နိုင်ငံခြားငွေ ရှာပေးနေသည့် မြန်မာ့ ၀ဥ
ဝဥထွက်သော ဝပင်များသည် စာရေးသူတို့ဇာတိ တမူးမြို့နယ်ရှိ တောထဲတောင်ထဲတွင် အလေ့ကျ ပေါက်ပင်များအဖြစ် သတ်မှတ်ကာ မည်သူမျှ ဂရုမစိုက်ခဲ့ကြပေ။ တောတောင်ထူထပ်သော ဒေသဖြစ်၍ တောထဲဝင်သည်နှင့် ဝဥပင်များကို တွေ့ရပါသည်။ စာရေးသူ၏ မိခင်ကြီး ပြောပြချက်အရ ဒုတိယ ကမ္ဘာစစ် အတွင်းကမူ စစ်ကြီးကြောင့် အစားအသောက် ရှားပါးသဖြင့် ဝဥများကို တူးဖော်အခြောက်လှန်းကာ ချက်ပြုတ်စားသောက် ခဲ့ကြရသည်ဟု ပြောဖူးပါသည်။
မြန်မာနိုင်ငံတွင် ဝဥပင်များကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ စသော တိုင်းဒေသကြီးတို့တွင် သဘာဝ အလျောက် အမြောက်အမြား ပေါက်ရောက်ကြသည်ဟု သိရှိရပါသည်။ ယခုအခါ ဝဥခြောက် လုပ်ငန်းများ တွင်ကျယ်လာသဖြင့် စိုက်ခင်းများဖြင့် စိုက်ပျိုးလာသလို ဝဥတူးဖော်ရောင်း ချသူများ များပြားလာကြောင်း သိရပါသည်။ ဝဥပင်များကို မြောင်းဘောင်တင်၍ စိုက်ပျိုးလာကြခြင်း ဖြစ်ပါသည်။ စိုက်ပျိုးသော ဝဥများတွင် မြေဆီမြေနှစ်ကောင်းလျှင် ကောင်းသလို တစ်ပိဿာမှ တစ်ဆယ့်သုံး ပိဿာအထိ ထွက်ရှိသည် ဟုသိရပါသည်။ အလေ့ကျပင်ပေါက်မှာမူ ဥတစ်လုံးလျှင် ငါးကျပ်သားမှ ရှစ်ဆယ်သားအထိ ထွက်ရှိပါသည်။
လွန်ခဲ့သော ငါးနှစ်လောက်မှစ၍ ဝဥသည် နိုင်ငံခြားသို့ ပို့ကုန်ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသို့ နယ်စပ် ကုန်သည်ရေးမှတစ်ဆင့် တင်ပို့ရသည်။ ဂျပန်ကလည်း ကြိုက်နှစ်သက်ပါသည်။ တရုတ်နိုင်ငံနှင့် ဂျပန် နိုင်ငံတွင် အစားအစာများ၊ မုန့်များ ထုတ်လုပ်ရာတွင် ထည့်သွင်းအသုံး ပြုခြင်း၊ ခေါက်ဆွဲပြုလုပ်ခြင်း၊ အသား တုပြုလုပ်ခြင်းများအပြင် ဝဥခြောက်၌ အဆီကျစေသော အာနိသင်ရှိသဖြင့် ကိုလက်စထရော ကျစေသောကြောင့် ဆေးဖော်စပ်ရာတွင်လည်းအသုံြး ပု ကြောင်း သိရပါသည်။
ချင်းပြည်နယ်၏ အဓိက နိုင်ငံခြားပို့ကုန်အဖြစ် ဝဥကို ဒေသခံများ အားသွန်ခွန်စိုက် ပျိုးထောင်စိုက်ပျိုး လျက်ရှိကြသည်။ ဝဥကို ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့က အဓိက ဝယ်ယူပါသည်။ တရုတ်သို့ပို့သည့် ဝဥများကို မန္တလေးဈေးကွက်သို့ ပို့ရပြီး ဂျပန်သို့ပို့မည့် ဝဥများကိုမူ ရန်ကုန်ဈေးကွက်သို့ ပို့ရသည်ဟု သိရပါသည်။
ချင်းပြည်နယ်၌ ဝဥကို မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြသည်။ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် တူးဖော်လှီးဖြတ်ကြသည်။ တောထဲတွင် အလေ့ကျ ပေါက်ရောက်သည်ကို စနစ်တကျ ပျိုးထောင်စိုက်ပျိုးသူများ
