါတယ်။ကယ်လစီယမ် ဘိုရွမ် အားနည်းနေချိန် ရာသီဥတု ပြောင်းလဲချိန် မျိုးကလည်း အခွံပါးတဲ့ အုပ်စုဖြစ်နေချိန် အချိန်အခါ ၃ခုဆုံချိန်တွင် အသီးခွဲပြသာ Growth cracked ပြသနာကို ဖြစ်စေပါတယ်။
ရာဘာပင်ကဲ့သို့ အချို့သော အပင် ပင်စည်တွေမှာလဲ အခေါက်ကွဲ ပြသနာသည်လဲ အခြေနေတူ ပင်ဖြစ်သည်။
ထိုပြသနာများကို ဖြေရှင်းရန် ကယ်လစီယမ် ဘိုယွမ် အဓိကပါဝင်သော အားဆေးအုပ်စုကို ပန်းစဖူးချိန်မှ စပြီး ဖျန်းသင့်ပါတယ်။မြေပြင်တွင်လည်း ရာသီပေါ်မူတည်ပြီး ရေပေးဝေမှုကို အထူးဂရုပြုသင့်ပါတယ်။စိုက်ခင်းအတွင်း ရေအစိုဓာတ်ကို ရာသီဥတု အပူချိန်ပေါ်မူတည်ပြီး ဂရုပြုပေးဖို့ အရေးပါပါတယ်။သဲဆန်လွန်သောမြေများတွင် သစ်ဆွေးဓာတ် Organic matterများစေရန် မြေများ ဖွယ်နေတာကို ပြန်လည်စေးစေရန် အပင်အကြွင်းအကျန်များထည့်ပေးခြင်း နွားချေးများ ကြက်ချေးများ စပါးခွံဖွဲများထည့်ပေးခြင်းများကို အစဉ်ပြုလုပ်ပေးရန်လိုသလို စိုက်ခင်းအတွင်း မီးရှို့ခြင်းမှ ရှောင်ကျဉ်ရန် လိုပါတယ်။မြစ်ရေကျသွားသော သဲနူန်းမြေများကိုတော့ အသီးကွဲမှု ပြသနာသည် အပူချိန်မြင့်မားမှု နှင့် မိုးရွာခြင်း နေပူချိန် ရေရုတ်တရက် ဖျန်းခြင်းကြောင့် ကွဲတတ်တာကြောင့် အသီးအောက်တွင် အပူသက်သာစေသော စက္ကူ ပလတ်စတစ် ခင်းပေးတာမျိုးလုပ်နိုင်ပါတယ်။သခွားမွှေးလို အပင်မျိုးတွင် ရေပုံမှန်သွင်းပေးခြင်း အိတ်စွပ်ရာတွင် အပူဒဏ်ခံသော အိတ်မျိုးရှာစွပ်တာမျိုးလုပ်ပေးလျှင် အသီးကွဲပြသနာ ကာကွယ်နိုင်ပါလိမ့်မယ်။
ပျားလိမ္မော်ခင်း အသီးကွဲမှု ပြသနာကို အတွေ့အကြုံယူ တင်ပြခြင်းသာ ဖြစ်ပါတယ်။
ခန့်ဇော်ထက်
ACOM

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။