များပြားလာခဲ့သည်။ ဝဥတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါသည်။
ချင်းပြည်နယ်ထွက် ဝဥမှာ အရည်အသွေး ကောင်းမွန်သဖြင့် ဈေးကွက်တွင်
အကြိုက်များသည်။
ဝဥမှာ ကာလတိုတိုဖြင့် ငွေရလွယ်ကူသဖြင့် ချင်းပြည်နယ်၏ စံပြရွာ သုံးရွာဖြစ်သည့် မင်းတပ်မြို့နယ်ရှိ ဟီးလောင်ရှား၊ ကန်ပက်လက်မြို့နယ်ရှိ အုတ်ဖိုနှင့် ရယ်လောင်ပန်းရွာများတွင် အကြီးအကျယ်အောင်မြင်လျက် ရှိသည်။ ဝဥစားသုံးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အဓိကအားဖြင့် သွေးတိုးရောဂါသည်များအတွက် စားသုံးရန် သင့်လျော်သော အစားအစာဖြစ်သည်။
လယ်ယာခြံမြေ စိုက်ပျိုးသူများသည် နှစ်ရှည်ပင်ကြားတွင် မြောင်းတင်၍ စိုက်ပျိုးကြသည်ဟု သိရသည်။ ယခင်က တောထဲတောင်ထဲတွင် အလေ့ကျ ပေါက်ရောက်ပြီး မည်သူမျှ ဂရုစိုက်ခြင်း မခံရသော ဝဥပင်များကို ယခုအခါ အမြတ်တနိုး တန်ဖိုးထား စိုက်ပျိုးနေကြပြီဖြစ်ပါသည် ။ ဝဥစိုက်ပျိုးခြင်းသည် တောင်သူလယ်သမားများအတွက် ရေရှည်တွင် အကျိုးစီးပွားများစွာ ဖြစ်စေပါသည်။
ဂျပန်နိုင်ငံကစိတ်ဝင်စားခဲ့ ပုံ
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝဥများကို ၁၉၇၂ ခုနှစ်မှစတင်ပြီးပြည်ပ နိုင်ငံများက စိတ်ဝင်စားခဲ့ကြရာ ဂျပန်နိုင်ငံမှ ဝဥစိုက်ပျိုးရေး ပညာရှင်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာ ဝဥများကို စစ်ဆေးကြည့်ရှုခဲ့ရာ မြန်မာနိုင်ငံမှ ဝဥသည် အင်ဒိုနီးရှား နိုင်ငံမှ Dry Chip ပြုလုပ်၍ ၄င်းတို့-ဝယ်ယူသော ဝဥများထက် အရည် အသွေးကောင်းမွန်ကြောင်း သိရှိသွား ပြီး ဂျပန်နိုင်ငံက ယနေ့တိုင် မြန်မာ နိုင်ငံမှထွက်ရှိသော ဝဥများကိုရသ လောက်ဝယ်ယူခဲ့ကြောင်း သိရပါ သည်။
ယခုအခါ ဝဥကို ပြည်တွင်း ကုမ္ပဏီလေးငါးခုခန့်က ဝဥစိုက်ပျိုး ရေးနည်းပညာနှင့် ထုတ်လုပ်ပုံနည်း ပညာပေးပြီး ထွက်ရှိသမျှကိုတစ်ဆင့် ဝယ်ယူကာ ဂျပန်နှင့်တရုတ်နိုင်ငံများ
သို့ ကုန်ကြမ်းအဖြစ် တင်ပို့လျက်ရှိ ကြောင်း သိရပါသည်။ ဝဥကို ပဲခူး
တိုင်းဒေသကြီးနှင့် ချင်းပြည်နယ် ဘက်တွင် ဧက ၅ဝဝဝ ခန့်စိုက်ပျိုး
လျက်ရှိပြီး ဝဥခြောက်ကို အရည် အသွေးပေါ်မူတည်၍ တစ်ပိဿာလျှင် ငွေကျပ် ၃၂ဝဝ မှ
၃၅ဝဝ ကျပ်ဖြင့် ပြန်လည်ရောင်းချလျက်ရှိသည်ကို သိ ရပါသည်။
အာဟာရတန်ဖိုးကြီးသော ဝဥ
တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် မြန်မာနိုင်ငံမှ ဝယ်ယူသွားသည့် အထူအပါး အရွယ်အစားညီ ဝဥကုန် ကြမ်းများကို ကုန်ချောပြုလုပ်ရာတွင် ပထမဦးစွာ အမှုန့်ကြိတ်သည်။ အမှုန့်ဖြစ်သောအခါ ဂျုံမှုန့်ကဲ့သို့ ပေါ့ပါးသည့် အမှုန့်နှင့် သကြားကဲ့သို့သော လေးသည့် မင်နန် Man-Non ပွင့်များ ရရှိသည်။ ကျန်ရှိသော ပေါ့ပါးသည့် ဝဥမှုန့်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုသည်။ Man-Non ပွင့်က လေးများသည် သဘာဝအမျှင်ဓာတ် ဖြစ်သည့်အတွက် လူ၏ခန္ဓာကိုယ်မှ အဆိပ်အတောက်နှင့် အဆီများကို စုပ်ယူနိုင်သည်။ ၄င်းတွင် အဆီဓာတ် မပါဝင်သည့်အတွက် အဝလွန်ခြင်း၊ သွေးတိုး ဆီးချိုနှင့် အူမကြီး ရောဂါဖြစ်ခြင်းတို့ကို တိုက်ဖျက်ခြင်းကာကွယ် ပေးခြင်းတို့ကြောင့် တရုတ်၊ ဂျပန်နှင့် အနောက်ဥရောပ နိုင်ငံများတွင် အစားအစာအဖြစ်လည်းကောင်း၊ ဆေးဝါးအဖြစ်လည်းကောင်း၊ သရေစာအဖြစ်လည်းကောင်း ထုတ်လုပ်ဖြန့် ဖြူးရောင်းချကြပါသည်။
ထို့အပြင် ဆေးဆိုးပန်းရိုက် လုပ်ငန်း၊ ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ငန်းတို့တွင် အသုံးပြုခြင်း၊ စာရေး ကိရိယာများအတွက် အသုံးပြုသည့် ကော်ပြုလုပ်ခြင်း၊ စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုနိုင်ခြင်းတို့ကြော င့် ဈေးကွက်ဝယ်လိုအား ကောင်းလာပါသည်။
စီးပွားဖြစ် စိုက်ပျိုးနေကြပြီ
ဈေးကွက်အလားအလာ ကောင်းသဖြင့် ယခုအခါ ပဲခူးတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် သာမက ကချင်ပြည်နယ်၌လည်း ဝဥ ၆၈၉ ဧကအထိ စိုက်ပျိုးခဲ့ပြီး ဧက ၅ဝဝဝ အထိတိုးချဲ့စိုက်ပျိုးရ် စီမံဆောင်ရွက် လျက်ရှိနေကြသည်။ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုးဖြတ်မြို့နယ်နှင့် တာချီလိတ်မြို့နယ်များတွင်လ ည်း စီးပွားဖြစ် စိုက်ပျိုးရန် စီမံဆောင်ရွက် လျက်ရှိနေပြီဖြစ်ပါသည်။
ဝဥသည် ပူပြင်းခြောက်သွေ့သော အရပ်ဒေသမှလွဲ၍ မြန်မာနိုင်ငံအနှံ့ အလေ့ကျ ပေါက်သောအပင် ဖြစ်ပါသည်။ စိုက်ပျိုးရန် လွယ်ကူသည်။ ၂ဝဝ၇ ခုနှစ်လောက်ကစပြီး ရခိုင်၊ မွန်၊ တနင်္သာရီ၊ ရှမ်း၊ ကချင် အစရှိသည့် ဒေသများတွင် ဝဥကို စနစ်တကျ စမ်းသပ်စိုက်ပျိုးလာခဲ့ကြ ပါသည်။
ဝဥစိုက်ပျိုးနည်း
ဝဥပန်းရောင်မျိုးကို တောထဲက ရှာပြီး ဝဥပင် အသီးက မျိုးပွားနည်း၊ အဖူးက ထွက်ရှိသော အသီးမှ မျိုးပွားနည်းများနှင့် ဥမှ မျိုးပွားနည်းဟူ၍ နည်းသုံးနည်းဖြင့် စိုက်ပျိုးကြသည်။ ဝဥရှင်သန်ချိန်တွင် မတူးဖော်ရပါ။ အပင်ကျသွားချိန်ကျမှ တူးဖော်ရပါသည်။ အကြောင်းမှာ ဝဥထဲတွင် ပါသည့် အဓိက အသုံးဝင်သော မင်နန် Man-Non သည် အပင်ကျချိန်တွင်မှ ဥထဲမှာ အပြည့်အဝ ရှိနေသည့် အတွက်ဖြစ်သည်။ အပင်ရှင်သန်နေချိန်တွင် ဥထဲ၌ မင်နန်နည်းပါး နေသေးသည်ဟု ဆိုပါသည်။
ဇွန်လတွင် ဝဥပင်ကို စတင် စိုက်ပျိုးပါသည်။ နိုဝင်ဘာ၊ ဒီဇင်ဘာ အပင်ကျချိန်တွင် ဝဥကိုဖော်ပြီး အထူအပါး ညီစေရန် ရွေဘော်ခုံကဲ့သို့ ပြုလုပ်ထားသည့် ခြစ်ခုံပေါ်တွင် အပြား ညီအောင်ခြစ်ယူရသည်။ ယင်းနောက် နှစ်ရက်ခန့် အခြောက်လှန်းပြီးရောင်း ချရသည်။
ဝဥစိုက်ပျိုးသည့်အခါ တစ်တန်းတည်း လေးပင်ခြား၊ တစ်ပင်နှင့်တစ်ပင် နှစ်ပေခြား စိုက်ပျိုးပြီး စိုက် ပျိုးသည့်အခါတွင် နွားချေးမြေသြ ဇာကိုသာ အသုံးပြုပါသည်။ လိမ္မော် နှင့် ကမ္ဗလာကြားတွင်လည်း သီးညှပ် အဖြစ် ရောနှောစိုက်ပျိုးနိုင်ပါသည်။
ဝဥဈေးကွက်
ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မြန်မာ့ဝဥများကို နှစ်စဉ် ဝယ်ယူတင်သွင်းလျက် ရှိနေပါသည်။ ဝဥ ဈေးကွက်လိုအပ်ချက်နှင့်အညီ
တစ်နှစ်ထက်တစ်နှစ် ဝဥတိုးမြှင့် တင်ပို့လျက် ရှိနေသည်ကို တွေ့ရပါသည်။
သုံးနှစ်တာကာလ ဝဥတင်ပို့မှုကို လေ့လာကြည့်လျှင် ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာနှစ်တွင် ၂၃.ဝ၇
တန်၊ ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်တွင် ၂၃ဝ.ဝဝ တန်နှင့် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်တွင် ၄၈၈.၂၂
တန်တင်ပို့ ခဲ့ပါသည်။ နောက်ဆုံးအခြေအနေ ကောက်နုတ် လေ့လာကြည့်လျှင် မူဆယ်
၁ဝ၅ မိုင် စခန်းမှ ၂ဝ၁ဝ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှ ၂ဝ ရက်အတွင်း ဝဥခြောက် ၃၇
တန်၊ တန်ဖိုးကျပ် ၅၂ သန်းကျော် ဖိုး တင်ပို့ခဲ့သည်ကို တွေ့ရ၏။
ဝဥခြောက်တစ်တန် မိမိဘက်မှ ပေါက်ဈေး ၁၇၁၃၆ဝဝ ကျပ်ဖြစ်ပြီး တစ်ဘက်နိုင်ငံ
ပေါက်ဈေးမှာ ၁၄ဝဝဝ ယွမ်ဖြစ်ပါသည်။ ဤသို့ဖြင့် မြန်မာ့မြေမှ ထွက်သော
မြန်မာ့ဝဥများသည် နိုင်ငံခြားဝင်ငွေကို တစ်ဘက်တစ်လမ်းမှ ရှာဖွေပေးလျက်
ရှိနေသည်ကို တွေ့ရပါသည်။
မောင်နွယ်သန်း
ဈေးကွက်ဂျာနယ်မှကူးယူဖေါ်ပြ သည်
ဝဥထွက်သော ဝပင်များသည် စာရေးသူတို့ဇာတိ တမူးမြို့နယ်ရှိ တောထဲတောင်ထဲတွင် အလေ့ကျ ပေါက်ပင်များအဖြစ် သတ်မှတ်ကာ မည်သူမျှ ဂရုမစိုက်ခဲ့ကြပေ။ တောတောင်ထူထပ်သော ဒေသဖြစ်၍ တောထဲဝင်သည်နှင့် ဝဥပင်များကို တွေ့ရပါသည်။ စာရေးသူ၏ မိခင်ကြီး ပြောပြချက်အရ ဒုတိယ ကမ္ဘာစစ် အတွင်းကမူ စစ်ကြီးကြောင့် အစားအသောက် ရှားပါးသဖြင့် ဝဥများကို တူးဖော်အခြောက်လှန်းကာ ချက်ပြုတ်စားသောက် ခဲ့ကြရသည်ဟု ပြောဖူးပါသည်။
မြန်မာနိုင်ငံတွင် ဝဥပင်များကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ စသော တိုင်းဒေသကြီးတို့တွင် သဘာဝ အလျောက် အမြောက်အမြား ပေါက်ရောက်ကြသည်ဟု သိရှိရပါသည်။ ယခုအခါ ဝဥခြောက် လုပ်ငန်းများ တွင်ကျယ်လာသဖြင့် စိုက်ခင်းများဖြင့် စိုက်ပျိုးလာသလို ဝဥတူးဖော်ရောင်း ချသူများ များပြားလာကြောင်း သိရပါသည်။ ဝဥပင်များကို မြောင်းဘောင်တင်၍ စိုက်ပျိုးလာကြခြင်း ဖြစ်ပါသည်။ စိုက်ပျိုးသော ဝဥများတွင် မြေဆီမြေနှစ်ကောင်းလျှင် ကောင်းသလို တစ်ပိဿာမှ တစ်ဆယ့်သုံး ပိဿာအထိ ထွက်ရှိသည် ဟုသိရပါသည်။ အလေ့ကျပင်ပေါက်မှာမူ ဥတစ်လုံးလျှင် ငါးကျပ်သားမှ ရှစ်ဆယ်သားအထိ ထွက်ရှိပါသည်။
လွန်ခဲ့သော ငါးနှစ်လောက်မှစ၍ ဝဥသည် နိုင်ငံခြားသို့ ပို့ကုန်ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသို့ နယ်စပ် ကုန်သည်ရေးမှတစ်ဆင့် တင်ပို့ရသည်။ ဂျပန်ကလည်း ကြိုက်နှစ်သက်ပါသည်။ တရုတ်နိုင်ငံနှင့် ဂျပန် နိုင်ငံတွင် အစားအစာများ၊ မုန့်များ ထုတ်လုပ်ရာတွင် ထည့်သွင်းအသုံး ပြုခြင်း၊ ခေါက်ဆွဲပြုလုပ်ခြင်း၊ အသား တုပြုလုပ်ခြင်းများအပြင် ဝဥခြောက်၌ အဆီကျစေသော အာနိသင်ရှိသဖြင့် ကိုလက်စထရော ကျစေသောကြောင့် ဆေးဖော်စပ်ရာတွင်လည်းအသုံြး
ချင်းပြည်နယ်၏ အဓိက နိုင်ငံခြားပို့ကုန်အဖြစ် ဝဥကို ဒေသခံများ အားသွန်ခွန်စိုက် ပျိုးထောင်စိုက်ပျိုး လျက်ရှိကြသည်။ ဝဥကို ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့က အဓိက ဝယ်ယူပါသည်။ တရုတ်သို့ပို့သည့် ဝဥများကို မန္တလေးဈေးကွက်သို့ ပို့ရပြီး ဂျပန်သို့ပို့မည့် ဝဥများကိုမူ ရန်ကုန်ဈေးကွက်သို့ ပို့ရသည်ဟု သိရပါသည်။
ချင်းပြည်နယ်၌ ဝဥကို မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြသည်။ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် တူးဖော်လှီးဖြတ်ကြသည်။ တောထဲတွင် အလေ့ကျ ပေါက်ရောက်သည်ကို စနစ်တကျ ပျိုးထောင်စိုက်ပျိုးသူများ
ဝဥမှာ ကာလတိုတိုဖြင့် ငွေရလွယ်ကူသဖြင့် ချင်းပြည်နယ်၏ စံပြရွာ သုံးရွာဖြစ်သည့် မင်းတပ်မြို့နယ်ရှိ ဟီးလောင်ရှား၊ ကန်ပက်လက်မြို့နယ်ရှိ အုတ်ဖိုနှင့် ရယ်လောင်ပန်းရွာများတွင် အကြီးအကျယ်အောင်မြင်လျက် ရှိသည်။ ဝဥစားသုံးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အဓိကအားဖြင့် သွေးတိုးရောဂါသည်များအတွက် စားသုံးရန် သင့်လျော်သော အစားအစာဖြစ်သည်။
လယ်ယာခြံမြေ စိုက်ပျိုးသူများသည် နှစ်ရှည်ပင်ကြားတွင် မြောင်းတင်၍ စိုက်ပျိုးကြသည်ဟု သိရသည်။ ယခင်က တောထဲတောင်ထဲတွင် အလေ့ကျ ပေါက်ရောက်ပြီး မည်သူမျှ ဂရုစိုက်ခြင်း မခံရသော ဝဥပင်များကို ယခုအခါ အမြတ်တနိုး တန်ဖိုးထား စိုက်ပျိုးနေကြပြီဖြစ်ပါသည်
ဂျပန်နိုင်ငံကစိတ်ဝင်စားခဲ့
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝဥများကို ၁၉၇၂ ခုနှစ်မှစတင်ပြီးပြည်ပ နိုင်ငံများက စိတ်ဝင်စားခဲ့ကြရာ ဂျပန်နိုင်ငံမှ ဝဥစိုက်ပျိုးရေး ပညာရှင်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာ ဝဥများကို စစ်ဆေးကြည့်ရှုခဲ့ရာ မြန်မာနိုင်ငံမှ ဝဥသည် အင်ဒိုနီးရှား နိုင်ငံမှ Dry Chip ပြုလုပ်၍ ၄င်းတို့-ဝယ်ယူသော ဝဥများထက် အရည် အသွေးကောင်းမွန်ကြောင်း သိရှိသွား ပြီး ဂျပန်နိုင်ငံက ယနေ့တိုင် မြန်မာ နိုင်ငံမှထွက်ရှိသော ဝဥများကိုရသ လောက်ဝယ်ယူခဲ့ကြောင်း သိရပါ သည်။
ယခုအခါ ဝဥကို ပြည်တွင်း ကုမ္ပဏီလေးငါးခုခန့်က ဝဥစိုက်ပျိုး ရေးနည်းပညာနှင့် ထုတ်လုပ်ပုံနည်း ပညာပေးပြီး ထွက်ရှိသမျှကိုတစ်ဆင့် ဝယ်ယူကာ ဂျပန်နှင့်တရုတ်နိုင်ငံများ
အာဟာရတန်ဖိုးကြီးသော ဝဥ
တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် မြန်မာနိုင်ငံမှ ဝယ်ယူသွားသည့် အထူအပါး အရွယ်အစားညီ ဝဥကုန် ကြမ်းများကို ကုန်ချောပြုလုပ်ရာတွင် ပထမဦးစွာ အမှုန့်ကြိတ်သည်။ အမှုန့်ဖြစ်သောအခါ ဂျုံမှုန့်ကဲ့သို့ ပေါ့ပါးသည့် အမှုန့်နှင့် သကြားကဲ့သို့သော လေးသည့် မင်နန် Man-Non ပွင့်များ ရရှိသည်။ ကျန်ရှိသော ပေါ့ပါးသည့် ဝဥမှုန့်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုသည်။ Man-Non ပွင့်က လေးများသည် သဘာဝအမျှင်ဓာတ် ဖြစ်သည့်အတွက် လူ၏ခန္ဓာကိုယ်မှ အဆိပ်အတောက်နှင့် အဆီများကို စုပ်ယူနိုင်သည်။ ၄င်းတွင် အဆီဓာတ် မပါဝင်သည့်အတွက် အဝလွန်ခြင်း၊ သွေးတိုး ဆီးချိုနှင့် အူမကြီး ရောဂါဖြစ်ခြင်းတို့ကို တိုက်ဖျက်ခြင်းကာကွယ် ပေးခြင်းတို့ကြောင့် တရုတ်၊ ဂျပန်နှင့် အနောက်ဥရောပ နိုင်ငံများတွင် အစားအစာအဖြစ်လည်းကောင်း၊ ဆေးဝါးအဖြစ်လည်းကောင်း၊ သရေစာအဖြစ်လည်းကောင်း ထုတ်လုပ်ဖြန့် ဖြူးရောင်းချကြပါသည်။
ထို့အပြင် ဆေးဆိုးပန်းရိုက် လုပ်ငန်း၊ ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ငန်းတို့တွင် အသုံးပြုခြင်း၊ စာရေး ကိရိယာများအတွက် အသုံးပြုသည့် ကော်ပြုလုပ်ခြင်း၊ စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုနိုင်ခြင်းတို့ကြော
စီးပွားဖြစ် စိုက်ပျိုးနေကြပြီ
ဈေးကွက်အလားအလာ ကောင်းသဖြင့် ယခုအခါ ပဲခူးတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် သာမက ကချင်ပြည်နယ်၌လည်း ဝဥ ၆၈၉ ဧကအထိ စိုက်ပျိုးခဲ့ပြီး ဧက ၅ဝဝဝ အထိတိုးချဲ့စိုက်ပျိုးရ် စီမံဆောင်ရွက် လျက်ရှိနေကြသည်။ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုးဖြတ်မြို့နယ်နှင့် တာချီလိတ်မြို့နယ်များတွင်လ
ဝဥသည် ပူပြင်းခြောက်သွေ့သော အရပ်ဒေသမှလွဲ၍ မြန်မာနိုင်ငံအနှံ့ အလေ့ကျ ပေါက်သောအပင် ဖြစ်ပါသည်။ စိုက်ပျိုးရန် လွယ်ကူသည်။ ၂ဝဝ၇ ခုနှစ်လောက်ကစပြီး ရခိုင်၊ မွန်၊ တနင်္သာရီ၊ ရှမ်း၊ ကချင် အစရှိသည့် ဒေသများတွင် ဝဥကို စနစ်တကျ စမ်းသပ်စိုက်ပျိုးလာခဲ့ကြ ပါသည်။
ဝဥစိုက်ပျိုးနည်း
ဝဥပန်းရောင်မျိုးကို တောထဲက ရှာပြီး ဝဥပင် အသီးက မျိုးပွားနည်း၊ အဖူးက ထွက်ရှိသော အသီးမှ မျိုးပွားနည်းများနှင့် ဥမှ မျိုးပွားနည်းဟူ၍ နည်းသုံးနည်းဖြင့် စိုက်ပျိုးကြသည်။ ဝဥရှင်သန်ချိန်တွင် မတူးဖော်ရပါ။ အပင်ကျသွားချိန်ကျမှ တူးဖော်ရပါသည်။ အကြောင်းမှာ ဝဥထဲတွင် ပါသည့် အဓိက အသုံးဝင်သော မင်နန် Man-Non သည် အပင်ကျချိန်တွင်မှ ဥထဲမှာ အပြည့်အဝ ရှိနေသည့် အတွက်ဖြစ်သည်။ အပင်ရှင်သန်နေချိန်တွင် ဥထဲ၌ မင်နန်နည်းပါး နေသေးသည်ဟု ဆိုပါသည်။
ဇွန်လတွင် ဝဥပင်ကို စတင် စိုက်ပျိုးပါသည်။ နိုဝင်ဘာ၊ ဒီဇင်ဘာ အပင်ကျချိန်တွင် ဝဥကိုဖော်ပြီး အထူအပါး ညီစေရန် ရွေဘော်ခုံကဲ့သို့ ပြုလုပ်ထားသည့် ခြစ်ခုံပေါ်တွင် အပြား ညီအောင်ခြစ်ယူရသည်။ ယင်းနောက် နှစ်ရက်ခန့် အခြောက်လှန်းပြီးရောင်း ချရသည်။
ဝဥစိုက်ပျိုးသည့်အခါ တစ်တန်းတည်း လေးပင်ခြား၊ တစ်ပင်နှင့်တစ်ပင် နှစ်ပေခြား စိုက်ပျိုးပြီး စိုက် ပျိုးသည့်အခါတွင် နွားချေးမြေသြ ဇာကိုသာ အသုံးပြုပါသည်။ လိမ္မော် နှင့် ကမ္ဗလာကြားတွင်လည်း သီးညှပ် အဖြစ် ရောနှောစိုက်ပျိုးနိုင်ပါသည
ဝဥဈေးကွက်
ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မြန်မာ့ဝဥများကို နှစ်စဉ် ဝယ်ယူတင်သွင်းလျက် ရှိနေပါသည်။ ဝဥ ဈေးကွက်လိုအပ်ချက်နှင့်အညီ
မောင်နွယ်သန်း
ဈေးကွက်ဂျာနယ်မှကူးယူဖေါ်ပြ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။